ရှားပါးစရိတ်တဲ့…။ အပိုထောက်ပံ့ကြေးတဲ့…။ ကျပ် ၃၀၀၀ဝ တဲ့.

Charm BoyMarch 14, 20121min41918

အစိုးရဝန်ထမ်းများ ဧပြီ ၁ ရက်မှစ၍ အပိုထောက်ပံ့ကြေး တစ်လ သုံးသောင်းနှင့် နေ့စားလုပ်သားများ တစ်ရက်လုပ်ခ တစ်ထောင်ကျပ် ထပ်မံတိုးမြှင့်ခံစားခွင့်ရ ရန်ကုန်၊ မတ်-၁၄ လာမည့် ဧပြီ ၁ ရက်မှ စတင်၍ တပ်မတော်သားများအပါအဝင် အစိုးရဝန်ထမ်းများအားလုံး၏ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ် သုံးသောင်းနှင့် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို ယခင် ၁၁၀ဝ ကျပ်မှ ထောက်ပံ့ကြေး တစ်ထောင်ကျပ်တိုး၍ ၂၁၀ဝ ကျပ်တိတိ ထပ်မံ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းခေါင်းစဉ်ဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက မတ်လ ၁၄ ရက်၊ ရက်စွဲဖြင့်ကြေညာစာအမှတ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများကို စားဝတ်နေရေးသက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ်သုံးသောင်းတိတိနှင့် အစိုးရ ဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ၁၁၀ဝ ကျပ်အပေါ်တွင် အပို ထောက်ပံ့ကြေး ကျပ် ၁၀၀ဝ တိတိကို ထပ်မံခံစားခွင့်ပြုမည်ဖြစ်၍ နေ့စားအလုပ်သမားမှာ တစ်နေ့ လုပ်ခ ၂၁၀ဝ ကျပ်တိတိကို ၂၀၁၂၊ ဧပြီ ၁ ရက်မှ စတင်ခံစားခွင့်ပြုလိုက်ကြောင်း MRTV-4 တွင် ယနေ့နေ့လယ်တွင် ကြေညာသွားသည်။

By 7days News

18 comments

  • pyaponthu

    March 14, 2012 at 3:16 pm

    မြန်မာ နိုင်ငံမှာ တခြားနိုင်ငံနဲ့မတူဘူး။လစာတိုးတာ ဒါနဲ့ဆို ၁ဝ ကြိမ်မြောက် လစာတိုးတာဘဲ။ရှားပါးစရိတ်ဆိုတာ လည်း လစာတိုးတာပါဘဲ။ လစာတိုးသလောက် ဆင်းရဲတွင်းက မတက်တော့ဘူး။ကုန်ဈေးနှန်း ထိန်း နိုင်လားဆ်ိုတာ ကြည့်ရအုံးမယ်။ကုန်ဈေးနှန်းမထိန်းနို်င်ရင်တော့ သူတို့က တဘက်လှည့်နဲ့ ပြည်သူတွေကို သတ်တာဘဲ။

  • eipu

    March 14, 2012 at 3:33 pm

    ကုန်ဈေးနှုန်း မတက်ဖို့ဘဲ အရေးကြီးတယ်

  • aunty tun

    March 14, 2012 at 3:36 pm

    လစာတိုးရင်ရော လာဘ်စားတာကပျောက်သွားမှာလား ဟင်…..
    ကုန်ဈေးနှုန်းကရောငြိမ်မှာလား ..ဟင် ..
    ရင်မောလိုက်တာ……

  • ဆူး

    March 14, 2012 at 3:49 pm

    လစာ တိုးတာ မဟုတ်ပဲ ထောက်ပံ့ကြေး ပေးတာ ဆိုတော့.. မပေးချင်ရင် ချက်ချင်းဖြတ်လို့ ရတာမျိုးပေါ့။

  • taungpawthar

    March 14, 2012 at 4:02 pm

    အခု လို တို းလိုက်တာ တောင် လူ တယောက် စားလောက် ရုံ ပဲရှိသေးတာပါ အောက်ခြေဝန်ထမ်းတွေ အတွက် တော့ အတိုင်းအတာတခု အထိအဆင်ပြေပါလိမ့်မယ် အရာ ရှိ က လက်ရှိ လစာ တစ်သိန်းရပါတယ် အခု သုံးသောင်းနဲ ့ပေါင်းရင် တစ်သိန်းသုံးသောင်း ဆို တော့ တယောက်စာ ပဲ ရဦးမယ် ကျန်တာ တော့ ဆက်လက် ရှု စားတော်မူ

    • myanmarcitizen

      March 15, 2012 at 3:34 pm

      taungpawthar ရေ 130000 ကတစ်ယောက်စာပဲ ရဦးမယ်ဆိုတော့မခက်ပါလား။ တစ်ရက်ကို 4333 ကျပ်ရတယ်တွက်ကြည့်ရင်။ ပိုက်ဆံကတော့ သုံးရင် သုံးသလောက်ကုန်တာပေါ့ဗျာ။ ကုန်သလောက်သုံးဖို့ဆိုတာက သူဌေးမှာမဟုတ်တာ။ ဝန်ထမ်းလေ။ များများသုံးချင်ရင်တော့ ကိုယ်ပိုင်စီးပွားရေးသာလုပ်အဲ့ဒါကမှ ကိုယ်ရှာနိုင်သလောက်သုံးလိုရတယ်။
      အဲ့ဝန်ထမ်း ခလေး တစ်ယာက်ထပ်မွေးရင်ကော နိုင်ငံတော်က +၁၃၀၀၀ဝ ထပ်တိုးပေးရတော့ မှာလားခင်ဗျာ(တစ်ယောက်စာပဲရှိတယ်ဆိုလို့ပါ)။ နိုင်ငံတော်ဆိုတာကြီးကလဲ နာမည်သာရှိတာ မဟုတ်လား ပြည်သူတွေ ကပဲ တစ်နည်းနည်းနဲ့ပေးနေရတာလေ။ နိုင်ငံဝန်ထမ်းသာ အမည်ခံ ထားကြတာပါ ပြည်သူတွေ ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ သူကနည်းကြပါတယ်။
      နောက်ပြီး ရာထူးလေး နဲနဲ ရှိလာပြီဆိုတာနဲ့ ဂေါက်လေးက ရိုက်ချင်ကြသေးတယ်ဗျား၊ ကုလား OK လေးကလဲ သွားသေး အဲ့ဒါတွေအတွက်ပါ စီမံပေးရမယ်ဆိုရင်တော့ စဉ်းစားပေါ့ဗျာ။ ကိုယ့်အနီးအနားက company ဝန်ထမ်းတွေကို လဲ မေးကြည့်ကြပါအုန်း ဘယ်လောက်ရကြသလဲလို့။
      အဖြေကရှင်းရှင်းလေးပါ တန်တယ်ထင်ရင်လုပ် မတန်ဘူးထင်ရင်ထွက် တန်တယ်ထင်တဲ့သူတွေဝင်လာလိမ့်မယ်။ (များများသုံးချင်ရင် ဝန်ထမ်းမလုပ်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ် ဒါပါပဲ) ။
      (မှတ်ချက် ၁၃၀၀၀ဝ ရပြီးတစ်ယောက်စာပဲ ရှိသေးတယ်ဟု တွေးသော သူများကိုသာ ရည်ရွယ်ပါသည်။ တခြားအောက်ခြေဝန်ထမ်းများကိုစာနာပါသည်။သူတို့အား မရည်ရွယ်ပါ။ )

  • kaung kin pyar

    March 14, 2012 at 4:54 pm

    လစာတိုးသလောက် ကုန်ဈေးနှုန်းလိုက်တိုးရင် လစာတိုးတာ ဘာထူးမှာတုန်း….။ ကုန်သည်တွေကို လုပ်ကျွေးသလိုတောင် ဖြစ်နေပြီ။ ပြောပါတယ်….သမင်မွေးရင်း ကျားစားရင်းပါဆို…။

  • kaunglay

    March 14, 2012 at 5:49 pm

    လစာတိုးတာလည်းတိုးတာပေါ့ .. ဘာကိစ္စနဲ့ ကုန်ဈေးနှုန်းကလိုက်တတ်ရသလဲဆိုတာကို စဉ်းစားမရဘူး

  • the best

    March 14, 2012 at 6:05 pm

    စတက်နေပြီ။ ကျန်တာ တော့ ဆက်လက် ရှု စားတော်မူ ပါ ။

    Date Singapore Dollar Myanmar Kyat
    14 Mar 2012 1 SGD * 638 Ks
    14 Mar 2012 1 SGD ^ 637 Ks
    13 Mar 2012 1 SGD * 636 Ks
    13 Mar 2012 1 SGD ^ 636 Ks

  • the best

    March 14, 2012 at 6:16 pm

    Today Market Rates (14 March 2012)
    March 14, 2012. YGN OPEN Market Zone @YGN Time-12:30PM
    1 USD: 812 – 816 Ks
    1 FEC: 815 – 819 Ks
    Earning: 830 Ks
    1 SGD: 655 Ks
    Gold: 728,000 Ks (YGN) | 728,000 Ks (MDY)

    YGN CLOSE Market Zone @YGN Time – 3:00PM
    1 USD: 813 – 818 Ks
    1 FEC: 816 – 820 Ks
    Earning: 835 – 836 Ks
    1 SGD: 655 Ks
    Gold: 735,000 Ks (YGN) | 734,500 Ks (MDY)
    http://www.naungmoon.com/

  • Gipsy

    March 14, 2012 at 8:22 pm

    လခစား ကတော့ အသက်ရှုရ နဲနဲ ပိုချောင်ပေမဲ့ လခစားမဟုတ်တဲ့လက်လုပ်လက်စား
    ကျဘမ်း အလုပ်သမားတွေ အတွက်ကတော့ တက်လာမဲ့ ကုန်ဈေးနှုန်း နဲ့အတူ ငတ်ပေါက်
    တွင်းကြီး နက်သထက် နက်လာမှာပဲ စိုးရိမ်မိပါတယ်။

  • inz@ghi

    March 15, 2012 at 6:41 am

    သာဓု- ဒုက္ခ

  • အားပေးသူ

    March 15, 2012 at 6:49 am

    ကုန်ဈေးနှုန်း မတက်လာစေဖို့ အားပေးပါတယ် ..
    လစာ များ တိုးပေး ပါကလည်း ဝမ်းမြောက်ဝမ်းသာ ထောက်ခံ အားပေးပြီးသားပါ..
    လူသား အားလုံး အစာရေစာ ပေါများ ဖူလုံ နိုင်ကြပါစေ…

  • Khin Kha

    March 15, 2012 at 11:16 am

    ရှားပါးမှာစိုးလို့ ရှားပါးစရိတ်အပိုလစာပေါင်းတိုးပေးရင်း၊
    ပိုရှားပါးလားတာ မြန်မာပြည်ပါ။
    ဘာလို့လဲဆိုတော့ ကုန်ဈေးနှုန်းကလည်း ထပ်ပေါးင်းတိုးတယ်လေ။

  • chel gyi

    March 15, 2012 at 1:24 pm

    အိတ်ပေါက်နဲ့ဖားကောက်တဲ့ အကြံ……..side effects များနဲ နိုင်သမျု နည်းပါစေ……

  • mz tun

    March 15, 2012 at 2:36 pm

    အင်း.. ဒီလောက် တိုးပေးတာ နဲနဲတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စားဖို့၊ နေဖို့၊ ဝတ်ဖို့၊ လှူဖို့တန်းဖို့၊ ကျန်းမာရေးဖို့၊ ပညာရေးဖို့၊ …ဖို့၊ …ဖို့ ဘယ်လို အချိုးချပြီး သုံးရမှန်းမသိဘူး။ ဒီကြားထဲ ကုန်ဈေးနှုန်းတာ မထိန်းနိုင်ရင် ဒုံရင်း.. ဒုံရင်းပဲ ဖြစ်နေမှာ။

  • mz tun

    March 15, 2012 at 2:48 pm

    စက်ရုံ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အခြားလုပ်သားတွေတွက်လည်း ထည့်ပီး စဉ်းစားပေးစေချင်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနလိုမျိုးနဲ့ အခြားသော သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းကြီးကြပ်ပြီး သူတို့တွေရဲ့ သက်သာချောင်ချိရေးအတွက် တွန်းအားပေး ဆောင်ရွက်စေချင်ပါတယ်။

  • ရွှေဘိုသား

    March 15, 2012 at 6:19 pm

    ငါနင့်ကိုဘယ်လောက်ကြိုက်ကြိုက် ဆန်ဈေးက သဘောမတူပါ
    ငါနင့်ကိုဘယ်လောက်ချစ်ချစ် ဆီဈေးက သဘောမတူပါ
    နင့်ကိုငါတင်တောင်းဖို့ ကားဈေးကကြီးနေတာ

    ဘာရယ်မုတ်ပါဘူး ဘာဘူ သီချင်းဆိုတာပါ

Leave a Reply