“ ဆယ်ပုဒ်မြောက်၊ နှုတ်ဆက်ပြီ နဲ့ သူကြီးအိမ်မှ ထိပ်တုံး ”

Swal Taw YwetMarch 15, 20121min26624

ဒီပို့စ်လေးဟာ ကျနော့်ရဲ့ ဆယ်ပုဒ်မြောက် ပို့စ်လေးပါ။

စာဖတ်သူအဖြစ်သာ ပြန်ဆင်းနေတော့မှာမို့ ကြိုတင်လက်ပြ နှုတ်ဆက်တာပါနော…

မန္တလေးဂေဇက်ရွာကြီးမှာ ရင်ဘတ်နဲ့ရေး၊ ရင်ဘတ်နဲ့ ဖတ်ကြတဲ့ တန်ဖိုးရှိတဲ့ ပို့စ်တွေ Comment တွေဖတ်ရင်းက ရင်ချင်းငြိပြီး မန္တလေးသားကျနော် ဝင်ရေးဖြစ်ခဲ့တာပါခင်ဗျ။ ရွာသားပေါ့လေ..

ဒါပေမယ့် ရွာထဲမှာ မျက်နှာပူစရာ လေထိုးလေလျော်သမားတွေကို တွေ့တွေ့နေရတော့ ရွာ့ကိုယ်စား ရင်နာမိလို့ ဒီနှုတ်ဆက်စာစုလေး ရေးဖြစ်သွားတာပါ။

ကျနော် ပို့စ်တစ်ခုကို ဒီလိုခေါင်းစဉ်တပ်မယ်ဗျာ..

 

“ဒေါ်အောင်ဆန်းစုကြည်အိပ်မက်”

(Hot Item မို့ လူတိုင်းလိုလို ဝင်ဖတ်ကြမှာသေချာတယ်)

စာသားကို ဒီလိုလေးဘဲ ရေးပေးမယ်…

 

အောင်မလေးဗျ (ဂျပိုးကိုက်တယ်)

ဆန်းစသော်တာ (လဆန်းရက်)

စု မြင်လိုက်ရ (?)

ကြည်နူးစရာ (?)

အိပ်မပျော်တဲ့ည (ကော်ဖီခါးခါးသောက်ထားလို့)

မက်မက်စက်စက်ကို လှနေပါပကော…. ။ ။

 

ကဲ.. …..

ဘယ်လိုခံစားလိုက်ရသလဲဟင်?

ကိုးနတ်ရှင် မျက်နှာသာပေး မှာ လေးကို တမေ့တမောစောင့်ပြီး မျှော်လင့်တကြီး ဝင်ဖတ်မိတဲ့ စာဖတ်သူ မျက်နှာကို ဖြတ်ရိုက်လိုက်တာမျိုး ဖြစ်သွားပြီဟုတ်?

ဒီရွာထဲမှာ အဲဒီ့လိုရေးတဲ့သူတွေ ရှိနေတာ ရွာ “ နာ ” တယ်လို့ ခံစားနေရလို့ပါခင်ဗျာ ။

ကျနော့်ခံစားချက်မမှားဘူးထင်လို့ သူကြီးအိမ် မှာ အဲဒီ့လိုလူတွေအတွက် ထိပ်တုံးတစ်ခုလောက် ရွာသူရွာသားတွေနဲ့ ဝိုင်းပြီးဆောက်ပေးခဲ့ချင်လို့ပါ။

ဒီမိုကရေစီကျင့်စဉ်တွေ ကျင့်သုံးတတ်အောင် ဒီဂေဇက်ရွာကြီး တည်ပေးထားပြီး အလေ့အထ ရစေတဲ့ သူကြီးကို

“ Poll လေးတစ်ခု အရင် လုပ်ပေးဖို့ တောင်းဆိုချက်ပါခင်ဗျ။

ရွာသူရွာသားတစ်ယောက်ဟာ ကလောင်တစ်ချောင်းပိုင်တာမို့ သူရေးချင်ရာ ရေးခွင့်ရှိပါတယ်။ ကြိုက်သလိုရေးပါ သူ့အိမ်မှာ

ဒါပေမယ့် ရွာရဲ့ မျက်နှာစာပေါ်တက်လာပြီဆိုရင်တော့ ကျန်တဲ့ရွာသူရွာသားတွေနဲ့ ပတ်သက်လာပါပြီ၊ ထိန်းသိမ်းသင့်ပါပြီခင်ဗျ။

အဲဒီ့ကလောင်ပိုင်ရှင်ရဲ့ ဗီဇ စရိုက်အရ မူးတိုင်းအော်ဆဲနေရင် ( ရွာလမ်းမပေါ် ဟို …ဒါရိုက်တာကြီးလိုရောက်လာရင်) ဘာလုပ်ကြမလဲဆိုတဲ့ point of view ကနေ ကြည့်ချင်ပါတယ်။

နိုင်ငံကြီးသားပြီသအောင် ပြန်မဆဲသင့်ဘူးဆိုတာ လက်ခံပေမယ့် နားမခံသာတဲ့ ရွာသူရွာသားတချို့က ပြန်ဆဲချင်ကြမှာဘဲ။ (တကယ်လည်း ပြန်ဆဲကြလို့ သူကြီးတောင် မောင်းထုပြီး ဟန့်  ထားခဲ့ရတယ်.. ဟုတ်?)

MG ရွာကြီးထဲမှာ ရွာသူရွာသားတွေသာမက တစ်ခြားက ဧည့်သည်တွေပါ လာရောက်လည်ပတ် လေ့လာနေကြတာမို့ အပြင်လူတွေရှေ့မှာ မျက်နှာပူနေရတဲ့ ရွာသားတစ်ယောက်ရဲ့ စိတ်ကူးလေးပါခင်ဗျ။

အဲဒီ့လို ရမ်းကားတတ်တဲ့သူကို ထိပ်တုံးခတ်ပေးစေချင်ပါတယ်။ ကျနော့်စိတ်ကူးလေးက ဒီလိုပါ။

19.12.2011 နေ့စွဲနဲ့ ဆရာသစ်မင်းတင်ထားခဲ့တဲ့  ရွာကို ကောင်းအောင်တည် ကြည့်ကြစို့ ပို့စ် ကို ဝိုင်းဝန်းဆွေးနွေးကြတဲ့ comment တွေမှာကတည်းက Thumb Up/Thumb Down နဲ့ လုပ်မလား?  Green/Red နဲ့လုပ်မလား ဆိုပြီး ဆွေးနွေးခဲ့ကြတယ်နော်။  အဲဒီ့လက်မလေး တွေနဲ့ အနီအစိမ်းတွေက မည်သူမဆို (ဝင်ဖတ်သူတိုင်း) နှိပ်ခွင့် ပြောင်းခွင့်ရှိနေလို့ Reliable မဖြစ်ဘူးဆိုပြီး ရပ်သွားခဲ့ရတာ။

ကဲ တစ်ယောက်ယောက်က Member တစ်ယောက်(ဥပမာ စွယ်တော်ရွက်) ဟာ ရွာထဲမှာ အနှောင့်အယှက် ပေးနေသူပါဆိုပြီး

ဗျိုးဟစ်တဲ့ ပို့စ်တစ်ခု တင်ပေးမယ်ဗျာ၊

အချက်အလက်စုံစုံ၊ ထောက်ပြကွက်စုံစုံနဲ့ ပို့စ်ခေါင်းစဉ်ရှေ့မှာပါ “Code Yellow” လို့ပြထားရင် သူကြီးက ၂ ရက်(သို့) ၃ ရက်လောက် sticky ပေးပေးပါ။ အဲဒီ့ ၂ ရက်အတွင်း ထောက်ခံ comment ၂ဝ  လောက်ရလာလျှင်

sticky ဆက်ထားပေးပါ ။

ထောက်ခံ comment ၂ဝ လောက်မှ မရရင် အဲဒီ့အဆိုကို sticky ဖြုတ်ပေးလိုက်ပါ

သူ့ဖာသာ ဆက်မျောသွားပါစေလေ…

 

အဲဒီ့ ၂ ရက်(သို့) ၃ ရက် အတွင်း ကန့်ကွက် comment ၂ဝ  လောက်ရသွားရင်တော့ post တင်သူ post ပိုင်ရှင်ကိုပြန်လည် အရေးယူပေးတော့နော်။

(ထောက်ခံ/ကန့်ကွက် ကို comment တွေနဲ့သာ ပေါ်တင်ပေးရမှာဖြစ်လို့ ရွာသူ၊ ရွာသားတွေသာ လုပ်နိုင်မယ့်ကိစ္စဖြစ်သွားပါပြီ) အဆိုတင်ထားတဲ့အတိုင်း ထောက်ခံတဲ့ comment တွေ ၅၀ ခုလောက် သွားရင် အဲဒီ့ “  အနှောင့်အယှက် ပေးသ ူ” ဆိုတာသေချာသွားပါပြီ။ အဲဒီ့သူကို တစ်လ (သို့) နှစ်လ  Block လုပ်ထားလိုက်စေချင်တယ်။

(အများညှိပြိး ဥပဒေဆွဲကြရအောင်၊ သူကြီးကို တာဝန်မပိစေလိုပါ)

(ကျနော့်သဘောကတော့ တစ်ခါတည်း အပြီးပိတ်ပစ်လိုက်စေချင်တော့တာ အဲဒီ့သူ တခြား Account အသစ်နဲ့  ဝင်ရေးနိုင်သေးတာပဲလေ။ လောလောဆယ်တော့ ရွာ့အော့ကြောလန် မန်ဘာတစ်ယောက်ကြောင့် စိတ်ဒုက္ခရောက်ရတာတွေ ကင်းသွားမှာ အမှန်ဘဲ)

ရွာသူ၊ ရွာသားများလည်း ဝိုင်းပြီး အကြံပေးကြပါဦး။

သူကြီးရဲ့ နှစ်လုံးပြူး ပန်းထိမ်မှာ ပြင်နေတုံးလေး ရွာထဲမှာ ရမ်းကားသူမရှိရအောင် ထိပ်တုံးလေးတော့ လုပ်ပေးထားချင်လို့ပါ။

ရွာကြီး သာယာသည်ထက်သာယာ၊ စည်ကားသည်ထက်စည်ကား အောင်လို့ ရွာရဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက် ရွာသူ၊ ရွာသားအားလုံး  ဝိုင်းကြရအောင်ဗျို့၊

အရေအတွက် အကန့်အသတ်အတွက်  Poll လေးဘဲ အရင်လုပ်ပေးပါလား သူကြီးရေ။ ၂ဝ လား? ၅ဝ လား? ၁၀ဝ ရရင်လား?

အင်း.. … ပြောသာပြောနေရတာ…

ပန်းသီးပဲသုံးတယ်ဆိုတဲ့ သူကြီးသမီးကို မြင်ရနိုးနိုးနဲ့ ရွာကာလသားတွေများ အကြိုက်တွေ့သွားမလားဘဲ? ……….

ထိပ်တုံးအခတ်ခံထားရသူကို  သူကြီးအိမ်ကဘဲ တာဝန်ယူပြီးကျွေးထားမယ်ဆို သူကြီးစားသလို ကိုဘေးအမဲသားကင်နဲ့ …… အဟီး…..

ကျနော် လေးစားရတဲ့၊ ခင်တွယ်ရတဲ့၊ မမြင်ဘူးသေးတဲ့ မန္တလေးဂေဇက်က ရွာသူ၊ရွာသားတွေကို တကယ်နှုတ်ဆက်ပါတယ်နော်။ မေလလယ်လောက်ဆို အမိမြေကို ပြန်ရောက်ပါမယ်။

၂၀၀ဝ အုပ်စုမှာ လုပ်အားအလှူပြုဖို့ စီစဉ်နေပါတယ်။ ကြိုကြား၊ ကြိုကြား comment လေးတွေတော့ ပေးခွင့်ပြုပါ။ ကမ္ဘာ့ကျန်းမာရေးနေ့ ရောက်ရင်သာ…

 

With respect,

Swal Taw Ywet.

24 comments

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 15, 2012 at 1:05 am

    ရော် ဒီလူတော့ ခက်ခြင်း ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနေပြန် ပါပကောလား ။
    လူလေး Swal Taw Ywet ရဲ့ ခံစားချက်ကို နားလည်ပါရဲ့ ။
    သို့သော် —–
    လူလေး သိသင့်သိထိုက်သင့်တာက ကြယ် ၂ ပွင့် ဖြစ်အောင် ပို့စ် ကောင်းကောင်း
    များများ တင်သာတင်ပါလေ ။
    ဆြာဂီး ဖစ်အောင်လုပ်ပါလေ ။ အဲ့သဟာ ဆိုရင်ဖြင့် လူလေး စိတ်ထဲရှိရာကို
    ကိုကြောင်ကြီး အသို့ငှာ အာဏာ သိမ်းပြီး သကာလ စိတ်ထဲရှိရာ
    စည်းကမ်း ချက်များကို ထုတ်ပါလေ ။
    ယ္ခု သော်ကား သဂျီး ကိုယ်တိုင် အိပ်ပျော်စားဝင် မိန့်မိန့်ကြီး အခွင့်ပေးထား
    ပါသဖြင့် အနှီ ကိစ္စမျိုးကို မည်သို့မျှ မစဉ်းစား မတွေးခေါ်ပါလင့် အမောင်လူလေး ။
    စဉ်းစားပါက အနီရောင် ပန်းခင်းလမ်းသို့ ဆူးနင်းပြီး ဆက်လျှောက်ရမည်သာတည်း။

  • Khin Latt

    March 15, 2012 at 5:58 am

    နေရာတိုင်း မှာလူစုံပေါ့ စွယ်တော်ရွက်ရေ။
    ဒါကြောင့် လုံးနေတဲ့ ကမ္ဘာ အပေါ်မှာ Balance ဖြစ်အောင် နေနိုင်ကြတာလို့ တွေးလိုက်ပါ။ 😉
    စိတ်ထဲ မထားပါနဲ့။
    နှုတ်လဲ မဆက်ပါနဲ့ဦး။
    ပန်းတိုင် မရောက်သေးပါဘူး ဟေ့။
    တို့တွေ အင်အား လိုပါတယ်။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      March 23, 2012 at 5:22 pm

      ဟား အရီးလတ် သုံးလုံးတောင်ဖြစ်သွားပြီ ကွန်ဂရက်ကျူလေးရှင်ပါ ဒါပေမယ့်သဂျီးက အဲဒီ့အလုံး
      တွေရဲ့တန်ဖိုးကိုမရှင်းပြရသေးဘူးနော် ။ ကျွန်တော်ပဲမတွေ့လို့လားမသိ။ အရီးလတ်ရာထူးတိုး
      မြန်တယ်နော် အလုပ်ကြိုးစားတဲ့သူဖြစ်လေတော့။

  • အားပေးသူ

    March 15, 2012 at 6:46 am

    ဟုတ်ကပြီ စွယ်တော်ရွက်ဆိုတာ ဘသူများပါလိမ့် သိသလိုလို ……
    ဘယ်သူပဲ ဖြစ်ဖြစ်ပါလေ နှုတ်ဆက်ခွဲခွါ မလုပ်စေလိုပါ …
    ကိုယ့်ရဲ့ အတိုင်းအတာတခု အထိ လွတ်လပ်ခွင့်နဲ့ အတူ လွတ်လပ်စွာနေထိုင်
    ကျင့်သုံး စေလိုပါတယ် …
    ကတိကဝတ်ပြုပါတယ် .. အမြဲ အားပေးနေမှာပါ …

  • weiwei

    March 15, 2012 at 9:35 am

    အနှောင့်အယှက်ပေးသူရှိနေခဲ့ရင်တောင်မှ သူဟာသူနေ ကိုယ့်ဟာကိုယ်နေကြတာပေါ့ …
    စိတ်ထဲမထားပါနဲ့ …

  • kyeemite

    March 15, 2012 at 9:59 am

    သူငယ်ချင်းကိုစွယ်တော်ရွက်ခင်ဗျား..
    ရွာဆိုတာ လူစုံရှိတာပေါ့ဗျာ..ရွာဦးကျောင်းဆရာတော်ကစလို့
    သူကြီး..ကျောင်းဆရာ..လူမိုက်..အရက်သမား..အရူး..
    စသဖြင့် လူစုံပါဘဲ..တူရာတူရာပေါင်းဘက်ကြတယ်..
    မတူတာတွေနဲ့ခပ်ကင်းကင်းနေကြတယ်…
    အဲသိပ်ဆိုးလွန်းရင်တော့..ကျုပ်တို့သူကြီးကမနေပါဘူးဗျ..
    ထိတ်တုံးခတ်ရုံမဟုတ်ဘူး ရွာကပါမောင်းထုတ်ပစ်တာပါ..
    စိတ်ရှည်ရှည်ထားပီး စာကောင်းပေကောင်းလေးတွေရေးပါအုံးဗျာ..
    ကြုံလို့ပြောရအုံးမဗျို့…ကျုပ်လည်းခင်ဗျားလို“တူးဆန်တာ”
    ထွက်ပါဗျာ..ကိုပေါက်ရဲ့ပို့စ်တစ်ခုမှာမန့်ကြရင်းသိလိုက်တာပါ..
    မေလလယ်လောက်ပြည်တော်ပြန်မယ်ဆိုလို့..ရောက်ရင်တွေ့
    ချင်ပါတယ်..ကျုပ်ကိုဆက်သွယ်ပါဗျာ..(HP.၀၉၇၃၁၁၇၉၂၃/Res:၀၁-၅၁၂၅၃၅)
    ရွာကထွက်မပြေးပါနဲ့အုန်းလို့ထပ်ပြောပါရစေဗျာ..
    ခင်မင်ရင်းနှီးစွာဖြင့်..
    ကြီးမိုက်။

    • ခပ် KING ကင်း

      March 15, 2012 at 8:12 pm

      ကိုကြီးမိုက်ရေ
      ကျွန်တော်က မိုးယံရွှေလမင်းနဲ့ မြတ်ဆုကဋေထီဆိုင်ကပါ
      Q@$@%^#^$&B @%R@^&#
      Q@$@%^#^$&B @%R@^&#
      Q@$@%^#^$&B @%R@^&#
      Q@$@%^#^$&B @%R@^&#
      ………………………. 😆

    • ချယ်ပဲ …
      ကြီးမိုက် ဖုန်းနံပါတ်တော့ ရပြီ …
      ချော်လေးယောင် ဆောင်ပြီး လှမ်းကလိဦးမှ …
      ရဟူး …….. 😀 😀
      သတိသာ ထားပေပေါ့ မိကြီးမိုက်ရေ … 😀

    • Swal Taw Ywet

      March 23, 2012 at 11:43 am

      Dear Brother, Ko Kyee Mite,
      Yes, sure, I will contact you when I arrive back to Yangon
      may be ( Second week of May, 2012 ).
      By the way, where did you live in No 2 CWS ( BEME )?
      We lived in Line No ( 50 ), ( A ) Company.

      Wishing for you to be in good health and good wealth.
      With respect,
      Swal Taw Ywet.

  • blackchaw

    March 15, 2012 at 11:16 am

    ကိုစွယ်တော်ရွက်ရေ။
    လားရှိုးသိန်းအောင် သီချင်းလေးနဲ့ မန့်မယ်ဗျာ။

    ပျော်လို့မဆုံး ပြုံးလို့မဝသေးတဲ့ ဒီအချိန်ဝယ်
    တစ်ရပ်တစ်ကျေးနယ် အဝေးရယ် သူသွားမယ် ရုတ်တရက်ကွယ်
    မခွဲစဖူးခဲရက်သူဘယ်လိုပင်ကွယ် ဟန်ဆောင်ပါလဲမလွယ်
    တစ်ယောက်ကိုတစ်ယောက်က နှုတ်ဆက်ကာသာရည်ရွယ်
    အသည်းထဲမှာ နာကျင်တယ် အချစ်ဆုံး ရယ် နှုတ်ဆက်ရင် ငိုချင်တယ်…

    ဆိုလိုချင်တာကတော့ နှုတ်မဆက်နဲ့ ငိုချင်တယ် ပေါ့ဗျာ။
    သူလည်း ရေးချင်ရာရေးပေါ့ဗျာ။ စိတ်ဝင်စားရင် ကွန်းမန့်ဝင်ရေးလိုက်ပေါ့။
    ကိုယ်လည်း ရေးချင်ရာ ရေးပေါ့။ စိတ်ဝင်စားတဲ့သူ ကွန်းမန့်ဝင်ရေးမှာပေါ့။
    အီးဇီး …ပါ ဆရာ အီးဇီး…ပါ။
    :mrgreen:

  • Mon Kit

    March 15, 2012 at 11:59 am

    နှုတ်ဆက် လမ်းခွဲရက် သူရေ…….. 😀

  • kaung kin pyar

    March 15, 2012 at 12:50 pm

    ဒဂယ်ဂျီး ထားသွားရက်တယ်လား…..???

  • kyeemite

    March 15, 2012 at 1:36 pm

    ကိုယ့်ထွက်စာ ကိုယ်ပြန်ရုတ်သိမ်းအုံးနော်..ဒါဘဲ..ဟိုဟာကြက်။

  • ahnyartamar

    March 15, 2012 at 2:47 pm

    ဟုတ်တယ်ဗျို့ ကိုစွယ်တော်ရွက်ရေ……..
    တကယ်ကိုအပြုသဘောဆောင်တဲ့ပို့စ်ပါ။ပို့စ်တိုင်းကိုဖတ်ဖြစ်ပါတယ်။ ဒါပေမဲ့ တချိုပို့စ်တွေ၊ comment တွေကကိုစွယ်တော်ရွက်ပြောသလိုပါဘဲ………..ရွာ”နာ” တယ်လို့ခံစားရပါတယ်။ ဒါပေမဲ့ဗျာ လက်ပြနှုတ်ဆက်ဖို့မကြိုးစားပါနဲ့အုံး နေရာတိုင်းမှာအမြင်မတူနိုင်ကြတာမို့ ခွင့်လွှတ်လိုက်ပါဗျာ။
    ကိုဘလက်ချောပြောသလိုပါဘဲ “သူလည်း ရေးချင်ရာရေးပေါ့ဗျာ။ စိတ်ဝင်စားရင် ကွန်းမန့်ဝင်ရေးလိုက်ပေါ့။ ကိုယ်လည်း ရေးချင်ရာ ရေးပေါ့။ စိတ်ဝင်စားတဲ့သူ ကွန်းမန့်ဝင်ရေးမှာပေါ့။”

  • MaMa

    March 15, 2012 at 4:13 pm

    စွယ်တော်ရွက်ရေ-
    မတူရင် မတုနဲ့လို့ ဆိုကြတယ် မဟုတ်လား။
    ကိုယ်နဲ့ မတူတဲ့ သူတွေကို ဥပက္ခာပြုလိုုက်ပါ။
    ကျန်တဲ့ ခင်မင်နှစ်လိုဖွယ်ရာ ရွာသူားတွေရဲ့ မျက်နှာကို ထောက်ထားပြီး
    ရွာကိုတော့ လက်ပြပြီး မနှုတ်ဆက်ပါနဲ့ဦး။ 🙁

  • Moe Z

    March 15, 2012 at 4:31 pm

    မမစွယ်တော်ရွက်ရေ ရွာတွေမှာ ရွာနာတယ်လို့ယူဆတဲ့အိမ်ကို ခဲနဲ့ဝိုင်းထုကြတယ်ဟုတ်
    ဒီမှာလည်း အလားတူ အနီတွေပေးကြ ဝိုင်းပြောကြသားပဲ
    အဲ .. ကျနော့်အိမ်ကိုတော့ လာမထုနဲ့နော် pls; :mrgreen:
    ထိပ်တုံးကိစ္စကတော့ ဒီမိုသဂျီးပါဆို 😐
    နှုတ်မဆက်ပါနဲ့ဦး အင်း .. ပြောမယ့်သာပြောရတာ
    ဘာမှမပြောပဲ တိတ်တိတ်လေးပျောက်သွားတဲ့သူတွေလည်း အများသား

  • snow white

    March 15, 2012 at 6:18 pm

    ဘာဘဲပြောပြောရွာထဲကို စရောက်တာ ၁လမပြည့်သေးပါဘူး ကိုကိုမမတွေနဲ့ပြောရတာ တကယ်ကိုစိတ်ပျော်ရွှင်ပါတယ် ရွာထဲကဘယ်တော့မှမထွက်ဘူး ရွာကကိုကိုမမ ညီမမောင်လေးတွေနဲ့ ခင်ခင်မင်မင် နေမယ် ဘယ်တော့အနီမပေးဘူးလို့လည်းဆုုံးဖြတ်ထားတယ်

  • ကျနော်ကတော့ …
    ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ..
    ဒီရွာကြီးရဲ့ ပျော်တော်ဆက် သာသာ အဆင့်ပါ …
    အမြင့်ပိုင်းတွေကို တွေးလည်း မတွေးတတ်၊ ရေးလည်း မရေးတတ်သလို၊ ဖတ်လည်း မဖတ်တတ်၊ မန့်လည်း မမန့်တတ်ပါဘူး … ။ သို့ပေသိ ကြိုးစားဆဲ ပေါ့ …။
    ဒါကြောင့် တစ်လုံးတည်း ပြောရရင် …
    “အတိုဂျီးရယ် များတို့ကို ခွဲသွားပါနဲ့နော် ” .. လို့ …. 😀

    ဘာမှလည်း ဆိုင်ဘူးနော် … အဟီး .. 😀
    အို … ဆိုင်ဆိုင် မဆိုင်ဆိုင် ဘာဖစ်လဲ …
    မန့်ချင်လွန်းလို့ မန့်တာ ..
    မကျေနပ် အသေသာ သတ်လိုက်တော့ …
    ဒါဗြဲ ………. 😀 😀

  • water-melon

    March 16, 2012 at 7:45 am

    ကိုစွယ်တော်ရွက်ရေ
    ကျွန်တော်ကတော့ ဘာမှနားလည်တဲ့သူတစ်ယောက်ပါဗျာ
    ဒီလိုဘဲ ရွာထဲမှာနေပါများတော့ ပျော်ပျော်နေတတ်သွားတယ်
    အခုဆို စိန်ပေါက်ပေါက်တို့ အံဇာတို့ ကြီးမိုက်တို့ဆို ကျွန်တော်ရဲ့ အချစ်ဆုုံး သူငယ်ချင်းတွေဗျ ( အပြင်မှာတော့ ကျွန်တော်ထက်အသက်ကြီးကြမယ်ထင်တယ်)
    ရွာထဲမှာတော့ သူငယ်ချင်းပေါင်းပေါင်းနေကြတာ 😀

    မကြာမကြာ လာလည်ပါအုုန်းဗျာ ( စိန်ပေါက်စကား)
    အနည်းနဲ့အများတော့ မကောင်းတဲ့သူဆိုတာရှိစမြဲပါ
    စိတ်ထဲမထားပါနဲ့အကို
    အကိုစွယ်တော် ပျော်ရွှင်နိုင်ပါစေ
    ခင်တဲ့ဖရဲ ( အခြောက်ဥက္ကထ)

  • Gipsy

    March 16, 2012 at 10:19 am

    စိတ်ကူး နဲ့ လက်တွေ့ တစ်ထပ်တည်း မကျတဲ့အခါ နာကျင်အောင် ခံစားတတ်ကြ
    ရပါတယ်…၊ အဲဒီ နာကျင်မှုက ကိုယ့်ကိုကိုယ် အလဲထိုးတော့မှာ ….၊
    မှတ်သင့်တာကို မှတ်၊ မေ့သင့်တာကိုမှတ်ပြီး ပြုပြင်ပြောင်းလဲ သင့်တာကို ပြောင်းလဲ
    ပစ် နိုင်ရင် အကောင်းဆုံးလို့ ထင်မိတယ်..။
    အရေးအကြီးဆုံးကတော့ ကိစ္စတစ်ချို့ကို ကိုယ်က မထိန်းချုပ်နိုင်ရင် အကောင်းဆုံးက ကိုယ့်ကိုယ်ကို အရင်ထိန်းချုပ် နိုင်ဖို့ လိုတယ်ထင်တာပါပဲဗျာ…။။

  • kyeemite

    March 16, 2012 at 11:40 am

    ဖြဲသီးမ..မိအံဇာ..မိစိန်ပေါက်..
    ခုတော့နင်တို့ ငါ့ဖုန်းသိပီနော်..
    ငွေမနှမြောရင်ဆက်ကြပေတော့..
    ခေါ်ခသက်သာအောင်ဆိုပီး
    ညနက်သန်းခေါင်တော့မနှိပ်စက်ကြနဲ့နော်
    ငါကမနက်အစောကြီး အကြော်ဆိုင်ထွက်ရသေးတာအေ့..

  • yaungchikha

    March 16, 2012 at 1:16 pm

    ကိုစွယ်တော်ရွက်ရေ… ပို့စ်တွေကို ကွန်းမန့်မပေးဖြစ်ပေမယ့် ဖတ်ဖြစ်ပါတယ်၊ ဆက်ရေးပါဦး အားပေးနေပါတယ်.. အနီတွေကိုတော့ စိတ်ထဲမထားပါနဲ့ မတူတဲ့ အမြင်တွေလို့ပဲ တွေးပေးလိုက်ပါ.. 🙂

  • kyeemite

    March 23, 2012 at 4:21 pm

    ကိုစွယ်တော်ရွက်ဒီပို့ကိုဝင်ဖတ်သေးရင်တွေ့မှာပါ..
    ကျွန်တော်က တိုက်လိုင်းနံပါတ် (၄၈)မှာနေခဲ့တာပါ
    ၁၉၇၄ကနေ၁၉၇၉ထိလောက်ပါ..ပြီးတော့မှ
    ရန်ကုန် မင်္ဂလာဒုံက လလစ(၃၅၃)BEME ကိုပြောင်းခဲ့တာ..
    ဘာဘဲဖြစ်ဖြစ် ရန်ကုန်ရောက်ရင်ဆုံကြတာပေါ့..

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 23, 2012 at 5:44 pm

    Dear,Swel Taw
    ကိုစွယ်တော်ရယ် လက်ချောင်းတွေတောင်မညီကြတာ လူတစ်ဦးနဲ့တစ်ဦး စိတ်ဓါတ်ချင်းတူညီဖို့ဆိုတာများ
    ဝေလာဝေးပေါ့ဗျာ လက်မကပုပေမယ့်လက်မကိုဖြတ်လို့မရ အဲလိုပဲလက်သန်းလေးကသိပ်အသုံးမများပါဘူး
    ဆိုပြီး လက်သန်းကိုလည်းဖြတ်ထားလို့မရပါဘူး လောကမှာလူဆိုးလူကောင်းအများကြီးရှိပါတယ်ဗျာ……
    လူမိုက်တွေသိပ်များလို့လူကောင်းတွေက ကိုယ့်ကိုယ်ကိုသတ်သေသွားကြတာမှမဟုတ်တာဗျာ………
    မတစ်ထောင်သားသမီးတွေပဲ စရိုက်အမျိုးမျိုးတော့ရှိမှာပါပဲ ဒါကိုသွားပြီးတွက်ချက်ပြနေရင် ကိုယ်လုုပ်စရာ
    တွေကိုမလုပ်ရဘဲနေတော့မှာပေါ့ဗျာ ကျွန်တော်ကရွာထဲဝင်လာတာနဲ့ကိုစွယ်တော်တို့ကိုနာဂတို့နဲ့အရင်တွေ့
    ခဲ့တာမို့ အစ်ကိုတို့ကိုလေးစားအားကျသူတစ်ဦးပါ အစ်ကိုထွက်မယ်ဆိုတာကိုကျွန်တော်ထောက်ခံခြင်းမပြုပါ
    စာဖတ်သူဖြစ်တာထက် ကိုယ်ရဲ့အတွေ့အကြုံတွေကို စာဖတ်တဲ့သူတွေဆီချပြတယ်ဆိုတာတော်ရုံသတ္တိမျိုးနဲ့
    လုပ်တဲ့အလုပ်တစ်ခုမဟုတ်တာဖြစ်လို့ သတ္တိတွေလျော့မသွားပါစေနဲ့လို ဆုတောင်းဆန္ဒပြုလျက်
    ရှမ်းပြည်သား(တောင်ပိုင်း)

Leave a Reply