ကျွန်တော် မန်းလေး နဲ.ရန်ကုန်ကို အမြဲတမ်းသွားနေကြပါ.. ဒါပေမယ့် မရိုးနိုင်တဲ့ခံစားမှုလေးတွေကို ရေးပြပါမယ်..

အဝေးပြေးကားပေါ်က ဆင်း ဆိုင်ကယ်ပေါ်တက် ပြီး စက်နိုးလိုက်တဲ့အချိန်မှာ ပဲ အရမ်းလွတ်လပ်တဲ့ ခံစားမှုကို စတင်ခံစားလိုက်ရတော့တာပဲ… ဘာလို.လဲ ဆိုတော့ကိုယ်သွားချင်တဲ့ စီ ကို ကိုယ့်စိတ်တိုင်းကျ သွားနိုင်တဲ့ ခံစားမှုလေးလေ… ဆိုင်ကယ်လီဗာဆွဲရတာကို က အရသာတစ်မျိုးပါပဲ…. ရန်ကုန်မှာ ဘတ်စ်ကား၊ တက်ခ်စီ မောင်းပို.မှရောက် တဲ့နေရာတွေကို ကိုယ်တိုင် အချိန်မကုန်ပဲ ခဏလေးရောက်တာလေ…..

နေ.ခင်းဘက် ရုံးတက် ထမင်းစားချိန်ရောက်ပြန်ရင်လဲ ဘယ်မှာသွားစားမလဲ ဆိုတဲ့အတွေးနဲ. ဆိုင်ကယ်လေး ပေါ်တက် သွားစားချင်တဲ့ ဘယ်နေရာမဆို သွားလိုက်နိုင်တာပါပဲ…

မန်းလေးက လမ်းတွေကလဲ တော်တော်များများကိုကောင်းနေကြပါပြီး ဆိုင်ကယ်တွေက လဲ အရောင်အသွေးစုံ အမျိုးစုံနဲ.ဗျာ… ကောင်မလေးများကလဲ ဆိုင်ကယ်အရောင်တွေနဲ. လိုက်ဖက်ညီစွာ လှပနေကြတယ်လေ…

လက်ဖက်ရည်ဆိုင်ရောက်ပြန်တော့လဲ ရန်ကုန်မှာ ဖြစ်သလိုစား၊ဖြစ်သလို ကြုံသလို သောက်ခဲ့ရတဲ့ အစားအစာ လက်ဖက်ရည် ကို အချိန်ကိုကြည့်စရာမလိုပဲ အေးအေးလူလူ သောက်လို.ရတယ်ဗျာ..

အစားအသောက်ကောင်းမွန်ခြင်း၊ စားပွဲထိုးကောင်လေးကောင်မလေးများ ဂရုစိုက်မှု၊ ဆိုင်အပြင်အဆင်နဲ. နေရာထိုင်ခင်း အားလုံး အဆင်ပြေစွာပဲ စီးဆင်းနေကြတာပေါ့….. တစီးဝင်တစီးထွက်နဲ. အလန်းလေးများလဲ လိုက် ငမ်း အဲအဲ လိုက်ငေးရင်းပေါ့လေ…

အဲဒါနဲ. မန်းလေးသူတွေ နဲ. ဆိုင်ကယ် အကြောင်းလေး ပြောပြချင်သေးတယ်..

မန်းလေးသူများ ဆိုင်ကယ်စီရင် အောက်ကသာ စကဒ်တိုချင်တိုမယ်… အပေါ်ကတော့ အလုံအခြုံစီးကြတာဗျ.. နေပူရင်အသားမဲမှာစိုးလို.တဲ့လေ…. ပြီးရင် မျက်နှာဖုံး(နှာအုပ်) လေးတွေကပါသေး… ဆိုင်ကယ်လီဗာကို လက်ဖွေးဖွေးလေးတွေနဲ. ဆွဲပြီး လေမှာလွင့်နေတဲ့ ဆံနွယ်စလေးတွေနဲ. ဖုန်တလုံလုံကြားမှာ မခို.တရို.ဟန်လေးတွေနဲ. ဆိုင်ကယ်စီးနေကြတာပေါ့ဗျာ…. (မှတ်ချက်။     ။ ဆိုင်ကယ်စီးတာ ရုပ်အဆိုဆုံးက မန်းလေးက ကောင်မ မိဖရဲပဲ.. ဖြဲကားပြီးစီးတာ အဲကောင်မ)

ညနေဆိုရင်လဲ ရုံးကပြန် မန်းလေးတက္ကသိုလ်ထဲက ဖြတ်ပြန်ရရင်ဖြင့် အမလေး မောသမျှတွေ ပြေ ပြောသမျှတွေ ကျေလောက်အောင် ကို အရောင်အသွေးစုံတဲ့ ဆိုင်ကယ်အုပ်ကြီးနဲ.အတူ စီးမျောခံစား နေရပြန်ပါရောလား……

ည အိမ်ပြန်ရောက်ထမင်းစားပြီး သူငယ်ချင်းတွေဆိုင်ကယ်တစ်ယောက်တစီးစီနဲ. ကန်တော်ကြီးဘေး လက်ဖက်ရည်ဆိုင်လေးမှာ ၀ါးပက်လက်ကလားထိုင်လေးတွေနဲ. အလာပသလာပ တွေပြော သူအကြောင်း၊ငါ့အကြောင်း၊ သူ.ကောင်မလေး၊ ငါ့ကောင်မလေး အကြောင်း လမ်းမှာဖြတ်သွားတဲ့ ကောင်မလေး အကြောင်းတွေပြောကြရင် ကန်တော်ကြီးဘေးမှာ ဆူညံနေတော့တာပါပဲဗျာ.. အဲအဲ အဲဒီလက်ဖက်ရည်ဆိုင်လေးမှာ အရမ်းချမ်းတတ်တဲ့ကောင်လေးကောင်မလေးများလဲ ထိုင်လို.ရတယ်နော်..

ကန်ဘောင် ကမ်းစပ်မှာ ၀ါးကုလားထိုင် အတွဲလိုက်လေးတွေ ကို သီသန်. တစ်ခုံနဲ.တစ်ခုံ ငါပေးလောက်ခြားပြီး ချထားသေးတယ်…

အဲလိုမှ လွတ်လွတ်လပ်လပ် မထိုင်ချင်တဲ့ အတွဲလေးများအတွက်ကတော့ ခြံဝင်းအကျယ်ကြီးထဲမှာ ဓနိမိုး ဓနိကာလေးတွေနဲ. အိမ်သေးသေး ပိစိညောက်တောက်ကလေးတွေ ရှိသေးတယ်… အဲဒီထဲလဲ ပြည့်လျှံနေတာပဲ (တူတို.ဘာလုပ်ကြလဲ တိဘူးနော်.. ဟိဟိ ကြည့်ချင်ထာ အေ)…

ကန်ဘောင်မှာ ထိုင်လို. ပျင်လာပြန်ရင်လဲ သူငယ်ချင်းတစု ၈၄လမ်း ကနေဖြတ် လမ်း ၈၀ ဘက်ကို ဦးတည်ပြန်ပါရောဗျာ.. လမ်း ၈၀ ပေါ်မှာ အင်္ကျီဆိုင် ဖိနပ်ဆိုင်… အို.. စုံလို.ပါပဲ.. စကဒ်တိုဝတ် တရုပ်ပစ္စည်းလေးတွေက လဲ ပေါမှပေါပါလားဗျို. ဟေဟေဟေ… လမ်း ၈၀ ပေါ်မှာ ဆိုင်ကယ်ဖြေးဖြေးမောင်းရတယ်.. ဘာလို.လဲသိလား.. အချောအလှ အစုံအလင်မြင်ရအောင်လို.လေ.. အမြန်မောင်းပြီး ငမ်းလို.ကတော့ တိုက်ကရော…ဒူးပဲပြဲမလား.. ဆိုင်ကယ်ပဲကွဲမလား ဒါပဲ… အဲဒါကြောင့် အန္တရာယ်ကင်းအောင် ဖြေးဖြေးမောင်းတာ ပြောပါတယ်.. ဟဲဟဲ

ဒါမှမဟုတ် တည်တည်ငြိမ်ငြိမ်လေးနဲ. ငမ်း အဲအဲ ကြည့်ချင်ရင်တော့ ဘုရားကျောင်းဘေးက လက်ဖက်ရည်ဆိုင် မှာ ထိုင် ခုံပုလေးတွေနဲ.ဆိုင် အဲဒီမှာထိုင်လို.ကတော့ ဇတ်က အိမ်ပြန်ရင် အကောင်းအတိုင်းဖြစ်လာမှာတော့ ဟုတ်ဘူးနော်.. လည်နေမှာ ဟဟဟဟ ဘာလို.လဲဆိုတော့ အဲဒီလက်ဖက်ရည်ဆိုင်ဘေးမှာ ဖောင်တော်သီ အအေးဆိုင်၊ယိုးဒယားသင်္ဘောသီးထောင်းဆိုင် ရှိတယ်လေ.. အဲဒီမှာလဲ အစားအသောက်ကကောင်းသဗျ..

(အခိုင်တို. အအုံ တို.လို သင်္ဘောသီးကြိုက်တွေ အတွက် ရှယ်ပေါ့)..

ကဲကဲ အချိန်လင့်နေပြီး ကျုံဘက်ပတ်ကြအုံးစို.ရဲ… ကျုံကို ပတ်တော့ အနောက်ဖက် ခြမ်းက စပြီး မောင်းတာပေါ.. အဲဒီ လမ်းပေါ်မှာတော့ ရုံးဆင်း၊အလုပ်ဆင်း ရုံးစတပ်ထ် မလေးများ ကို တ၀ကြီးတွေ.နိုင်တာပေါ့လေ… ဆိုင်ကယ်ကိုတော့ လမ်းကောင်းသွားတော့ မြန်မြန်မောင်းကြတာပေါ့.. မြောက်ဘက်ရောက်တော့ ဆိုင်ကယ်လဲရှင်းလူလဲရှင်းဆိုတော့ သဘာဝ လေးအေးလေးတွေ တဟူးဟူးနဲ. ခံစားရပြန်ပါတယ်ဗျာ… ရှေ.ဘက်ကနေ. ပတ်ပြီး ကျုံးတောင်ဘက် ဆီဒိုးနားကြီး ရှေ.မှာတော့ ဆိုင်ကယ်ခဏ ရပ်ပြီး လမ်းလျှောက်ကြတယ်… အဲဒီ နေရာမှာဖြင့် ရွာထဲက မိဖရဲတို.၊မိစိန်ပေါက်တို၊ မိအံစာ တို. အမျိုးအစားတွေ ပျော်ပါးတဲ့နေရာပေါ့… မန်းလေးမြို.က အချောအလှ အခြောက်တွေ ကြည့်ချင်ရင် အဲဒီကိုသာသွား… တ၀ကြီးကြည့်ရမယ်… အမလေးလေး တချို.ဆို မိန်းကလေး အရှုံးပေးရလောက်အောင် ချောသဗျာ…

ဒါနဲ.စကားမစပ် အုပ်ထိန်းသူကို မန်းလေး ခေါ်သွားတုန်းက သူတို.ကို ပြတာ အံ့သြလွန်းလို. ပြောကိုမဆုံးတော့ဘူး… သူကပြောသွားသေးတယ်…. ဒါမျိုးလဲ မလွတ်ဘူး သေမယ်တဲ့ ဟိဟိဟိဟိ

ကျုံးပတ်ပြီး နဲနဲလဲမိုးချုပ်လာပြီဆိုတော့ သူငယ်ချင်းတစ်စု အိမ်ပြန်ဂစ်တာလေး ယူပြီး မိန်း (မန္တလေးတက္ကသိုလ် ) ဘက် ရွေ.ကြပြန်တာပါပဲ…. မိန်းထဲက အဆောင်မှာ သီချင်းသွားဆိုကြတာလေ… ကောင်မလေးရှိတဲ့ သူငယ်ချင်းကလဲ သူခံစားချက်ကို အဆောင်ပေါ်က အသည်းလေးကြားအောင် လိပ်ခေါင်းထွက်တဲအထိ အော်ဆိုတော့တာပဲ… ဘေးက ဘာမဆိုင်ညာမဆိုင် ကျွန်တော်တို.တတွေကလဲ အော်ကြတာပါပဲ.. အရမ်းပျော်စရာကောင်းတာပဲ.. သီချင်းနှစ်ပုဒ်လောက်လဲ ဆိုပြီးရော…. အဆောင် ပြတင်းပေါက်လေးပွင့်လာပြီး “ရေသောက်မလားတဲ့” အမလေး ဆိုတဲ့အကောင်ခဗျာ… ၀မ်းသာလိုက်တဲ့ဖြစ်ချင်းဗျာ… ရေတိုက်ပြီး ဖင်ပြဲအောင်အော်ခိုင်တာသူမသိဘူး ကြည်နူးသီတကူးပြီး အားနဲ.အင်နဲ. အော်ပါလေရောဗျာ… သူလဲအပြစ်ပြောလို.မှမရတာ… အဆောင်ပေါ်ကလဲ အားပေးအားမြောက် ပြူတစ်ပြူတစ်လုပ်နေ ကြတဲ့ အဆောင်သူလေးတွေကလဲ ရှိတော့ အော်ပြီပေါ့ဗျာ……

ရေတိုက်ပြီးတော့ သီချင်းအကောင်းစားလေး ဆိုပြ တော့လဲ လက်ဖက်သုပ် တပွဲရောက်ချလာပါလေရော.. သီချင်းဆိုတဲ့ကောင်ကို မစားခိုင်းဘူး ဆီနဲ.ဆိုတော့ အသံမထွက်မှာစိုးလို.လေ…. ကျွန်တော်တို.ပဲစားလိုက်တာပေါ့ ဟဲဟဲဟဲ … ဆိုတဲ့အကောင်ကတော့ ကျွေးလဲမစားနိုင်ပါဘူး.. ပီတိတွေဖြာအီးအီးတွေ ပါအောင်ကို ဆိုနေတော့တာပါပဲဗျာ…ဟဟဟဟဟဟ

သီချင်း ၁၀ပုဒ် ၁၅ပုဒ်လောက် အသံဆိုးကြီးတွေနဲ. အော်ပြီး ည၁နာရီ မတ်တင်းလောက် ရောက်တော့ အဆောင်ပေါ်က မချောလေးများက “ကို တဲ့ မိုးအရမ်းချုပ်ပြီတဲ့ အိပ်ရေးပျက်ပါမယ် ပြန်တော့နော်” ဆိုတဲ့ စာတိုလေးရောက်လာပါရောလား… (နှင်လွှတ်တာ နှင်လွှတ်တာ)…

ကဲပြန်မယ်ဆိုပြန်တော့ ပြန်ပါအုံးမယ် ပြန်အုံးမယ် နှုတ်ခွန်းဆက်ပါတယ်ဆိုတဲ့ သင်္ကြန် သီချင်းလေးနဲ. နှုတ်ဆက်တာ… အဆောင်ပေါ်က ရေပုံးနဲ. ရေပက်လွှတ်တယ်ဗျာ..ဟဟဟဟ ရွှဲရွှဲကို စိုပါလေရောလား..

ကဲလက်စသိမ်းပြီး သူငယ်ချင်းတွေ ဆိုင်ကယ်ကိုစီနဲ. စမြုပ်ပြန်ကာ ဆူဆူညံညံ အိမ်ပြန်လာခဲ့တာပေါ့.. အိမ်က အမေကတော့ ကျွန်တော်ပြန်လာတော့ တံခါးဖွင့် ကြိုနေပြန်တယ် အော် နွေးထွေးတဲ့ အမေ့ရင်ခွင်မှာ တစ်ည ခိုနားရအုံးမှာပါလား ဆိုပြီး စိတ်ချလက်ချ အိပ်လိုက်တော့တာပေါ့ဗျာ…………..

ဝါးးးးးးးးးးးးးးးးးးးးးးးးးး မနက်ရောက်တော့ အိပ်ရာထ လိုက်တယ်ဆိုရင်ဖြင့် ကိုယ်မျက်လုံးထဲမှာ မြင်ကကွင်းပြောင်းနေပြီလေ… အိပ်ရာထက်ကနေပဲ ပတ်ဝန်းကျင်ကအသံတွေ နားထောင်ကြည့်လိုက်တော့… ဆိုင်ကယ်သံတွေမဟုတ်ပဲ.. ကားသံ၊စပယ်ယာ အော်တဲ့အသံ.. မီးခိုးနံ့… ချွေးနံ့ တွေနဲ. သဘာဝမကျတဲ့ အသံတွေ ……………… အော် ငါရန်ကုန်ပြန်ရောက်နေပါပေါ့လား…………..

မန်းလေးမှာ မက်ခဲ့တဲ့ အိပ်မက်လေးကတော့ လွမ်းကျန်ရစ်ခဲ့ပါပေါ့လားဗျာ……………….

 

 

 

 

About ရွှေတိုက်စိုး

has written 79 post in this Website..