သားငါးများများ စားသုံးခြင်းက မှတ်ဉာဏ်အရည်အသွေး ကောင်းမွန်နိုင်

introJune 8, 20101min540

ဗြိတိန်၊ မေ ၁၉- မုန့်ပဲသရေစာသည် ဘိန်းဖြူကဲ့ သို့စွဲစေကြောင်း အစီရင်ခံစာတွင်  မ ကြာမီက ဖော်ပြခဲ့သည်။
အဆီနှင့်သကြားများသော မုန့် ပဲသရေစာများကို လူအတော်များများ အဘယ်ကြောင့် ဗိုက်ကားအောင်စား ၍ မဝနိုင်ဖြစ်ကြရသည်မှာ ဦးနှောက် ထဲတွင် မူးယစ်ဆေးများကဲ့သို့အလား တူသာယာမှုဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ယင်းသည် အဝလွန်ကပ် ရောဂါနောက်ကွယ်၌ တည်ရှိနေနိုင် သည်။
လူတို့၏ဦးနှောက်အလေးချိန် သည် သုံးပေါင်လောက်ရှိပြီး ခန္ဓကိုယ် အလေးချိန်စုစုပေါင်း၏ အပိုင်းဂဏန်း တစ်ခုဖြစ်သည်။ သို့ရာတွင် ယင်းက နေ့ စဉ်စားသုံးနေသော ကယ်လိုရီရာခိုင် နှုန်း၂ဝကို ဝါးမျိုပစ်သည်။ ဦးနှောက် ကျန်းမာရေးအတွက် အစားအစာသည် မှတ်ဉာဏ်အပြင် ဉာဏ်ရည်ထက်မြက် မှုနှင့် စိတ်ဓာတ်တက်ကြွရွှင်ပျမှုအ တွက် မရှိမဖြစ်လိုအပ်သည်။
ယခုဤနေရာတွင် အာဟာရ နှင့် ဦးနှောက်အပြင်အထောက်အကူ ပြုသည့် အစားအသောက်များသာမ က အဟန့်အတား၊ အနှောင့်အယှက် ဖြစ်စေသည့် နောက်ဆုံးပေါ်စဉ်းစား တွေးတောချက်ကို ကျွန်ုပ်တို့ကြည့် ရှုမည်။
စိတ်စုစည်းမှု မြှင့်တင်ခြင်း
စိတ်အာရုံစူးစိုက်အားကောင်း ခြင်းသည် ဦးနှောက်ဆဲလ်များအတွင်း အချက်အလက်များ လွတ်လပ်စွာစီး ဆင်းနေခြင်းအပေါ် တည်နေသည်။
ထိုဆဲလ်များသည် နိုးကြားပြီး သတင်းအချက်အလက်ပေးပို့ရန် အောက်ဆီဂျင်လိုအပ်၍ ၎င်းင်းကိုသွေး တွင်းသကြားဓာတ်မှ ရရှိသည်။

Ref: Yangon Media Group