ပြီးခဲ့တဲ့ တနင်္ဂနွေကပေါ့ …. အပတ်စဉ်တိုင်း weekend ဆို အိမ်စောင့်နတ်နဲ့ … ရန်ဖြစ်ထားသော်လည်း ….. အဲ့ဒီနေ့ကတော့ ပူပြင်းတဲ့နေရောင်အောက် ၊ သပိတ်ရောင်လို အသားခြောက်မှာ ကြောက်တာနဲ့ ….. အိမ်တွင်းအောင်းခဲ့ပါတယ် … ။ ထွေထွေထူးထူး လုပ်စရာကလည်းမရှိတော့ …. အခွေတွေ တစ်ပုံကြီး ထိုင်ကြည့်ရင်း .. လေးတိ လေးတွဲနဲ့ အချိန်တွေဖြုန်းနေမိခဲ့တယ် ။ ထိုစဉ် ဖုန်းမြည်လာတာနဲ့ … ကြည့်လိုက်တော့ … ကိုယ်မသိ နံပါတ်တစ်ခုလေ …. ။

မသိတဲ့ နံပါတ်ဆို … ဖုန်းမှားတာမျိုးဖြစ်နေကြမို့ …… စိတ်မပါပဲ ပြန်ဖြေတော့ …. ကျွန်မဖုန်းနံပါတ်ကို ရွတ်ပြီး .. ဒီဖုန်းနံပါတ်ဟုတ်ပါသလားလို့ … တဖက်ကလူက စပြောပါတယ် … ။ ကျွန်မလည်း ဟုတ်ပါတယ် ….  ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ …. ။ တစ်ဖက်လူက …. အစ်မ ကံစမ်းမဲပေါက်လို့တဲ့ …. ။ မှတ်မိသလောက် တစ်ခါမှလည်း ကံမစမ်းထားပဲ ..ပေါက်တဲ့ ကံစမ်းမဲဆိုတော့ ..အ လကားရမယ်ဆိုလို့ .. မျက်လုံးများတောင် ကျယ်လာပါသေးတယ် …. ။ လေးတွဲတွဲ ထိုင်နေရာက ကိုယ်ကို မတ်လိုက်ပြီး ….. ဘာကံစမ်းမဲပေါက်တာလဲလို့ မေးတော့ ….  မိုးယံရွှေလမင်းနဲ့ မြတ်ဆုကုဋေကပေးတဲ့ ကံစမ်းမဲပေါက်တာပါတဲ့ ….. ။ တခြားက ကံစမ်းမဲဆိုလျှင်ဖြင့် ကျွန်မယုံချင်ယုံဦးမယ် .. ထီဆိုင်က ပေးတဲ့ ကံစမ်းမဲကာလ ရပ်သွားတာ ကြာလှမှန်း ..ကောင်းကောင်းသိနေခဲ့တော့ … ဒါ အလိမ်မှန်း ကျွန်မကောင်းကောင်း ရိပ်မိသွားပြီပေါ့ … ။  ဟိုးတစ်လောကလည်း .. ဘယ်သူလည်းမသိ ပို့စ်တင်ထားတာ ဖတ်လိုက်ရတယ် … ထီပေါက်တယ်လို့ လိမ်ပြီး ထီလက်မှတ်ဝယ်ခိုင်းတဲ့ အကြောင်းပါပဲ … ။ ကြားဖူးနားဝလေးကလည်း ပြန်သတိရမိတော့ …. နည်းနည်းဖွချင်စိတ်ပေါက်သွားတယ် … သူကပြောသေးတယ် … ကျွန်မကို .. ဒီဖုန်းနံပါတ်ပေါ်လားတဲ့ …. သူ့ကိုပြန်ခေါ်ပါတဲ့ … ဖုန်းက နည်းနည်း ကြာကြာပြောရမှာမို့ ဆိုပဲ … ။ ဘာမှန်မသိတဲ့ လူက ပြန်ခေါ်ပါဆိုတာကို ….ကျွန်မကလည်း .. တမိနစ် ငါးဆယ် ပဲဖြစ်ဖြစ် ငါးပြားကိုယ့်ဘေလ်ထဲက အကုန်ခံပြီး ..ပြန်ခေါ်ဖို့ စိတ်ကူးမရှိပါဘူး …. ။ ဒါကြောင့် .. ကျွန်မဖုန်းမှာ နံပါတ်မပေါ်ဘူး … ဗိုင်းရပ်စ်ကိုက်သွားလို့ …. ပြောစရာရှိလျှင် အခုပဲပြောလို့ပြောပြီး ….…. ဟလို .. ဟလို .. သိပ်မကြားရဘူး .. လိုင်းမမိဘူး ခဏလေးနော် …. ပြတင်းပေါက်နားသွား ပြောမယ် ကိုင်ထားဆိုပြီး …  ရကောရင်း လုပ်တဲ့ ခလုပ်နှိပ်ထားလိုက်တယ် …. ။

အသံကတော့ .. သတ်လတ်ပိုင်း အမျိုးသား တစ်ယောက်အသံပါပဲ .. အသံခပ်သြသြနဲ့ … လိမ်ဖူး .. ညာဖူး .. အတွေ့ကြုံရှိတဲ့ အသံမျိုးပါပဲ … ။ စကားပြောလည်းကောင်းပါတယ် .. လေယူလေသိမ်း အဖြတ်တောက်နဲ့ ..အသက်ရှုသံကို …မှန်းကြည့်ရလျှင် … အတွေ့ကြုံရှိပြီးသား ပိပိရိရရိပြောဆိုလိမ်လည်သူမှန်း ရိပ်စားမိပါတယ် …. ။ အသံဖမ်းထားပြီးတော့ .. ကျွန်မက ရပြီ ဆက်ပြောပါဆိုတော့ … အစ်မ ထီထိုးဖူးလား ဘာလားပေါ့…. ။ အင်း ထိုးဖူးတယ် အဲ့ဒီတော့ ဘာဖြစ်လဲ ပြန်မေးတော့  …. အစ်မကံစမ်းမဲပေါက်တယ်တဲ့ …. ထီပေါက်တာမဟုတ်ဘူး ..ကံစမ်းမဲပေါက်တာပါတဲ့လေ … ဟိဟိ …ကျွန်တော်တို့ ဆိုင်က ကောင်လေးတွေ … အရင်နေ့က အစ်မဆီ ဖုန်းမဆက်ဘူးလား ဘာလားနဲ့ …. ကျွန်မလည်း … ရေလိုက်ငါးလိုက် ပြန်ပြောရတော့တာပေါ့ … ဘယ်သူမှ မဆက်ဘူးပေါ့… အခုတောင် ဒီက အစ်ကို ဖုန်းဆက်ပြောလို့ သိတာ ကျေးဇူးပါ ဘာညာ ပြန်ပြောရတော့တယ် … ။  ဒါနဲ့ကျွန်မလည်းတစ်ဆက်တည်း .. အဲ့ဒီတော့ ဘာရမှာလဲ မေးတော့ ….  အစ်မပေါက်တဲ့ ဆုမဲ အမျိုးစားလေး မှတ်ထားပါဦးနော်တဲ့ ….  တိုရှီဘာ အမျိုးစား … ၂၁ လက်မ … LCD  ဆိုတဲ့ စကားကို .. တလုံးချင်း .. ထိထိ မိမိ ကျွန်မ မကြားလိုက်မှာ စိုးလို့ … ရေရွတ်နေရင်း …  တီဆိုပြီး .. ဖုန်းပျက်ကျသွားတယ် … ။ ကျွန်မဖုန်းက တကယ်လည်း ဗိုင်းရပ်စ်ကိုက်ခံနေခဲ့ရတာပါ …. ဒါကြောင့် ရကောရင်းလုပ်လျှင် စက္ကန့်ပိုင်းလောက်နဲ့.. အော်တို ပြတ်ပြတ်သွားတယ် …. ။ သူများ ပြန်ခေါ်ဦးမလား .. စောင့်ပါသေးတယ် …. ။ သူလည်း .. အသံအကဲခတ်တော့ကျွမ်းကျင်မယ့်လူဖြစ်မယ်ထင်တယ် …. ကျွန်မမယုံတာ ရိပ်စားမိလို့ထင်ပါရဲ့ …. ဖုန်းပြန်မခေါ်တော့ဘူး … ။

ညနေပိုင်းရောက်လို့.. လှိုင်သာယာဗစ်တိုးရီးယား ကိုခဏရောက်တော့ … မိုးယံရွှေလမင်းထီဆိုင် … အဲ့ဒီမှာ ဖွင့်ပွဲလုပ်နေတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံပါတယ် … အလိမ်မှန်းသိပေမယ့် … သေချာ သိချင်စိတ်နဲ့ .. သူတို့ကို မေးပါတယ် ကံစမ်းမဲ အစီစဉ်တွေ တနှစ်စာဖောက်ပေးတာမျိုး ရှိသလားပေါ့ .. သူတို့ကလည်း မရှိပါဘူး  … ကံစမ်းမဲအစီစဉ်တွေက ပြီးပြတ်သွားပါပြီလို့ ကျွန်မသိထားခဲ့သလို … ဖြေပါတယ် …… ။ ဒါဆို …. ကျွန်မဆီဖုန်းဆက်သူက … ပိပိရိရိလိမ်ဖို့ကြိုးစားသူဆိုတာ.. သေချာသွားပါပြီ … ။

နောက်နေ့ ရုံးပြန်တတ်တော့ …ရုံးက အစ်မတစ်ယောက်နဲ့ စကား စပ်မိရင်း …သူလည်း .. အဲ့ဒီလို ဖုန်းမျိုးကြုံခဲ့ရဖူးကြောင်း ပြောပါတယ် …. ။ သူဆီလည်း .. ထီထိုးရင်း ထီဆိုင်ကပေးတဲ့ ကံစမ်းမဲပေါက်တယ်လို့ အကြောင်းကြားပါသတဲ့ … ။ ကံစမ်းမဲပေါက်တဲ့ လူတွေအတွက် .. ထီဆိုင်က ဗေဒင် အခမဲ့မေးပေးတဲ့အခါ … အားလုံးစပ်ပြီး ထီအုပ်ကြီး ပြန်ထိုးရမှာပါတဲ့ .. ။ သူကိုယ်တိုင်အိမ်ကိုလာပြီး ထီရောင်းပေးပါမယ်လို့ .. တတွင်တွင်ပြောနေတာကြောင့်.. ရုံးက အစ်မလည်း … ကံစမ်းမဲလည်းမယူဘူး .. ထီအုပ်ကြီးလည်း မ၀ယ်ဘူး ..လာလည်း မလာနဲ့လို့ …   ခပ်ပြတ်ပြတ်ပြောလိုက်တော့မှ ….  ဇာတ်လမ်းပြီးသွားသတဲ့ … ။ ထီအုပ်ကြီးကလည်း .. တစ်စောင်နှစ်စောင်မဟုတ်ပဲ .. အုပ်လိုက်ထိုးရမှာကိုး … ကံစမ်းမဲထက် .. ထီဖိုးက ပိုကြီးနေတာမျိုးပေါ့ … ။

လူတွေ .. လူတွေ ..သမ္မာအာဇီဝနဲ့ …. ကောင်းရောင်းကောင်းဝယ်ရှာစားလို့ရပါလျှက် ဘာလို့ သူတပါးကိုမှ လိမ်လည်စားတာကိုမှ ခုံမင်နေရတာပါလဲ … ။လူလိမ် ၊ လူညာဆိုကတည်းက … စိတ်ဓါတ်နိမ့်ကျသူ .. လက်ကြောမတင်းသူဆိုတဲ့ .. ဂုဏ်ပုဒ်တွေပါ … တွဲပါလာပြီးသားမို့ …. သူများတွေလို ကာယ ၊ ဥာဏ အားကိုးပြီး .. သမ္မာအာဇီဝ ရှာစားဖို့ စိတ်ကူး ရှိမှာ မဟုတ်ပါဘူး … ။ တစ်ယောက်ကို မလိမ်ရလျှင် .. နောက်တစ်ယောက်ကို လိမ်နေဦးမှာပါပဲ .. ဒီလိုပဲ…. တစ်ယောက်ကို လိမ်လို့ ရလျှင်လည်း ..နောက်တစ်ယောက်ကို အချဉ်ဆိုပြီး .. ထပ်လိမ်ချင်နေဦးမှာပါ … ။ ဘုမသိ ဘမသိ … အလကားရမယ်ဆိုတဲ့ ကံစမ်းမဲကိုမျှော်တွေးရင်း …  လိမ်လည်ကာ အိမ်တိုင်ရွာရောက် ထီရောင်းခံရသူ … ဘယ်နှစ်ယောက်များ ရှိခဲ့ပြီလဲ … ။

ကျွန်မကြုံခဲ့ရသလို ….. အလားတူပြသနာမျိုး .. ရွာသူရွာသားတို့ ကြုံလာလျှင်လည်း… အယုံလွယ်ပြီး .. အလိမ်မခံရစေဖို့ …. ရေးပြလိုက်ခြင်းဖြစ်ပါတယ် … ။ သူ အသုံးပြုပြီး ခေါ်သွားခဲ့တဲ့ .. ဖုန်းနံပါတ်ကတော့ …. 0943074923 ပါပဲ ….. သူ့အသံဖမ်းထားတာကိုတော့… evidence အနေနဲ့ သိမ်းထားပေမယ့် … …… မတင်ပေးတော့ပါဘူး…. ။ … ရွာသူရွာသားများနဲ့ စာဖတ်သူအားလုံးပဲ လူလိမ်ခံရခြင်းမှ … ကင်းဝေးကြပါစေနော်  :D

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!