ချစ်သူ၏ အတ္တ

wanwanMarch 15, 20121min12212

ငါကို ဒီနေ ့လာကြိုပါလား……တော်ပြီ ငါဝါသနာမပါလို ့

ငါလျှောက်လည်ချင်လို ့(ကန်ဘောင်၊ ပန်းခြံ၊ ဘုရား) …. တော်ပြီ ငါမအားဘူး

ငါမုန် ့သွားစားချင်လို ့……… တော်ပြီ ငါအပြင်ထွက်ရမှာပျင်းလို ့

ငါရုပ်ရှင်ကြည့်ချင်တယ်……….တော်ပြီ မအားဘူး ငါစာလုပ်နေလို ့

တစ်ခါတလေ အပြင်သွားလို ့ နင်ငါ့လက်ကို တွဲထားပါလား….တော်ပြီ အမျိုးတွေ တွေ ့မှာဆိုးလို ့

ဖုန်းဆက်တယ် ………………….ပြီးမှပြန်ဆက်ပါလား သူငယ်ချင်းနဲ ့စကားပြောနေလို ့

ငါ့ကိုစိတ်တိုအောင်လုပ်တယ် …..နင်စိတ်ညစ်နေလို ့

ဘာကို စိတ်ညစ်နေလဲ ငါ့ကိုပြောပြလေ….တော်ပြီ နင်သိစရာမလို လို ့

ငါမျက်ရည်ကျတယ် နင်မငို နဲ ့တဲ့ နင်ငိုတာငါမကြည့်ရက်လို ့

ငါ့ကို နင်သံသယဝင်တယ် ……..နင်သဝင်တိုနေလို ့

ငါလမ်းခွဲမယ်ပြောတော ့……တော်ပြီ မရဘူးငါနင့်ကိုချစ်နေလို ့

ငါဒီဟာတွေကို စိတ်ကုန်လာပြီ သည်းခံပေါင်းများပြီ နင်လျှောက်လိမ့်နေတာမဟုတ်ပဲ စာလုပ်နေလို ့လေ

စိတ်ထဲမှာမကျေနပ်ချက်တွေများနေရင်း ငါဆက်သည်းခံနိုင်တဲ့အချိန်ထိတော့အဆင်ပြေဦးမှာပေါ ့ဒါပေမဲ့တစ်ချိန်ချိန်ကျရင်တော့……………

သူငယ်ချင်း မိတ်ဆွေတွေက ငါကိုတစ်ယောက်ထဲတွေ ့ပါများတော့ နင်မပါဘူးလား မေးကျတယ်
အရင်ကငါ ဂုဏ်ယူစွာပြောခဲ့တယ် သူစာလုပ်နေလို ့မအားဘူး အခုတော ့ငါမပြောတော ့ဘူး(ငါကနင့်အမေမှ မဟုတ်တာ)

 

 

 

12 comments

  • wanwan

    March 15, 2012 at 1:00 pm

    အစီအငေါမတဲ့ သောစာလေး တပုဒ်ကို သည်းခံ၍ ဖတ်ပေးကြပါ
    ကျေးဇူးတင်ပါသည်……

  • နွေဦး

    March 15, 2012 at 1:09 pm

    အင်း… ကောင်းတော့ကောင်းပါရဲ့…
    တခုခု လိုနေသလိုဘဲ..ခံစားရတာ နဲနဲ ဟာ နေတယ် ထင်ပါ့။
    ဒါပေမဲ့ စာရေးနေတာ ကောင်းပါတယ်..
    ဆက်လည်းရေးဘို့ တိုက်တွန်းပါတယ်..

  • wanwan

    March 15, 2012 at 1:14 pm

    ဟုတ်ကဲ့ကြိုးစားပါဦးမယ်

  • snow white

    March 15, 2012 at 2:51 pm

    တို့ထက်တော့သာပါတယ်
    ခုထိကိုဘာမှမရေးတက်ဘူး နင်လောက်လေးတောင် မရေးတက်လို့ကဗျာကို မရေးတက်သေးတာကောင်းပါတယ် ငါ့ထက်တော့တော်ပါတယ် ဖတ်လို့လည်းကောင်းပါတယ်

  • အရင့်ရောင်

    March 15, 2012 at 3:13 pm

    ကောင်လေးကဟြေတယ်
    ယုံမလား………
    ငုံထားမတက် ချစ်တယ် တဲ့……
    ကောင်မလေးက
    ဖြုံသွားတာပေါ့…….
    လွှတ်ခနဲ ထွက်ပြေးသွားတယ်
    ပြီးမှ ဟြေသွားတယ်
    “အာပုပ်စော် နံတယ်တဲ့ ´´

  • etone

    March 15, 2012 at 4:35 pm

    ဝမ်ဝမ်းရေ .. ကြိုဆိုပါတယ် … ။
    အလှူငွေလက်ခံရင်း မြင်ခဲ့ဖူးလို့ …. ဝမ်ဝမ်းတို့ စုံတွဲလေး … ချစ်စရာကောင်းပြီး၊ အရမ်းလိုက်ဖက်ကြောင်း … ချစ်ချစ်နဲ့ … ခဏခဏပြောဖြစ်သေးတယ် … ။ သူကတောင် …. မမြင်လိုက်လို့ … ညွှန်းလှချည်လားတဲ့လေ …။
    မန်ဘာမလုပ်ပဲ .. အပြင်က စာဖတ်နေရာက … အလှူပို့စ်မှာ ကမန်းကတန်း မန်ဘာဝင်ပြီး ကော့မန့် ရေးခဲ့တဲ့ … တစ်ယောက်အနေနဲမှတ်မှတ်ရရ မှတ်မိနေခဲ့တယ် … ။

    ငါမျက်ရည်ကျတယ် နင်မငို နဲ ့တဲ့ ……… နင့်နှပ်ချေးတွေ ငါ့လာစင်မှာစိုးလို့တဲ့
    ငါ့ကို နင်သံသယဝင်တယ် ……..နင်အမေဆီက ဘတ်လာတဲ့ ငါးထောင်တန်လေး ပျောက်လို့တဲ့
    ငါလမ်းခွဲမယ်ပြောတော ့……တော်ပြီ မရဘူးငါနောက်တစ်ယောက် ရှာမတွေ့သေးလို့တဲ့
    😛 😛

  • ရွှေဘိုသား

    March 15, 2012 at 6:15 pm

    သူငယ်ချင်း မိတ်ဆွေတွေက ငါကိုတစ်ယောက်ထဲတွေ ့ပါများတော့ နင်မပါဘူးလား မေးကျတယ်
    အရင်ကငါ ဂုဏ်ယူစွာပြောခဲ့တယ် သူစာလုပ်နေလို ့မအားဘူး အခုတော ့ငါမပြောတော ့ဘူး(ငါကနင့်အမေမှ မဟုတ်တာ)

    တော်သေးတယ် အော်ဒါ လိုက်သွားတယ်မပြောလို့

  • wanwan

    March 16, 2012 at 1:16 pm

    snow white @ မဟုတ်ပါဘူး စိတ်ခံစားချက်တွေများတော ့ရေးထွက်လာတာပါ
    အရင့်ရောင် @ ဆေးလိပ်နံ ့တော ့ ရှိတယ် 😀
    မအိတုံ ရေ မှတ်မိပေးလို ့ကျေးဇူးတင်ပါတယ်
    ရွှေဘိုသား @ သူ ကခုချိန်ထိစာလုပ်နေတုန်းပါ အော်ဒါတော ့မလိုက်သေးပါဘူး 😛

  • a me

    March 16, 2012 at 1:38 pm

    ဘယ်လိုတွေပဲ ဖြစ်နေပါစေအတ္တကြီးတယ်လို့ မမြင်မိပါဘူး သူကိုအရမ်းချစ်နေလို့ အရာအားလုံးခွင့်လွှတ်ပေးခဲ့တာလေ

  • star flower

    March 16, 2012 at 4:16 pm

    ရင်ထဲက လာလို့ထင်တယ်။
    အရေးအသားကောင်းပါတယ်။

  • windtalker

    March 16, 2012 at 8:02 pm

    ပျော်ရွှင်စရာကောင်းသော ချစ်သူဘဝ ဆိုသည်မှာ တစ်ဦးကိုတစ်ဦး လိုလေသေးမရှိ ပြုစုယုယကြင်နာနွေးထွေးမှုများ အဆက်မပြတ်ပေးနိုင်မှသာတည်း ။ ထိုသို ့လုပ်နိုင်ဖို ့ဆိုတာလည်း ၊ အရမ်းပြီးပြည့်စုံသော အမျိုးမဟုတ်လျှင် မလွယ်ကူပေ ။ ချစ်သူဘဝတွင် ရံဖန်ရံခါ ကွိုင်လတ်ခြင်းသည်လည်း နောင်တစ်ချိန်တွင် အမှတ်တရ ပြန်တွေးပြီး ပြုံးပျော်ရွှင်စရာ ဖြစ်တတ်သည် မှာလည်း အမှန်တည်း ။

Leave a Reply