ဒီကနေ့တော့ ပူပြင်းလှတဲ့နေရောင်အောက်မှာ သဗ္ဗာန်လေးတစ်စီးနဲ့ ခရီးထွက်ဖြစ်ခဲ့တယ် … တွံတေးမြို့ကနေ ချောင်းကလေးအတိုင်း သဗ္ဗာန်စီးဖြစ်ခဲ့တဲ့ လမ်းတလျှောက် ရှုခင်းလေးတွေကို ဓါတ်ပုံရိုက်ခဲ့လိုက်ပါတယ် …

ခရီးနှင်ခဲ့ရတဲ့ သဗ္ဗာန်အဖြူလေး

နေပူထဲမှာ ဒီအတိုင်းပဲ မောင်းနေကြတာပဲ

ချောင်းကလေးထဲရောက်သွားပြီ

ကွန်ပစ်တာကိုတော့ စောင့်ရိုက်လို့မရခဲ့ဘူး

ချောင်းဘေးပတ်လည်ရှုခင်း

ချောင်းကမ်းပါးဘေးက ဘုရားတန်ဆောင်းတစ်ခု

အိမ်ကလေးတွေက နေချင်စရာ

ကားလမ်းတွေလိုပဲ လမ်းဆုံလမ်းခွတွေလဲရှိတယ်

အပင်လေးတွေက စိမ်းစိမ်းစိုစိုနဲ့

တစ်ပင်ထဲ ဒါပေမယ့် ....

ငှက်ပျောပင်တောင်မှ လှနေတယ်

ဒီအပင်လေးလဲ မဆိုးဘူး ...

ချောင်းထဲက လှေကလေး

ကားတွေလိုပဲ အပြိုင်မောင်းပြီး ကျော်တက်ကြတယ်

မှို့ပင်ကြီးက ထီးထီးမားမားကြီး

ဘဲကလေးတွေက ချစ်စရာ

ချောင်းထဲမှာ ပျော်မြူးနေတဲ့ ဘဲကလေးတွေ

ဒီပုံက ဒါ့ပုံဆရာတွေအကြိုက်

ဗေဒါပင်လေးတွေကလဲ ချောင်းနဲ့လိုက်ဖက်နေတယ်

ချောင်းကူးတံတားလေးတစ်ခု

ဓါတ်ပုံတွေအများကြီးရိုက်ခဲ့ပေမယ့် ပို့စ်ကိုလဲ အပိုင်းမခွဲချင်၊ ပုံတွေသိပ်များရင်လဲ ဖွင့်ရခက်မှာစိုးရိမ်လို့ ဒီလောက်ပဲတင်လိုက်ပါတော့တယ် …. ချောင်းထဲမှာ အသွားအပြန် နှစ်နာရီကြာအောင် စီးနေရင်း မြို့ပြနဲ့မတူတဲ့မြင်ကွင်းတွေကို လေ့လာရေးခရီးစဉ်လိုမျိုး လုပ်နိုင်ရင်သိပ်ကောင်းမှာပဲလို့ တွေးမိတယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....