စည်းကမ်းနှင့်မြန်မာ(၂)

ComputerMarch 14, 20121min823

ရုံးကအပြန် တာမွေမီးပွိုင့်ရောက်ရင် မီးပွိုင့်မီးနီနေလည်းစောင့်စရာမလို ကွေ့ကြောကနေကွေ့ပြီး နား၊နှာခေါင်း၊ လည်ချောင်းဆေးရုံလမ်းအတိုင်းကျောက်မြောင်း အိမ်ကိုရောက်ချင်စောဖြစ်နေတဲ့ကျွန်တော်ဟာပိတ်ဆို့နေတဲ့ကားတွေကြောင့်
နေ့စဉ်အိမ်အရောက်နောက်ကျခဲ့ရပါတယ် ။ဒီတစ်ခါကတော့မီးနီကြောင့် ကားကြောကြပ်လို့ပိတ်တာမဟုတ်ပဲ စည်းကမ်းမဲ့စွာ တစ်ဖက်ယာဉ်ကြောရှေ့ပိတ်ရပ်နေတဲ့ ပါရမီ(၁၇၄)လိုင်းကားကြောင့်ဖြစ်နေတာကိုတွေ့ရပါတယ်။
စည်းကမ်းမဲ့လှတဲ့မြန်မာလူမျိုးတွေများလှချေလား။ ပါးစပ်ကနေဒီမိုကရေစီ၊ဒီမိုကရေစီအော်အော်နေပြီး မိမိလုပ်ချင် သလိုလုပ်တဲ့လွတ်လပ်ခွင့်ကြောင့် တစ်ခြားလူတွေရဲ့ လွတ်လပ်ခွင့်ဆုံးရှုံးသွားရပြီဆိုတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရကို ဖျက်ဆီး နေသူတွေပါလား။
ဗိုလ်ချုပ်အောင်ဆန်းကိုအမှန်တကယ်စိတ်ထဲမှာ ထာဝစဉ်အမှတ်ရနေပါသလား။ ဗိုလ်ချုပ်ရဲ့သမီးဒေါ်စုကိုကော အမှန်တကယ်လေးစားနေကြတာလာ်း။ ဒါဆိုရင်ဒီမိုကရေစီလိုချင်တယ် ဆိုတဲ့သူတွေဘယ်လိုနေထိုင်ဖို့စဉ်းစားထားကြပါသလဲ။

3 comments

  • htoosan

    March 14, 2012 at 11:22 pm

    ယာဉ်ကြောပိတ်ပြီး ခပ်တည်တည် ဂရုမစိုက်ရပ်နေလေ့ရှိတာ ဘတ်စကားနဲံ တက်စီတွေ အများဆုံး။
    အားလုံးကျော်တက်ပြီး သူများရှေ့ဝင်ပိတ်ရပ်ပြီဆို ကြည့်လိုက် ။ သံရုံးကားနဲ့ အဖွဲ့အစည်းတွေကား။ ပြီး မှန်မဲကပ်ကား။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 14, 2012 at 11:27 pm

    အဆင်ပြေသွားမှာပါ အမောင် ကာပြွန်တူ ရယ် ။ တဖြေးဖြေးတော့ မွေးယူရပေမပေါ့ ။
    သများကို လိုက်ပြောတာထက် ကျုပ်လဲ ကျုပ်ကို ကျုပ် ဆင်ခြင်နေရသကွယ့်။
    ဒါပေမဲ့လဲ သတိလစ်တဲ့ အခါမျိုးမှာ ကွမ်းကို ဗြစ်ကနဲ ထွေးမိတယ် ။
    ဆင်ခြင်ရမှာပ အမောင် ကာပြွန်တူ ။

  • kyeemite

    March 15, 2012 at 9:18 am

    နိစ္စဓူဝတွေ့နေရတဲ့ ပြသနာပေါ့ဗျာ…
    တန်ဘိုးရှိတဲ့အချိန်တွေ လမ်းပေါ်မှာ
    ကုန်နေကြရတာ စည်းကမ်းမဲ့မှု့ကြောင့်
    အဓိကပေါ့..ဘုရင့်နောင်လမ်းကအဆိုးဆုံးဘဲ..
    ကျုပ်လည်းဘုရင့်နောင်လမ်းအတိုင်း နေ့စဉ်
    အလုပ်သွားပြန်လုပ်နေရတော့..နေ့တိုင်းဒေါသတွေထွက်နေရတယ်..
    တံတားတွေဆောက်ပီးသွားရင်တော့ ပိုကောင်းလာမယ်ထင်မိတယ်..

Leave a Reply