အဟီး…မိုက်တယ်…ဖတ်ဖြစ်အောင်ဖတ်နော်

linpin zawMarch 13, 20121min12410

သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင်

စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား
တစ်ဦး ရှိပါသည်။ တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း
ဆေးရုံရဲ.ရေကူးကန်နား ရောက်တော. အမျိုုးသား က ကန်ထဲသို.
ခုန်ဆင်းချလိုက်ပါတယ်။ ပြီးတော. ရေနစ်တော.တာပဲ။ ဒါနဲ. အမျိုးသမီး ကလဲ
အလျှင်အမြန်ခုန်ဆင်းပြီး ကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။

အမျိုးသမီးရဲ. ကောင်းမွန်တဲ.ပြုမူချက်ကြောင်.၊ စိတ်ပြန်လည် လာသည်မှတ်ကာ
ဆရာဝန်ကြီး က သူ.အား ဆေးရုံက ဆင်းခွင်.ပေးဖို. ခွင်.ပြုလိုက်ပါတယ်။ ဒါနဲ.
ဆရာဝန်ကြီးကိုယ်တိုင် ထိုအမျိုးသမီးဆီသွားပြီး

ဆရာဝန် – နေကောင်းလား ခင်ဗျာ။ ခင်ဗျားကို သတင်းကောင်း တခု နဲ.
သတင်းဆိုးတခု ပြောစရာရှိတယ်ဗျ။ သတင်းကောင်းကတော. ခင်ဗျား ပုံမှန်လူတွေ
လို စိတ်ပြန်လည်လာလို. ဆေးရုံက ဆင်းခွင်.ပေးလိုက်မယ်။ သတင်းဆိုးကတော.
ခင်ဗျားကယ်ခဲ.တဲ. အမျိုးသားလူနာ ခုနလေးကပဲ ရေချိုးခန်းထဲမှာ တံဘတ် နဲ.
ဆွဲကြိုးချပြီး ကိုယ်.ကိုယ်ကိုယ် အဆုံးစီရင်သွားရှာတယ်။
စိတ်မကောင်းပါဘူးခင်ဗျာ။

အမျိုးသမီး – အော်ဟုတ်လား၊ သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင် ၊
ကျွန်မကိုယ်တိုင်သူကို. ရေတွေ စိုနေလို. ခြောက်သွားအောင်
လှန်းပေးလိုက်ခဲ.တာပါ။

——————————

——————————————————————————————————————————————————————-

အင်ဂျင်နီယာ ဆိုသည်မှာ

တစ်ခါတုန်းက အိနိ္ဒယနိုင်ငံမှာ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဆီကို
လူတစ်ယောက် ဆေးခန်းလာပြပါတယ်။

လူနာ။ ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော်
ကိုယ့်ကိုကိုယ် ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း
ဆိုင်က ဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။

လူနာ။ မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။
လူတွေကို ကျွန်တော် မကု ပါဘူး ခင်ဗျ။

လူနာ။ ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။

တိရစ္ဆာန်ဆေးကုဆရာဝန်။ မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က
ကျွန်တော့် လို စကားပြောတယ်၊ ကျွန်တော့် လိုတွေးတယ်။ ဒါကြောင့်
ခင်ဗျားလည်း လူပဲ လို့ ကျွန်တော် ထင်ပါတယ်။

လူနာ။ ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ် ဆရာ။
ဒါပေမယ့် ကျွန်တော် ရှင်းပြတာကို ဆရာ နားထောင်ပါဦး။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ကောင်းပြီလေ။ ပြောပါဦး။

လူနာ။ ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ် ပါတယ်။
မနက် ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။
အလုပ် ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။
အလုပ် ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။
ပြီးတော့ ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။
သူဋ္ဌေး ရှေ့မှာတော့ အမြဲတမ်း အမြှီးလေးကုပ်ထားရပါတယ်။
အားချိန်လေးများ နည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ
သမီးတွေနဲ့ ကစားရပါသေးတယ်။
မိန်းမ ရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။

အဲဒီမှာ ဆရာဝန်က ဖြတ်မေးပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ခင်ဗျား အင်ဂျင်နီယာထင်တယ်။
လူနာ။ ဟုတ်ပါတယ် ဆရာ။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါများ ဗျာ ဒါတွေရှင်းပြနေရသေးတယ်။ အစ ကတည်းက
ကျွန်တော် အင်ဂျင်နီယာပါ လို့ပြောလိုက်ရင် ပြီးရော။ လာလာ ခင်ဗျား ကို
ကျွန်တော် ကလွဲ ရင် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး

————————————————————————————————————————————————————————————————–

ပေးလိုက်တဲ့အကြံက

ဝေဒနာရှင်လူနာတစ်ယောက်က နာမည်ကြီးစိတ်ရောဂါအထူးကုဆရာဝန်ကြီး ထံလာပြ၍
ညည်းတွားပြောဆိုပါတယ်..

ဝေဒနာရှင် ။ ။ “ဆရာ..ကျနော့်စိတ်ထဲကစွဲလမ်းမှူတွေကြောင့်ဒုက္ခရောက်နေတာ
နှစ်ပေါင်းမနည်းတော့ဘူးဆရာ..
အခုထိဘယ်သူမှလဲကောင်းကောင်းမကုသပေးနိုင်ဘူး..”

အထူးကုဆရာဝန် ။ ။ “အခုချိန်ထိမင်းကို နောက်ဆုံးဘယ်သူကုပေးလိုက်လဲ။”

ဝေဒနာရှင် ။ ။ “အထူးကုဆရာဝန်ဦးဟိုဒင်း ပါဆရာ။”

အထူးကုဆရာဝန် ။ ။ “ဆရာဝန်ဦးဟိုဒင်းလား ..ဟာသိတာပေါ့..
အဲဒီဆရာဝန်ကဘာမှသိတာမဟုတ်ဘူး၊ တော်တော်တုံးတဲ့ဆရာဝန်ပဲဗျ။ ဒါနဲ့
နေပါဦး.. သူကခင်ဗျားကို ဘာတွေများအကြံပေးလိုက်လဲ?”

ဝေဒနာရှင် ။ ။ ” သူက..ဆရာ့ဆီကိုသွားပြ ဖို့လမ်းညွှန်လိုက်ပါတယ်။”

————————————————————————————————————————————————————————————————–

အမလေး ရှင်မပြန်သေးဘူးလား?

အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း

Small လေး – “ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး
ခံစားလို.ရမှာ”
အမျိုးသား – “ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
ဝေးပြီ။”
Small လေး – “တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်.”

Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ “အမလေး
ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်”

10 comments

  • ချစ်ရင်ထူးနှစ်

    March 13, 2012 at 10:46 pm

    ဟားး…ဟား ရှင်မပြန်သေးဘူးလား ၊ အဲဒါကို ကြိုက်တယ်ဗျို့…
    အပြင်မှာ တစ်ကယ့်ကို ရှိလောက်ပါရဲ့…
    ကောင်းပါတယ်
    နောက်လည်း စုပြီး တင်ပေးပါဦးနော်
    စောင့်ဖတ်နေပါ့မယ်
    ခင်တဲ့
    ချစ်ရင်ထူး

  • Khin Latt

    March 14, 2012 at 3:19 am

    ဖတ်သွားပါတယ်။
    ရီသွားပါတယ်။
    ရွာထဲ က အင်ဂျင်နီယာ များကိုလဲ ပြေးမြင်လိုက်ပါတယ်။ 😆

    • အရီးတော် ဖလ ..
      ရွာထဲက အင်ဂျင်နီယာ ဆိုသူတွေက ဘီသူတွေပါလဲ ချိုတာ ပြောပြပါလား ဖလ …
      အောက်က ဗြဲသီး ပြောတာကိုလည်း မယုံသင့်ဂျောင်းပါ ဖလ .. 😀
      ပီး ကျွန်တော်မျိုးမှာလည်း အင်ဂျင်နီယာ တစ်ယောက် မဟုတ်ဂျောင်းကို အသိပေးအပ် ပါတယ် ဖလ … 😀

  • water-melon

    March 14, 2012 at 8:08 am

    ရီပြီးဖတ်သွားပါတယ်ချင့်
    အရီးလတ် သများက EC သမားပါချင့် 😀

  • chel gyi

    March 14, 2012 at 10:27 am

    ပသိုင်းမွေး ရိတ်လိုက်တဲ့ အစွမ်း…….
    ရီသွားပါတယ်။

  • Ko out of...

    March 14, 2012 at 12:19 pm

    ဟား..ဟား အားပေးသွားပါတယ်.. ရယ်ရတယ်..ရှိရင်ထပ်တင်ပေးဦးနော..

  • htet way

    March 14, 2012 at 12:24 pm

    စုဆောင်းတယ်ဆိုပေမယ့် ဒါမျိုးဟာသတွေကိုကြိုက်တယ်
    ဆက်ရေးစေချင်ပါတယ်

  • အနော်လည်း ဖတ်ပြီး ရီသွားပါ၏ …
    အပေါ်ဆုံး ဟာသလေးကို ပိုပြီး သဘောကျမိကြောင်းရယ်ပါ …

  • snow white

    March 14, 2012 at 2:37 pm

    ရယ်ရပါတယ် ဖတ်လို့လည်းကောင်းပါတယ် ရှိသေးရင်ထပ်ရေးစေချင်ပါတယ် ပျင်းနေတဲ့အချိန်မှာဆို အဆင်ပြေပါတယ် ရယ်ရတယ်လေ အားပေးနေပါတယ် ထပ်ရေးပါအုံးနော်

    • linpin zaw

      March 14, 2012 at 9:57 pm

      နောက်လည်းစုဆောင်းပြီးတင်ပေးပါဦးမယ်။ဆက်အားပေးပါဦး။

Leave a Reply