ကမ္ဘာအပြားခတ်ခံရခြင်း…

yannaingechJune 8, 20101min732

နေရာတကာ စွာတဲ့ အမေရိကန်က ထိုင်းနိုင်ငံကအကြောင်းတွေကြတော့ သိပ်မပြောပါ

မိတ်ဆွေနိုင်ငံတွေက ဝင်ပါပြီးညှိလို့ရခဲ့တဲ့ ယူရေနီယံလဲမယ့် အီရန်ရဲ့အစီအစဉ်ကို အမေရိကန်က လက်မခံပါတဲ့

မွဲတေစုတ်ပြတ်နေပါတယ်ဆိုတဲ့ ပြုံးယမ်းကို ဟိုနေ့ကရုပ်သံမှာတွေ့တော့…ရန်ကုန်ထက်တော့ အသာကြီးပါလား

အရှေ့တောင်အာရှရဲ့ ဟိုနိုင်ငံ၊ဒီနိုင်ငံတွေက ဟိုခုနှစ်ဒီခုနှစ်ကျရင် ဟိုနိုင်ငံဒီနိုင်ငံအကူအညီနဲ့ နူစီမံကိ်န်းစမယ်ပြောတော့ ဘယ်သူမှဘာမှဝင်ပါသံမကြားရပါ

ခုတလောမြန်မာနိုင်ငံမှာ နူကလီယာ၊ဘာ၊ညာ…အဲလိုကြတော့လည်း ဆူလိုက်ကြတာ…အံ့ရော…အံ့ရော

ဘာသာရေးနဲ့လိင်ကိစ္စ…မကြားဝံ့မနာသာ…ဘယ်ကစလဲမသိပေမဲ့ တစ်ကမ္ဘာလုံးပွထနေပြီ

မက္ကဆီကိုပင်လယ်ကွေ့ကြီးကို ရွှေမည်းတွေနဲ့ဖုံးပစ်လိုက်တော့ ကမ္ဘာ့ပတ်ဝန်းကျင်ဘာဖြစ်ညာဖြစ်သမားတွေရော ဘာများထလုပ်နိုင်လို့လဲ

နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ သူရဲကောင်းဘွဲ့ပေးထားတဲ့ဒလိုင်လားမား…ခုတော့ဗီလိန်ပြန်ဖြစ်နေပြန်ရော

မြန်မာမှာလည်းသတင်းထောက်တစ်ယောက်သေ၊ထိုင်းမှာလည်းတစ်ယောက်သေ…ဂျပန်တွေက ဘယ်သူဆိုရင်ဘယ်လိုတုန့်ပြန်သလဲ

2 comments

  • kai

    June 8, 2010 at 10:17 am

    – ထိုင်းနိုင်ငံက ဗီယက်နမ်စစ်ကတည်းက အမေရိကန်ဆို ခံမချပဲ ဖာနိုင်ငံတောင်အဖြစ်ခံပြီး လိုသမျှကူတဲ့နိုင်ငံမို ့ပါ။
    – အမေရိကန်ရဲ့ စီးပွားရေးခေါင်းကိုင် ဂျူးတွေရဲ့ပြည် အစ္စရေးကို ကမ္ဘာမြေကကွယ်အောင်လုပ်မယ် ကြွေးကျော်ထားတဲ့ လေကြယ်သလောက် တကယ်လုပ်တဲ့ အီရန်မို ့ပါ။
    – ပြုံယမ်းက တကယ်တမ်းတော့ ရန်ကုန်မက နေပြည်တော်ထက်လည်း သာပါတယ်။ လူတွေသာ ပိန်ခြောက်ငတ်နေကြတာလေ။
    – အရှေ့တောင်အာရှရဲ့ ဟိုနိုင်ငံ၊ဒီနိုင်ငံတွေက ဟိုခုနှစ်ဒီခုနှစ်ကျရင် ဟိုနိုင်ငံဒီနိုင်ငံအကူအညီနဲ့ စမဲ့ နှူကလီးယားက လျှပ်စစ်မီးထုတ်ဖို ့အတွက်ပါတဲ့။ နောက်ပြီး သူတို့က မြန်မာလို ယူရေနီယန်ပြည်တွင်းမှာ မထွက်ဖူးလေ။ ဝယ်သုံးရမှာ..။
    – မြန်မာက ယူရေနီယမ် စီးပွားဖြစ်ထုတ်လို့ရအောင်ထွက်တာမို ့ သန် ့စင်တတ်ရုံနဲ့တင် ပြန်ရောင်စားလိုက်မှ ရောင်ခြည်တွေနဲ့ တကမ္ဘာလုံး ပြာကျသွားမှာ စိုးလို့ပါတဲ့..။
    – ဘာသာရေးနဲ့လိင်ကိစ္စ…မကြားဝံ့မနာသာ…ဘာသာရေးဆိုတာပေါ်ကတည်းက စတာပါ။ လူသားမှာ (ဖိုနဲ့မ)မိန်းမနဲ့ ယောက်ျား ပဲရှိတာမို ့လား။
    – မက္ကဆီကိုပင်လယ်ကွေ့ကြီးကို ရွှေမည်းတွေနဲ့ဖုံးပစ်လိုက်တော့ ကမ္ဘာ့ပတ်ဝန်းကျင်ဘာဖြစ်ညာဖြစ်သမားတွေ အဲဒီ ဘီပီကနေ လျှော်ကြေးနဲ့အလုပ်ရပါတယ်။ အခုတောင် အလုပ်ပေါသမို ့လူတွေသွားကုန်ကြပြီ။ သဲတွေ မြက်တောတွေ သန့်စင်ခ တနာရီ ၂၀-၃ဝ အသာလေးပဲ။
    – နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ သူရဲကောင်းဘွဲ့ပေးထားတဲ့ဒလိုင်လားမား…တရုတ်ကြိးပါဝါတက်တော့ ဗီလိန်ဖြစ်တော့မှာပေါ့။
    – မြန်မာမှာလည်းသတင်းထောက်တစ်ယောက်သေ၊ထိုင်းမှာလည်းတစ်ယောက်သေ…ဂျပန်တွေက ဝန်ကြီးချုပ်တွေ တယောက်ပြီးတယောက် ပြုတ်ပြီးတုံ ့ပြန်နေပါတယ်

    အရေးအတွေးလေးတွေ ကြီုက်လို ့ပြန်လိုက်တာပါ။
    ပျော်စေ ပျက်စေ ပေါ့နော…။

  • chitsayar

    June 8, 2010 at 3:15 pm

    thank u mr kai I trying to answer forn thit question
    any way u r great

Leave a Reply