မဝေနောက်ကလိုက်ခြင်း………………(ကန်ထဲကငါး)

1 အရောင်စုံတဲ့ငါး
2 ဒီကောင်လဲ့ပဲများတယ် ဓါတ်ပုံရိုက်မှန်းသိတော့ တစ်ပါတ်လှည့်ပြတာ
3 ဒီအကောင်ကြီးက ကျနော့်ခုန်ဟက်တာဗျာ
4 မကျေနပ်ဘူး သိလား...............တဲ့ ငါဘာသာအေးအေးနေတာကို လာနှောင့်ယှက်နေတယ်လို့ပြောနေသလို
5 မကျေမနပ်ပွစိပွစိနဲ့ဘာတွေပြောနေတယ်မသိဘူးနော်
6အရောင်စုံတဲ့ငါးလေးပါဗျာ
 ကြည့်နေမှသူက ပဲတွေများပြီး လှည့်ပါတ်ပြနေတာဗျာ
8 ဘေးတိုက်အကြည့်
9 အရိပ်နဲ့အယောင်
10 ဘေးတိုက်အနီးကပ်
11 အောက်က မဲမဲလေးက မြူနီစပယ်ငါးတဲ့

 

           “မဝေနောက်ကလိုက်ခြင်း(ငါးကလေးများ)”

 

ဟိုနေ့က မဝေရိုက်ထားတဲ့ငါးလေးတွေမြင်တော့ သူများအိမ်အလည်သွားရင်း

လက်ဆော့ခဲ့တာကို သတိရမိပါတယ်။

မဝေက ဒီငါးလေးတွေကိုရိုက်ဘို့ ကိုစိန်သော့ ကို အကြံပေးအရာရှိခန့်ခဲ့တယ်လို့

ပြောထားပြန်ပါတယ်။

ဟိုတစ်ခါ ရှင်ပင်ဆပ်သွားဘုရားသုံးဆင့် တုးံက ကိုစိန်သော့ကအရင်

ကျနော်က နောက်ပို့စ်တွေတင်တော့ ကိုစိန်သော့နောက်ကလိုက်ခြင်းလို့

ခေါ်င်းစဉ်ပေးခဲ့ပါတယ်။

အခုလဲ မဝေ ငါးလေးတွေမြင်တော့ မဝေနောက်က လိုက်ခဲ့ပြန်ပြီ။၏

တိုက်ဆိုင်လိုက်တာနော်။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး

(14-3-2012)

 

24 comments

  • water-melon

    March 20, 2012 at 8:40 am

    မြူနီစယ်ငါးဆိုတော့ သန့်ရှင်းခွန်ပေးရမှာပေါ့နော့
    လေးပေါက် ကင်စားလိုက်ရရင် ဂလု
    လေးပေါက် မနေ့က မုန့်လည်းဝယ်မကျွေးဘူး

  • မုန့်ကျွေးရအောင်မင်းကမှ မလာတာ။
    ငါလဲ သူများနောက်က လိုက်တာ နှစ်ခါရှိပြီ။
    အပြင်မသွားနိုင်တော့ ရှာကြံရိုက်ရတာဘဲ။

  • နတ်ဆိုးလေး

    March 20, 2012 at 9:17 am

    အနီလေးတော့ ကြိုက်တယ်ဗျ ။ ဒါပေမဲ့ comment ထဲက အနီတော့မကြိုက်ဘူး :mrgreen:

  • weiwei

    March 20, 2012 at 10:20 am

    စာတန်းငါးတွေ အိမ်မှာမွေးဖူးတယ် … နှုတ်ခမ်းက လူလိုပဲ … သူတို့တွေမှာ ခံစားချက်ရှိတယ် … ပျင်းရင် သူတို့တွေနဲ့ စကားပြောလို့ရတယ် … အစားပုတ်လွန်းလို့ မတတ်နိုင်ဘူး … အစားစိမ်း ငါးစိမ်းလဲ စားတယ်လေ …. လက်ကိုပြတ်အောင်ကိုက်နိုင်တဲ့ သွားတွေလဲရှိတယ် …

  • ဟုတ်တယ် မဝေ
    ကျနော်သူများအိမ်မှာသွားရင်းနဲ့တွေ့တာရိုက်လာတာ။
    တကယ်ကို ပွစိပွစိ ပြောနေသလို။
    နောက်နေ့ငွေရောင်ပြောင်ပြောင်နဲ့ လပ်ကီးဖစ်ပုံရှာရိုက်တင်ပေးအုံးမယ်

  • ဆူး

    March 20, 2012 at 10:31 am

    အဲဒီငါးတွေက တကယ် စိတ်ကြီးတဲ့ ငါးတွေ ဒေါသကြီးလိုက်တာ လွန်ပါရော..
    ၂ကောင် ထားမိရင် အသေ အကြေ ကိုက်ကြတာ သနားဖို့လည်း ကောင်းတယ်။
    ဒေါသစိတ် မထိန်းနိုင်တဲ့ ငါးတွေ အစားကလည်း သောင်းကျန်းသေးတယ်။

  • ဖားသက်ပြင်း

    March 20, 2012 at 10:45 am

    @ma ma wei
    They have v v small teeth
    So they cant bite to cut fingers, but it’s hurt, due to tough lips…

    They are intelligent fishes… luo horns (flower horns) or feng sui fish

    @lay pauk
    Colourful ones are short-body types… they are nearer to parrot fish rather than original Cicilids
    Yellow ones are albino ones, they born as darker color fishes same to other kinds, and they start
    Loosing the color at the age of 3-6 months… they also lack chinese-word like scars on body

    Big heads can found on male only, it’s just a collection of fats… u can let the fish without feeding
    For months !

    @ma sue
    They try to determine their own territory…
    Normally, they dun stay together (same species) or they eat on weaker ones
    But that feaces eating (cleaning fish) is exception…

    When pro-breeders have to go trips, they buy live small prawns and let them swim for food,
    Luo horns kill and eat as much as they hungry

    Smart fishs, differ from gold-fish

    Their color faint when changing water, being sold to new owner or
    Stop eating when u change new brand of fishfood..
    😛

    • weiwei

      March 20, 2012 at 11:03 am

      ဟုတ်တယ် ဂီဂီရေ … မမွေးတာကြာလို့ မေ့သွားလို့ .. သူတို့ကို အသားကျွေးရင် သေးသေးလေးတွေ စင်းပြီးကျွေးမှ ဝါးနိုင်ကြတယ် … ကန်ထဲကို လက်ထည့်မိရင် အရမ်းနာအောင်ကိုက်တာကို မှတ်မိနေတယ် … (သွားဖုံးက တော်တော်လေးကို မာတယ်)
      သူတို့မျက်နှာက လူနဲ့သိပ်တူတယ် … သံယောဇဉ်ဖြစ်မိတဲ့ ငါးပေါ့ .. လူတွေကိုလဲ မှတ်မိတယ် …

  • Ma Ei

    March 20, 2012 at 11:54 am

    အရောင်စုံတဲ့ ငါးက နှစ်ကောင်လို့တောင် ထင်ရတယ်နော်…
    သမီးကမွေးချင်တယ်ဆိုလို့ခေါင်းပေါ်မှာ ဂျယ်လီတွေနဲ့ စာတမ်းငါး တစ်ကောင်
    သူ့အန်တီကြီးကပေးဖူးတယ်… ငါးစာတွေလဲ အားတိုင်းထည့်ရေလဲတာကလဲ အဆင်မပြေနဲ့
    ကြာကြာမခံဘူး သေသွားရှာတယ်…

  • Khaing Khaing

    March 20, 2012 at 1:03 pm

    လေးပေါက် …. နံပါတ်၃က ပုံလေးမိုက်တယ် …. ကိုင်ချင်စရာလေး…ပုသိမ်သွားတုန်းက ရွှေမြင်းပျံ ဟာလဝါ ဆိုင်မှာတွေ့တဲ့ငါးလေးနဲ့ခပ်ဆင်ဆင်ပဲ …

  • yaungchikha

    March 20, 2012 at 1:08 pm

    ငါးလေးတွေကိုတော့ အဲ့လိုငါးကန်တွေမှာတွေ့ရင် သဘောကျတယ်၊ ကိုယ်တိုင်တော့ မမွေးချင်ဘူး၊ ဘာမှမလုပ်တတ်တော့ သေကုန်မှာစိုးလို့…

  • marblecommet

    March 20, 2012 at 3:51 pm

    ကင်ပြီးတော့
    ရှာလကာရည်လေးတို့တို့
    ပီးတော့….
    ရှလွတ်..

  • marblecommet

    March 20, 2012 at 6:11 pm

    ဒါဆို လည်း မီးဖုတ်စားမယ်ဗျာ
    ကိုပေါက်ရာ…

    • စိန်ပေါက်ပေါက်

      March 20, 2012 at 7:16 pm

      မီးဖုတ်စားချင်ဒယ်..ဒယ်ဒီပေါက်ရေ
      မန်းလေးရောက်ရင် မီးဖုတ်ကျွေးနော်
      အရိုးတော့ ကြောက်တယ်..ဒါပေမဲ့..စားမယ်.မြည်းမယ်..

  • ပေါက်ကျော်မ ပြောင်းဖူးမီးဖုတ်ရော စားချင်ဘူးလား…………
    မန်းလေးက မဖုတ်ဘူး ကင်ဘဲ ကင်တယ်ကွယ်
    မန်းလေးကို လာခဲ့ အရိုးလွတ်တာကို ကင်ကျွေးမယ်
    (တလွဲမတွေးရ။
    ရုံးပတီသီးကင်ကျွေးမှာနော်)

  • marblecommet

    March 21, 2012 at 12:25 am

    ငါးမီးဖုတ်လေးကို
    ရှောက်သီးလေးညှစ်
    ဘီအီးလေးနဲ့ဂျစ်..

  • Khin Latt

    March 21, 2012 at 4:02 am

    ကိုပေါက်ရေ ကိုပေါက် ရဲ့ အဲဒီ အဝါရောင် ငါးကြီး က ချစ်စရာကြီးပါလားဗျို့။
    ခင်ချင်စရာကြီး။ ကိုပေါက်လိုဘဲ။ အဟိ 😉
    ပုံ
    ကိုလတ်

    • Mလုလင်

      March 22, 2012 at 9:59 pm

      ခုန်တက်လာတုန်း ရိုက်ထားတဲ့ ပုံ ကိုတော့ လွှတ်ကြိုက်နေမိတယ် ဦးပေါက် ရေ ….

  • ဒီကောင်ကြီးခုန်တက်လာအောင် မနည်းလုပ်ရတယ်။

    ဝမ်းသားစကား
    ကိုလတ်ကြီး သရီးစတားဖြစ်နေပါပြီဗျို့…………………………….
    ကြုံတောင့်ကြုံခဲ့ပါကိုလတ်ရေ………………………………..
    လှိုက်လှဲစွာဝမ်းသာပါ၏။

Leave a Reply