ကိုလာအချိုရည်သောက်သော အမျိုးသားများ သတိထားစရာ

introJune 8, 20101min914

ကိုလာအချိုရည် အမြောက်အမြား သောက်ခြင်းက အမျိုးသားများ၏ သုက်ပိုးအရေအတွက်ကို လျော့နည်းကျဆင်းစေသည်ဟု ယူဆရကြောင်း သုတေသီများက ပြောကြားလိုက်သည်။ ဒိန်းမတ်နိုင်ငံမှ ပညာရှင်များက
နေ့စဉ်နေ့တိုင်း ကိုလာတစ်လီတာစီ စွဲမြဲစွာ သောက်သုံးပါက သာမန်ထက်
သုက်ပိုးအရေအတွက် ပျမ်းမျှအားဖြင့် (၃၀)ရာခိုင်နှုန်းခန့်
လျော့ကျသွားတတ်ကြောင်း တွေ့ရှိခဲ့သည်။ သုက်ပိုးအရေအတွက် နည်းပါးသော
အမျိုးသားတစ်ဦးသည် သာမန်အားဖြင့် သားသမီးရနိုင်ခြေ နည်းပါးလေ့ရှိသည်။
ယင်းသည် ကိုလာတွင် ပါဝင်သော ကဖင်းဓာတ်နှင့် ဆက်စပ်နေကြောင်း၊ သို့သော်လည်း
ကဖင်းဓာတ်ပါဝင်သည့် ကော်ဖီကို သောက်ခြင်းကြောင့်မူ အဆိုပါ ဆိုးကျိုးမျိုး
ကြုံတွေ့ရလေ့မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကိုလာအချိုရည်များရှိ
ကဖင်းသည် ကော်ဖီတွင်ပါသော ကဖင်းထက် အာနိသင်ပြင်းထန်ကာ ပမာဏ
ပိုမိုများပြားနေသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။ သုတေသန ရလဒ်သစ်ကို
ဖော်ထုတ်နိုင်ခဲ့သည့် ဦးဆောင်သုတေသီ ကိုးလ်ဂျန်ဆန်က ကဖင်းဓာတ်သည်
အမျိုးသားတစ်ဦး၏ မျိုးပွားကျန်းမာရေးအပေါ် သက်ရောက်မှုများအတွက် လေ့လာမှုများ
ပိုမိုပြုလုပ်သွားရန် လိုသေးကြောင်း ပြောကြားခဲ့သည်။ ယခုလေ့လာမှု
စစ်တမ်းကို လူပေါင်း(၂၅၀၀)ဖြင့် ဆောင်ရွက်ခဲ့ပြီး ကိုလာပုံမှန်
မသောက်သူများသည် သောက်သူများထက် သုက်ပိုးပါဝင်မှု အရည်အသွေး
ပိုမိုကောင်းမွန်ပြီး သုက်ရည်တစ်မီလီလီတာတွင် သုက်ပိုးကောင်ရေ
ပျမ်းမျှသန်း(၅၀)ခန့် ရှိနေကြောင်း တွေ့ရှိခဲ့သည်။ ဒိန်းမတ်ရှိ
လူငယ်များကြား ကိုလာသောက်သုံးမှု အလေ့အထသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း
မြင့်တက်လာပြီးနောက် သုတေသီများက ကိုလာနှင့် ကျန်းမာရေး အခြေအနေကြား
ဆက်စပ်မှုကို လေ့လာခဲ့ခြင်းဖြစ်သည်။ ပညာရှင်များက နေ့စဉ်အနည်းဆုံး
ကိုလာတစ်လီတာ သောက်သုံးသူ အမျိုးသား (၉၃)ဦးတွင် သုက်ပိုးပမာဏမှာ
တစ်မီလီလီတာတွင် (၃၅)သန်းမျှသာ ရှိနေကြောင်း တွေ့ရှိခဲ့သည်။ သို့သော်လည်း
ယင်းတို့သည် Fast Foodများ ပိုစားကြသလို အသီးအရွက် စားသုံးမှုလည်း
လျော့နည်းနေသည့်အချက်ကိုလည်း ထည့်စဉ်းစားသင့်ကြောင်း ပညာရှင်များက
ဝန်ခံခဲ့သည်။ ယခုလေ့လာတွေ့ရှိမှု အတိအကျ ရလဒ်များကို အမေရိကန်ထုတ်
Epidemiology ဆေးပညာဂျာနယ်တွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။

Copy from FOVER FRIENDS

4 comments

  • wailynnoo

    June 8, 2010 at 3:05 pm

    ဈေးကြီးလို့ မသောက်နိုင်ပါ။

  • kokogyi

    June 21, 2010 at 12:34 pm

    ကိုလာအချိုရည်နဲ့ ပတ်သက်ပြီး သူငယ်ချင်းတယောက်နဲ့ ငြင်းနေရလို့ သိချင်တာလေးဖြေလို့ရရင်ဖြေပေးပါလို့ ပြောချင်ပါတယ် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရောင်းနေတဲ့ ကိုလာ ပုလင်းတွေကလဲ ခုရေးတဲ့ ကိုလာနဲ့ တူမတူ သိချင်လို့ပါ ဖြေလို့ရရင်ဖြေပေးစေချင်ပါတယ် ခင်ဗျား သိုင့်……

  • kokogyi

    June 21, 2010 at 12:36 pm

    စတား ကိုလာ နဲ့ သံဗူး တွေ ကိုပြောတာပါ

  • kai

    June 21, 2010 at 10:38 pm

    ဒီခေတ်မြန်မာပြည်က ကိုလာတွေက အတုတွေပါ။ အတုလို့ပြောရတာက..အချိုရည်ထဲ ဂက်စ်ထဲ့တဲ့သဘောတူနေလို့ပါ။
    Cola နာမယ်က ထရိတ်မတ်လုပ်ထားတာမို ့..နာမယ်တူထုတ်ရင်..ကိုကာကိုလာက တရားစွဲလို့ရပါတယ်.
    ကိုလာဆိုတာကို ကမ်ဘာကိုမိတ်ဆက်ပေးတာက..ကိုကာကိုလာ ကပါ။ လွန်ခဲ့တဲ့အနှစ် ၁၀ဝကျော်ကပေါ့။ စတည်ထောင်တဲ့နှစ်က ၁၈၈၆ ဆိုပါတယ်။
    နောက်ပက်စီကိုလာ နှစ်နည်းနည်းနောက်ကျပြီး ပေါ်လာပါတယ်။ အားလုံး အမေရိက ကပါ။

    ပက်စီကိုလာက..ပက်စီဦးသိန်းထွန်းခေါ်လာလို့..မြန်မာပြည်မှာစက်ရုံတည်ပြီး ထုတ်ပါတယ်။ ၁၉၉ရမှာ ဆန်ဒတွေပြတာခံရတာမို ့ပက်စီမြန်မာပြည်ကထွက်ရပါတယ်။
    အဲဒီလက်ကျန်စက်ရုံတွေနဲ့ ကိုလာအတုတွေဆက်ထုတ်ပါတယ်။
    နောက်တခြားကုမ်မဏီတွေကပါ ကိုလာနာမယ်ယူသုံးပြီး ထုတ်ကြပါတယ်။
    ဆိုတော့..မြန်မာပြည်က ကိုလာနဲ့ အပေါ်ကဆောင်းပါးကကိုလာ…မတူရေးချမတူပါခင်ဗျား။

Leave a Reply