မုံရွာ ရွှေစည်းခုံ စေတီတော်

ဆူးMarch 14, 20121min28927

မုံရွာမြို့ကို အလောင်းတော် ကဿပ မရောက်ဖူးသေးတဲ့ အတွက် သွားရင်းနဲ့ လမ်းမှာ ရှိတဲ့ နားခိုရာ မြို့ အဖြစ် ရောက်ရှိသွားခြင်း ဖြစ်ပါသည်။
မုံရွာမြို့ကို ဆိုတာကတော့ စစ်ကိုင်းတိုင်း ရဲ့ မြို့တော်ဖြစ်ပြီး အစိုးရ ရုံးများနှင့် တက္ကသိုလ်များ ရှိသည့် အတွက် အလွန်ပင် စည်ကားတဲ့ မြို့လည်း ဖြစ်ပါသည်။
အလောင်းတော် ကဿပ သွားသီးသန့် သွားသည့် တောထဲ ထွက်သည့် ကားကြီးများ ဂိတ်ထိုးရာ နေရာကတော့ ရွှေစည်းခုံစေတီမျက်နှာချင်းဆိုင် ဖြစ်ပါသည်။
အလောင်းတော် ကဿပ သွားမည် ဆိုလျှင်တော့ လွယ်လင့်တကူ မုံရွာသို့ အဝေးပြေးကားဖြင့် သွားပြီး ရွှေစည်းခုံ စေတီတော်မျက်နှာချင်းဆိုင်မှာ ကားလက်မှတ်ဝယ်ပြီး ရွှေစည်းခုံစေတီဖူးပြီး ဟိုတယ် လိပ်စာ ပေးခဲ့လျှင် မနက် မိုးမလင်းခင် ဟိုတယ်ကို အချိန်တိကျစွာ ကားကြီးများ လာကြိုပါတယ်။
အမှတ်တရ ရွှေစည်းခုံ စေတီတော် ကို ဓါတ်ပုံများ တင်ပြီး ပေးလိုက်ပါသည်။
နောက်နေ့များမှာတော့ အလောင်းတော် ကဿပ ခရီးစဉ် ကို လွယ်ကူ သက်သာစွာ သွားနိုင်ရန် သေချာ ရေးပေးပါ့မယ်။

ထိုဇရပ်ကြီးရဲ့ မျက်နှာချင်းဆိုင်မှာ ကားဂိတ်များ ရှိပါသည်။

27 comments

  • weiwei

    March 14, 2012 at 4:44 pm

    မုံရွာကို ရောက်ဖူးပေမယ့် အဲဒီဘုရားကို သတိမထားမိဘူး … မှတ်ဉာဏ်ထဲမှာ ရောက်ဖူးလား မရောက်ဖူးလားဆိုတာ ပေါ်မလာဘူးဖြစ်နေတယ် …
    ဓါတ်ပုံတွေကတဆင့် ဘုရားဖူးသွားပါတယ် ….

  • ဆူး

    March 14, 2012 at 4:54 pm

    မုံရွာ ညဈေးတန်းမှာ ဆိတ်သားခြောက်ကြော် ဝယ်လာတာ တော်တော် စားကောင်းတယ် ဆိတ်သား အစစ် ရတယ်။ အစား အသောက် တော်တော် တန်တယ်။
    ရန်ကုန်က သွားတဲ့ သူဆိုတော့ စားစရာ ဘာဝယ်ဝယ် တန်တယ် ထင်တယ်။

    • ဆူး

      March 15, 2012 at 10:00 am

      ထောက်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
      အမှတ်တမဲ့ ရေးလိုက်မိတာ မှားသွားခဲ့တာပါ။
      ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။

  • kotun winlatt

    March 14, 2012 at 10:43 pm

    ရွှေစည်းခုံဘုရားကြီးဖူးရတော့..
    မုံရွာမှာ ကျောင်းတက်ခဲ့ရတဲ့ အချိန်တွေကို
    သတိရလိုက်တာဗျာ…။

    • ဆူး

      March 15, 2012 at 10:06 am

      မုံရွာ တက္ကသိုလ်က တော်တော် ကြီးတယ်နော်။
      ကျောင်းနားမှာ အဆောင်တွေလည်း အများကြီးပဲ.. တကယ်ပျော်ဖို့ ကောင်းတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူ ဘဝကို ရကြမှာပဲလို့ တွေးမိခဲ့တယ်။
      ဆူး တက္ကသိုလ်တက်တုန်းက အဝေးသင်ဆိုတဲ့ အတိုင်း ဝေးလွန်းလို့ ကျောင်းမသွားနိုင် စာမေးပွဲပဲ သွားဖြေခဲ့တာ ဆိုတော့ တက္ကသိုလ်မှာ ခင်တဲ့ သူငယ်ချင်း မရှိသလောက်ပဲ။
      အတန်းတူတွေ အခုမှ တွေ့ရင်တော့ တယောက်နဲ့ တယောက် မမြင်ဖူးကြဘူး။
      အဲလောက်ကို တက္ကသိုလ်ကျောင်းသား ဖီလင် မရှိခဲ့တာ။

  • ကျနော်မုံရွာကို သွားရင် အခုနေ့ချင်းပြန်ဘဲသွားရတာများတော့
    အဲဒီဘုရားက ကျနော်အတွက်ကပ်ကျော်ဘုရားဖြစ်နေတယ်။
    ဖြတ်သွားပြီး မဝင်ခဲ့ရဘူး။
    ဆူးရေ ညဈေးက ပုဇွန်ကြော် ကဏန်းကြော်ရော မစားခဲ့ဘူးလား။

    • ဆူး

      March 15, 2012 at 10:46 am

      ညဈေးမှာ ကြက်ကြော် နဲ့ ဆိတ်သားခြောက်ကြော် ဝယ်လာခဲ့တယ်။
      ကြက်ကြော်က ပေါင်တခြမ်း ၁၀၀ဝ နဲ့ ကြီးတာ ဆို ၁၃၀၀
      ဆိတ်သားခြောက်ကြော်က ၁ဆယ်သား ၃၀၀ဝ နဲ့ ဝယ်ခဲ့တယ် ၁ဝဗူး။
      ဆိတ်သား အရမ်းစစ်တယ်။ ဒီမှာ ဈေးကြီးပြီး စစ်ပါတယ် ဆိုတာတောင် အနံက သိသာတယ်။ နောက်ဆို ဆိတ်သားခြောက်ကြော် စားချင်ရင် မုံရွာမှာ မှာစားရမယ်။ တော်တော် ကောင်းတယ်။ သိပ်စားကောင်းတာပဲ.. ညဈေးတန်းက တတန်းလုံးက အစားအသောက်တွေချည်းပဲ သားရေကျစရာတွေချည်းပဲ တွေ့ခဲ့တယ်။
      အစားအသောက်တွေကလည်း ရန်ကုန်နဲ့ ယှဉ်ရင် ဘာစားစား သက်သာတယ်။

  • ဦးဦးပါလေရာ

    March 14, 2012 at 10:59 pm

    မုံရွာတော့ သေချာမရောက်ဖူးသေးဘူး..
    စီးပွားရေးအချက်အချာကျတဲ့ မြို့တမြို့လို့ပဲသိထားတာလေ။
    နောက်ပိုစ့်မှာ မြို့တွင်းပုံလေးတွေရှိရင် တင်ပေးပါဦး….။
    တခေါက်လောက်သွားချင်လို့….

  • ကြောင်ကြီး

    March 15, 2012 at 11:18 am

    ပုဂံရွှေစည်ခုံစေတီနဲ့ မုံရွာရွှေစည်းခုံစေတီ ဘယ်လိုဆက်စပ်မှုရှိလဲ သိဘူးနော်…။ အန်တီဆူးက ဘုရားဖူးတာနဲနဲ သူများအသားကို အရသာလုပ်စားတာများများ… ကုသိုလ်တဆင့်န် ငရဲဒေါ်လာတဘီလျံ

    • ဆူး

      March 15, 2012 at 11:23 am

      အဆင်သင့် ရှိနေတာ စားခဲ့တာလေ.. ပန့်သကူသားလို့ ပြောရမလားပဲ.. 😀

  • Ma Ei

    March 15, 2012 at 11:27 am

    ဆူးရေ…အလောင်းတော် ကဿပ ဘုရားဖူးသွားရင်းနဲ့
    မုံရွာရွှေစည်းခုံဘုရားကို ဖူးမျှော်ဖြစ်ပါတယ်…နှစ်ခေါက်သုံးခေါက် ဝင်ဖူးလဲ
    ညောင်ပင်မှာရှိတဲ့ ငါးကြီးကို မတွေ့မိဘူး…အံ့ရော…

    • ဆူး

      March 15, 2012 at 12:52 pm

      ှုငါးကြီးကတော့ အခုမှ လုပ်ထားတာနဲ့ တူတယ်။
      ဘာ အတွက် လုပ်တာလဲတော့ မသိဘူး။
      ရည်ရွယ်ချက် ရည်ညွန်းချက်တော့ ရှိလိမ့်မယ် ထင်တယ်။

  • နတ်ဆိုးလေး

    March 15, 2012 at 12:01 pm

    နတ်ဆိုးလေးလဲ ဘုရားဖူးပုံ တွေတင်ဖို့ ကြိုးစားနေတာ မရဘူးဖြစ်နေတယ် ဘယ်လိုတင်ရမလဲ လမ်းညွှန်ပေး ကြပါအုံး အရင် ကတင်လို့ ရတယ် ဖိုင်ဆိုဒ် ကြောင့်လားမသိဘူးနော် ကင်မရာနဲ့ ရိုက်ထားတာ တန်းတင်လို့ ရလားမသိဘူး ပြောကြပါအုံး ခင်ဗျာ

    • ဆူး

      March 15, 2012 at 12:54 pm

      ပုံတွေ ဆိုဒ်ကြီးရင် တော်တော် နဲ့ကို မတက်ပါဘူး။
      အခုတလော လိုင်းအခြေအနေကလည်း သိပ်မကောင်းတော့ မှန်းသလို အဆင်မပြေလှဘူး။
      အဲဒါတွေကြောင့် ဖြစ်ပါလိမ့်မယ်။
      အရင်က တင်ဖူးတယ် ဆိုတော့ အခု အသေးစိတ်မရှင်းပြတော့ဘူးနော်။

  • Moe Z

    March 15, 2012 at 12:46 pm

    သွားမယ်မမဆူးရေ နောက်တစ်ပတ် 🙂
    မုံရွာဟော်တယ်မှာတည်းတာလား ..

    • ဆူး

      March 15, 2012 at 12:53 pm

      win unity resort hotel မှာတည်းပါတယ်။

  • inz@ghi

    March 15, 2012 at 12:58 pm

    သများလည်း အနှီ ငါးကို စိတ်ဝင်စားတယ် ကိုဆူး ချင့် …
    ဘာလို့ သေချာ မစုံစမ်းခဲ့ပါသလဲချင့် …

    မောင်မိုးဂုတ်. .
    နောက်တပါတ်သွားရင်သေချာ စုံစမ်းခဲ့ပါချင့် …

    သများသွားရင်တော့ နီးစပ်ရာထန်းတော မှာ တည်းမယ်ချင့်…

    ဒက်ဂလောက်…ဒက်ဂလောက်…
    😀

    • Ma Ei

      March 15, 2012 at 1:27 pm

      ထန်းတောမှာတည်းမယ့်လူ ငါးကိုစိတ်ဝင်စားတယ်ဆိုတော့…
      ငရဲကြီးတော့မှာဘဲ…

  • MaMa

    March 15, 2012 at 4:38 pm

    ဆူးရေ-
    ၆ပုံမြောက်မှာ ပုန်းနေတဲ့ ကြောင်တစ်ကောင် တွေ့လိုက်တယ်နော်။
    ပုံကို ကြည့်ရတာ-
    ကြောင်ကပဲ ငါးကို စားမလား။
    ငါးကပဲ ကြောင်ကို စားမလား မသိဘူး။ :mrgreen:

    • ဆူး

      March 15, 2012 at 5:15 pm

      ကြောင်နဲ့ ငါး က အချိုးမကိုက်ဘူး ဖြစ်နေတယ်။
      ငါးသေးတော့ ကြောင်စာ
      ကြောင်သေးတော့ ငါးစာ

  • blackchaw

    March 15, 2012 at 8:43 pm

    မုံရွာ ရွှေစည်းခုံ ကို တစ်ခါမှ မကြားဖူးခဲ့ဘူးဗျာ။
    ပုဂံရွှေစည်းခုံကတော့ ခဏခဏ ဖူးဘူးပါတယ်။
    ကိုကြောင်ပြောသလို ဆက်စပ်မှု ရှိလိမ့်မယ်ထင်မိတယ်။
    :mrgreen:

    • ဆူး

      March 16, 2012 at 10:22 am

      သေချာတာတော့ နာမည် တူပါတယ်။
      တခြားတော့ မသိဘူး။
      ဒီတခါသွားတဲ့ တိုးက ဘာမှ မရှင်းပြလို့ ဘာမှ မသိခဲ့ဘူး။ 😀 😀

  • yaungchikha

    March 16, 2012 at 12:14 pm

    မုံရွာမြို့ကိုသာ ရောက်ဖူးနေတာ မုံရွာရွှေစည်းခုံကို မရောက်ဘူးဘူး၊ အလောင်းတော်ကဿပလည်း မရောက်ဘူးဘူး၊ ပုံတွေအဆင်ပြေရင် တင်ပေးပါဦးနော်.. 🙂

    • ဆူး

      March 16, 2012 at 1:56 pm

      အလောင်းတော် ကဿပ သွားတဲ့ ပုံလေးတွေ တင်ပေးဖို့ ရှိပါတယ်။

  • kyeemite

    March 16, 2012 at 2:03 pm

    အော် ..ဦးလေးဆူးက ဘုရားဖူးသွားတာ
    ဒေါ်ကြောင်ကြီးပါခေါ်သွားတာကိုး..
    ဒေသဗဟုသုတရလို့ကျေးကျေးပါချင့်
    မီးလဲ အကြော်ဆိုင်မိအံဇာနဲ့ခဏလွှဲခဲ့ပီး
    ဘုရားဖူးထွက်လိုက်အုံးမယ်..တာ့တာ..

    • ဆူး

      March 16, 2012 at 2:11 pm

      ကြောင်ကြီးက သူ့မြင်မှာ စိုးလို့ ခေါင်းလျှိုပြီး ပုန်းနေတာ.. ရွာသားတွေ တော်တော် မျက်စိလျှင်ကြတယ်။
      အကြော်ဆိုင် ကို လွဲလို့ရသလောက် လွဲပြီး ဆေးရုံ အလှူကို လိုက်ခဲ့အုန်းနော်။

Leave a Reply