အပျင်းပြေ…

ရွာထဲမှာ ပျင်းနေကြတဲ့သူတွေအတွက်

ဖက်ထုပ်ပေါင်းလေး တင်ပေးလိုက်ပါတယ်…

အပျင်းပြေစားကြပါနော်…

1.စားကြပါနော်...

ပြုလုပ်ပုံလေးလဲပြောမယ်နော်..

2.ပါဝင်ပစ္စည်းများ...

1.ငါးဖယ်ခြစ် ကို ဂျင်း၊ကြက်သွန်ဖြူ၊ဆား၊နနွင်း နှင့် ထောင်းထားပါ…

2.ပုဇွန် ကို အခွံခွာ ချေးကြောင်းဖယ်၊နုတ်နုတ်စင်းပါ…

3.ဥနီ၊ကြက်သွန်မိတ် သေးသေးလှီးပါ…

4.မွှေးကော်မှုန့် အနည်းငယ်နှင့် အားလုံးရောနယ် လိုက်ရင် အဆာရပါပြီ…

ဖက်ထုပ်ရွက်လေးထဲ ထည့်ပြီး အတွန့်လေးဖြစ်အောင်ထုပ်ပါမယ်…

3.ထုပ်လိုက်ပါမယ်...

ဖက်ထုပ်အတွန့်လေးတွေကို ပေါင်းအိုးနဲ့ မိနစ်20လောက်ပေါင်းလိုက်ရင်စားလို့ရပါပြီ…

အချဉ်အတွက် ငရုတ်စိမ်းတွေကို ရေနွေးနဲ့ ခဏပြုတ်ပြီး ကြက်သွန်ဖြူနဲ့ ရောကြိတ်လိုက်ပါ…

သုံပုရာရည်ညှစ် ဆားလေးထည့်လိုက်ရင် ရပါပြီ..

ကော်ဖီမမမို့ ကော်ဖီဖျော်လိုက်အုံးမယ်…

4.စားနေပြီနော်...

အိမ်သားတွေ လက်သွက်လို့ ခဏနေပါဦး ဆိုပြီး ဓါတ်ပုံအမြန်ရိုက်ရတယ်…

အပျင်းပြေစားကြပါနော်…

 

 

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..