ကျိုက်ထီးရိုး ရှုခင်းများ။

black chawMarch 15, 20124min53719

ကင်ပွန်းစခန်းရောက်တော့ ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝန်းထဲမှာ ကားအပ်ပါတယ်။
ပြီးတော့ ဘုရားပေါ်တက်ဖို့ ကားခ ဈေးမေးတော့ ရှေ့ခန်း ၃၀၀၀၊ နောက်ခန်း ၂၅၀၀။ ၅၀ဝ နဲ့တော့ မထူးပါဘူးဗျာ။
ရှေ့ှုခန်းက ၅ ယောက်စီးလို့ရတယ်ဆိုတော့ ကျွန်တော်တို့ သွားတာ ကလေး ၄ ယောက် လူကြီး ၈ ယောက်ဆိုတော့
ကားနှစ်စီး ခွဲပြီး ၆ ယောက်စီစီးဖို့ စာရင်းပေးလိုက်ပါတယ်။
လမ်းမှာရိုက်ခဲ့တာလေးတွေနဲ့ ကျိုက်ထီးရိုးတောင်တက်ခရီးမှတ်တမ်းလေးပေါ့။ ကြည့်ကြည့်ဗျာ။ ဒီပို့စ်မှာတော့ ဘုရားပုံတွေ မပါသေးဘူးဗျာ။ မနက်ဖြန်မှ ဆက်ရန်….။

နောက်ခန်းစီးသူတွေ ဒီလိုတက်ရတယ်ဗျ။ ကိုဖက်တီးလည်း တင်ဘူးပါတယ်။
ကျိုက်ထီးရိုး တောင်တက်တဲ့လမ်း။
ရှေ့ကားကို နောက်ကားက ရိုက်ထားတဲ့ ပုံ။ အဲလိုပဲ စီးကြတာပါပဲ။
ပန်းပွင့်တော့မဟုတ်ဘူး။ အရွက်လေးတွေက ဖြူသွားတာ။ ကျိုက်ထီးရိုးတောင်တက်လမ်းဘေးက အပင်တစ်ပင်။
ရှုခင်းလေးတစ်ခုပါ။
တောင်တက်လမ်း ပေါ်က လမ်းပိုင်းတစ်နေရာ။
ကျိုက်ထီးရိုးတောင်တက်လမ်းပေါ်က ရှုခင်းတစ်ကွက်။
ကျိုက်ထီးရိုး ရောက်ပြီ အစ်ကို။
အမြင်အေးစေမယ့် ရှုခင်းလေးတစ်ခု။
စေတီဖြူဖြူလေးနှစ်ဆူနဲ့ ရှုခင်းစိမ်းစိမ်းလေး။
စိတ်ကြည်လင်စေမယ့် ရှုခင်းလေး။
မောပန်းသမျှ လန်းဆန်းသွားစေတဲ့ မြင်ကွင်းတစ်ကွက်။
အမောပြေသွားအောင် ဖူးလိုက်ပါ။
ချောက်ထဲက စေတီလေးတွေ။

19 comments

  • koaung

    March 15, 2012 at 1:38 pm

    ဖူးသွားပါတယ်ဗျာ (သာဓု) ၃ ပါ တကယ်အဓိတ်ထန် အောင်တဲ့စေတီဖြစ်ပါတယ်ဗျာ

  • weiwei

    March 15, 2012 at 1:50 pm

    တောရိပ်တောင်ရိပ်မြင်ရတာ စိတ်အေးချမ်းတယ် ..
    ကျိုက်ထီးရိုးကို အကြိမ်ကြိမ်ရောက်ဖြစ်ပေမယ့် ဓါတ်ပုံတစ်ခါမှ မရိုက်ဖြစ်ဘူး …
    ကျွန်မက ဓါတ်ပုံရိုက်ရတာထက် ဒီအတိုင်းမျက်စိနဲ့ကြည့်ပြီး ခံစားရတာကို ပိုကြိုက်ခဲ့တာ ..
    ဒီရွာထဲရောက်ပြီးမှ ပြန်ပြချင်လို့သာ ဓါတ်ပုံတွေကို ကြိုးစားပမ်းစားရိုက်ဖြစ်တယ် …

  • ဆူး

    March 15, 2012 at 1:50 pm

    ကျိုက်ထီးရိုးပုံလေးတွေ ကြည့်ရရင် စိတ်ထဲမှာ တမျိုးကြီးပဲလို့ကို ခံစားရတယ်။
    အတိတ်က ရေစက်ရှိခဲ့ပုံရတယ်။
    တောတောင် ရှုခင်းကြည့်ပြီး အနားယူနိုင်တဲ့ နေရာကောင်းတခုပဲ..
    နိုင်ငံခြား ခရီးသွားတွေလည်း ကောင်းမွန်စွာ လည်ပတ်နိုင်တဲ့ မီလျှံ ဘစ်ဇနပ် နေရာကြီး တခုပဲ..

  • Diamond Key

    March 15, 2012 at 2:06 pm

    ကိုချော ပုံနဲ့ခေါ်ရာလိုက်လာတာ ကျိုက်ထီးရိုး တောင်ပေါ်တော့ ရောက်လာပြီ။ 😛
    ဟိုနား ဒီနား အစုံခေါ်သွားနော် ချန်မထားနဲ့ 😀
    ပုံလေးတွေ အကုန်ကောင်းသဗျာ။ အမောပြေသွားအောင် ဖူးလိုက်ပါ ဆိုတဲ့ ပုံလေးရယ်၊ အမြင်အေးစေမယ့် ရှုခင်းလေးရယ်က အကြိုက်ဆုံး ပုံလေးတွေပါ။ 😆

  • Ma Ei

    March 15, 2012 at 2:23 pm

    ကျိုက်ထီးရိုးဘုရားဖူးလိုက်ရလို့မောပန်းသမျှ
    လန်းဆန်းသွားစေတဲ့အတွက် ကျေးဇူးပါ…
    ရေတခွန်တော့ မလိုက်နိုင်ဘူးနော်…

  • နတ်ဆိုးလေး

    March 15, 2012 at 2:53 pm

    ပုံတွေတင်တာ crunching ဖြစ်လိုက် ၉၉ မှာ ရပ်လိုက်နဲ့ ၁၀ဝ ဖြစ်ပြီး ပုံမပေါ်လိုက်နဲ့ ဘယ်လိုလုပ်ရမလဲ ဘလက်ချော ရေ ကူညီပါအုံး……

  • snow white

    March 15, 2012 at 3:48 pm

    ရောက်ဖူးပေမယ် ထက်ပြီးတော့သွားဖူးချင်သေးတယ် ကောင်းပါတယ်ပုံလေးတွေ ရှုခင်းလေးတွေ ကောင်းပါတယ် ရိုက်လည်းရိုက်တက်ပါပေတယ်

  • MaMa

    March 15, 2012 at 4:16 pm

    ကိုချောရေ-
    တောင်တက်လမ်းကို ရအောင်ရိုက်လာတာပဲ။
    `သွားလေရာ ကင်မရာကိုင်ပြီး ရိုက်ရတာနဲ့။
    ရွာထဲမှာတင်ပြီး မျှဝေချင်ရတာနဲ့။´ ဆိုပြီး
    မဒမ်ချောဆူရင်တော့…..
    သဂျီးရဲ့ ထိန်းကျောင်းမောင်းနှင်မှုကိုပဲ အပြစ်တင်ရမယ် 😆

  • windtalker

    March 15, 2012 at 9:51 pm

    ဘုရားဒကာ ရဲ ့စေတနာ တွေ ကို အားပါးတရ ကြည့်ရှုသွားပါတယ် ခင်ဗျား ။

  • ပေစိ

    March 15, 2012 at 11:15 pm

    နိုင်ငံခြားသား မသိသေးသူလေးတွေပြချင်လို့ ဖူးမျှော်ရှိခိုးရင်း ကူးသွားပါတယ် သာဓုခေါ်ပါတော့ —-

  • unclegyi1974

    March 15, 2012 at 11:17 pm

    ကျိုက်ထီးရိုးဘုရားတောင်တက်ခရီးကခုထိဒီလိုကားကြီးတွေနဲ့စီးရတုန်း
    ဒါလူစီးကားမှမဟုတ်တာလူကိုလူလိုမသတ်မှတ်လို့လား
    ယာဉ်လိုင်းတလိုင်းတည်းလက်ဝါးကြီးအုပ်ထားလို့လား
    လူစီးကားတွေနဲ့အဆင့်မြှင့်ဖို့မစဉ်းစားဖူးလား
    မမေးခဲ့ဖူးလာမောင်ရယ်

  • Khin Latt

    March 16, 2012 at 3:19 am

    ၁၉၉၄ က ရောက်ဘူးတယ်။
    အဲလိုတောင်တက်ကားတွေ ဘယ်ရှိဦးမလဲ။
    မတက်နိုင်တဲ့ လူကြီးတွေက အထမ်း နဲ့တက်တယ်။
    လူငယ်တွေကတော့ ကိုယ့်ခြေထောက်နဲ့ ကိုယ်တက်ပေါ့။
    အဲဒါက ပိုပြီး အရသာ ရှိတယ်ထင်တာဘဲ။
    ရွှေရင်စို့ ဆိုတဲ့ အကွေ့နာမည် က အခုတော့ မလိုက်ဖက်တော့ဘူး ထင်ရဲ့။
    အစ်မတို့ တက်တုန်းက “မောတော့မောတာပေါ့ ဒါပေမဲ့ ကိုယ်မမောဘူး” စိုင်းထီးဆိုင် သီချင်းလိုဘဲ။
    အရမ်းပျော်ဖို့ ကောင်းခဲ့တယ်။ 🙂

    ဒီလို ပြောင်းလဲ နေတဲ့ လမ်းခရီး တွေ ကြည့်အပြီး ကျိုက်ထီးရိုးဘုရားကြီး ကတော့ မပြောင်းပါဘူး။
    သဘာဝ အတိုင်းကိုဘဲ ကြည်ညိုစရာ ဖူးတွေ့လိုက်ရပါတယ်။
    ကျေးဇူးပါဘဲ ကိုဘချော ရှင့်။
    ဆက်ရန်ပုံများကို မျှော်နေပါတယ်။

  • we R one

    March 16, 2012 at 8:53 am

    အားပေသွားတယ်ဗျို ၂၀၀၅ နောက်ပိုင်း တစ်ခါမှ မရောက်ဖြစ်တော့ဘူး… နောက်နှစ်တော့ သွားဖြစ်အောင်သွားရမယ်…

  • the best

    March 16, 2012 at 9:00 am

    အဲလိုတောင်တက်ကားတွေ မရှိတုန်းက
    ကိုယ့်ခြေထောက်နဲ့ ကိုယ် တက်တုန်းက အရမ်းပျော်ဖို့ ကောင်းခဲ့ပါတယ်။
    ပုံလေးတွေ အကုန်ကောင်းပါတယ်။
    အဆင့်မြှင့်ကားတွေ ရှိလား …. နိုင်ငံခြား ခရီးသွားတွေ ဒီလိုတောင်တက်ကားတွေနဲ့
    တက်တာ ပိုပြီး အရသာ ရှိတယ်ထင်တာဘဲ။

  • yaungchikha

    March 16, 2012 at 10:39 am

    ကျိုက်ထီးရိုးဘုုရားကို တစ်ခါမှမရောက်ဘူးဘူး၊ ဘုရားဖူးသွားပါတယ်နော်၊ ပုံတွေအတွက်ကျေးဇူးပါနော်…

  • Gipsy

    March 16, 2012 at 10:55 am

    ဓါတ်ပုံလေးတွေက မျက်စိကို အေးသွားတာပဲ ကိုချောရေ …၊
    ခုလို နံနက်ခင်းမှာမှ ကျိုက်ထီးရိုးဘုရား ဝင်ဖူးမိသလို ဖြစ်သွားတော့
    စိတ်ထဲ မှာ တခု သတိရလာတယ်…၊
    “အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်”
    ကုသိုလ် ရရှိစေမဲ့ အခွင့်ထူး လို့ ယူဆမိတယ်…။

  • a me

    March 16, 2012 at 1:30 pm

    အေမီ တော့ အခု အသတ်19နှစ်ရှိနေပြီ တစ်ခါမှ မရောက်ဘူးလို့ သွားချင်မီတယ် အခုလို ဓာတ်ပုံလေးမြင်လိုက်ရတော့ တော့လည်း ကိုယ်ရောက်သွားသလိုပါပဲ အဲ့ဒါကြောင့်လူတွေက ပြောတာ ဓာတ်ပုံဆိုတာ အမျတ်တရတခုပဲတဲ့လေ

  • Novy

    March 16, 2012 at 3:53 pm

    ကိုဘလပ်ချောရဲ့ ကျိုက်ထီးရိုးဓါတ်ပုံတွေ ကြည့်ပြီး
    မနက်ဖန် ကျိုက်ထီးရိုကို ဘုရားဖူးသွားပြီဗျိုးးးးးးး

  • alinsett

    March 16, 2012 at 6:47 pm

    လာမယ့် သင်္ကြန်…ရုံးပိတ်ရက်မှာ..သွားမယ် ။
    ရွာသူရွာသားတွေ လဲ..လာပါလာ း။
    ရွာသူရွာသားတွေနဲ ့ ဘုရား အတူ ဖူး…ချင်မိတယ် ။
    တစ်ခရီးထဲ..အတူ သွားချင်မိပါတယ် ။
    ခင်မင်စွာ..

Leave a Reply