လူတစ်ယောက်ဟာသူရဲ့ အတိတ်ဘ၀ကို ဘ၀ပေါင်းမြောက်များစွာ မှတ်မိတယ်ဆိုတာ တကယ်ဟုတ်မဟုတ် စဉ်းစားလို့ရအောင်..

– ကျွန်တော်တို့… ဒီဘ၀ရဲ့ အတိတ်ငယ်ငယ်တုံးက ဘာလုပ်ခဲ့တယ်၊ ဘယ်သွားခဲ့တယ်၊ ဘာဟင်းစားခဲ့တယ်ဆိုတာ မှတ်မိလား။ မှတ်မိတာရှိရင်တောင်မှ အပုံထောင်သောင်းသိန်းရဲ့ တပုံနှစ်ပုံ လောက်ဘဲမှတ်မိမှာပါ ဒါရိုးရိုးလေးဖြေကြည့်တာပါ…
ဒါအခုလက်ရှိ ဒီဘ၀ရဲ့ ငယ်ငယ်တုံးကအတိတ် ဘဲနော်…မမြင်ရတဲ့ အရင်ဘ၀က အတိတ်မဟုတ်ဘူး…

လူတစ်ဦးတစ်ယောက်က ဘ၀ကိုထောင်းသောင်းမကမှတ်မိတယ်၊ ဘ၀အင်္သချေ အင်္သချာ မှတ်မိတယ်ဆိုတာ ယုံဖို့တော်တော်ခက်တယ်ဗျာ…

ဘုရားလက်ထက်တောင်မှ ဘုရားကို သိပ်မယုံကြည်တဲ့ ရဟန်းတစ်ပါးကို ဘုရားကိုယ်တိုင် ချီးကျူးတာဖတ်ရဖူးတယ်…

– နောက်မြတ်စွာ ဘုရားကိုယ်တိုင်ဘဲ သူ့ကို လူတွေဘယ်ကလာလည်းလို့မေးရင် မမြင်ရတဲ့ အတိတ်က ကုသိုလ်ကံကြောင့်ပေါ့ကွာ ဆိုပြီးဘုရားမဖြေဘူး…
မင်းတို့ လူဖြစ်လာတာ ဥတုနီ၊ ကန္တဗ၊သံဝါသ လို့ဘဲ ဘုရားဖြေတယ်။ ဥတုနီ(မမျိုးဥ)၊ ကန္တဗ(အဖိုမျိုးသုတ်ပိုး)၊သံဝါသ မိဘအတူနေရမယ်လို့ ဒီသုံးချက် ဘဲ..ဘုရားရိုးရိုးလေးဘဲ ဖြေခဲ့ပါတယ်…

ယခုကတော့ မိဘဟာ ရေ၊မြေသြဇာ သဖွယ်ဘဲတဲ့ .. ဒါဆိုရင် မိဘထက် ကြီးတဲ့လူဖြစ်သွားပြီ။ မိဘဖြစ်သလိုနေထိုင်စားသောက်ပါလား ကျွန်တော်တို့ ဘယ်လိုနေမလဲ?.. လူဖြစ်ဖို့မျိုးစေ့ ဆိုတာက ပထမ မိဘတွေရှိမှ ရမှာပေါ့။ တချိန်တုံးက ကံရဲ့ သတ္တိကြောင့် လူဖြစ်တာဆိုရင်..ဒါဆို ပထမဦးဆုံး ဖြစ်တဲ့လူသားကို ဘယ်ကံက ပစ်ချလဲ လို့မေးရလိမ့်မယ်…

– ဒါကတချက်ပေါ့ နောက်ဘုရားမဖြေတဲ့ မေးခွန်ဆိုတာ (၁၀) ချက်ရှိတယ်..

အဲဒါကတော့ အဗျာကတ၀တ္ထု (ဘုရားမပြောသောစကားပေါ့) ဒါ Buddha ဘာသာဝင်တွေ အလေးထားရကောင်းမှန်း မသိကြဘူး…ဘုရားမပြောတဲ့ စကားကတော့ …

– တမလွန်လေး ခွန်း(သေပြီးရင်..ဖြစ်သလား? မဖြစ်ဘူးလား?ဖြစ်တာလည်း မဟုတ်? မဖြစ်တာလည်းမဟုတ်?)

– သက်နှစ်ခွန်း(အသက်နဲ့ လူဟာ..အတူတူလား?တခြားဆီလား?)

-လူနှင့်စပ်လို့ လေးခွန်းမှတ်တဲ့(လောကလူဟာ မြဲသလား?မမြဲဘူး အဆုံးရှိသလား?မရှိဘူးလား?)ဒါဘုရား လုံးလုံး မဖြေဘူး။ အကျယ်သိချင်ရင် အဗျာကတ၀တ္ထု မှာဖတ်ပါ..

လူတွေဟာ ဘုရားကို လွန်လွန်ကျူးကျူးချီးမွမ်းရာကနေ ကိုယ့်ဘုရားရဲ့ ဂုဏ်သိက္ခာကိုကျအောင် လုပ်သလိုဖြစ်သွားတာ သူတို့ မသိဘူး…

တခါက ဘုန်းကြီးတစ်ပါး သူရဲ့ဒကာ/မ တွေနဲ့ ဘုရားဖူးသွားပြီး အပြန်မှာ…

ဒကာမ တစ်ဦးက သူ့ဘုန်းကြီးကိုဘယ်လို ချီးကျူးလဲဆိုတော့…

ဒို့ဘုန်းကြီးလေ သိပ်တာဝန်ကျေတာဘဲ အစစ လိုလေသေးမရှိအောင် စီစဉ်ပေးတတ်တယ်။ တနေရာမှာဆို ခြင် ကလည်းပေါတော့လေ.. ဘုန်းကြီးက

ကျွန်မအတွက်ခြင်ထောင်တောင် ထောင်ပေးတာ လို့ပြောသတဲ့..ဒါ ကိုယ်ကတော့ ကိုယ့်ဘုန်းကြီး ကောင်းကြောင်းချီးကျူးတာပါ။ဒါပေမဲ့ ကိုယ့်ဘုန်းကြီး ဂုဏ်သိက္ခာ ကျမှန်းသူမသိရှာဘူး?…

ယခုလည်း ကိုယ့် ဘုရားကို သိပ်လည်းချီးကျူးမနေကြနဲ့ဦး
ပညာရှိတွေ အထင်သေးပြီး ကိုယ်သာသနာကို ကိုယ်ကဘဲ မှေးမှိန်ကွယ်ပျောက် အောင်လုပ်
သလိုမျိုး ဖြစ်နေဦးမယ်…

– တခုလေးဘဲ လူငယ်တွေကို အကြံပေး ပါရစေ…

စက္ခု အဘိဥာဏ်၊ သောတ အဘိဥာဏ်မျက်စိနဲ့ တောင်ကြီးကို ဖေါက်ထွင်းပြီးမြင်တာတို့၊နားနဲ့ ဘယ်လောက်ဝေးဝေးကြားရတာတို့ ဆိုတာ ယနေ့ခေတ်မှာ ပြောဆိုပြီး သိပ်မကြွား ဖို့လိုတယ်…ယခု အင်တာနက်သုံးနိုင်တာ ဘယ်သူတွေ တီထွင်လဲ?.. သူများတွေက မကြွားဘဲ လက်တွေ့ အဘိဥာဏ်တန်ခိုးတွေပြနေပြီ။

အခုအင်တာနက်တွေနဲ့ ကမ္ဘာမှာ ဘာဖြစ်နေလဲ ချက်ချင်း အကုန်လုံး ရုပ်ရော အသံပါ ကြည့်နိုင်နေကြတာ ဒါလက်တွေ့ပြလို့ ရတဲ့ အဘိဥာဏ်တွေပေါ့..တချိန်တုံးက လူငယ်တွေကို ပြောလို့ ရပေမဲ့ ယခုခေတ် လူငယ်တွေ မယုံကြတော့ဘူး..

သူတို့ ယုံတယ်လို့ မထင်နဲ့ မိဘကို မလွန်ဆန်ချင်လို့ သူတို့ question တွေကို ကျွန်တော်တို့ မဖြေနိုင်ဘဲ ဝှေ့လည်ကြောင်ပတ်လုပ်တာ အများကြီး.. ဒါခေတ်က စကားပြော လာပြီလေ..ဒါကြောင့်မမြင်ရတဲ့ တန်ခိုးကြီးတွေနဲ့ သိပ်မပြော ဖို့လို့တယ်…အဲဒီ လက်တွေ့ပြလို့မရတဲ့ အမွေတွေ မထားခဲ့ဖို့လိုတယ်…သူတို့ရဲ့ အသိဥာဏ်ကို စိန်ခေါ်တဲ့ လူငယ်တွေနဲ့ တွေ့ရင် မျက်နှာသူငယ်နဲ့ မ၀ံ့မရဲ့ ဖြစ်နေကြမယ်..
ဘုရားလည်း ဒါတွေမဟောခဲ့ပါဘူး….

ဘုရားကိုယ်တိုင် ငါ့ကို အလုံးစုံသိသူ(သဗေညုတ)လို့ခေါ်တာ ငါ့ကိုယ်စွပ်စွဲတာဘဲ ငါ့ကိုတေ၀ိဇာ(တေ၀ိတ်ဇာ) လို့ဘဲခေါ်ပါတဲ့။

ဒီထက်ပိုပြီးတော့ များခေါ်ချင်လည်းခေါ်ပါ။ ဒီထက်တော့ ဘုရားပိုပြီးမသိပါဘူး။ ဘုရားက တကယ်ရိုးသားပြီး ငါသိတဲ့တရားက (၁) လူတွေသိနိုင်ရမယ်(၂) လူတွေကျင့်နိုင်ရမယ် (၃) လူတွေလွတ်မြောက်နိုင်ရမယ် လို့ တောထွက်ခါစ ကြုံးဝါးခဲ့တာဘဲ မဟုတ်လား။ နောက်ကလူတွေ ချဲ့ပြီးရေးသားထားတာတွေ အများကြီးပါ…

ဆန်ထဲမှာကြွက်ချေးတွေ ရောနေတာရွှေးချယ်တတ်ဖို့လိုမယ်။ ခေတ်က တောင်းဆိုလာရင်တော့ လွန်လွန်ကျူးကျူးချီးမွမ်းထားတာတွေ အလိုလိုပျောက်ကွယ်သွားမှာ အသေချာပါ…

ယခုခေတ်က Knowledge is very cheap. ဖြစ်သွားပြီ။
အင်တာနက်သတင်း ကွန်ယှက်ခေတ်မှာ ကြိုက်တဲ့စာဖတ်မလား၊ ကြိုက်တာကြည့်မလားရတယ်…ဒါကြောင့် Informatoin deluge သတင်းကတော့ အလျှံပယ် ဖြစ်သွားပြီ..ရွှေးချယ်မှု မှန်ကန် ဖို့ဘဲ လိုတော့တယ်…

About Ko out of...

Ko out of... has written 91 post in this Website..