သမ်မတဂျီး ကယ်ပါ

ကြောင်လတ်March 15, 20121min19018

သမ်မတဂျီး ကယ်ပါ

ဝန်ထမ်းလစာတွေ တိုးပေးဖို့ သူရရွှေမန်းကြီးက လွှတ်တော်မှာ တင်တယ်၊

အခြေခံဝန်ထမ်းလစား သုံးသိန်းဖြစ်မယ်လို့  ကောလဟလတွေကြားလိုက်တော့ …

ဪ  ငါတော့ ခိုးဖွက် မစားရတော့ဘူး၊ သူများအထင်သေးမခံရတော့ဘူးရယ်လို့ ပျော်လို့မှ မဆုံးသေးခင်  သမ်မတဂျီးက လစာမတိုးနိုင်သေးကြောင်းကြေညာချက်ထုတ်လိုက်တော့ မျှော်လင့်ချက်တွေပျက်၊ ပက်လက်လန်တော့ တာပေါ့။

ဟောမနေ့က ညနေစောင်း ကွန်ပျူတာဖွင့် ဂေဇက်ကိုဝင်လိုက်တော့ NK  ရဲ့လစာတိုးပြီဆိုတာလေးတွေ့လိုက်တော့ ကျန်တာတွေ ဆက်မကြည့် အား၊ အပြင်ကိုထွက်သွားပြီး အပြင်မှာဈေးရောင်းနေတဲ့ မိန်းမကို  “လစာတွေ တိုးပြီတဲ့ဟေ့”  လို့ အားရဝမ်းသာပြောလိုက်တော့ သမီးကြီးက

“ဖေကြီးက ခုမှ သိတယ် ၊ ရန်ကုန်က မကြီး သဉ္စာက နေ့ ခင်းကတဲက ဖုန်းဆက်ထားပြီးပြီ” တဲ့။

ဒီစကားက ကျနော်ကို ဘာမှ ဖြစ်မသွားစေပေမဲ့ မိန်းမပြန်ပြောလိုက်တဲ့စကားက ကျနော့ရင်ဝကိုစောင့်ကန်လိုက်သလိုခံစားလိုက်ရတယ်။

“လစာတိုးလို့သိ်ပ်ပျော်မနေနဲ့ဦး ၊ အခု ဆန်တစ်အိတ်ကို နှစ်ထောင်လောက်တက်သွားပြီ ဆီတပိသာ ငါးရာတက်သွားပြီ။ ရှင့် ရဲ့ တနေ့ သုံးထောင်မပြည့်တဲ့ လစာနဲ့ ရှင့်အရက်ဖိုးလောက်ငှအောင်သုံးလို့ရရင် တော်ပါပြီ”  တဲ့။

ဒါနဲ့ ဘာမှ မပြောတော့ပဲ အခန်းထဲပြန်ဝင်  ကွန်ပျူတာကိုပဲ တိတ်တိတ်လေး လိုက်ကြည့်လိုက်တော့မှ

the best ရဲ့ စတက်နေပြီ ရှုစားတော်မူကြပါ  ဆိုတာကိုတွေ့လိုက်ရတယ်။

ဟော ဒီမနက် စက်ဖွင့်လိုက်တော့ NK ရဲ့ပို့စ် မှာ ကွန်မန့် ၁၈ ခုတောင်ဖြစ်နေလို့ဝင်ကြည်လိုက်တော့ တချို့ရေးထားတာ ဒီလိုတွေတွေ့ရတယ်ဗျာ။

 

the best says:

နေ့စား လစား အားလုံး တစ်ရက် 1000 kyats တိုးမြှင့်ပေး ပါတယ်
ငွေကြေးဖောင်းပွမှု နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တာဝန်ခံမှာလား။

ဆူး says:

လစာ တိုးတဲ့ အကြောင်း သတင်းထဲမှာ ကြားပါတယ်။
သူတို့ တိုးတော့ ကုပ္ပဏိဝန်ထမ်းတွေကလည်း တိုးတောင်းကြမယ်။
လုပ်ငန်း လည်ပတ်ဖို့ အတွက် အမြတ် တင်မက ဝန်ထမ်းလစာပို ပိုတိုးရှာရတော့မယ်။
ဒီတော့ တက်တယ်ကွာ.. ဘာပြောချင်လဲ.. အကုန်တက်မယ်.. ဒါဘဲ..

kaung kin pyar says:

လစာတိုးတာတော့ ကောင်းပါတယ်။ ကုန်ဈေးနှုန်းလိုက်တိုးရင်သာ မကောင်းတာ။ သမင်မွေးရင်း ကျားစားရင်းပဲ။
သတ်မှတ်လိုက် ပြီးရော။ ဘယ်လောက်အမောင့်ထက်ပိုရောင်း ဂျေးထဲ ဂျောင်းပဲ..။

Rose Minn says:

သများတွေ တွက်ဝမ်းသာပေးပါတယ်တော်။ ကုန်ဈေးနှုန်းသာ မတက်ပါနဲ့။

Khaing Khaing says:

အင်း ….. လစာတိုးပြန်ပြီ ကုန်ဈေးနှုန်းလည်းတက်ပြန်ပြီ ………. တစ်ခုပြောချင်တာက လစားတိုးတာကောင်းပါတယ် ….. အကြမ်းမျဉ်းပေါ့လေ …. တစ်ချို့ဝန်ထမ်းတွေက ကြားပေါက်မရှိပါဘူး အဲ လိုလူတွေအတွက်ကောင်းပါတယ် …….. တစ်ချို့ဝန်ထမ်းတွေက ကြားပေါက်တွေရှိတယ် အဲလိုလူမျိုးတွေ ကတော့မတိုးပေးချင်ဘူးအေ ……… ကိုယ်ကိုတိုင်ဝန်ထမ်းဘဝကို ဖြတ်သန်းခဲ့ဖူးတယ် လာဘ်စားတဲ့ဝန်ထမ်း တွေနဲ့လည်း ကြုံခဲ့ဖူးတယ် …….. အားလုံးကို တရားမျှမျှတတဖြစ်စေချင်တယ် ………

jujuma says:

ကဲ လစာတော့တိုးပီ…
လစာနဲ့မလုံလောက်လို့ ကြားပေါက်တောင်းရပါတယ်ဆိုတဲ့ လာဘ်စားဝန်ထမ်းတွေ…….
၃၀၀၀ဝ နဲ့ လုံလောက်နိုင်ပါသလားးးးးးးးးးးးးးးး
လာဘ်စားမှုတွေ ရှိနေ အုံးမှာလားးးးးးးးးးးးးး
ကုန်ဈေးနှုန်းတွေ…..ဟမလေး ကျောတော့ဘူးးးးးးးးးးးးးးး

the best says:

အကျင့်ပျက် ဝန်ထမ်းများ လက်ရှိလစာအပြင် လာဘ်စားငွေကို
၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စ၍ တိုးမြှင့် စံနှုန်းအတိုင်း
လွတ်လပ်စွာ လာဘ်စား ရန် အဆင်သင့်ဖြစ် ပြီ လား။

Mလုလင် says:

လခ တိုးတောင်းလို့ မရတဲ့ … နင်းပြား company ဝန်ထမ်း တွေမှာတော့ .. … စီးပွားရေး သမားတွေကလဲ .. ဒီအကွက် ကိုချောင်းနေတယ်လို့ ထင်တာပါပဲ ….. အသင်းတွေဖွဲ့ ပြီးထိန်းချုပ်မယ် ဆိုတော့ လဲ .. အဲ့ အသင်းတွေ ကိုယ်တိုင် က ..??? စိတ်လေတယ်။……
ဘဝရဲ့ အကြီးမားရည်မှန်းချက် = ထမင်းနပ်မှန်အောင် စားရရေး (ကျွန်တော့ တစ်ယောက်ထဲ အတွက်ပါ။)

 

Charm Boy ရဲ့ ရှားပါးစရိတ်တဲ့…။ အပိုထောက်ပံ့ကြေးတဲ့…။ ကျပ် ၃၀၀၀ဝ တဲ့.

ပို့စ်ထဲမှာတော့

pyaponthu says:

မြန်မာ နိုင်ငံမှာ တခြားနိုင်ငံနဲ့မတူဘူး။လစာတိုးတာ ဒါနဲ့ဆို ၁ဝ ကြိမ်မြောက် လစာတိုးတာဘဲ။ရှားပါးစရိတ်ဆိုတာ လည်း လစာတိုးတာပါဘဲ။ လစာတိုးသလောက် ဆင်းရဲတွင်းက မတက်တော့ဘူး။ကုန်ဈေးနှန်း ထိန်း နိုင်လားဆ်ိုတာ ကြည့်ရအုံးမယ်။ကုန်ဈေးနှန်းမထိန်းနို်င်ရင်တော့ သူတို့က တဘက်လှည့်နဲ့ ပြည်သူတွေကို သတ်တာဘဲ။

eipu says:

ကုန်ဈေးနှုန်း မတက်ဖို့ဘဲ အရေးကြီးတယ်

aunty tun says:

လစာတိုးရင်ရော လာဘ်စားတာကပျောက်သွားမှာလား ဟင်…..
ကုန်ဈေးနှုန်းကရောငြိမ်မှာလား ..ဟင် ..
ရင်မောလိုက်တာ……

taungpawthar says:

အခု လို တို းလိုက်တာ တောင် လူ တယောက် စားလောက် ရုံ ပဲရှိသေးတာပါ အောက်ခြေဝန်ထမ်းတွေ အတွက် တော့ အတိုင်းအတာတခု အထိအဆင်ပြေပါလိမ့်မယ် အရာ ရှိ က လက်ရှိ လစာ တစ်သိန်းရပါတယ် အခု သုံးသောင်းနဲ ့ပေါင်းရင် တစ်သိန်းသုံးသောင်း ဆို တော့ တယောက်စာ ပဲ ရဦးမယ် ကျန်တာ တော့ ဆက်လက် ရှု စားတော်မူ

kaung kin pyar says:

လစာတိုးသလောက် ကုန်ဈေးနှုန်းလိုက်တိုးရင် လစာတိုးတာ ဘာထူးမှာတုန်း….။ ကုန်သည်တွေကို လုပ်ကျွေးသလိုတောင် ဖြစ်နေပြီ။ ပြောပါတယ်….သမင်မွေးရင်း ကျားစားရင်းပါဆို…။

kaunglay says:

လစာတိုးတာလည်းတိုးတာပေါ့ .. ဘာကိစ္စနဲ့ ကုန်ဈေးနှုန်းကလိုက်တတ်ရသလဲဆိုတာကို စဉ်းစားမရဘူး

the best says:

စတက်နေပြီ။ ကျန်တာ တော့ ဆက်လက် ရှု စားတော်မူ ပါ ။

Date Singapore Dollar Myanmar Kyat
14 Mar 2012 1 SGD * 638 Ks
14 Mar 2012 1 SGD ^ 637 Ks
13 Mar 2012 1 SGD * 636 Ks
13 Mar 2012 1 SGD ^ 636 Ks

the best says:

Today Market Rates (14 March 2012)
March 14, 2012. YGN OPEN Market Zone @YGN Time-12:30PM
1 USD: 812 – 816 Ks
1 FEC: 815 – 819 Ks
Earning: 830 Ks
1 SGD: 655 Ks
Gold: 728,000 Ks (YGN) | 728,000 Ks (MDY)

YGN CLOSE Market Zone @YGN Time – 3:00PM
1 USD: 813 – 818 Ks
1 FEC: 816 – 820 Ks
Earning: 835 – 836 Ks
1 SGD: 655 Ks
Gold: 735,000 Ks (YGN) | 734,500 Ks (MDY)

Gipsy says:

လခစား ကတော့ အသက်ရှုရ နဲနဲ ပိုချောင်ပေမဲ့ လခစားမဟုတ်တဲ့လက်လုပ်လက်စား
ကျဘမ်း အလုပ်သမားတွေ အတွက်ကတော့ တက်လာမဲ့ ကုန်ဈေးနှုန်း နဲ့အတူ ငတ်ပေါက်
တွင်းကြီး နက်သထက် နက်လာမှာပဲ စိုးရိမ်မိပါတယ်။

အားပေးသူ says:

ကုန်ဈေးနှုန်း မတက်လာစေဖို့ အားပေးပါတယ် ..
လစာ များ တိုးပေး ပါကလည်း ဝမ်းမြောက်ဝမ်းသာ ထောက်ခံ အားပေးပြီးသားပါ..
လူသား အားလုံး အစာရေစာ ပေါများ ဖူလုံ နိုင်ကြပါစေ…

တွေ့လိုက်ရတာတွေကို အနှစ်ချုပ်ကြည့်လိုက်ရင်  လစာတိုးလို့ ကုန်ဈေးနှုန်းလိုက်တက်လာပြီး လက်လုပ်လက်စားတွေပါဒုက္ခရောက်ရမဲ့အဖြစ်ပါ။ ကျနော်တို့ ဝန်ထမ်းတွေကလည်း လစာတိုးပေးပါလို့တောင်းဆိုနေတာဟာတကယ်တော့ စကားအဖြစ်ပါ၊ တကယ်လိုရင်းအဓိပ္ပါယ်က  လစာ(ဝင်ငွေ) နဲ့ ကုန်ဈေးနှုန်း အချိုးညီစေချင်တာပါ၊ အဲဒီအဓိပ္ပါယ်ဟာ အခြေခံ လက်လုပ်လက်စားတွေနဲ့ လည်း သက်ဆိုင်တဲ့ ကိုက်ညီတဲ့ လိုအပ်ချက်ပါ။ အခုလို လစာတိုးလိုက် ကုန်ဈေးနှုန်းလိုက်တက်လိုက်နဲ့ ဆိုရင်

ကျနော်တို့ ဘဝက “” ပေးကားပေး၏ မရ “”ဆိုတာလိုဖြစ်နေတော့မှာပါ။

ဒါကြောင့်မို့ သမ္မတကြီးရယ် ကုန်ဈေးနှုန်းတွေ မတက်အောင် နည်းလမ်းရှာပြီးထိမ်းချုပ်ပေးပါလို့  ရှိခိုးတောင်းပန်လိုက်ပါတယ်။

ကျနော်တို့လဲ  ခိုးစားဖွက်စား၊ တောင်းစားရမ်းစား၊ ခြောက်စားဟောက်စား၊ လိမ်စားကောက်စား၊ ရစ်စားညစ်စား၊ ဝန်ထမ်းအချင်းချင်း ကျော်စားခွစား၊ လုစားယက်စား၊ လှည့်စားပတ်စား၊ အထက်ကိုလည်းအဆင်ပြေဖို့အတွက် ဖားစားယားစား၊ ပေါင်းစား ရောင်းစား ဌာနချင်းဆက်ဆပ်လုပ်ကိုင်ရာမှာလည်းအဆင်ပြေဖို့အတွက် ပေးစားကမ်းစား၊ ဝေစားမျှစား၊ လုပ်နေရတဲ့ ဝန်ထမ်းတွေဘဝက လွတ်ချင်လှပါပြီ ဗျာ…………

ထမင်းလေးနှစ်နပ်အတွက် သိက္ခာရှိရှိ ရပ်တည်ချင်လှပါပြီဗျာ……………

ပင်စင်ယူတဲ့အခါ ဒရဝမ်ဘဝပြန်မရောက်ပဲ လူမှုရေး ဘာသာရေးလေးလုပ်ပြီး ကိုယ့် အသွားကိုသွေးနိုင်အောင် အခြေခံကောင်းလေးတွေ ရချင်လှပါပြီဗျာ……………

ဒါကြောင့်

သမ်မတဂျီးကယ်ပါ…………….

အားလုံးကိုခင်မင်လေးစားစွာဖြင့်

ကြောင်လေး။

18 comments

  • ကြောင် လတ်လေး

    March 15, 2012 at 9:26 am

    အထက်အရာရှိကို မြှောက်စားပင့်စား၊ အထက်ကအောက်ကို ဖြတ်စားလပ်စား၊ညှဉ်းစားဗျဉ်းစား ဆိုတာကျန်ခဲ့တယ်ဗျို့။ ဒါတွေက အပစ်ပြောနေတာမဟုတ်ပါဘူး၊ အမှန်တကယ်ဖြတ်သန်းနေရတဲ့၊ရပ်တည်နိုင်ဖို့ တကယ် တွေ့ကြုံလှုပ်ရှားနေရတာကိုပြောပြတာပါ၊ ကျနော့ထက်နှစ်ဆင့်လောက်မြင့် တဲ့ အရာရှိ ငယ်တစ်ယောက် ဟာ တကယ်ကို ခက်ခက်ခဲခဲရပ်တည်နေရတာ အခုလက်ရှိမှာကို ရှိနေတာပါ။

  • NK

    March 15, 2012 at 10:01 am

    မတိုးချင်နေ မတက်ဖို့လို့တယ်….

  • ကြောင်ကြီး

    March 15, 2012 at 11:25 am

    ဘူလဲကွ… သမ်မဒဂျီးကို ကယ်ပါလို့ ဆဲတာ…။ စစ်သားဆိုတာ တောင်းမစားဘူးဟေ့ လုစားဒယ်..။ 👿

  • the best

    March 15, 2012 at 2:49 pm

    ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၀/ ၂၀၁၂) ကြေညာချက်အရ
    နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများ၊
    တပ်မတော် ကြည်း၊ ရေ၊ လေ ဝန်ထမ်းများအားလုံး အမှန်တကယ် စားဝတ်နေရေး သက်သာချောင်လည်မှုရှိ မှာလား။

    နိုင်ငံသား အားလုံး “ချောင်”ကုန် ပြီ ။ နိုင်ငံသား အားလုံး “လည်” ကုန် ပြီ ။

    ဝန်ထမ်းများ အားလုံး “ချောင်”ကုန် ပြီ ။ ဝန်ထမ်းများ အားလုံး “လည်” ကုန် ပြီ ။

    လစားတိုးမှုကြောင့် ဖြစ်ပေါ်နိုင်သော အကျိုးဆက်များ…ငွေကြေးဖောင်းပွမှုများ နှင့်
    ကုန်ဈေးနှုန်း ကြီးမြင့်မှုများကို ဘယ်သူ တာဝန်ခံမလဲ။ ဘယ်သူ တာဝန်ယူမလဲ။

    အစိုးရ လား။ ပြည်သူ့လွှတ်တော် လား။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လား။

    အမှန်တကယ် တာဝန်ယူရဲလား။
    ဘယ်လို တာဝန်ယူ ပါမယ် ဆိုတဲ့ အဆိုပြုချက်ကို တင်ပြရဲလား။

  • ရွာစားကျော်

    March 15, 2012 at 4:10 pm

    ကျွန်တော်က ဝန်ထမ်းတစ်ယောက်ပါ.. ကိုယ်ရတဲ့ လစာနဲ့ ဖြစ်ညှစ်ပြီးသုံးရင် လောက်ငှပါတယ်..
    သားသမီးတွေကြီးလာလို့ ကျောင်းထား၊ တက္ကသိုလ်ပို့ရတဲ့ အခါ၊ အိပ်ယာထဲ ရုတ်တရက် တုံးလုံး ဘုံးကနဲလဲသွားရင် ကုစရာ အထုပ်အထည်ဆိုတာဖြင့် ဟင်း.. ဟင်း ပြောတော့ပါဘူး…
    မရှင်းတာလေး မေးပါရစေအုံး… သမ္မတကြီးကိုရော.. စီးပွားရေးသမားတွေကိုရော..လစာတိုးတာကို သဘောမကျတဲ့ နိုင်ငံသားတွေကိုရော
    သမ္မတကြီးပြောသွားတယ်.. ၉၆.ရ % ခိုင်နှုန်းရှိတဲ့ နိုင်ငံသားတွေအတွက် ၃.၃% ရှိတဲ့ ဝန်ထမ်းတွေ လစာတိုးပေးဖို့ကို စဉ်းစားရမယ်တဲ့..
    မတူတာလေးတွေးကြည့်ကြပါအုံး
    ၃.၃% သော လူနည်းစုဝန်ထမ်းတွေ လစာတိုးတာနဲ့ ဒီနိုင်ငံရဲ့ စီးပွားရေးဈေးကွက်ကြီးနဲ့ ကုန်ဈေးနှုန်းတွေကို ဂယက်ရိုက်နေတယ် ပြောပြောနေတာ…
    ဘယ်သူ့ လိုအပ်ချက်ပါလဲဗျာ.. ?

    • Foreign Resident

      March 15, 2012 at 7:27 pm

      သမ္မတကြီး ဆိုလိုချင်တာက
      ၃.၃ % သော လူနည်းစုဝန်ထမ်းတွေကိုပဲ လစာတိုး ပေးလိုက်ရင် ၊
      ကုန်ဈေးနှုန်းတွေ တက်လာရင် ၊
      တခြား လစာတိုးမရတဲ့ ၉၆.ရ % ရှိတဲ့ နိုင်ငံသားတွေ
      အထူး ဒုက္ခ ခံစားရမှာကို ဆိုလိုပါတယ် ။

      အကြံပေးခြင်တာကတော့
      အစိုးရ အလုပ်က လစာနည်းရင် ၊
      အပြင်အလုပ်က လစာများရင် ၊
      မိမိမှာ ကိုယ်ပိုင် အရည်အချင်း ရှိတယ်လို့ ယုံကြည်ရင် ၊
      အစိုးရ အလုပ်က ထွက်လိုက်ပါလားဟင် ။
      အပြင်အလုပ် ဒါမှမဟုတ် ကိုယ်ပိုင် အလုပ် လုပ်ကြည့်လိုက်ပါလား ။

      အခု အစိုးရ အလုပ်က ထွက်ခွင့်တွေ
      လွယ်လွယ်ချပေးနေတယ် ကြားတယ် ။

      • ကြောင်လေး

        March 16, 2012 at 6:52 am

        အဘဖောရေ ဆွေးနွေးတာကျေးဇူးပါ။
        အခြေအနေအရ အပြင်အလုပ်ကို ထွက်လုပ်လို့ ရနိုင်တဲ့သူတွေ ရှိနိုင်ကောင်းပါတယ်။
        သို့သော်လည်း ငကမ်းသေရင် ငစွေ ပေါ်လာမှာပါ။ နောက်တက်လာတဲ့သူက လည်း မဟုတ်တာလုပ်ပြီး ရပ်တည်နေရဦးမှာပါပဲ။ လာဘ်စားမှု ပပျောက်ရေးဆိုတာဖြစ်မလာနိုင်တော့ပါဘူး။ ကလင်းဂါးဗားမင့်ဆိုတာလဲ မလွယ်နိုင်တော့ပါ။ တစ်ဦးတစ်ယောက်အတွက် ပြေလည်နိုင်ပေမဲ့ အလားလုံးအတွက် လိုအပ်တဲ့ အခြေခံလိုအပ်ချက် ပြေလည်သွားမှာ မဟုတ်ပါဘူးခင်ဗျာ။
        အကယ်၍များ ဝန်ထမ်း အားလုံး (သို့) ရာခိုင်နှုန်းအတော်များများ အဲသလိုထွက်လုပ်နိုင်ခြေရှိလို့ ထွက်လုပ်ရင် ဘယ်လိုဆက်ပြီးလည်ပတ်တော့မလဲ။
        အဲဒီအခါကြတော့လည်း နောက်ကအလုပ်လက်မဲ့တွေ အတင်းတက်လာပြီး ဆက်ပြီး လုံးလည် လိုက်နေဦးမှာပါ။ အခုလူငယ်တွေက အလုပ်ဝင်တော့မယ်ဆိုရင် မဝင်ခင်ကတည်းက ဘယ်ဌာန အောက်ဆိုက် များလည်းလို့ လေ့လာပြီး အလုပ်ရှာနေရတာ သနားစရာပါဗျာ။ သူတို့တတ်ထားတဲ့ ပညာနဲ့ သူတို့ ဝါသနာပါရာအလုပ်ကို မရွေးချယ်နိုင်ကြရှာပါဘူး။

  • MaMa

    March 15, 2012 at 5:34 pm

    (၃.၃% သော လူနည်းစုဝန်ထမ်းတွေ လစာတိုးတာနဲ့ ဒီနိုင်ငံရဲ့ စီးပွားရေးဈေးကွက်ကြီးနဲ့ ကုန်ဈေးနှုန်းတွေကို ဂယက်ရိုက်နေတယ် ပြောပြောနေတာ…
    ဘယ်သူ့ လိုအပ်ချက်ပါလဲဗျာ.. ?)
    ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ဆိုတာကို အဖြေရှာမရသလို ဖြစ်နေပြီ။ 🙁

  • the best

    March 15, 2012 at 6:02 pm

    အမှန်တကယ် သံသယဖြစ်စရာပါ ။
    သေချာသလောက်က သူတို့ ပါတဲ့။
    ရုတ်တရက် ကြီး လေ။

  • Gipsy

    March 15, 2012 at 6:19 pm

    ရေမြင့် ရင် ကြာမြင့် တတ်သတဲ့ ..။ အဲဒီ အကျိုးသက်ရောက်မှုက ပြည်သူတွေ အပေါ်
    တိကျစွာ ရိုက်ခတ်နေပြီလေ…။ ခက်တော့ခက်နေပါပြီ…။

  • ထုံးတမ်း စဉ်လာ တစ်ခုကို
    ဖျက်ပစ်ဖို့ဆိုတာ
    လွယ်တော့ မလွယ်လှပေဘူး … 🙁
    ဘုန်းကံကြီးလှတဲ့ အနော်ရထာ မင်းတရားကြီးနဲ့ နတ်ကိုးကွယ်မှု ပြဿနာလိုပေါ့ …။
    ဆိုင်လားတော့ သိဘူး …
    ခပ်တည်တည် ဝင်မန့်လိုက်ဒါ … 😀

  • a me

    March 15, 2012 at 9:08 pm

    ဘာကူညီရမလည်း မသိဘူး

  • ကြောင် လတ်လေး

    March 15, 2012 at 10:15 pm

    ကိုယ့်အမြင်လေးတွေကိုချရေးပေးကြသူအားလုံး(အားလုံး)ကို အထူးကျေးဇူးတင်ကြောင်းပါခင်ဗျာ။
    ကျနော်က မနက်စောစောတင် ၊ညမိုးချုပ်မှ ပြန်ဝင် ဆိုတော့ တစ်ဦးချင်းကိုချက်ခြင်း အကြောင်းမပြန်နိုင်တာခွင့်လွှတ်ကြပါ။

  • Khin Latt

    March 16, 2012 at 3:31 am

    စကားမစပ် ဝင်မန့် လိုက်ဦးမယ်။
    The Nwe York Times သတင်းစာက သတင်းထောက် က ဦးသိန်းစိန် အကြောင်း ကို အသေးစိတ် စုံစမ်းပြီး ရေးထားတဲ့ အကြောင်းလေးပါ။
    တစ်ခြားဟာတွေ ကို မထောက်ချင်ပေမဲ့ ဒီစာသား လေး တွေ ကတော့ အမှန်အကန်ဘဲ လို့ ကျွန်မ ယုံကြည်ပါတယ်။
    သူဟာ နာမည်ပျက် မရှိခဲ့တာ၊ အာဏာရှင်မဆန်တာ ဖြစ်နိုင်ဖို့ များပါတယ်။

    Unlike other senior military officers’ children, who are well known for their ostentatious displays of wealth and their business ventures with the country’s top tycoons, Mr. Thein Sein’s three daughters have stayed out of the spotlight. Mr. Thein Sein’s wife, who also keeps a low profile, was present during the meeting with Ms. Aung San Suu Kyi last year. The two women got along well, according to Burmese journalists who were present.

    http://www.nytimes.com/2012/03/15/world/asia/a-most-unlikely-liberator-in-myanmar.html?pagewanted=1&_r=1&ref=world

  • padonmar

    March 16, 2012 at 5:17 am

    မလတ်ပြောသလိုပဲ စိတ်ကောင်းရှိမယ့် သမ္မတကြီးလို့ (ဖားတာမဟုတ်နော်) ခံစားရပါတယ်။
    နာဂစ်တုံးကလည်း သူပဲနာဂစ်ဒေသတွေအတွက် လိုက်လုပ်ပေးခဲ့တယ်။
    သူ့သားသမီးတွေအကြောင်း ဘာမှ မကြားရဖူးဘူး။
    သူ့စေတနာတွေ အကောင်အထည်ပေါ်သင့်သလောက်မပေါ်သေးတာကလည်း အခက်အခဲလေးတွေ ရှိနေသေးလို့နေမှာပါ။
    သူ့သမိုင်းကိုသူကောင်းအောင်ရေးမယ်လို့ မျှော်လင့်ပါတယ်။

  • ကြောင်လေး

    March 16, 2012 at 6:38 am

    အရီးလတ်ရေ ဟုတ်နိုင်ပါတယ်။ သူရရွှေမန်း လည်း ဧရာဝတီ တိုင်းမှူးဖြစ်တဲ့ အချိန်တုန်းက “ဥပဒေအထက်မှာ မည်သူမှ မရှိစေရ” လို့သေချာကြွေးကြော်ပြီး သူရောက်တဲ့မြို့နယ်တွေရဲ့တွေ့ဆုံပွဲတွေမှာ ရဲရဲဝံ့ဝံ့ အာမခံပြောကြားခဲ့ပါတယ်။ အထက်ကိုရောက်သွားတဲ့အခါမှာ အများနဲ့ လိုက်လျောညီထွေနေ နေရတဲ့ အခါ ကိုယ့်သဘောအတိုင်းလုပ်လို့ မရတာရှိနို်ုင်ပါတယ်။ သူတို့တွေမှာ ကောင်းလို စိတ်တွေ အရင်းခံရှိနေပေမဲ့ လက်ရှိအခြေအနေမှာ ဒီမိုကရေစီရဲ့သဘောအတိုင်း
    အများဆန္ဒ နဲ့ ညှိနှိုင်းလုပ်နေရလိမ့်မယ်ဆိုတာ နားလည်ပါတယ်။
    အမ ပဒုမ္မာ အမြင်လေးတွေကိုဆွေးနွေးပေးတာကျေးဇူးပါ။

  • the best

    March 16, 2012 at 9:29 am

    လက်ရှိအခြေအနေမှာ စိတ်ကောင်းရှိတဲ့ သမ္မတကြီးအတွက် စိတ်ပူ မိပါတယ်။

  • pyaponthu

    March 16, 2012 at 6:39 pm

    ဦးရွှေမန်း လခတိုးဖို့ပြောတော့ သမ္မတကြီးက မတိုးဖို့ပြောတယ်။သမ္မတကြီးပြောမှန်တယ်။၃.၃% ဝန်ထမ်းတိုးတယ်။ပြည်သူ၉၆.၇% ဒုက္ခရောက်တယ်။လစာတိုးတိုင်းလူများစု ဒုက္ခရောက်တာ သိရက်နဲ့ ဦးရွှေမန်း က လစာဘဲတိုး ဖို့ဘဲသိတယ်။တခြားဘယ်လိုနည်းနဲ့ ပြည်သူကို ကူညီမလဲစဉ်စားသင့်တယ်။နောက်ဆုံး ကုန်သည်၊စီးပွားရေးသမားဘဲ ဌေးပြီးရင်းဌေးဘဲ။

Leave a Reply