ဆင်တစ်ကောင် အိမ်မက်….

NKMarch 14, 20121min1479

နိုင်ငံရေးအရထင်ရှားကျော်ကြားသူများ အကျဉ်ထောင်အသီးသီးမှ လွတ်မြောက်လာသည့် သတင်းများနည်းတူ အများစိတ်ဝင်စားသော အခြားကိစ္စတစ်ခုမှာ ၅၀၀ဝ တန် မိုဘိုင်းတယ်လီဖုန်းကိစ္စ သတင်းဖြစ်သည် ။ ဒေသတွင်းနိုင်ငံများအတွင်း တယ်လီဖုန်း sim Card များကိုဈေးကြီးပေးဝယ်နေ ရသော မြန်မာနိုင်ငံ ပြည်သူများအဖို့ အထူးတစ်လည်စိတ်ဝင်တစားရှိကြသည်မှာလည်း အဆန်း မဟုတ်ပါပေ။

ထိုတယ်လီဖုန်းစီမံကိန်းကို တာဝန်ယူမည့် ရွှေပြည်တံခွန်ကုမ္ပဏီကလည်း ဖြစ်အောင်လုပ်မည် ၊ နည်းပညာအရ ဖြစ်နိုင်သည် ရကိုရမည် ၊ နိုင်ငံတော်ကခွင့်ပြုသည်နှင့် မတ်လတွင် စပြီးမိတ်ဆက်တော့မည် ဇွန်လတွင်ကဒ်များစရောင်းမည် ၊ ပထမအဆင့်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အကောင်အထည်ဖေါ်မည် ။နောက်ပိုင်းတစ်နိုင်ငံလုံး ဆောင်ရွက်မည် ၊ ဒေါ်လာသန်း ၈၀ဝ ခန့် ရင်းနှီးမြှုတ်နှံမည် ၊ မြန်မာ့ဆက်သွယ်ရေးနှင့်မပတ်သက် ၊ အစရှိသဖြင့် အာမခံရဲရဲဖြင့် တာထွက်လာသောကြောင့် ပြည်သူအများက ဝမ်းသာကြလေသည် ။

ဝမ်းသာသည့်စိတ်နှင့်အတူ ဒီလောက် ပြည်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို အစိုးရက ဘာလို့ လက်တုန့်ဆိုင်းနေရတာလဲ ၊ သူတို့အတွက် အကျိုးအမြတ်မရှိလို့ မလုပ်တာနေမှာပေါ့ ၊ သူ့ဟာသူလုပ်မှာကို ဘာလို့ လက်နှေးနေရတာလဲ ၊ အစရှိသဖြင့် အပြစ်တင်ကြလေသည် ။ ထိုအတောအတွင်း မြန်မာ့ ဆက်သွယ်ရေးက အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက မြန်မာ့ဆက်သွယ်ရေးနှင့် အဆက်အသွယ် မလုပ်ပဲ မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသော တယ်လီဖုန်းများနှင့်ဆက်သွယ်ရန် နည်းပညာအရ မဖြစ်နိုင်ပါကြောင်း ၊

ပြည်ပနိုင်ငံများနှင့်ဆက်သွယ်ရန် မြန်မာ့ ဆက်သွယ်ရေး နှင့် မဖြစ်မနေဆက်သွယ် ရမှာ ဖြစ်ကြောင်း ၊ မိုဘိုင်းနက်ဝပ်တည်ဆောက်ရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပါကြောင်းပြောကြားခဲ့သဖြင့် ဦးဇော်မင်းဦးကို ဝိုင်းဝန်းအပြစ်တင်ကြသူများ အများအပြားလည်းပေါ်ပေါက်လာလေ၏ ။

ပြည်တွင်းပြည်ပမှ နည်းပညာနှင့်နီးစပ်သူများ ကလည်း အခြားတိုင်းပြည်များရှိဈေးနှုံးများ ၊ နည်းပညာများကို ကိုးကား၍ လုပ်ရင် ရနိုင်ကြောင်း ၊ သူများရလျင်ကိုယ်ရရမှာဖြစ်ကြောင်းစသည်တို့ကို နည်းပညာ အကိုးအကား အချက်အလက်အကိုးအကား များဖြင့် ထောက်ခံသည့်ဘက်မှ ရေးသားကြ သည်များတွေ့ရသဖြင့် ပြည်သူများ၏ မျှော်လင့်ချက်သည် ပိုမို လာကာ အစိုးရတာဝန်ရှိသူများကို အပြစ်ဆိုသည် များလည်း ပို၍ ပို၍ တိုးလာလေတော့သည် ။

ဗမာလို ရိုးရိုးလေးတွေးကြည့်မိပါသည် အခြားနိုင်ငံများတွင် နည်းပညာအရ ရလျှင် ကျွန်တော်တို့နိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်ပါသည် ။ အခြားနိုင်ငံများတွင် ဈေးသက်သက်သာသာနှင့် ရနိုင်လျှင် မြန်မာနိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်လေသည် ။ အဓိက ပြသနာမှာ နည်းပညာပိုင်း ၊ Sim Card ၏ဈေးနှုန်းပိုင်းမဟုတ်ပါ ၊ အဓိကသော့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

ယခင်အစိုးရလက်ထက်တွင်ရော ယခုအစိုးရလက်ထက်တွင်ပါ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုတ်နှံလိုသူအများအပြား လာရောက်ဆွေးနွေးဘူးပါသည် ။ကမ္ဘာနှင့် ဒေသတွင်းမှ မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီကြီးများအပါအဝင် ဖြစ်ပါသည် ။ပြည်တွင်းလုပ်ငန်းရှင်ကြီးများမှတစ်ဆင့်လည်း သက်ဆိုင်ရာကို ချဉ်းကပ်ဆက်သွယ်မှုများလည်းရှိပါသည် ။သက်ဆိုင်ရာကုမ္ပဏီများက ၁၀၀% ငွေကြေးရင်းနှီးမြှုတ်နှံမည် ၊ အကျိုးအမြတ်ကို နိုင်ငံတစ်ကာစံနှုန်းများ အတိုင်း နိုင်ငံတော်နှင့် ရင်းနှီးမြှုတ်နှံမှု ပြုလုပ်သည့်ကုမ္ပဏီတို့ ခွဲဝေယူကြမည် ။

ဒီအထိအဆင်ပြေပါသည် ။အဆင်မပြေသည့်အဆင့်မှာ သက်ဆိုင်ရာကုမ္ပဏီကြီးများက ၎င်းတို့ ရင်းနှီးမြှုတ်နှံထားသည့်ငွေများကို အမေရိကန်ဒေါ်လာနှင့် ပြန်လိုချင်သည့်ကိစ္စဖြစ်လေသည် ။

ဥပမာဆိုကြပါစို့ ယခုရင်းနှီးမြှုတ်နှံမည်ဟု နာမည်ကြီးနေသော ရွှေပြည်တံခွန်ကုမ္ပဏီသည် မိုဘိုင်းတယ်လီဖုန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ဝ ရင်းနှီးမြှုတ်နှံကာ တယ်လီဖုန်း အလုံး ၂ သန်းကို မြန်မာပြည်သူတွေကို မရောင်းပဲအလကားပေးလိုက်သည် ဆိုကြပါစို့ ထိုဖုန်းအလုံး ၂ သန်းကိုရသွားကြကုန်သော မြန်မာတို့သည် တစ်သက်လုံး ချုပ်တီးထားသမျှ အတိုးနှင့်ပြောကြပေတော့မည် ။တစ်နေ့ကို ပျမ်းမျှ ဖုန်းတစ်လုံးသည် ဝ.၅ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေတန်ဘိုးပဲ ပြောသည်ဆိုကြပါစို့ ၊ အဆိုပါ ကုမ္ပဏီသည် တစ်နေ့အမေရိကန်ဒေါ်လာ

၁သန်း နှင့်ညီမျှသည့်ကျပ်ငွေများဝင်ငွေရှိလေသည် ။တစ်လ အမေရိကန်ဒေါ်လာ သန်း ၃ဝနှင့် ညီမျှသော မြန်မာကျပ်ငွေများဝင်ငွေရှိလေသည် ။ တစ်နှစ်ဆိုလျှင် ဒေါ်လာ သန်း ၃၆ဝ နှင့်ညီမျှသော မြန်မာကျပ်ငွေများ ဝင်လာလေတော့သည် ။

၃ နှစ်ဆိုလျှင် သူတို့အရင်းကျေလေပြီ….။ ထိုမြန်မာကျပ်ငွေနှင့်ဝင်လာသော ဖုန်းပြောခများကို သက်ဆိုင်ရာကုမ္ပဏီများက အစိုးရထံသွင်းပြီး အစိုးရထံမှ အမေရိကန်ဒေါ်လာ ပြန်လိုချင်ကြလေသည် ။ဒီမှာတင် အစိုးရက စဉ်းစားရလေပြီ ။မစဉ်းစား၍မရတော့ ၊ ပြည်သူတွေများများပြောလေ အစိုးရက ဒေါ်လာများများ ရှာရလေဖြစ်လာတော့မည် ။ ဒီနေရာမှာ အဆင်မပြေဖြစ်ကြလေသည် ။

တယ်လီဖုန်းပြောသည့် ကိစ္စတစ်ခုတည်းအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃ ၊ ၄ ရာရှာရမည်မှာ မြန်မာနိုင်ငံ ကဲ့သို့နိုင်ငံငယ်အဖို့ မလွယ်လှ ၊ ယခင်က ယခုကဲ့သို့ ဒေါ်လာတရားဝင်လဲလှယ်သည့် နေရာများလည်းမပေါ်သေး ၊ ယခုပေါ်နေသော်လည်း လိုသလောက်လဲ၍မရနိုင် ထောင်ဂဏန်းလဲသည်ကိုပင်အဆင်မပြေလှသေး အကန့်အသတ်များရှိနေဆဲ၊ အခက်အခဲများရှိနေဆဲဖြစ်သည် ။ ငွေကြေးဈေးကွက်များပေါ်ပေါက်လာနိုင်ရေး ကြိုးစားနေရဆဲဖြစ်သည် ။

အချုပ်အားဖြင့်ဆိုရသော် ၅၀၀ဝ တန်ဖုန်း စီမံကိန်းလုပ်မည်ဆိုသော ကုမ္ပဏီသည် အစိုးရထံမှ ဒေါ်လာကိုမည်သည့်နည်းနှင့်မျှ ပြန်မတောင်းလျှင်အဆင်ပြေပါမည် ၊ ပြန်တောင်းလျှင် အဆင်မပြေနိုင်ပါ ၊ အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။ ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် ဤမေးခွန်းကို ရွှေပြည်တံခွန်ကုမ္ပဏီ၏ MD ဦးလွင်နိုင်ဦးကို မေးစေလိုပါသည် ၊ သူတို့ရင်းနှီးမြှုတ်နှံ ထားမှုအတွက် အစိုးရထံမှ တနည်းနည်းဖြင့် ဒေါ်လာပြန်ယူလို မယူလို သာမေးစေလိုပါသည်၊ သူ၏ အဖြေသည်

ပြည်သူများစိတ်ဝင်စားနေသည့် ၅၀၀ဝ တန်ဖုန်း ဖြစ်နိုင် မဖြစ်နိုင် ၏ အဖြေဖြစ်မည် ထင်ပါသည် ။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။

9 comments

  • the best

    March 14, 2012 at 2:57 pm

    ဒေါ်လာ ပြန်ယူယူ ပြန်မယူယူ မဖြစ်နိုင်ပါ

  • pyaponthu

    March 14, 2012 at 3:25 pm

    ဖြစ်နိုင်မဖြစ်နိုင်တော့ မသိပါ။မလေးမှာ sim card တခုမှ ၁ဝ မှ၁၅ rmသာရှိသည် ။1rm=250-260ကျပ် တွက်ကြည့်ပါ။လို သလောက်ဝယ်လို့ရတယ်။ဒေါ်လာပေးစရာမလိုပါ။သူတို့နိုင်ငံ ငွေကြေးဘဲသုံးတယ်။အဲ့ဒါကို ကြည့်ရင် မြန်မာတွေရဲ့ငွေကို အယုံအကြည်မရှိတဲ့သဘောဘဲ။မြန်မာ့ငွေ=စက္ကူ

  • etone

    March 14, 2012 at 3:36 pm

    ရွာထဲမှာ တယောက်ယောက် ကော့မန့် အနေနဲ့ ရေးတာ …… မြင်ဖူးသလိုပဲ … ။

  • ကိုရင်မောင်

    March 14, 2012 at 4:05 pm

    မြန်မာငွေသုံးမနေနဲ့တော့ ဒေါ်လာဘဲသုံးလိုက်ကြရအောင်….
    ဒါဆိုအဆင်ပြေမှာလား……

  • pyaponthu

    March 14, 2012 at 8:08 pm

    commentဲs က အခုမှ ရေးတာ .ဒီရွာထဲ ဝင် ဝင်လည်နေတာ တော့ကြာပြီး။ဧည့်သည်ဆိုတော့ comments ဘဲရေးတာ။စာတော့မရးတတ်ဘူး။ရေးချင်တာတော့ အများကြီးဘဲ

    • htoosan

      March 14, 2012 at 8:37 pm

      ိဖျာပုံသူရေ . etone က ပိုစ်ကိုပြောတာပါ ။ အရင် ဒီမှာ တင်ဘူးပါသည်။ ၎င်းအားမှီငြမ်းထား၍ပြောတာပါ ။ ဖျာပုံသူကိုပြောတာမဟုတ်ပါဘူး ။ ဒါနဲ့
      ဖျာပုံသူ ရေ ခေါ်တာ ဟုတ်လားမသိ .. ရေးချင်တာရေး ။ ကို်ယ်ရေးတာမဟုတ်ရင်တော့ မှုရင်းပိုင်ရှင်ကို credit လုပ်ပေးပါ ။ မှီငြမ်းတယ် ဆိုရင်လည်း မှီငြမ်းကြောင်းရေးပေးပါ ။
      NK ကိုလည်း ရည်ညွှန်းပါသည် ။
      သူကြီးခင်ဗျာမှုရင်းပိုင်ရှင် ကို မကြာခဏ တောင်းပန်နေရ၍ဖြစ်ပါသည်။

  • unclegyi1974

    March 14, 2012 at 10:32 pm

    ရင်းနှီးတဲ့သူကဒေါ်လာယူရောဘာဖြစ်သလဲ
    မြန်မာငွေတန်ဖိုးပိုုတက်မှာလားကျသွားမှာလား
    သူတို့ဒေါ်လာယူရင်မြန်မာငွေကျသွားမယ်၁ဒေါ်လာအခု၈၀ဝကျော်ကနေ၁၀၀ဝလောက်ရောက်
    သွားမယ်ဘာဖြစ်လဲ
    အခုလည်းမြန်မာငွေတန်ဖိုးတက်နေတာအတင်းဆွဲချနေရတာ
    အဲဒီအချိန်ဆိုအတင်းလုပ်ယူစရာတောင်မလိုဘူး
    ဘာမဟုတ်တဲ့အကြောင်းပြချက်တွေနဲ့ဆင်သေကိုဆိတ်ရေနဲ့ဖုုံးဖို့လုပ်နေတာ
    အလကား..

Leave a Reply