ကြောင်တရုတ်ကြီး


ဘီဘီစီမြန်မာပိုင်း စာမျက်နှာမှာ “ရှားပါးသတ္တုပစ္စည်း တရုတ်တို့ကန့်သတ်မှု WTOကိုတိုင်ကြား” ဆိုတဲ့သတင်း ဖတ်လိုက်ရတယ်။ ဘီဘီစီ မြန်မာစာလုံးက ဇော်ဂျီစာလုံးမဟုတ်လို့ တိုက်ရိုက်ကူး တင်လို့မရဘူး။ အဲဒီထဲက ပြောချင်တာလေးကို ကောက်နှုတ်လိုက်ပါတယ်။ http://www.bbc.co.uk/burmese/news/2012/03/120313_rare_earths_complaints.shtml
“တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ သတ္တု၉၅% ထိကြွယ်ဝတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အဲဒီသတ္တု၁၇မျိုးကို အိုင်ဖုန်းနဲ့ လျှပ်စစ်ကားလို ပစ္စည်းများ ထုတ်လုပ်ရေးမှာ အသုံးချပါတယ်။ အနှုတ် အသိမ်းအယူ အများဆုံးက အမေရိကန်နိုင်ငံဖြစ်ပါတယ်။ တရုတ်က အဲဒီသတ္တုတင်ပို့တာကို ထိန်းချုပ်ပြီး ကမ္ဘာ့ ဈေးကွက်မှာ ဈေးနှုန်းတက်အောင် လုပ်နေတယ်လို့ အမေရိကန်က စွတ်စွဲထားပါတယ်။ တရုတ်နိုင်ငံ ကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် စည်းမျဉ်း စည်းကမ်းများနဲ့အညီ ထိန်းချုပ်တာလို့ တုံ့ပြန် ပါတယ်။ အလွန်အကျွံ တွင်းတူးမှုတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာကို ထိန်းချုပ်ဖို့ ဒီလိုသတ်မှတ်ချက်တွေ ထားရတာလို့ ဆိုပါတယ်။ ဒီရှားပါးသတ္တု တူးဖော်ရတာ ခက်ခဲတယ်၊ အဆိပ် အတောက်တွေ ထွက်ရှိပြီ ရေဒီယို သတ္တိကြွမှု အန္တရာယ်တောင် ရှိတယ်လို့ သိရပါတယ်။ ဒီသတ္တု တတန်ရဖို့ မြေဆီ စတုရန်းပေ ၃၀၀၀ကျော် ပျက်စီးရတယ်လို့ ဆိုပါတယ်။ မနှစ်က သတ္တုတန် ၃၉၀၀၀ကျော် ထုတ်ခဲ့ရာက နောက်ကို တန်၃၀၀၀၀ကျော်အထိ လျှော့ချထုတ်လုပ်ဖို့ တရုတ်က စီစဉ်နေပါတယ်။ အခုတိုင်ကြားမှုဟာလည်း အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့ ပထမဦးဆုံး အကြိမ် ပူးတွဲတိုင်ကြားမှု ဖြစ်ပါတယ်။”
ကြည့်စမ်းပါအုံး.. တရုတ်ကြီးက သူ့တိုင်းပြည်ကြတော့ သိတတ်လိုက်တာ၊ ပတ်ဝန်းကျင် ပျက်စီးမှာ စိုးသတဲ့.. မြန်ကျင့်တို့တိုင်းပြည်ကြတော့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးကို ပိတ်ပြီး ရေကာတာ ဆောက်ချင်သတဲ့.. တူးလိုက်တဲ့ ရှားပါးအဖိုးတန် သတ္တုတွေဆိုတာ မပြောနဲ့.. တောင် အလုံးလိုက် ဖြိုတူးကြတယ်.. ခုတ်လိုက်တဲ့ သစ်တောဆိုတာလည်း ရိုးမတောလုံးပြုတ်ပဲ..။ ဘာလဲကွ မြန်ကျင့်ဆိုတဲ့ မြန်မာတွေက လူမဟုတ်လို့လား…။ မင်းတို့လူမျိုး မင်းတို့တိုင်းပြည်ပဲ တန်ဖိုးရှိပြီး မြန်ကျင့်တို့တတွေက မင်းတို့ကို ကျွန်ခံဆပ်ဖို့လား..။ မြန်မာပြည်မှာ ရှိသမျှ တွင်းထွက်သယံဇာတ တွေကို လက်ညှိုးထိုးရောင်းစားလာတာ နှစ်ပေါင်း၂၀ကျော်ပြီ။ အဲဒီထဲမှာ တရုတ်အဆိုးဆုံးပဲ၊ ဘာများ မယ်မယ်ရရ တိုင်းပြည်က ပြန်ရတာရှိသလဲ… တရုတ်ကြီးကို အကြွေးဒေါ်လာ ဘီလျံပေါင်းများစွာ တင်တာပဲ အဖတ်တင်ကျန်တယ်။ ရွာသားများလည်း လက်ပိုက်ကြည့်မနေဂျပါနဲ့… မြန်မာပီပီ သတ္တိ ပြကြပါ။ ဗိုလ်ချုပ်ပြောခဲ့သလို ခြေလက်မအားရင် ခေါင်းနဲ့တိုက်ပါ၊ ခေါင်းမအားရင် သွားနဲ့ကိုက်ပါ။ သွားမအားရင် ကြေမုံတို့အမျိုး တရုတ်ကြီးကို ဝိုင်းဆဲဂျပါ။ ကြေးမုံလေးတော့ မပါစေနဲ့… သူ့ကို ကြောင်ကြီးအတွက် ထားလိုက်..။
ရှလွတ်ရှလွတ်လို့ လျှာနဲ့လျက်ပြီး တဂျွတ်ဂျွတ်နဲ့ဝါးစားမည့် ကြောင်ကြီး :evil:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး