(၄၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်က မဏိရတနာကျောက်စိမ်းခန်းမမှာ ၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

(၉-၃-၂၀၁၂) ဖွင့်ပွဲနေ့မှာ ပြပွဲကို ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး တတ်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

နေပြည်တော်တွင် ဆဌမအကြိမ်မြောက်  ကျင်းပတဲ့ပြပွဲမှာ ကျောက်စိမ်းအတွဲ ၁၆၆၉၇ တွဲ၊ ကျောက်မျက်အတွဲ ၂၂၇ တွဲ၊ ပုလဲအတွဲ ၃၆၇ တွဲကို တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ပြသရောင်းချမှာဖြစ်ပါတယ်။

ပြပွဲသို့ နိုင်ငံပေါင်း ရှစ်နိုင်ငံ၊ ပြည်ပကုမ္ပဏီ ၄၃၂ ခုမှ နိုင်ငံခြားသား ရတနာကုန်သည် ၁၉၅၁ ဦးနှင့် ပြည်တွင်းကုမ္ပဏီ ၆၄၉ ခုတို့မှ ရတနာကုန်သည် ၃၀၃၇ ဦးခန့် ရောက်ရှိနေသည်ဟု နိုင်ငံပိုင်သတင်းစာ ကြေးမုံတွင် ရေးသားထားပါတယ်။

ရက်အနည်းငယ်နောက်ကျနေပေမယ့် မန်းဂေဇက်ဝိုင်းတော်သားများ ဗဟုသုတအလို့ငှာ ဓတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ အားပေးကြပါဦး..။

ပုံ (၁) ဒုသမ္မတက စက်ခလုတ်နှိပ်လို့ ဖွင့်ပေးပြီး

ပုံ-၂ ရောင်စုံဘောလုံးတွေနဲ့ ဖွင့်ပွဲနေ့

ပုံ-၃ ပြပွဲကျင်းပရာခန်းမကို အဝေးတစ်နေရာမှ

ပုံ-၄ အနီးကပ် မဏိရတနာ ကျောက်စိမ်းခန်းမ

ပုံ-၅ ပြပွဲကွင်းထဲအရောက် တွေရမည့် ကမ္ဗည်းတိုင်တွေ

ပုံ-၆ ခန်းမကြီးအတွင်းဝယ်

 

ပုံ-၇ ရောင်းသူ၊ ၀ယ်သူ ဈေးညှိယူ

 

ပုံ-၈ တင်ဒါအောင်တဲ့သူတွေ

ပုံ-၉ ခန်းမကြီး အပြင်မှာ ခင်းကျင်းထားတဲ့ ကျောက်တွဲများ

 

ပုံ-၁၀ ၀စိတ်ကြိုက်လော့ စွေ့ဘီ၊ ဘီလောက်လဲ

ပုံ-၁၁ ကျောက်စိမ်းအတွဲ သေတ္တာလိုက်ပဲ

ပုံ-၁၂ ဒီကျောက်တွဲက ပိုကောင်း

 

ပုံ-၁၃ ဒါ့ကြောင့်များ ကျောက်စိမ်းလို့ခေါ်လေသလား

 

ပုံ-၁၄ လှလိုက်တဲ့ မြန်မာ့ကျောက်စိမ်း

ပုံ-၁၅ ဒီကျောက်လေးက ပုံတစ်မျိုး

ပုံ-၁၆ ကျောက်ရောင်စုံ

 

ပုံ-၁၇ ဒါက ကျောက်စိမ်းဟုတ်ဘူးဆိုပါလား

 

ပုံ-၁၈ အင်ကြင်းကျောက်

ပုံ-၁၉ လေပြိုချိန် အဲ..နေညိုချိန် အ၀င်ဂိတ်လေး

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011