သဂျီးမင်းဖလ your excellency

ဒီမိုး ဒီလေနဲ့ ဒီလူတွေ...

စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့် ပုဂံကို ရောက်နတဲ့ သတင်း http://komoethee.blogspot.com/2012/03/blog-post_7743.html#links မှာဖတ်ရတယ်။ သူ့ဘုန်းကလည်း မသေးဘူးဗျ… ပြုတ်သွားတာတောင် လက်အုပ်ချီတဲ့သူတွေက ရှိနေတုန်း..။ သူနဲ့အတူ စင်ရော်မောင်မောင် (ထင်တာပဲ) ကိုလည်းတွေ့တယ်။ အဲဒီငတိကို ဒေါ်စုလွှတ်လာပြီးနောက်ပိုင်း ရုပ်ရှင်နယ်မှာ ဟောင်ဖွာဟောင်ဖွာလုပ်တာ မတွေ့တော့ဘူး။ ဦးသိန်းစိန်အစိုးရက မသုံးဘူးထင်ပါရဲ့…။
တိုင်ပြည်ကို ထောက်လှမ်းရေးကွန်ယက်နဲ့ နှိပ်စက်ကလူပြုသွားတဲ့ စစ်အာဏာရှင်ဟောင်းကိုတောင် လက်အုပ်ချီကြသေးရင် ကျုပ်တို့ရွာသားတွေ ပေါက်ကရရေးတာကို ပွိုင့်ပေးချီးမြှောက်နေတဲ့ သဂျီးဦးခိုင်ကို ဘဇာကြောင့် လက်အုပ်မချီသင့်ရမှာလဲ။။ နောင်ကို သူနဲ့ ဆက်သွယ်ရင် လက်အုပ်ချီဂျ။ စာနဲ့ရေးလို့ ပုံဖော်မပြနိုင်ရင် ထီးသုံးနန်းသုံး ဝေါဟာရနဲ့ အရိုအသေပေးရမယ်။ ကြောင်ကြီး အခုရေးပြတာကို နမူနာယူဂျ..။
မှန်လှပါသဂျီးမင်းဖလ..
သမီးတော်ခိုင်မင်းသမီးလေး ကျန်းမာတော်မူပါရဲ့လား..။ ကျွန်တော်မျိုး ငမိုက်သား ကြောင်ကြီးမှ လွမ်းဆွတ်သတိရကြောင်း ရွှေနားတော်သွင်း လျှောက်ထားခွင့်ပြုပါ..။ 😳
ဘုန်းတော်ကြောင့် ကုန်းအော်နေရသော ကြောင်ကြီး

23 comments

  • kai

    March 14, 2012 at 11:20 am

    “people get the government they deserve,”
    Thomas Jefferson
    =
    ရွာသူားများသည် သူတို့နှင့်ထိုက်တန်သော သူကြီးကိုရမည်…။ :mrgreen:

    =
    ဒီလို လူလူချင်း.. တန်းတူညီမျှမှုမရှိနိုင်တဲ့..အလေ့အကျင့်ကို.. မြန်မာ့ဓလေ့… ယဉ်ကျေးမှုကမွေးထုတ်လိုုက်တာပါ..။
    အဲဒီအခြေခံကျကျနစ်(နစ်)နေတာကို.. ပြန်ဖေါ်ပြင်ရမှာဖြစ်ကြောင်း… 😆

    သခင်မျိုးဟေ့.. ဒို့မြန်မာ..

    • windtalker

      March 14, 2012 at 8:48 pm

      ကျုပ် ဆို သဂျီးအူးကိုင် ကို လေးစားလွန်းလို ့၊ သူ ့လို နှုတ်ခမ်းမွှေးကားကား နဲ ့နေတာကလား ။

  • ဆူး

    March 14, 2012 at 11:23 am

    မြန်မာ မလေးတွေ ဆဝါတီကာ လုပ်တာ နေမှာပေါ့။

  • weiwei

    March 14, 2012 at 11:32 am

    သဂျီးမင်းဖလ …
    ရွာသူားတွေကတော့ သဂျီးမင်းကို လက်အုပ်ချီမှာမဟုတ်ဘူးဖလ …
    မီးဒုတ်မှာပါ ဖလ …

  • ရွာစားကျော်

    March 14, 2012 at 11:38 am

    “people get the government they deserve,”
    Thomas Jefferson

    ရွာသူားများသည် သူတို့နှင့်ထိုက်တန်သော သူကြီးကိုရမည်…။

    ဟုတ်ပ ဒို့သူဂျီးကတော့ သူ့ကို ဘယ်လိုပြောပြောဆဲဆဲ အေးဆေးပဲ
    ဒို့နဲ့ ထိုက်တန်တဲ့ ဒို့သူကြီးကွ

    သခင်မျိုးဟေ့ ဒို့ဗမာ
    ကြောက်မွေးပါရင် ဇာဂနာနဲ့ နှုတ်ပစ်မယ်
    ဗြုတ်.. ဗြုတ်

  • Moe Z

    March 14, 2012 at 11:43 am

    ဒဂျီးမင်း ကြန်းမာဘာဇေ 😆

  • inz@ghi

    March 14, 2012 at 11:56 am

    成せばなるなさねばならぬ何こともならぬは人の成さぬ成りけりだ。
    Oh.. yo yo..
    Long live the marketing
    And long live tha gyee
    Kit kit

  • htet way

    March 14, 2012 at 12:26 pm

    ဒီမိုး ဒီလေနဲ့ ဒီလူတွေ…

    အော် …အကျင့်ကမပျေက်သေးဘူး မြှေက်ပေးနေပြန်ပြီ။

  • ဦးဦးပါလေရာ

    March 14, 2012 at 12:34 pm

    ဒီပုံကတော့ ပုဂံ(သို့မဟုတ်တနေရာရာ)က စားသောက်ဆိုင်က ဧည့်ကြိုမိန်းကလေးတွေ လက်အုပ်ချီတာလို့ထင်ပါတယ်။

    ဒါမှမဟုတ်ရင်လဲ အဲဒီဘုရင်ရူး သူ့ဟာသူ ဇတ်အဖွဲ့ငှားပြီး ကန်တော့ခံနေတာလားမသိ..။

    ကျုပ်ကတော့ ဗျာ…
    ဘုန်းကြီးမဟုတ်ပဲ လက်အုပ်ချီတာကို ဘယ်မှာတွေ့တွေ့ ကြည့်မရဘူး….
    ဒဲ့ ပဲ…။

  • သဂျီးမင်းဖလ …
    သဂျီးမင်းက ဟိုကလူဂျီးထက် အားဂျီး တော်ပါလယ် ဖလ ..
    ဘာပြောပြော ဘူးတစ်လုံး ဆောင်ထားတတ်တာက လွှဲလို့ အားလုံး တောင်းပါလယ် ဖလ ..
    သဂျီး ဖလား သမီးတော် ကို ကြောင်ကြီး ပေးရင် ခုန်စား ပစ်ပါလိမ့်မယ် ဖလ ..
    သို့ကြောင့် ရိုးမြေကျ ပေါင်းသင်းမယ့် သူကို ပေးသနားတော် မူသင့်ပါလယ် ဖလ ..
    ဥပမာ .. အနော်ကိုပေါ့ ဖလ ……
    😀 😀

  • kaung kin pyar

    March 14, 2012 at 1:12 pm

    ကျန်းမာပါဇေဂျောင်း ဆုမွန်တောင်းလိုက်ဘာဒယ် သဂျီးမင့်ဖလ….။

  • etone

    March 14, 2012 at 1:37 pm

    ပုံကြည့်ပြီး … နည်းနည်းတောင် ကြောင်တောင်တောင် ဖြစ်သွားတယ် …
    မျောက်ပွဲလား .. မျက်လှည့်လား …မှတ်ရတယ် .. ဓါတ်ပုံရိုက်နေတဲ့ လူတွေကလည်း ရှိသေးတယ် … ။
    စားသောက်ဆိုင်ဝန်ထမ်းတွေက ဧည့်သည်တွေကို ပျူငှာတဲ့ အနေနဲ့ လူတိုင်းကိုဆက်ဆံလျှင်တော့ … လက်ခံပါတယ် .. (ထိုးစားသောက်ဆိုင်တွေမှာလဲ .. ဝိတ်ထရက်စ်မလေးတွေ .. အဲ့ဒီလို လက်အုပ်ချီတယ်) … အဲ့ဒီဓါတ်ပုံရိုက်တာတွေ .. နှုတ်ဆက်တာတွေက .. မလိုအပ်ပဲ … အတင်းကြီး .. ဇာချဲ့နေသလားလို့ … ။

    ဒီလိုပုံတွေမြင်ရတာ … ရာထူးကပြုတ်သော်လည်း … အစွယ်မကျိုးသေးဘူးဆိုတာ .. ပြနေသလိုပဲ .. ဒါကြောင့် အခုထိ အကျိုးလိုလို့ .. ညောင်ရေသွန်းသူတွေ … အခြွေရံ ၊ ငယ်သားတွေ ရှိနေသေးတာကိုး …
    မြင်ရတာ ဘဝင်တော့မကျဘူး .. ဘုန်းကြီး ရူးနဲ့ .. လှေလူးလိုပဲ … 👿

  • kyeemite

    March 14, 2012 at 1:46 pm

    အဲဒီတော့ကာမယ်…ဟတ်လား..ဘာပြောချင်သလဲဆိုရင် ..ဟတ်လား..
    စစ်မှန်တဲ့ဒီမိုကရေစီကိုလိုချင်ရင်…ခင်ဗျားတို့ရဲ့..ဟတ်လား…
    ဒီသောက်ကျင့်တွေပြင်ဘို့လိုနေပြီဆိုတာကို ..ကျုပ်ဒီနေရာကနေ
    ပြောခဲ့ချင်တယ်..(ဗိုလ်ချုပ်လေသံဖြင့်ဖတ်ပါရန်)

  • blackchaw

    March 14, 2012 at 4:05 pm

    စင်ရော်မောင်မောင်က ကင်မရာနဲ့ မှတ်တမ်းတင်နေတာဗျ။
    အဲဒီတော့ ဒီလိုတွေးကြည့်မယ်ဗျာ။
    ဟိုတစ်နေ့က သရုပ်ဆောင်လုပ်နေတဲ့ ခိုင်တင်တစ်ယောက်
    ကျန်းမာရေးအခြေအနေအရ အနားယူသွားပြီလို့ သိလိုက်ရပါတယ်။
    အဲဒီနေရာအတွက် လူလိုမှာမို့ သရုပ်ဆောင်သစ်လိုက်ရွေးနေတာထင်တယ်ဗျ။ :mrgreen:

  • ဒီလို လူလူချင်း.. တန်းတူညီမျှမှုမရှိနိုင်တဲ့..အလေ့အကျင့်ကို.. မြန်မာ့ဓလေ့… ယဉ်ကျေးမှုကမွေးထုတ်လိုုက်တာပါ..။
    အဲဒီအခြေခံကျကျနစ်(နစ်)နေတာကို.. ပြန်ဖေါ်ပြင်ရမှာဖြစ်ကြောင်း

    ဒီတစ်ခါတော့ သူကြီးနဲ့သဘောချင်းတူတယ်။
    မတ်တတ်ရပ်ပြီးလက်အုပ်ချီတာ သဘာဝမကျဘူး။
    တကယ်ရိုသေရင် ထိုင်ပြီးရှိခိုးလိုက်။
    ဟုတ်တယ်ဟုတ်

  • Khin Latt

    March 14, 2012 at 5:12 pm

    God save our gracious သူဂျီး,
    Long live our noble သူဂျီး,
    God save the သူဂျီး:
    Send his victorious,
    Happy and glorious,
    Long to reign over us:
    God save the သူဂျီး.

    http://www.youtube.com/watch?v=tN9EC3Gy6Nk

    ဒါလေး နားထောင်ပြီး အကောင်အထည်ဖော် ဆိုကြည့် ကြပါစို့။
    ပထမဆုံး မေလ တစ်ရက် မှာ လုပ်မဲ့ အလှူ ရေစက် မချခင် မှာ မမ (သို့) ဆူး မှ conductor လုပ်၍ အားလုံး ဝိုင်းဆို ရန် ကျင့်ထား ကြရန် အဆို တင်သွင်းလိုက်ပါသည်။ 😆

  • water-melon

    March 14, 2012 at 5:21 pm

    ရွှေမျက်နှာလေးမညှိုးငယ်ပါနဲ့ သူကြီးဥကိုင်
    သူကြီးတူမရော နေကောင်းရဲ့လား
    မောင်တော်ဖရဲ စိတ်ပူနေတယ်လို့ပြောပေးပါ
    စာမလာသတင်းမကြားဆိုတော့ စိတ်ပူလို့ 😀

  • kotun winlatt

    March 14, 2012 at 6:45 pm

    အကျင့်တွေပြင်သင့်ပီ…
    လက်အုပ်တွေ ချီတဲ့ အကျင့် အပါအဝင်ပေါ့…
    ဦးခင်ညွှန့်ကလည်းး
    မပြောဘူးလားး သမီးတို့ရယ်…
    လက်အုပ် မချီပါနဲ့တော့ဆိုပီးးးးးး

  • MaMa

    March 14, 2012 at 6:55 pm

    ဘုန်းတော်ကြောင့် ကုန်းအော်နေရသော ကြောင်ကြီး ဆိုတော့ သူကုန်းအော်နေတာကို သဂျီးကို သတ္တုချနေတယ်။ 😀

  • kai

    March 15, 2012 at 1:12 am

    လူလူချင်း တန်းတူုညီမျှ.. သဘောထားကြ/ရ တာကို ချစ်တာမို့.. ကျုပ်ကိုလက်အုပ်ချီပြီး.. ဘလိုင်းကြီးလာလုပ်ပြရင်..လက်ခလယ်ထောင်.. အဆဲခံရသလို..ခံစားမိမှာ…

    သခင်မျိုးဟေ့.. ဒို့မြန်မာ..
    မြန်မာဘယ်တော့မှ မာန်ချခေါင်းငုံ့ မပြုရ…
    ငါ၏ဦးခေါင်းသည် သွေးသံတို ့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်။… တဲ့..
    စာထဲပါတာ…။ 😆

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 15, 2012 at 1:28 am

    မိမိတို့၏ စိတ်ဓါတ်များ ခံယူချက်များ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း… သံတစ်လမ်း မဖြစ်သင့်တော့ပါ။

    ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။

    မှားလား……….မှန်လား….။

    မှန်လား…………မှားလား…..ဆိုတာ

    မှားရင်…………ပြင်

    မှန်ရင်…………ဆက်လုပ်ဘို့က အားလုံးရဲ ့တာဝန်ဖြစ်တော့သည်။

    အသို့ ဆိုစေကာမူ …..

    ဦးဆောင် သဂျီး၏ သည်းခံ ခြင်းတရားမျိုး ကို ရွာသူား များ အားလုံးလက်ကိုင်ထား

    ပါက လူဘောင်လူ့လောက လူ့ဘဝ ကြီးသာယာမည်မှာ မလွဲပေတကား ။

    သည်းခံ၍ သာနေကြပေလော့ ။

    ငါကွ ဟူ၍ လည်း ဇောင်း မထကြစေလိုပါကြောင်း

    ဆိုတော့ ( သဂျီးလေသံဖြင့်)

    အာဟိ

  • kyeemite

    March 15, 2012 at 3:18 pm

    ကြားဘူးတဲ့ဆိုရိုးလေးတစ်ခုရှိတယ်..
    “သည်းခံ၍ နေခြင်းသည် လူမိုက်ကိုဆုံးမနေခြင်းဖြစ်သည်” တဲ့

  • avocardo

    March 20, 2012 at 3:18 pm

    သူလုပ်တုန်းကလည်းသူတစ်ဖွဲ့လုံးကောင်းစားပီးပြည်သူတွေဒုက်ခရောက်တာဘဲ။
    မြန်မာလူမျိုးတွေကတော်တော်မေ့လွယ်တာဘဲ။

Leave a Reply