လွယ်တုံးတောင်သို ့အလည်တစ်ခေါက်

aye.kkMarch 14, 20124min14920

တပေါင်းလပြည်နေ့က ထိုင်းမြန်မာနယ်စပ်နှစ်နိုင်ငံရင်းနှီးချစ်ကြည်
မှုအရ ထိုင်းနိုင်ငံ မယ်ဆိုင်ဖက်မှ လွယ်တုံးတောင်ရှိ
ထိုင်းဘုရင်မ ပန်းခြံ နွေရာသီအပန်းဖြေစံအိမ်ထိ
လည်ပတ်ခွင့်ပြုပေးခဲ့သဖြင့် သွားရောက်လည်ပတ်ခဲ့ရာမှ အမှတ်တရအပျင်းပြေ လက်ဆော့ ရိုက်လာခဲ့သော ပုံလေးများ ဖြစ်ပါသည်။

20 comments

  • weiwei

    March 14, 2012 at 7:50 pm

    ကြည့်ရတာ မြန်မာပြည်လောက် မပူသလိုပဲနော် …
    ပန်းကလေးတွေ လန်းဆန်းနေတာတွေ့ရတယ် …

  • weiwei

    March 14, 2012 at 7:54 pm

    အစ်မအေးရေ … copy/paste ဖြစ်နေတယ် … ပြင်လိုက်ပါအုန်းနော် …
    travel, photography ကို ရွေးလိုက်ပါ …

  • aye.kk

    March 14, 2012 at 8:17 pm

    ကျေးဇူးပဲနော်ဝေဝေ..။

  • padonmar

    March 15, 2012 at 2:10 am

    ပြင်ဦးလွင် ကန်တော်ကြီးရောက်နေသလိုပဲနော်။ ပန်းပုလက်ရာကောင်းလိုက်တာ။

  • koaung

    March 15, 2012 at 2:44 am

    ကြည့်ရတဲနေရာလေးကအေးချမ်းတယ်ဗျာ

  • kyeemite

    March 15, 2012 at 10:05 am

    တော်တော်သွားလည်ချင်စရာနေရာလေးဘဲဗျာ..
    လမ်းတွေပေါ်နဲ့ ပန်ခြံထဲကမြက်ခင်းနေရာတိုင်း အမှိုက်သရိုက်
    ကင်းစင်နေတာလေးသတိပြုမိပါတယ်..
    ကျုပ်တို့တစ်တွေ အတုယူစရာပါဗျို့..

  • Ko out of...

    March 15, 2012 at 10:49 am

    ပုံတွေ တအားလှတာဘဲ… ကျေးဇူး..ရှိရင်ထပ်တင်ပေးဦးနော..

  • Ma Ei

    March 15, 2012 at 11:14 am

    ပန်းလေးတွေလှလိုက်တာ…
    ခေါင်းလောင်းလေးတွေ စီချိတ်ထားတာလဲလှတယ်…
    လှပတဲ့မြင်ကွင်းလေးတွေအတွက် ကျေးဇူးပါ…

  • ဆူး

    March 15, 2012 at 12:00 pm

    ဒီမှာလည်း အဲဒီ ပုံထဲမှာ တက်မက ပိုပို ပိုပြီး လှတဲ့ ပန်းခြံမျိုးတွေ ပိုင်ဆိုင် ရရှိချင်တယ်။

    သခင်မျိုးဟေ့ ဒို့ဗမာ.. ဆိုတဲ့ အတိုင်း ကိုယ်ပိုင်ဆိုင်တာလေးတွေ ဒီထက်မက များပြားချင်တယ်။

  • Moe Z

    March 15, 2012 at 1:27 pm

    တကယ်ကို ပင်ပန်းသမျှပြေပျောက်စေမယ့်နေရာလေးပဲ အန်တီအေးရေ
    ပုံတွေပြန်မျှပေးလို့ ကျေးဇူးပါနော် ..

  • etone

    March 15, 2012 at 1:56 pm

    ဝေးးးးးးးးးးး ပန်းတွေကိုစုံနေတာပါပဲ …. ။ ရာသီဥတုလည်း သာယာတော့ လည်ပတ်လို့ကောင်းမယ်ထင်ပါတယ် … ။ လူခရောက်ဒက်တ်မဖြစ်သလို …. ပေါ့ပေါ့ပါးပါး .. အသက်ဝဝရှုပြီး .. အနားယူ အပမ်းဖြေလို့ကောင်းမယ့်နေရာမျိုးလေးပါ … ။ သစ်ပင်ပန်းမန်တွေကလည်း ..(ဓါတ်ပုံ) မြင်ယုံနဲ့တောင်.. စိတ်ဖိစီးမှု ၊ မွမ်းကြပ်မှုတွေကို … ပြေလျှော့စေပါတယ် … ။

    အောက်ဆုံးကပုံကတော့… ဒီနိုင်ငံက … လှော်ကား ဥယျာဉ်ကြီးနဲ့တောင် ခပ်ဆင်ဆင် … 🙂

  • inz@ghi

    March 15, 2012 at 2:35 pm

    အားပေးသွားတယ်ဗျာ …
    ဒီလိုနေရာမျိုးလေးကျ …
    စကော့တလန်စမ်းရေလေးနဲ့ မှ လိုက်တာဗျို့ ….
    😀

    ခင်တဲ့
    နှူးဘာဂျုပ်

  • MaMa

    March 15, 2012 at 5:03 pm

    အပေါ်ဆုံးက ရေကန်ပုံလေးကို ကြိုက်တယ်။
    (ရေတွေကတော့ စိမ်းညို နေတယ်နော်။)
    ပန်းပုံလေးတွေလည်း လှတယ်။
    စေတီနဲ့ ဘုန်းကြီးပုံကတော့ မြန်မာပြည်နဲ့ မတူဘူးနော်။
    ရွာထဲမှာ ဒါ့ပုံဆြာ တစ်ယောက်တိုးလာပြီပေ့ါ။ 🙂

  • manawphyulay

    March 15, 2012 at 6:02 pm

    နေရာလေးက အတော့်ကို သွားချင်စရာလေးနော်။ တော်ရုံသွားလူသွားလို့ရလား… အေးချမ်းတယ်နော်။ သူများတွေများ ကံကောင်းလိုက်တာနော်…

  • သန့်ရှင်း သပ်ရပ်ပြီး
    သွားရောက် လည်ပတ်ချင်စရာ ကောင်းတဲ့ နေရာလေး တစ်ခုပါပဲ …..
    ပီး .. လွယ်တုံးတောင် ကို ကြားတောင် မကြားဖူး ခဲ့တာ …
    ခုလို ပုံလေးတွေနဲ့တကွ မြင်လိုက်ရတော့ …
    ဗဟုသုတတွေ တိုးရပါတယ် .. လို့ …

    နောင်များ ကြုံကြိုက်လို့ ရှိရင်တော့
    မန်းလေးက ဗြဲသီး ဆိုင်ကယ်နဲ့ အဲဒီထဲ လျှောက်လည်ပစ်လိုက်ဦးမယ် … 😀
    (ဆိုင်ကယ် စီး ရ၊ မရတော့ မသိ)

  • blackchaw

    March 15, 2012 at 8:26 pm

    အစ်မရေ။
    ပန်းခြံလေးက သပ်သပ်ယပ်ယပ်နဲ့
    သာယာလိုက်တာ။
    ဂီဂီ က စကော့တလန်စမ်းရေပဲပြောသွားတယ်
    အနီလောက်နဲ့တော့ ဖြစ်ဘူးဗျာ။
    နက်ရင်နက် စိမ်းရင်စိမ်း ရွှေရင်ရွှေ မှဗျ။
    :mrgreen:

  • aye.kk

    March 15, 2012 at 11:50 pm

    ဝေဝေရေ..
    ့နွေရာသီဆိုပေမယ့်သိပ်ပြီးမပူလှဘူး…
    တောင်ပေါ်ရဲ ့အေးတဲ့ဓတ်ခံနဲ ့
    ပန်းလေးတွေကအမြဲလန်းဆတ်နေတယ်လို့သိရတယ်။
    ————————————————————
    Dr.padonmar
    ပန်းပုလက်ရာလေးကလှလို ့ရိုက်လာခဲ့မိတယ်။
    ————————————————————-
    ကိုအောင်
    ပုံလေးတွေမြင်ပြီးအေးချမ်းတယ်ပြောလို့ဝမ်းသာမိပါတယ်။
    ——————————————————————
    kyeemite
    သွားမိတော့လည်း၊အားကျပြီးပြန်လာခဲ့ရတယ်။
    ——————————————————————-
    ko out of
    ထပ်တင်ပေးပါမယ်။
    ——————————————————————–
    မအိ၊ဆူး၊မိုးဇက်၊အိတုံ၊ဂီ၊မမ၊မနော…
    အားလုံးအားပေးသွားလို့ဝမ်းသာပီတိဖြစ်မိပါတယ်။
    ——————————————————————–
    ကိုအံစာတုံးရေ..
    ဆိုင်ကယ်စီးလို့မရဘူးလေ….။
    ———————————————————————
    ကိုဘလက်ရေ..
    ဟိုရွှေကိုတော့တအားမုံးတယ်(သိတယ်ဟုတ်)။
    သူများနိုင်ငံတိုးတက်တာကြည့်ပြီး၊ရွှေရွှေကိုတအားစိတ်နာမိတယ်။

  • Khin Latt

    March 16, 2012 at 3:44 am

    အစ်မအေး ရယ် လှလိုက်တဲ့ ရှုခင်းလေးတွေ။
    ဆင်ပုံထွင်းတာလေးက လက်ရာမြောက်လိုက်တာ။
    ရေကန်လေး ကလဲ လှတယ်။
    တံတားလေးပေါ်က ခေါင်းလောင်း တွေ ကလဲ အဆန်းဘဲ။
    မြန်မာပြည် ဖက်ကနေ ထိုင်းဖက် ကိုကူးတာ ဗီဇာမလိုဘူးလား။
    ဒီလို မျှပေးတာ ကျေးဇူးပါဘဲ နော်။
    နောက်ပြီး လက္ခဏာ နဲ့ပါတ်သက်ပြီး အသိမျှတာလေးကိုရောပါ။

  • pooch

    March 16, 2012 at 1:14 pm

    အန်တီအေး ရေ ဟိုတခေါက်က လာလည်တာ အချိန်သိပ်မရလို့ ဈေးတွေပဲ လှိမ့်ဝယ်ပြီး ပြန်ခဲ့ရတယ်။ အခါပြီး လာလည်ဖြစ်ရင်တော့ အကုန်ရောက်သလောက် သွားမယ် အား ခဲထားတယ်။ သူတို့ ပန်းဥယျာဉ်က အတော်လေးလှတာနော်။

  • ဒီလိုသာယာတဲ့နေရာလေးတွေရောက်ရင် ဓါတ်ပုံရိုက်လို့လက်ဆော့ချင်စိတ်က ကြွလာပြန်ရော။
    လောလောဆယ် မန်းလေးက ဘယ်မှခွာလို့မရတော့ ရသေ့စိတ်ဖြေ ကိုယ်အနားရှိတာလေးတွေကိုဘဲ
    လှည့်ပတ်ရိုက်နေတာပေါ့ဗျာ။

Leave a Reply