နှစ်ကိုယ်တူအလွမ်း

သနပ်ခါးဖွေးဖွေးကလေး
ပါးကလေးပေါ် သူတင်လာ
နမ်းမယ်လို့ ကို က ဟန်ပြင်
ရှက်သွေးကြွယ် သူ့ပါးပြင်
ကို ့ရင်မှာတစ်ကယ်ကို စိုး
မေ့အနမ်းသူ ခိုး… •
နှုတ်ခမ်းတော် စံပါယ်ဖူး
ချစ်ရသူ ရူးလောက်တယ်
လွမ်းလျှ တဲ့အကြင်နာရယ်… •
ပန်းနုရောင် ချစ်နှုတ်ခမ်း
လွမ်းရသူ အပန်းပြေအောင်
နီးရဖို့ကို ကြံရွယ်စိုးပါနဲ့
ချစ်သူရယ်… •
ငြိမ့်ငြိမ့်ကလေး
ကို့ အကြင်နာ
ရင်ခွင်မှာ ဗလောင်ဆူ
သူလည်းလေ ကို့လိုလူမို့
ရင်ခုန်သံ တဒိတ်ဒိတ်ရယ်နှင့်
ဝေးရရက် ကုဋေကုဋာ
တူနှစ်ကိုတိုးတိတ်ကာ လွမ်းရပြန်သေး…..

One comment

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 15, 2012 at 1:50 am

    ♥♥♥♥♥♥♥♥♥ အနုရောင် ♥♥♥♥♥♥♥♥♥-
    နာကျင်မှုတွေတိုင်း အတွက်

    ရင်ထဲက ပေးဆပ်လိုက်ရတာက

    တန်ဖိုးရှိလှတဲ့ ချစ်ခြင်းတရားများ။

    သံယောဇဉ်တွေဆိုတာ

    ချစ်ခြင်းရဲ့ တမန်တော်တွေမှန်း

    နင်သိအောင် ငါမပြောပြတော့ပါဘူး။

    ဒဏ်ရာတွေ ပေးလဲ

    ရူးသွပ်နေဆဲ ဆိုတာ

    နင်သိအောင် ငါမပြောတော့ပါဘူး။

    ယုံကြည်မှု တွေတိုင်းအတွက်

    ခံစားချက်တွေ အပ်နှင်းလိုက်ရတာ

    နင်သိအောင် ငါမပြောတော့ပါဘူး။

    နင်ပြန်လာတော့မယ် ဆိုတဲ့

    တစ်ထောင့်တစ်ည ပုံပြင်တွေကို

    ငါကြားချင်နေဆဲ ဆိုတာ

    နင်သိအောင် ငါမပြောတော့ပါဘူး။

    ခေတ်သစ်အာဒမ်လေးရေ………….

    ငါတို့ ချစ်ခဲ့တာ
    ငါတို့ သတိရခဲ့တာ

    ငါတို့ လွမ်းခဲ့တာ

    ငါတို့ ပေးဆပ်ခဲ့တာ

    ငါတို့ ရင်ခုန်ခဲ့တာ

    အားလုံး………အားလုံး………အားလုံးဟာ

    ချစ်သူတွေတိုင်း အတွက်

    ပျော်ဖို့ အကောင်းဆုံးအရာလေး ဆိုတာ

    နင်သိအောင်…………………။

Leave a Reply