ငါကို ဒီနေ့ လာကြိုပါလား……တော်ပြီ ငါဝါသနာမပါလို့ 

ငါလျှောက်လည်ချင်လို့ (ကန်ဘောင်၊ ပန်းခြံ၊ ဘုရား) …. တော်ပြီ ငါမအားဘူး

ငါမုန့် သွားစားချင်လို့ ……… တော်ပြီ ငါအပြင်ထွက်ရမှာပျင်းလို့ 

ငါရုပ်ရှင်ကြည့်ချင်တယ်……….တော်ပြီ မအားဘူး ငါစာလုပ်နေလို့ 

တစ်ခါတလေ အပြင်သွားလို့  နင်ငါ့လက်ကို တွဲထားပါလား….တော်ပြီ အမျိုးတွေ တွေ့ မှာဆိုးလို့ 

ဖုန်းဆက်တယ် ………………….ပြီးမှပြန်ဆက်ပါလား သူငယ်ချင်းနဲ့ စကားပြောနေလို့ 

ငါ့ကိုစိတ်တိုအောင်လုပ်တယ် …..နင်စိတ်ညစ်နေလို့ 

ဘာကို စိတ်ညစ်နေလဲ ငါ့ကိုပြောပြလေ….တော်ပြီ နင်သိစရာမလို လို့ 

ငါမျက်ရည်ကျတယ် နင်မငို နဲ့ တဲ့ နင်ငိုတာငါမကြည့်ရက်လို့ 

ငါ့ကို နင်သံသယ၀င်တယ် ……..နင်သဝင်တိုနေလို့ 

ငါလမ်းခွဲမယ်ပြောတော့ ……တော်ပြီ မရဘူးငါနင့်ကိုချစ်နေလို့ 

ငါဒီဟာတွေကို စိတ်ကုန်လာပြီ သည်းခံပေါင်းများပြီ နင်လျှောက်လိမ့်နေတာမဟုတ်ပဲ စာလုပ်နေလို့ လေ

စိတ်ထဲမှာမကျေနပ်ချက်တွေများနေရင်း ငါဆက်သည်းခံနိုင်တဲ့အချိန်ထိတော့အဆင်ပြေဦးမှာပေါ့ ဒါပေမဲ့တစ်ချိန်ချိန်ကျရင်တော့……………

သူငယ်ချင်း မိတ်ဆွေတွေက ငါကိုတစ်ယောက်ထဲတွေ့ ပါများတော့ နင်မပါဘူးလား မေးကျတယ်
အရင်ကငါ ဂုဏ်ယူစွာပြောခဲ့တယ် သူစာလုပ်နေလို့ မအားဘူး အခုတော့ ငါမပြောတော့ ဘူး(ငါကနင့်အမေမှ မဟုတ်တာ)

 

 

 

About wanwan

has written 1 post in this Website..