ယနေ့ကားပေါက်ဈေး 13-3-2012

u myoMarch 13, 20121min18425

1။ လီမီတက် 88 မော်ဒယ် 4က 175 သိန်း
2။ လီမီတက် 90 မော်ဒယ် 5က 185 သိန်း
3။ CE-96 ရှေ့ဆွဲဗင် 90 မော်ဒယ် 1ခ 215 သိန်း
4။ CE-106 ရှေ့ဆွဲဗင် ဖင်ကောက် အစိမ်းရောင် 9က 235 သိန်း
5။ CE-106 ရှေ့ဆွဲဗင် ဖင်ကောက် အဖြူရောင် ရက 255 သိန်း
6။ ဓ CNG 143 သိန်း
7။ ပ CNG 142 သိန်း
8။ ပါဘလေကာ 86 မော်ဒယ် လနံပါတ် 120 သိန်း

ဦးမြင့်မောင် 09-730 17 694

25 comments

  • MaMa

    March 13, 2012 at 5:23 pm

    အခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ်။
    နောင်ကိုလည်း ဆက်တင်ပေးဖို့ တောင်းဆိုပါတယ်။
    MG ရွာကြီးလည်း အရောင်အသွေးတွေပိုစုံပြီး ပိုမိုလှပလာတာပေ့ါ။

  • memeseku

    March 13, 2012 at 6:19 pm

    အူးလေး….ကျေးဇူး…. ရန်ကုန်အကြောင်းအဲ.လိုတင်မှသိမှာဗျို. ဒါနဲ.ဈေးမာလှချည်လား…..

  • sealion

    March 13, 2012 at 6:54 pm

    ဟိုတနေ ့ က အိမ် က အကို ရောင်းတာ Mark II ၆ က ကို ၁၈၅ သိန်းပဲ ရတယ်လိုကြားပါတယ်

    • Mလုလင်

      March 13, 2012 at 7:43 pm

      ကျွန်တော့ စိတ်ထင် … အဲဒါ ကံကောင်း လို့ ရတာ ဗျ …

  • Khin Latt

    March 13, 2012 at 6:57 pm

    ကျပ်သိန်း ၁၂ဝ = ပေါင် တစ်သောင်း ဝန်းကျင်
    အဲဒါဆို … ဒီမှာ … အင်း …..
    မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကို မပြောချင်တော့ဘူး။ 🙄

    New Toyota ၂၀၁၂ မော်ဒယ် (Aygo) From ပေါင် ရှစ်ထောင့်လေးရာ့ကိုးဆယ့်ငါး
    New Honda ၂၀၁၂ မော်ဒယ် (Jezz) From ပေါင် တစ်သောင်းတစ်ထောင့်နှစ်ရာ့ကိုးဆယ့်ငါး

    • Khin Latt

      March 13, 2012 at 6:58 pm

      Sorry … apology … spelling mistake …
      “Jazz” not “Jezz” 🙂

    • Thel Nu Aye

      March 13, 2012 at 9:01 pm

      Toyota Carina ED Saloon ( 88 model ) ၂ခ ကို ၁၄၅ သိန်းပါတဲ့။
      Mark II ရွှေငါး ( 2002 Late ) ၄ဂ ကို သိန်း ၂၆ဝ ပါတဲ့။

      ဒါဈေးတွေမတရားကျသွားတာအရီးလတ်ရဲ့။ အရင်ကဆိုအနားတောင်မကပ်နိုင်ဘူး။ ED ဆိုသိန်း ၃၀ဝ နဲ့ ၄၀ဝ ကြား။ ရွှေငါးကတော့သိတော်မူကြတဲ့အတိုင်း သိန်း ၁၀၀ဝ နဲ့ ၁၅၀ဝ ကြားရှိတာ။

  • ဖရဲသီး အတွက် …
    “ပါဘလေကာ 86 မော်ဒယ် လနံပါတ် 120 သိန်း” တစ်စီး ….

    ကြီးမိုက် အတွက် …
    “ပ CNG 142 သိန်း” တစ်စီး …

    ချီးပန်းနေတဲ့ စိန်ပေါက်အတွက် …
    “ဓ CNG 143 သိန်း” တစ်စီး …

    ဝယ်ပေးဦးမှ …….

    နာ့အတွက် ကတော့ အပျင်းပြေ စီးရအောင် လိုရာမယ်ရ …
    “CE-106 ရှေ့ဆွဲဗင် ဖင်ကောက် အစိမ်းရောင် 9က 235 သိန်း” အစီး တစ်ရာလောက် ဝယ်ထားဦးမှ …
    😀
    (နောက်ဆက်တွဲ စကားပြောသံများ)

    ညီလေးရေ .. ဘဏ်က ငွေသိန်း တစ်သောင်းလောက် သွားထုတ်လိုက်ပါဦးကွယ် …

    အာ .. ကိုကြီးအံ ကလည်း မနက်ကမှ သိန်း ငါးထောင် ထုတ်ပြီးသွားတာ ..
    နေ့တိုင်း ဒီလို ထုတ်နေရင် နှစ် ၁၀၀၀ဝ လောက်ပဲ သုံးရမှာပေါ့လို့ …….. 😀

    မီလျံနာ ဘီလျံနာ ဟိုဟာနာ ဒီဟာနာ …
    သဌိန်းဂျီး မောင်အံစာ

    • Shwe Tike Soe

      March 14, 2012 at 11:00 am

      ကိုကိုအံ ကိုကိုအံ မီးမီး အိမ်သာသွားဖို. ပါဂျာရို ဖားပြုတ်လေး ပါ ဝယ်ပေးနော် ကိုကို နော် နော် 😛

  • Anaconda MMT

    March 13, 2012 at 9:22 pm

    ကြိုဆိုပါတယ်.ကျေးဇူးလဲ တင်ပါတယ်.
    နောင်ကိုလဲ အမြဲ ကားနဲ့ပါတ်သက်တဲ့ ဈေးနှုန်း.ဒါမှ မဟုတ်.
    .ကားနဲ့ပါတ်သက်တဲ့ သတင်း..တွေ
    တစ်ယောက်မဟုတ် တစ်ယောက် ဆက်လက်တင်ပေးဖို့
    တောင်းဆိုပါတယ်.
    ရှိစုမဲ့စုလေး ခြစ်ခြူတ်ပြီး.ကားလေးတစ်စီးဝယ်ဖို့ အိမ်မက် ပလန်လေး ရှိလို့ပါ
    ရှဲ.ရှဲ နီ.

  • Gipsy

    March 13, 2012 at 9:46 pm

    u myo ရေ့ ….
    ဒါပဲလားဗျာ….
    နောက် ကားအမျိုးအစား လေးများကိုလဲ မျှဝေပါဦးခင်ဗျား….
    ဒါလောက်လေးနဲ့ ရပ်တော် မမူ ပါနဲ့လို့….။

  • Gipsy

    March 13, 2012 at 9:49 pm

    ကို fatty ပြောတဲ့ ကျနော်တို့လို ကား Car Crazy ဖြစ်သူတွေ အတွက်
    နှာပြတ် လုပ်ငန်းသုံး ပုံဆန်း ဈေးလေး တွေကိုလည်း ထည့်ရေးပေးပါဦး…. ။ :mrgreen:

  • တွတ်ပီ

    March 13, 2012 at 11:09 pm

    မြန်မာ နိုင်ငံမှာ ကားစီးနိုင်တယ် ဆိုတဲ့လူဟာ တစ်ကယ့်ကို ချမ်းသာတဲ့လူမို့လို့ စီးနိုင်တာပါဗျာ
    အပေါ်မှာ ရေးထားတဲ့ ဈေး တွေကိုပဲကြည့်ဦး…
    ဒါနဲ့ Light Truck ဈေးလေးလဲ ရေးပေးပါလား ခင်ဗျ…
    သူငယ်ချင်း တစ်ယောက်က ဝယ်ချင်လို့တဲ့ လိုက်ထရပ် ကို..

  • Mလုလင်

    March 13, 2012 at 11:15 pm

    အင်စတော်မန် နဲ့ ..ရောင်းမယ့် ….. လူ ရှိ၊ မရှိ လေး ….။
    လက်ငင်း .. လုံးကနဲ ပေးရမယ် ဆိုရင်တော့ .. မဝယ်နိုင်သေး x 100 🙁

  • kai

    March 14, 2012 at 4:10 am

    အင်း..
    ဂျပန်ကနေ.. ရောင်ခြည်သင့်ကားတွေ ပို့နေတာ… ဘုမသိဘမသိ..အသကုန်ဝယ်နေတော့တာပဲ..
    အနိစ္စ..ဒုက္ခ…

    • htoosan

      March 14, 2012 at 9:09 am

      သူကြီးရေ . ဂျပွန်တွေ မြန်မာလို အင်ထုရင်တော့ မသိပါဘူး ။။ ဓါတ်ရောင်ခြည် ကင်းရှင်းကြောင်း certificate ပါရပါတယ်။ အဲ့ဒီ့ အတွက်လည်းစစ်ခ ပေးရပါတယ်။
      ကိုယ့်တိုင်းပြည်တော့ ကိုယ်မယုံတော့ ဒါတကယ်လုပ်မလုပ်တော့သိဘူး ။ရန်ကုန်မှာလည်း သတင်းစာထဲမှာ ဓါတ်ရောင်ခြည် စစ်ကြောင်းဖော်ပြပါသည်။

  • inz@ghi

    March 14, 2012 at 5:55 am

    garrrr….. when can i own my ferrari
    🙁

  • kyeemite

    March 14, 2012 at 8:29 am

    ခုကားအပ်တဲ့အထဲ ဟိုင်းလတ်ကားတွေအကုန်နီးပါးပါကုန်တော့
    လိုင်းကားဆွဲဘို့ လိုက်ထရတ်တွေဘက်လှည့်ရတော့မှာ….
    ဒါ့ကြောင့်လိုက်ထရတ်ဈေးလေးတင်ပေးပါအုံးဗျို့…

  • water-melon

    March 14, 2012 at 8:53 am

    နာ ဝယ်ထားတဲ့ ဆိုက်ကားလေးရော ဘယ်ဈေးရှိလဲဟင်
    ပြန်ရောင်းချင်လို့ပါ
    သူကြီးရေ ဓာတ်ရောင်ခြည်သင့်ကားလည်း မဝယ်စီးနိုင်ပါဘူးဗျာ 😀

    • Shwe Tike Soe

      March 14, 2012 at 11:02 am

      မိဖရဲ နင်ဆိုက်ကားက ဝတ်သောက် ကြီး တန်းမဝင်ဘူး ဒါပဲ….
      စိန်ကောင်းကျောက်ကောင်းရောင်းနေပါတယ်ဆို.. ဒီဆိုက်ကား သမားက တမျိုး… ကလင်ကလင်..

  • Uncle Lay

    March 14, 2012 at 9:34 am

    CNG ပ ရောင်းဖို့ရှိရင်ပြောဦး…။

  • Gipsy

    March 14, 2012 at 9:35 am

    ပါမစ် ဆိုတာကြီးက ကန့်လန့် ကန့်လန့် နဲ့ ရှုပ်နေလေတော့ အလယ်လတ်တန်းနီးပါး
    လူတွေ ဝေးနေသေးသဗျာ …။
    အဲဒါကြီး မပါရင်တော့ …. အဟီးး .. စီးနိုင်တော့မှာ ဧကန်မလွဲပါ …။
    အင်စတော့မင့် ကလဲ ဘဏ်နဲ့လုပ်ရမှာ… ပိုင်ဆိုင်မှု အိမ်ဂရမ်လေး နဲ့ လုပ်ရမှာဆိုတော့
    အခက်သားလားဗျ ….။
    ခုတစ်မျိုး တော်ကြာတစ်မျိုး အစိုးရဆိုတော့ တော်ကြာတစ်မျိုးပြောင်းလာမှာမို့
    စောင့်ဆိုင်းက နေရဦးမယ်ပေါ့နော်….။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 15, 2012 at 1:34 am

    ဟေ့ လူကြီး ( u myo နာမီ နဲ့မို့ လူဂျီးခေါ်တာ ၊ နို့မို့ဆို လူလေး ခေါ်မှာ)
    ဟေ့ ဒီမှာ ဟေ့ လူကြီး …..
    အမှိုက်ပုံးထဲကို အမှိုက် ပစ်သလို ပို့စ်ရေးတင် ပြီး ပြန်လှည့်မကြည့် မလုပ်နဲ့ဗျ…
    comment လေး ရေးပြီး သိချင်တဲ့ မေးခွန်းရဲ့ အဖြေ လေးတွေကို ဖြေလှည့်ဦး..
    ခုဟာက ကျုူပ်တို့က အမှိုက်ပုံးထဲက အမှိုက် ဖြစ်ရပြီ…
    တော်တော်ဆိုးတဲ့ လူဂျီး။
    ရှေ့သွား နောက်ကြည့်လေဗျာ ။ ခက်ပါဘိတော့ လူဂျီးးးးးးးးးးးးးးးရာ ။

  • u myo

    March 15, 2012 at 10:25 am

    သိချင်တာရှိရင် အပေါ်က ပေးထားတဲ့ ဖုန်းကိုလှမ်းဆက်သွယ်ပြီး မေးလိုက်ပါ
    အခုလိုကြိုဆိုတဲ့အတွက် ဝမ်းသာပါတယ်
    နောက်လဲ တင်ပေးပါ့မယ်

  • Computer

    March 15, 2012 at 12:45 pm

    ကားဈေးတွေတင်ပေးတာကျေးဇူးတင်ပါတယ်။ဒါပေမယ့်ကားအကြောင်းမစဉ်းစားခင်ကျွန်တော့်မှာအိမ်ပိုင်
    တောင်မရှိသေးတဲ့ဝန်ထမ်းဘဝမို့တန်းဖိုးနည်းအိမ်ယာဈေးလေးတွေသိရင်ပြောပြပေးစေချင်ပါတယ်။

Leave a Reply