ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ် ၂၃၅ဝ နှုန်းဖြင့် နိုင်ငံတော်မှ ပုဂ္ဂလိက စက်သုံးဆီဆိုင်များသို့ ဆိုင်စဖွင့်သည်မှ နှစ်လအထိ ရောင်းပေးမည် ၊ အများပြည်သူသို့ တစ်ဂါလန် ကျပ် ၂၅၀ဝ ထက်မပိုသော ဈေးဖြင့် ပြန်ရောင်းပေးရမည်ဟု သိရ

BayoteJune 8, 20101min560

ဇွန်လ ၁ဝရက်နေ့တွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များ စတင်ဖွင့်လှစ် ရောင်းချတော့မည်ဖြစ်ကြောင်း နှင့် ပုဂ္ဂလိကဆိုင်များ အနေဖြင့် အများပြည်သူသို့ ဓာတ်ဆီရောင်းချရာ တွင် တစ်ဂါလန်ကျပ် ၂၅၀ဝ ထက် မပိုသောဈေးဖြင့် ရောင်းချရန် သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။

ထိုသို့ ဓာတ်ဆီတစ်ဂါလန်လျှင် ကျပ် ၂၅၀ဝ ထက်မပိုသောဈေးဖြင့် ရောင်းချနိုင်စေရန် နိုင်ငံတော်မှ ပုဂ္ဂလိက စက်သုံးဆီဆိုင်များသို့ ဓာတ်ဆီ တစ်ဂါလန်လျှင် ကျပ်၂၃၅ဝနှုန်းဖြင့် ရောင်းချပေးသွားရန် စီစဉ်ထားသည် ဟု သိရသည်။ ရောင်းချပေးရာတွင် ဆိုင်စဖွင့်သည်မှ နှစ်လတာကာလအထိ အဆိုပါတစ်ဂါလန်ကျပ် ၂၃၅ဝ နှုန်း ဖြင့် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များသို့ ရောင်းချပေးရန် စီစဉ် ထားသည်ဟု ဒီဇယ်ဆီတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ ပါသည်။

”ဆိုင်တွေစဖွင့်တဲ့အခါ ဈေးနှုန်းတည်ငြိမ်မှုရှိအောင်၊ ချောမွေ့အောင် အခုလိုစီစဉ်ပေးတာလို့ သိရတယ်။ နိုင်ငံတော်ကနေ ဓာတ်ဆီကို တစ်ဂါလန် ကျပ် ၂၃၅ဝ နဲ့ ရောင်းပေးမယ်။ ဆိုင်တွေက တစ်ဂါလန်ကို ကျပ် ၂၅၀ဝ ထက်မပိုတဲ့ ဈေးနဲ့ ပြန်ရောင်းပေးရမယ်တဲ့။ ဇွန်လ ၁ဝ ရက်နေ့ ဆိုင်တွေ စဖွင့်ပါမယ်။နှစ်လ လောက်အထိတော့ နိုင်ငံတော်က အဲဒီဈေးနဲ့ ရောင်းပေးဖို့ စီစဉ်ထားပါ တယ်”ဟု ပုဂ္ဂလိက ဒီဇယ်ဆီလုပ်ငန်းရှင် တစ်ဦးက ရှင်းပြခဲ့သည်။

ဒီဇယ်ဆီအနေဖြင့်မူ နိုင်ငံတကာမှ တင်သွင်းသည့် ပေါက်ဈေး ဖြင့် ချင့်ချိန်ရောင်းချရမည့် အနေအထားရှိကြောင်းနှင့် နိုင်ငံတကာဈေး အတက်အကျအတိုင်း ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

”ဒီဇယ်ကတော့ နိုင်ငံတကာ ဈေးအတက်အကျအတိုင်း ရောင်းချရမယ့် အနေအထားပါ”ဟု စက်သုံးဆီဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ပေါ်၌ လက်လီဈေးကွက်များအတွင်း ဒီဇယ်ဆီတစ်ဂါလန် ကျပ် ၃၀၀၀၊ ဓာတ်ဆီတစ်ဂါလန် ကျပ် ၂၉၀ဝ ပေါက်ဈေး ရှိနေကြောင်းဟု Eleven News တွင်ရေးသားထားသည်။