ရင်ထဲမှာနွေ

aye.kkMarch 15, 20121min18719

နွေဦးပန်းချီ..
စွဲငြိသည်သို့..
တို့နှစ်ဦးရဲ ့..
လွမ်းတဲ့ပုံရိပ်..
အတိတ်ခြေရာ..
ရော်ရွက်ဝါလို..
နွေမှာကြွေကျ..
မြေခမှန်းသိ..
မချိရင်ထဲ..
ဆွေးပိုကဲခါ..
ကြိုမြဲနွေကို..
မြဲလိုလိုပေ..
တူနေခဏ..
နွေကာလရဲ ့..
အမှတ်တရ..
တို့အလှများ..
နှလုံးသားမှာ..
ခံစားနွေးထွေး..
မွေးဖွားသစ်လွင်..
ကြေးမုံသွင်တည့်..
မြင်ယောင်နေဆဲ..
ရင်ထဲမှာနွေ..
တမ်းတနေတာ…
တိုု့တွေများရဲ ့နွေကိုလေ..။

19 comments

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 15, 2012 at 12:54 am

    မတူညီတဲ့ အလွှာနှစ်ခုနှင့်
    အချစ်တစ်ခု ဖြစ်ပေါ်မှုမှာ
    ကြမ်းတမ်းခြင်း ဘဝလမ်းတွေကြောင့်
    နှလုံးသားခြင်း ရင်းနှီးခဲ့ရင်တောင်
    သည်လမ်းခရီး မလျှောက်သင့်ဘူးထင်ရဲ့
    သတ္တိမဲ့လို့ မဟုတ်ဘူး
    တစ်ခြမ်းထဲရှိတဲ့ အသဲက
    လွမ်းရဲတဲ့ အင်အား မရှိခဲ့တာပါ
    အရှုံးအမြတ်မတွက်ဘဲ အဆုံးအဖြတ်တစ်ခုနှင့်
    နှုတ်ဆက်ကြစို့ ချစ်သူ…
    ပြုံးပြရင်းကျောခိုင်း အတိတ်ရဲ့နေ့တွေကို
    ခပ်ရိုင်းရိုင်းပဲ ငြင်းဆန်ရင်း
    ဝမ်းနည်းမိရင်တောင်
    မငိုတော့ဘူး ချစ်သူ… အဟင့်…ရွှတ်….ဖတ်….။

  • Khin Latt

    March 15, 2012 at 5:19 am

    အစ်မအေး – အပြင်မှာလဲ နွေ ဘဲလေ။
    ချစ်လို့စတာ။ 🙂

  • htet way

    March 15, 2012 at 9:03 am

    ရင်ထဲမှာနွေ…. ပူစေကျွမ်းစေ
    အလွမ်းတွေထဲကြေကွဲခိုင်းသူ

  • ကြောင်ကြီး

    March 15, 2012 at 9:53 am

    ရင်ထဲမှာနွေ
    ထင်ဆဲဗျာဗွေ
    နင်ဘဲညာနေ
    တပင်ထဲညှာဝေ..

  • kaung kin pyar

    March 15, 2012 at 12:34 pm

    ရင်မှာ နွေ
    ခေါင်းမှာ ဗွေ
    ညမှာ ထွေ
    ငါ့မှာ ရေ(ငွေ) မရှိဘူး…..။

  • Mon Kit

    March 15, 2012 at 3:23 pm

    နွေ…
    နွေ…
    နွေ…
    ပူလိုက်တာ နွေရယ်…

  • blackchaw

    March 15, 2012 at 8:20 pm

    အစ်မရေ။
    အားပေးသွားပါတယ် ခင်ဗျာ။
    :mrgreen:

  • a me

    March 15, 2012 at 8:56 pm

    အေမီ ရင်ထဲမှာလည်း နွေရွက်တွေ ကြွေနေတယ်

  • နွေမှာ ကြွေခဲ့ရတဲ့ ရော်ရွက်ဝါ
    ကိုယ့်ရင်မှာ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေတာ
    သူမှ သိပါလေစ …

    အမအေးရေ …
    ကဗျာလေးက ကောင်းတယ်ဗျို့ …။
    လေးလုံးစပ် ကဗျာလေးလို့ ဆိုနိုင်မလားပဲ … နောက်ဆုံးအပိတ် စာကြောင်းက လွဲရင်ပေါ့ …။
    အားပေးသွားတယ်နော့ …။

    ခင်တဲ့ … အံစာတုံး

  • aye.kk

    March 15, 2012 at 10:07 pm

    ဇောက်ထိုးမိုးမျှော်ရေ..
    မငိုပါနဲ့…ချော့ပေးတဲ့သူရှာပေးပါ့မယ်နော်။
    ———————————————-
    မလတ်ရေ..
    အပြင်မှာလည်းနွေ..။
    ရင်ထဲမှာလည်းနွေ..ပါ။။
    ———————————————-
    ကိုကြောင်ကြီး..
    အားပေးတာကျေးကျေးပါ..။
    ———————————————-
    ကောင်းကင်ပြာ….
    ရေအေးအေးလေးပေးပါ့မယ်။
    ———————————————–
    ့het way..
    မျှဝေသလိုဖြစ်သွားလား..။(အားနာမိတယ်)
    ———————————————-
    mon kit…ရေ
    နွေဆိုတာကိုမျှော်မိတယ်။
    ————————————————
    ကိုဘလက်ချောရေ…
    အားပေးတာဝမ်းသာမိပါတယ်၊ကျေးဇူးပါနော်။
    ————————————————-
    အေမီ..နဲ့အဖော်ရသွားပြီ။
    ————————————————–
    ကိုအံစာတုံး..
    အားပေးတာဝမ်းသာမိပါတယ်၊ကျေးဇူးပဲနော်..ပြင်လိုက်ပြီ။

  • aye.kk

    March 15, 2012 at 11:02 pm

    ခပ် KING ကင်းရေ..
    ပျော်စရာတွေက..
    လေရှူးနဲ့အတူလွင့်ပါးပျောက်ကွယ်ပြီး…
    အလွမ်းရော်ရွက်ဝါ…
    ဆွေးစရာတွေကိုပဲ..
    နွေဦးရာသီကချန်ထားခဲ့တယ်..။

  • surmi

    March 15, 2012 at 11:54 pm

    နွေတဲ.လားမေ …
    ပူချင်သလောက်ပူပစေပေါ.
    သူမမြင်သူမသိပေမဲ.
    ရင်ထဲမှာလှိုက်လှိုက်ဆူနေပေါ.
    အပူချင်းပြိုင်ချင်စမ်းပါဘိ
    ဪ ……..ရင်ထဲမှာတော.နေဆယ်စင်း ……။

    (အစ်မအေးရေ ………လွန်ခဲ.တဲ.နှစ် နှစ်ဆယ်ကိုပြန်ခေါ်သွားခဲ.တယ်နော်)

  • kaung kin pyar

    March 16, 2012 at 8:58 am

    အတော်ညီတဲ့ ရွာသူရွာသားတွေ…..။ အု ထားတဲ့ နွေကဗျာတွေလား၊ လက်တန်းတွေလား။ တစ်ခုခုပဲ။ အနုပညာပိုးမသေးမှန်းတော့ ဒီ Post ကြည့်ရုံနဲ့ သိဒယ်..။

    • aye.kk

      March 18, 2012 at 2:50 pm

      kaung kin pyar..
      နှလုံးသားဆိုတဲ့..
      တံခါးပေါက်မှာ…
      ကဗျာတွေခုန်ပေါက်ထွက်ပြေးတယ်..။

  • pooch

    March 16, 2012 at 1:07 pm

    ရင်ထဲမှာလည်း နွေ
    အပြင်မှာလည်း နွေမို့ အရမ်းပူတာပဲ အန်တီအေးရယ်
    ဒါနဲ့ ကျမ အန်တီကို အက်လိုက်ပြီနော်

  • a me

    March 16, 2012 at 1:49 pm

    ရင်ထဲမှာ နွေမဟုတ်ဘူးဗျိူ့ ပတ်ကြားပါအပ်နေပြီ

  • aye.kk

    March 18, 2012 at 2:30 pm

    surmiရေ…
    နွေ..
    ရွက်ဝါကြွေ..
    နှစ်တွေဟောင်း..
    မပြောင်းတာက..ပုံရိပ်တွေ။
    ——————————
    နွေဦး…
    ဥဩလေးတွေအတွက်…
    မရှိမဖြစ်ပါနော်….။။
    ——————————-
    pooch..
    သံယောဇဉ်..
    ဆိုတဲ့နွေကြိုးလေးတွေက..
    ရှည်လျှားရစ်ပတ်ထားတော့ပူနေတာပေါ့နော်..။
    အန်တီလဲပြန်အက်ထားတယ်နော်။။
    ——————————————————
    ဧမီ…..
    ပတ်ကြားအက်ရင်ကုမရနိုင်ပါကွယ်..။

Leave a Reply