အလယ်လမ်းမှန် ကိုရှာဖွေခြင်း…

Ko out of...March 15, 20121min62410

(၁) တခါက အကောင်းမြင်ဝါဒ သမားတစ်ဦးက… သူ့အတွက်ထမင်းဟင်း ချက်ပြုပ်ပေးသော လူငယ်တစ်ဦးက ဆရာ ဒီမနက်တော့ ထမင်းနည်းနည်းပြဲသွားတယ်။ နောက်နေ့မှကောင်းအောင်ကြိုးစားပြီးချက်ပေးပါ့မယ်ဆရာ။ ထိုအခါ အကောင်းမြင်သမား ဆရာကြီးက ရပါတယ် ထမင်းပြဲတော့ ဝါးစား စရာမလိုတော့ဘူးပေါ့ကွာ လို့ပြောလိုက်တယ်။ နောက်တနေ့ကျတော့လည်း ထမင်းက မနူးတနူးခပ်မာမာဖြစ်ပြန်ရော။ ထိုအခါ အကောင်းမြင်သမားဆရာကြီးက ရပါတယ် ထမင်းမာတော့ ကျွတ်ကျွတ် ဝါးစားရတာပေါ့ကွာ လို့ပြန်ပြောသတဲ့။ ဒီလိုဘဲ အကောင်းမြင်သမားဟာ သူတို့စိတ်ကိုဖြေဖျောက်နေကြရင်းနဲ့ ထမင်းကောင်းကိုမစားရဘူးဖြစ်နေတယ်။
ပြောချင်တာ အကောင်းမြင်နဲ့ အဆိုးမြင်တွေဟာ အစွန်းတရားတွေဘဲ…

(၂) နောက်ဥပမာ တခုကတော့ . . . တခါက ဆရာပညာရှိတစ်ဦးနှင့် တပည့်နောက်လိုက် များသည် လေယာဉ်ပျံခရီးစဉ်ဖြင့် ခရီးသွားကြရာ . . ပေသောင်းကျော်အထက်ကောင်းကင်ပေါ်သို့ ရောက်သာအခါ လေယာဉ်သည်ဟန်ချက်မညီဘဲ ဘယ်ဘက် စောင်းနေသည် ထိုအခါ တပည့်နောက်လိုက်များက ဆရာ ဆရာ လေယာဉ် ဘယ်ဘက် ကိုစောင်းနေပြီ ဘယ်လိုလုပ်ရမလဲလို့မေးလိုက်တယ်။ ထိုအခါ ဆရာက ဘယ်ဘက်စောင်းရင် ညာဘက်မှာနေ ပေါ့ကွာဆိုပြီးပြောလိုက်သတဲ့။ ဒီလိုနဲ့ ခရီးဆက်သွားရာ တနေရာတွင် လေယာဉ်သည် ညာဘက် သို့စောင်းပြန်၏။ ထိုအခါ ခရီးသည် နောက်လိုက်များက ညာဘက်ကိုစောင်းပြန်ပြီ ဆရာကြီး ဘယ်လို လုပ်ရမလဲ လို့မေးပြန်တယ်။ ထိုအခါ ဆရားကြီးက ညာဘက်စောင်းရင် ဘယ်ဘက်မှာ ပြန်နေဆို ပြီးပြောလိုက်တယ်။ ဒီလို ဘယ်ညာ ဘယ်ညာနဲ့ ခရီးဆက်ရာ တနေရာအရောက်တွင် နောက်လိုက်တပည့် များက ဆရာ ဆရာ ဒီတခါတော့ ဘယ်ညာ ဘယ်ညာ မဟုတ်တော့ဘူးဆရာ လေယာဉ်ပျံဦးခေါင်းက အောက်ကို ထိုးဆိုက်နေပြီဆရာ ဘယ်လိုလုပ်ရမလဲဆိုပြီး မေးလိုက်တယ်။ ထိုအခါဆရာက ဒီတခါတော့ ဆရာလည်မတတ်နိုင်တော့ဘူး မင်းတို့ ကြိုက်တဲ့ ဆုသာတောင်းကြပေတော့ လို့ပြောလိုက်သတဲ့. . .

ပြောချင်တာက ဘယ်ညာ ဘယ်ညာ၊လက်ဝဲ လက်ယာ၊အကောင်းမြင်၊အဆိုးမြင် တွေဆိုတာ အစွန်းတရားတွေဘဲ။ လောကမှာ ဘယ်ညာ ဘယ်ညာ အစွန်းတရားတွေသာ ညွှန်ပြတတ်ပြီး ပန်းတိုင်ရောက်အောင်ညွှန်ပြတတ်တဲ့ ဆရာအန်မတန်ရှားပါတယ်။

ယခုလေယာဉ်ခရီးစဉ်ဘဲကြည့်လေ ဆရာကိုယ်တိုင်လည်း ပန်းတိုင်မရောက်ဘဲ တပည့်နဲ့အတူသေသွားတယ် မဟုတ်လား။ ကျွန်တော်တို့ ကတော့ စောဒကတက်ချင်တက်မှာပေါ့။ သေတာတော့ ဆရာလည်း အကုသိုလ်ဝဋ်ကြွေးတူလို့ပေါ့ လို့ဖြေချင် ဖြေမယ်။ အမြင်အမျိုးမျိုးတော့ ဖြေကြမယ်ပေါ့။
ဆရာဆိုတာ လမ်းဆုံပန်းတိုင်ကို ဘယ်လိုသွားရမယ်ဆိုတာကို အပြည့်အဝ ညွှန်ကြားပေးနိုင်တဲ့လူဘဲ မဟုတ်လား။ယခုတော့ ကိုယ်ဆင်းချင်တဲ့ လေဆိပ်ကိုမရောက်ဘဲ ဆရာနဲ့ အတူသေသွားတယ်ဆိုတော့ တခုခုလိုအပ်နေလို့ပေါ့?… သေမှပန်းတိုင်ရောက်တာ ဘယ်တန်ဖိုးရှိမလဲ။မသေခင်ပန်းတိုင်ရောက်တာသိမှ ဖြစ်မယ်နော။ လူရှိပြီး ရောဂါမရှိမှတန်ဖိုးရှိတာ၊ လူလည်းမရှိ ရောဂါလည်းမရှိမှတော့ ဘာမှတန်ဖိုးမရှိဘူးလို့ပြောချင်တယ်။ ဘုရားဟာ ထမ်းခေါ်သွားသူတော့ မဟုတ်ဘူးပေါ့နော်..ကိုယ့်ကိုယ်ကို အားကိုးတတ်အောင်၊ ကိုယ်ကိုယ်ကိုစီမံတတ်အောင် သင်ပြပေးသူ လမ်းညွှန်ပေးသူဘဲ မဟုတ်လား။

နောက်ဆုံးပြောချင်တာကတော့ လက်ဝဲ၊လက်ယာဘယ်ညာ၊ အကောင်းမြင်၊အဆိုးမြင် စသည့် အမြင်တွေဟာ အမှန် မမြင်တဲ့ အထိဘဲကောင်းတယ်။ လမ်းဆုံးပန်းတိုင်မဟုတ်ဘူး။ အမှန်မြင်တဲ့ အထိ ရောက်အောင်သွားရမှာ….

ဖြတ်ပြောရဦးမယ်…ဆရာတော်တစ်ပါးဆီက နာယူမှတ်သား ထားတာလေးပါ..
လူတွေဟာ တယောက်အကြောင်းကို တစ်ယောက်မေးနေကြတာ.. ကိုယ့်ဘဝကိုနှစ်သိမ့် လိုကြလို့ဘဲ…သူ့များဘဝက ကောင်းတယ် ဆိုရင် ကိုယ့်ဘဝက ဆိုးတယ်ပေါ့…သူများဘဝက ဆိုးတယ်ဆိုရင် ကိုယ့်ဘဝက ကောင်းတယ်ပေါ့..တကယ်တော့ အကောင်းအဆိုးပေါ်မကြည့်ဘဲ.. တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ကြရမှာ..အခုလည်း အကောင်းမြင် အဆိုးမြင်ဆိုတာ နှစ်သိမ့်မှုတခုပါ..ဆိုးနေတဲ့ လူတစ်ယောက်ကို ဘယ်လောက်ကြာကြာ အကောင်းမြင်နဲ့ ကြည့်နိုင်မလဲ?…

လူတွေဟာ လမ်းခုလတ်မှာ သေကြတာများပါတယ်။ဘုရားဟာ အလယ်လမ်းကို ညွှန်ပြသူဘဲ မဟုတ်လား. ဒါကြောင့် ကနေ့ ဘုရားရဲ့ တပည့်လို့ခံယူနေတဲ့ လူတွေမှာ ဒို့ကိုတကယ်ဘဲ အလယ်လမ်း အမြင်မှန် လမ်းကြောင်းပေါ်ကို ရောက်အောင် ညွှန်ပြပေးနိုင်လား ဆိုတာ ဝေဖန်ဝိဘဇ(ဝိဘစ်ဇ)လုပ်ရင်း
အစွန်းတရားကလွတ်တဲ့ အလယ်လမ်းမှန်သို့ တက်လှမ်းနိုင်ပြီး..လောကလူသားတွေရဲ့ ကောင်ကျိုးကို ဆောင်ရွှက်နိုင်ကြပါစေ….

10 comments

  • အားပေးသူ

    March 15, 2012 at 7:07 am

    အစွန်းတရားကလွတ်တဲ့ အလယ်လမ်းမှန်သို့ တက်လှမ်းနိုင်ဖို့ ဆိုတာ
    ကျနော်သိသလောက် နိဗ္ဗာန် ရ မှ ဖြစ်မယ် လို့ရိုးသားစွာ ဝေဖန်ချင်ပါတယ်။
    ကျနော် ဟာဆိုရင် အခုချိန်ထိ အထစ် အငေါ့ အဆင်မပြေ မှု များစွာနဲ့ရှိနေခဲ့တာပါ။
    မိတ်ဆွေရဲ့ ဆိုလိုရင်းကို အားပေးပါတယ် ။ ဒါပေမဲ့ တစ်ဦးတစ်ယောက် သို့မဟုတ်
    လူအများစု ရဲ့ လိုအင်ဆန္ဒနဲ့ ထပ်တူ ဖြစ်လာဖို့ဆိုတာ …

  • Ko out of...

    March 15, 2012 at 8:12 am

    ဘာဘဲလုပ်လုပ် နိဗ္ဗာန်ဆိုတဲ့ စကားလုံးကို တော်တော်သုံးကြပါတယ်… အလှူဘဲလုပ်လုပ် လူကြီးမိဘဘဲ ကန်တော့ ကန်တော့…နိဗ္ဗာန်ရပါလို၏ ဆိုတာတွေပေါ့…

    နိဗ္ဗာန် ကို အမျိုးမျိုးဖွင့်ဆိုတာတွေလည်း အများကြီးဆိုတော့..

    ဒီနေရာမှာ…နိဗ္ဗာန်ကို ငြိမ်းချမ်းရေးပန်းတိုင်လို့ ကျွန်တော့်ကို ဖွင့်ဆို ခွင့်ပြုပါ…

    ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်ရှိလိုသူတိုင်းဟာ ငြိမ်းချမ်းရေး ပန်းတိုင်(နိဗ္ဗာန်)ကို သိပ်ခွဲခြမ်း စိတ်ဖြာ နေဖို့မလိုပါဘူး။ ငြိမ်း ချမ်းရေး မရောက်ရခြင်းရဲ့ ပြဿနာ(မဂ္ဂ) လမ်းကြောင်းကိုသာ ခွဲခြမ်းစိတ်ဖြာမှု လုပ်ရမှာ..ဘာဖြစ်လည်းဆိုတော့ ငြိမ်းချမ်း ရေးဟာ အဆိုက်ရောက်ခံ ပန်းတိုင်ပါ..ပန်းတိုင် ရောက်ပြီးမှ.. လုပ်စရာတွေ အများကြီး ကျန်တယ်ဆိုတာ မဟုတ်ရပါဘူး…

    သစ္စာလေးပါးမှာ…နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ပန်းတိုင်ဟာ အဆိုက်ရောက်ခံပါ.. ပွါးမျာရမည့် သစ္စာ မဟုတ်လို့ပါ..ပွါးများရမှာက မဂ္ဂသစ္စာ တခုတည်းပါ..

    ကိုယ်လျှောက်ရမည့် အလယ်လမ်းဆိုတာလည်း… သိလို့ရပါတယ်… သိပြီးရင် ကျင့်ကြံပွါးများမယ်..ကျင့်ကြံရင် နောက်ဆုံးတော့ အဆုံးစွန်ပန်းတိုင် ကိုယ်ရောက်ရှိသူဖြစ်မှာပေါ့နော်…

    စဉ်းစားလို့ရအောင် နာယူမှတ်းသားဖူးတာလေး မျှဝေပေး လိုက်ပါတယ်..

    ရှင်းလင်းရမည့် ပြဿနာကိုသိတာ သောတာပန်ဘဲ…ပြဿနာကို ရှင်းနိုင်တာ မဟုတ်သေးဘူး…
    ပြဿနာကို ရှင်းလင်းပြီးတာလည်း မဟုတ်သေးဘူး…ရှင်းလင်းရမည့် ပြဿနာ ကို သိသောသူ သာလျှင် ဖြစ်သေးတယ်…

  • aye.kk

    March 15, 2012 at 8:22 am

    ko out of..ရေ..
    မေတ္တာသာအရေးကြီးဆုံးပါ….။
    မေတ္တာတရားများများထားရှိနိုင်ကြဘို ့ကတကယ်လိုအပ်ပါတယ်..။
    မေတ္တာတရားများများထားရှိနိုင်ကြမှသာလျှင်….
    လောကလူသားတွေကောင်းကျိုးကိုဆောင်ရွက်နိုင်မှာလို ့ထင်မြင်မိပါတယ်။။

  • Ko out of...

    March 15, 2012 at 9:02 am

    မင်္ဂလာပါ aye.kk ရေ …

    မေတ္တာဆိုတာလည်း… သစ္စာပါမှ… အရည်အသွေးပြည့်ဝတဲ့ မေတ္တာဖြစ်မှာပါ..မိဘတွေ သားသမီးကို ချစ်တာ မေတ္တာပါ…ဒါပေမဲ့ ကာမတဏှာ နဲ့ မလွတ်ကင်းသေးတော့ အမွှေပြတ် တွေဖြစ်ကုန်တာပေါ့နော်… ကာမ ကလွတ်ရင် တဏှာကလွတ်ပြီလို့ မဆိုနိုင်ပြန်ဘူး.. ကာမတဏှာ၊ ဘဝတဏှာ၊ဝိဘဝ တဏှာ ကလွတ်ရင်တော့ ဘုရားရဟန္တာတွေလို တကယ်ပြည့်ဝတဲ့ မေတ္တာဖြစ်မှာပေါ့နော်… ကျွန်တော်တို့ တတွေရဲ့ မေတ္တာအရည်အသွေး စံချိန်စံညွှန်းဟာလည်း မပြည့်ဝသေးပါဘူး… ပြည့်ဝလာအောင် ပွါးများပြီး သင်ခန်းစာ ယူနေတုံးပါ…

  • a me

    March 15, 2012 at 8:55 pm

    ဘယ်လို ရှာရ မှန်းကို မသိသေးတာ ပါ
    လမ်းပြ ပေးပါဦး

  • Ko out of...

    March 16, 2012 at 8:13 am

    အစွန်းလမ်းနှစ်ခုက..
    ၁။ ကာမသုခလိ္လက နောက်လိုက်တဲ့လမ်း(အောက်လမ်း၊ အလျှော့လမ်း၊ အစုကြည့်တဲ့ လမ်း)

    ၂။ အတ္တကိလမထ နောက်လိုက်တဲ့လမ်း( အထက်လမ်း၊ အလွန်လမ်း၊ အစိတ်ရှုကြည့်တဲ့လမ်း)

    အလယ်လမ်းက…

    ၃။ အရိယာလမ်း (အလယ်လမ်း၊ သမာသမတ်လမ်း၊ အမှုကြည့်တဲ့လမ်း)

    ဘုရားဟောတဲ့ အလယ်လမ်းဟာ အရိယာမဂ္ဂင် ရှစ်ပါးဘဲ..ဒီရှစ်ပါးဟာ ငြိမ်းချမ်းရာဆီကို သွားရောက်ရာဖြစ်လို့ လမ်းလို့ခေါ်လိုက်တာပါဘဲ..

    လောကကြီးမှာ လူဟာ လေးမျိုးရှိတယ်..

    ၁။ ပထမလူကတော့ ကိုယ့်ကိုယ်ကို ချမ်းသာအောင်လုပ်ပြီး သူများကို ဆင်းရဲစေသူဖြစ်တယ်..

    ၂။ ဒုတိယ တစ်မျိုးကတော့ သူများကို ချမ်းသာစေပြီး ကိုယ့်ကိုယ်ကိုတော့ အဆင်းရဲခံ စေသူဖြစ်တယ်..

    ၃။ တတိယလူကတော့ ကိုယ်ရော သူများပါဆင်းရဲ စေသူဘဲ ဖြစ်တယ်..

    ၄။ စတုတ္ထ အမျိုးအစားကတော့ ကိုယ်ရောသူများပါ နှစ်ဦးသားကို ချမ်းသာစေသူဖြစ်တယ်..

    ဒီအမျိုးအစား အမျိုးအစားလေးဦးဟာ တကယ်တည်ရှိနေတာ ဖြစ်တယ်..
    ရှေ့သုံးဦးဟာ ပေါများပြီး တကယ်တော့ မကောင်းဘူး..
    ကိုယ်က အနှစ်နာခံပြီး သူများကိုချမ်းသာအောင် လုပ်ဆောင်ပေးသူကို ဆိုလျှင် ဩဘာ လက်ခုပ်တွေ ပေးလေ့ရှိကြတယ်.. ဒါပေမဲ့ ဒါလည်း တကယ်မကောင်းဘူး…

    သူများအတွက် အနှစ်နာခံတာ ဘယ်လောက် အထိအနှစ်နာခံ နိုင်မှာလဲ? တကယ်တော့ ထောင်မြင်တော့ ရာစွန့်တဲ့ စကားလိုပါဘဲ။ ဒီလို အနှစ်နာခံလို့ ရတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့ တခြားရယူမှုတွေကို ဦးတိုက်တာပါဘဲ။

    အနှစ်နာခံတာဟာ တန်ဖိုကြီးကြီး ပေးလိုက်တာဘဲဖြစ်တယ်။ ဒါ့အတွက် အဖိုးကြီးကြီးတန်တာကို သည်လူတွေက သူ့ကိုပေးကြရတာပါဘဲ။သူရဲကောင်း ဝါဒဆိုတာ အဲဒီကလာတာပဲ။ဒီဝါဒဟာ လူ့လောကကို ညံ့ဖျင်းသိမ်ငယ် သွားစေတဲ့ အတွက် ရှေ့လူသုံးမျိုးဟာ တကယ်မကောင်းဘူး..

  • siamonone

    March 16, 2012 at 11:23 am

    စတုတ္ထ အမျိုးအစား ဖြစ်ချင် ရင် ဘယ်လိုလုပ် ရနိုင် မလဲ ? အဲ့လို လူမျိုးကို ဘယ်မှာရှာလို့ရနိုင်မလဲ ? ကျွန်တော် ကတော့ အဲ့လိုလူ မျိုးနဲ့ သယ်ရင်းဖြစ်ချင်တယ် ..

  • Ko out of...

    March 16, 2012 at 7:26 pm

    မင်္ဂလာပါ …siamonone ရေ..

    စတုတ္ထ အမျိုးအစား ဖြစ်ချင် ရင်…

    ၁။ သပုရိသ(သပ်ပူရိသ) သံသေဝ – တရားသိပြီးသူ အရိယာနှင့် ပေါင်းသင်းရခြင်း

    ၂။ သဒမ္မ(သတ်ဒမ)ဿဝန – ထိုအရိယာ ကိုယ်တိုင် သိသောတရားကို နားထောင်ရခြင်း

    ၃။ ယောနိသော မနသိကာရ – နာကြားရတဲ့ ဓမ္မအား အလျှော်ဆင်ခြင် နှလုံးသွင်းခြင်း

    ၄။ ဓမ္မနု ဓမ္မပဋိပတိ္တ – ထိုတရား ဓမ္မအား လျော်သော တရားဓမ္မကို ကျင့်ခြင်း

    အထက်ပါ အချက်လေးချက်ဟာ စတုတ္ထ လူအမျိုးအစား ဖြစ်ဖို့ အင်္ဂါတွေပါ…

    နောက်တချက် ဘယ်လို လူမျိုးကို ဘယ်မှာရှာရင် ရနို်င်မလဲ ဆိုတာပြောဖို့ ကျတော့…

    ပုဂ္ဂလဓိဋ္ဌာန် ကိုမကြည့်ဘဲ ဓမ္မဓိဋ္ဌာန် ကိုလေ့လာသူ အတွက်ကတော့ တရားကိုဘဲ လေ့လာရင်လည်း လွတ်မြောက်နိုင်မယ်ထင်ပါတယ်… ဘာဖြစ်လည်းဆိုတော့ ဘုရားရဲ့ တရားကိုက လူကောင်ကိုကြည့်ပြီး ဟောတဲ့ တရားမဟုတ်ဘူး… အမှုကိုကြည့်ပြီးဟောတဲ့ တရားပါ…

    ဘာနဲ့တူလည်းဆိုတော့… ကျန်းမာရေးစာအုပ်ကိုဖတ်တဲ့အခါ စာရေးသူဆရာဝန်ကို မတွေ့ရလည်း ကိုယ်ဖြစ်နေတဲ့ ရောဂါနဲ့ ဆရာဝန်ရေးတဲ့ အတိုင်း ရှောင်စရာတွေ ဆောင်စရာတွေကို လိုက်နာရင် ရောဂါ သက်သာနိုင်တာကို ကြည့်ခြင်းအား ဖြင့်ပြောနိုင်ပါတယ်..

    ဘုရားပြောတဲ့ စကား တခုရှိပါတယ်….ရင်ဝလှံဆူး ထိပ်ဦးမီးလောင်ရင် (သက္ကယမိစာ္ဆဒိဋ္ဌိ)ပြုတ်ဖို့
    ချက်ချင်း လုပ်ရမည့် အလုပ်ထက်… ဒီလှံ၊ ဒီမီး ဘယ်ကလာသလဲ? ဘယ်သူလုပ်သလဲ? ဆိုတဲ့ ပုဂိ္ဂုလ်အပေါ်မှာ သောင်တင်နေကြလို့ တရားနဲ့ဝေးနေကြတာပါ..

    နောက် ဘယ်မှာရှာလို့ရနိုင်မလဲ ? ဆိုတာကတော့ လူအကြောင်းတောင်မှ ဘုရားမပြောမှတော့ လူဘယ် နေရာဆိုတာလည်း ပြောလို့ မရပါဘူး…ယခုခေတ်က တရားသိဖို့ ပိုတောင် လွယ်ကူရမယ်ထင်တယ်… ဘာဖြစ်လဲ ဆိုတော့ အင်တာနက်က တဆင့် လေ့လာချင်တာ အကုန်လုံးရနေလို့ပါ…သတင်းအင်တာနက် ကွန်ယှက်ခေတ်မှာ..လေ့လာစရာတွေ အများကြီးပါ…ရွှေးချယ်မှု မှန်ကန်ဖို့ဘဲ လိုပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်…

  • siamonone

    March 16, 2012 at 9:32 pm

    ကျေးဇူးတင်ပါတယ် ခင်ဗျာ .. .ဒါနဲ့ ko out of ကရော ဘယ်လိုလူမျိုးလဲ ဟင် ?

  • Ko out of...

    March 17, 2012 at 6:50 am

    မင်္ဂလာပါ… siamonone…ရေ

    ဘယ်လိုလူမျိုးလည်းဆိုတာ ကျွန်တော်လည်း ကိုယ့်ပေတံနဲ့ သူများကို အမျိုးမျိုးတိုင်းထွာခဲ့ဖူးပါတယ်…
    တရားဟုတ် မဟုတ်သိချင်ရင် တရားဂုဏ်တော် (၆) ပါးဟာ တရားဟုတ်မဟုတ် စစ်ဆေး ဖို့ပေတံပါ.. အဲဒီအင်္ဂါထဲက တစ်ပါးပါး ချို့ယွင်းရင် ဘုရားတရား မဟုတ်ပါဘူး..

    တရားကိုရှာတဲ့ နေရာမှာ လူကို မသုံးသပ်ဘဲ ရောဂါကို သုံးသပ်ရမှာပါ…ဘာဖြစ်လဲဆိုတော့ လူဟာရောဂါ မဟုတ်လို့ပါ..လူအကြောင်းပြောရင် လူဖြူလူမည်း၊ အာရှဥရောပ၊ ဗမာ ရှမ်း စသည်စသည် ဖြစ်ရှုပ်ထွေး ကုန်ပါလိမ့်မယ်… ရောဂါဟာ လူကိုယ်ပေါ်မှာ တွယ်ကပ်နေတဲ့ အပ ပစ္စည်းမို့ ခွဲခြားပြီးကြည့် နိုင်အောင် ဒဿန ပေါက်အောင် အရင်လုပ်ရပါတယ်….

    ဘုရားရဲ့ တပည့်ဖြစ်တဲ့ ပထမအဆင့် သောတာပန်ဆိုတာ ဒဿန ပုဂိ္ဂုလ်ပါ… ဘာဝနာပုဂိ္ဂုလ် မဟုတ်သေးပါဘူး.. ဘာဖြစ်လဲ ဆိုတော့ သိပြီးမှ ပွါးလို့ ရပါတယ်..ဘာမှမသိသေးဘဲ ဘာကိုသွားမလဲ? ပွါးလို့ရရင်လည်း နောက်ဆုံး ရူပ၊အရူပဆိုက် သုညတဆိုက် ဘာမှမဟုတ်တဲ့ နေရာဆီကိုရောက်မှာဘဲ မဟုတ်လား?..

    တနည်းအားဖြင့် ကိုယ်က ကားတကယ်မောင်းတတ်ချင်တယ်ဆိုရင် ပထမ ကားတကယ်မောင်းတတ်တဲ့ ဆရာကို အရင်ရှာရမှာ… ဂီယာ၊ စတီယာတိုင်၊ လီဘာ၊ကလပ် စသည် စသည် ဘယ်နေရာရှိတယ် ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာကို သိမှ ကားမောင်း စသင်လို့ ရပါတယ်.. ဒါကားမောင်းတတ်တာ မဟုတ်သေးဘူး..ဒါကြောင့် သိအောင်အရင်လုပ် ပြီးမှ ကားမောင်းသင် (ဘာဝနာပွါး) ဒုတိယ၊ တတိယ အဆင့် ယာဉ်တိုက်မှု တဖြည်းဖြည်းနည်း နောက်ဆုံး လုံးဝကျွမ်းကျင်လွတ်မြောက်(ဘုရား၊ ရဟန္တာ) တွေဟာ သင်ခန်းစာ ပြီးဆုံးသူတွေပေါ့… တခုလေး သတိပေးပါရစေ.. ကားတကယ် မမောင်းတတ်ဘဲ ကားမောင်းနည်း စာအုပ်ကို အလွတ်ကျက်ပြီး လူတွေကို သင်ပေးတဲ့ လူနဲ့တွေ့ရင်တော့ နောက်ဆုံး(ရူပ၊အရူပ)ချောက် အန္တရာယ်ထဲဘဲ ရောက်မှာဘဲ…

    မေးထားတာလေးကို အတတ်နိုင်ဆုံး အတိုချုပ်ပြီး မဖြေတတ်လို့…အခုလို ရှည်ရှည်ဝေဝေးဖြေလိုက်ရတာကို နားလည်ပေးပါနော်…

    ရှုပ်သွားမှာစိုးလို့ …. ရာထူးတံဆိပ်နဲ့ အလုပ်လုပ်တာရဲ့ ပြီးဆုံးမှု ကိုခွဲခြားပြီး သိနိုင်အောင် အရင်လုပ်နိုင်ရင် …ရှင်းသွားပါလိမ့် မယ်လို့ ဖြေကြားပေးလိုက်ပါတယ်…

Leave a Reply