အပျင်းပြေ (ဖက်ထုပ်ပေါင်း)

Ma EiMarch 15, 20121min78647

အပျင်းပြေ…

ရွာထဲမှာ ပျင်းနေကြတဲ့သူတွေအတွက်

ဖက်ထုပ်ပေါင်းလေး တင်ပေးလိုက်ပါတယ်…

အပျင်းပြေစားကြပါနော်…

1.စားကြပါနော်...

ပြုလုပ်ပုံလေးလဲပြောမယ်နော်..

2.ပါဝင်ပစ္စည်းများ...

1.ငါးဖယ်ခြစ် ကို ဂျင်း၊ကြက်သွန်ဖြူ၊ဆား၊နနွင်း နှင့် ထောင်းထားပါ…

2.ပုဇွန် ကို အခွံခွာ ချေးကြောင်းဖယ်၊နုတ်နုတ်စင်းပါ…

3.ဥနီ၊ကြက်သွန်မိတ် သေးသေးလှီးပါ…

4.မွှေးကော်မှုန့် အနည်းငယ်နှင့် အားလုံးရောနယ် လိုက်ရင် အဆာရပါပြီ…

ဖက်ထုပ်ရွက်လေးထဲ ထည့်ပြီး အတွန့်လေးဖြစ်အောင်ထုပ်ပါမယ်…

3.ထုပ်လိုက်ပါမယ်...

ဖက်ထုပ်အတွန့်လေးတွေကို ပေါင်းအိုးနဲ့ မိနစ်20လောက်ပေါင်းလိုက်ရင်စားလို့ရပါပြီ…

အချဉ်အတွက် ငရုတ်စိမ်းတွေကို ရေနွေးနဲ့ ခဏပြုတ်ပြီး ကြက်သွန်ဖြူနဲ့ ရောကြိတ်လိုက်ပါ…

သုံပုရာရည်ညှစ် ဆားလေးထည့်လိုက်ရင် ရပါပြီ..

ကော်ဖီမမမို့ ကော်ဖီဖျော်လိုက်အုံးမယ်…

4.စားနေပြီနော်...

အိမ်သားတွေ လက်သွက်လို့ ခဏနေပါဦး ဆိုပြီး ဓါတ်ပုံအမြန်ရိုက်ရတယ်…

အပျင်းပြေစားကြပါနော်…

 

 

47 comments

  • Mon Kit

    March 15, 2012 at 2:27 pm

    စားချင်လွန်းလို့ သားရည်တွေတောင်ကျလာပီ…
    အားကျတွားပီ….
    မွန်ကစ်တို့လဲ လုပ်စားအုံးမှာ……. 🙂

  • inz@ghi

    March 15, 2012 at 2:30 pm

    ဘီယာလေးနဲ့ ဆွဲရင် ရှယ်ပဲချင့်….

    အစဟိ-ကီရင်း-အဲဗိစု-ဆက်ပိုရို-ကာလ်းဘာ့ဂ်-အန်ကာ-ဂီးနစ်စ်-တိုင်းဂါး-ချမ်
    ဘာနဲ့သောက်ရမဲ ဟင်င်င်င်
    😀
    ဂလုဂလု

    ဒက်ဂလုပ်….ဒက်ဂလုပ်…

    • Ma Ei

      March 15, 2012 at 2:37 pm

      ကော်ဖီနဲ့ဘဲသောက်ပါ…

    • Mon Kit

      March 15, 2012 at 2:44 pm

      ကိုဂီရှင့်…
      ရိုးရှင်းတဲ့ဘဝလေးနဲ့ လိုက်ဖက်တဲ့ မြန်မာဘီယာ လေးနဲ့ဘဲမြည်းပါရှင့်..

  • Ma Ei

    March 15, 2012 at 2:31 pm

    ကျွေးဦးနော်…

    • Ma Ei

      March 15, 2012 at 3:16 pm

      နေရာမှားသွားတယ်…
      မွန်ကစ်ကိုပြောတာ…

  • weiwei

    March 15, 2012 at 2:36 pm

    တရုတ်ပြည်မှာ တရုတ်မတွေလုပ်တဲ့ jiaozi (ကြောင်ဇစ်) လို့ခေါ်တဲ့ ဖက်ထုတ်တစ်မျိုး လုပ်ပြအုန်းမယ် … ခက်နေတာက ဖက်ထုတ်အရွက်ကို သူတို့က ဂျုံမှုန့်နဲ့ကိုယ်တိုင်လုပ်ကြတာ … အဲဒီအရွက်လုပ်တဲ့နည်းလမ်း မကျွမ်းကျင်သေးလို့ အရင်စမ်းကြည့်ရအုန်းမယ် …

    • Ma Ei

      March 15, 2012 at 2:40 pm

      အရွက်က သံဈေးက ဝယ်လိုက်တာ…
      ကိုယ်တိုင်တော့ မလုပ်တတ်ဖူး…
      နည်းရရင် ပြောပါနော်..စမ်းကြည့်မယ်…

    • inz@ghi

      March 16, 2012 at 3:49 pm

      Jiaozi euqal to 餃子 gyoza ?

  • ဆူး

    March 15, 2012 at 2:38 pm

    လက်သွက်ပုံကတော့ အရှေ့က လူတွေ တော်တော် ဦးသွားလို့ ၄ယောက် မြောက် ဖြစ်သွားပါကောလား.. ၁ခုလောက် ကျန်သေးလား.. ဟိဟိ

    • Ma Ei

      March 15, 2012 at 2:43 pm

      ဆူးအတွက် ချန်ထားမယ်နော်…

  • Thel Nu Aye

    March 15, 2012 at 2:54 pm

    အကုန်စားသွားပြီနော်။ ကျေးဇူးပါ။ နောက်တခါဆိုဖက်ထုပ်ဆီချက်လုပ်ကျွေးနော်။ လက်တို့လိုက်။ ဦးအောင် လာစားမလို့။

    • Ma Ei

      March 15, 2012 at 3:56 pm

      အားပေးတာ ကျေးဇူးပါ…

  • chel gyi

    March 15, 2012 at 3:18 pm

    တခြားထူးထူး ချားချားလေးရှိရင် ပြောပြပါအုန်း…….

    • Ma Ei

      March 15, 2012 at 4:11 pm

      ပြောပါမယ်…အားပေးပါနော်…

  • Khaing Khaing

    March 15, 2012 at 3:36 pm

    မမအိ ဗိုက်ဆာနေတာ ပုံနဲ့ပဲပြပြီးကျွေးတာ ဒါမီးမီးကို တမင်သက်သက်ညှင်းဆဲနေသလိုပဲနော် ….. ဖက်ထုပ်ပုံစံလေးလုပ်ထားတာ ချစ်စရာလေး………မမအိရေ အတွန့်လေးတွေဖြစ်အောင် ကော်နဲ့ကပ်တာလား ဘယ်လိုလုပ်တာလဲ နည်းနည်းရှင်းပြပေးပါဦး ……

    • Ma Ei

      March 15, 2012 at 4:10 pm

      အရွက်ဝိုင်းလေးအလယ်မှာ အဆာကိုထည့်ပါ..
      ပြီးရင်အနားနှစ်ဘက်ကို ခေါက်လိုက်ပါ…
      ဘေးအစလေးတွေကို အလယ်ကိုပြန်ထည့်ပြီး နဲနဲတွန့်ပြီးဖိလိုက်ရင်ရပါပြီ..
      ကော်မလိုပါဘူးကွယ်..ပုံလေးဘဲပြရလို့စိတ်မကောင်းပါဘူးကွယ်…
      ရွာအတွက်ဆိုပြီး ဓါတ်ပုံရိုက်တော့ သမီးလေးက ဓါတ်ပုံရိုက်ပြီးကျွေးလို့ရလား
      မေမေ တို့ရွာကလဲ ထူးဆန်းသော ရွာ ဘဲတဲ့လေ…

  • Mon Kit

    March 15, 2012 at 4:15 pm

    အရွက်ဝိုင်းလေးအလယ်မှာ အဆာကိုထည့်ပါ..
    ပြီးရင်အနားနှစ်ဘက်ကို ခေါက်လိုက်ပါ…
    ဘေးအစလေးတွေကို အလယ်ကိုပြန်ထည့်ပြီး နဲနဲတွန့်ပြီးဖိလိုက်ရင်ရပါပြီ..
    ဘေးအနားသတ်လေးကို ရေလေးစွတ်ပြီး တွန့်ဖိပေးပါ..

  • ဆူး

    March 15, 2012 at 4:20 pm

    အန်တီ အိ ရေ.. အလှူငွေ လက်ခံ ရရှိ စာရင်းမှာ ထည့်ပြီးပြီ ဖြစ်တဲ့ အတွက် အလှူ စာရင်း မှတ်တမ်းကို ဝမ်းမြောက် ဝမ်းသာ ဖတ်နိုင်ပါပြီ။

    • Ma Ei

      March 15, 2012 at 4:28 pm

      လှူခွင့်ရအောင် ဆောင်ရွက်ပေးကြတဲ့ အတွက်
      ကျေးဇူးတင်ပါတယ်…

  • etone

    March 15, 2012 at 4:23 pm

    အန်တီအိရေ … ကြိုဆိုပါတယ် … ။
    မမြင်ဖူးပေမယ့် . ဂေဇက်ရဲ့ အမောခံစာဖတ်သူအနေနဲ့ … ပထမဆုံးအလှူနဲ့ပတ်သတ်လို့ … ဖုန်းတွေပြောရာကနေ … ရင်းနှီးခဲ့ပြီး … အခုလို … မန်ဘာဝင်ပြီး ကော့မန့်တွေရေး ၊ ပို့စ်တွေရေးလာတာ .. အားရစရာပါပဲ .. … ။

    ဖတ်ထုပ်လေးတွေ မြင်ရတာ.. သွားရည်ကျစရာပါပဲ … ။ အိမ်မှာနေချိန်သိပ်မရှိလို့ …. ကိုယ်တိုင်တော့ လုပ်မစားချင်ဘူး … လုပ်ပြီးသားလေး စားရလျှင်တော့ … ကောင်းသား .. ရှလွှတ်.. ရှလွှတ် .. 😉 (စကားခေါ်တာ .. ရှက်ထှာ 😳 )
    ကော်ဖီဖျော်ထားတာလေးကလည်း … မှန်းပြီးအနံ့ခံရင်းတောင် သွားရေကျတယ် … ။

    • Ma Ei

      March 15, 2012 at 4:49 pm

      ကြိုဆိုလို့ဝမ်းသာမိပါတယ်ကွယ်…
      ဆက်ရေးကြည့်မယ်နော်…
      Sat.Sun ရုံးပိတ်ရက်မှာ သွားစရာရှိတာသွား
      သွားစရာမရှိရင် အိမ်မှာ တစ်ခုခုလုပ်စားဖြစ်တယ်…
      အလည်လာရင် ကျွေးပါမယ်…နှစ်ယောက်နော်…

      • etone

        March 16, 2012 at 3:24 pm

        အဟီး ကျေးဇူးတင်ပါတယ် အန်တီအိရေ … ။
        ဓါတ်ပုံလေးမြင်ယုံနဲ့သွားရေကျနေတာ… တကယ်ကျွေးမယ်ဆိုတော့ .. ဟီးဟီး .. ပျော်သွားပါပြီ 😀

  • MaMa

    March 15, 2012 at 4:33 pm

    ထူးဆန်းစွာ ဓာတ်ပုံရိုက်ပြီး ကျွေးသော မအိရေ-
    ထူးဆန်းသော ရွာလေးထဲက
    ထူးဆန်းသော ရွာသူားများရဲ့
    ထူးဆန်းစွာ ခင်မင်နေမှုကြောင့်
    ထူးဆန်းစွာ ပေါင်းစုလုပ်ဆောင်နေကြသော အလှူကို
    အောင်မြင်စွာပြီးမြောက်နိုင်အောင် ဝိုင်းဝန်းကူညီအားဖြည့်တာကို ကျေးဇူးအကြီးကြီး တင်ပါတယ်။ (မလတ်စကား ခဏငှားသုံးထားပါသည်။)

    • Ma Ei

      March 15, 2012 at 4:55 pm

      စာဖတ်ပြီး သိခဲ့တာကြာပြီမို့
      လူချင်းတွေတော့ စိမ်းမနေဘူးနော်…
      ထူးဆန်းတာဘဲ…

  • ငပွကြီး

    March 15, 2012 at 4:40 pm

    ဒီကို တစ်ပွဲ လုပ်ပါဟေ့….

    • Ma Ei

      March 15, 2012 at 5:01 pm

      No.11 ဝိုင်းက တစ်ပွဲတဲ့..
      လာပြီ…လာပြီ…

  • နွယ်ပင်

    March 15, 2012 at 4:52 pm

    ဗိုက်ဆာနေတာနဲ့ အတော်ပဲ နွယ်ပင်လည်း စားလိုက်ဦးမယ်နော်
    ဖက်ထုပ်လုပ်နည်းလေးလည်း မှတ်သွားပါတယ် အချိန်ရရင် လုပ်စားကြည့်ဦးမယ်
    ကျေးဇူးပါ အန်တီအိရေ …

    • Ma Ei

      March 15, 2012 at 5:04 pm

      အားပေးကြလို့ ပျော်လိုက်တာ…
      တကယ်ကို ကျွေးချင်သွားပြီ…

      • amatmin

        March 15, 2012 at 5:25 pm

        တကယ်ကျွေးချင်ရင် တကယ်လာစားပေး ပါ့မယ်..
        ဒါပေမဲ့ အပေါ်က တပန်းကန်လောက်နဲ့တော့ မဖြစ်…… 🙂

        • MaMa

          March 16, 2012 at 7:48 am

          အမတ်မင်းကို ထောက်ခံပါ၏။ 🙂

        • Ma Ei

          March 16, 2012 at 9:40 am

          များများပြင်ပေးပါမယ်…
          တကယ်လာစားပါ…ထောက်ခံသူ မမ ရော…
          ကြိုတော့ပြောနော်…

        • ဆူး

          March 16, 2012 at 9:57 am

          တစ်အုပ်တစ်မ ကျေးရွာက ရွာလူကြီး ဆယ်အိမ်ခေါင်း နဲ့ ရပ်ကွက်လူကြီး ပါမကျန် တရွာလုံး လာကြမယ် ဆိုရင်တော့ တော်ယုံ ပွဲခင်းလို့ ရနိုင်မယ် မထင်ဘူး။
          ဟိဟိ.. 😀

  • Khin Latt

    March 15, 2012 at 7:31 pm

    မအိရေ တွေ ယှဉ်ပြီး ဦးစားပေးဖတ်ကြေး ဆိုရင် စားစရာ ပုံတွေ၊ အစားအသောက် လုပ်နည်းတွေ ကို ဦးစားပေးဖတ်တယ်။ အဟိ 😉
    အဲဒါမျိုး လေးတွေ ကို များများ လေး တင်ကြပါ။
    ဒါမှ အရသာ စုံစုံလေးမြည်းစမ်း ကြရမှာ။
    မအိ ရဲ့ ဖက်ထုပ်ပေါင်းလေးက အရသာလဲ ရှိ ကျန်းမာရေးနဲ့ လဲ ညီမှာ။
    ဒါပေမဲ့ ဒီမှာ ဖက်ထုပ်ရွက် က အလွယ်မရနိုင်လို့ တစ်ခြား ချက်ပြုတ် နည်းများ လဲ တင်ပါဦး။

    အရီး က ကိုယ်တိုင်အဖြစ်ရှိရှိ မလုပ်တတ်ပေမဲ့ သူများချက်ပြရင် အားကျပြီး လိုက်ချက်တတ်ပါတယ်။
    ဝေဝေ တင်တဲ့ အာလူးဆနွင်းမကင်း တော့ ဖြစ်တယ်။ အတော်လဲစားကောင်း တယ်။
    နောက်တစ်ခါ အချိန်ရရင် ထပ်လုပ်ဦးမယ်။

    ဖက်ထုပ်ပေါင်းလေးစိတ်နဲ့ အဝ တီးသွား တယ် မအိရေ။
    အကုန်စားမပြစ်ဘဲ ဓာတ်ပုံရိုက်ခွင့် ပေးတဲ့ သမီးလေးခိုင် ကို လဲ အရီး ကိုယ်စား နှုတ်ဆက်ပေးပါဦး။
    ရိုက်ချက် ကလဲ သပ်သပ်ရပ်ရပ် လေးနဲ့ တကဲ့ စားချင်စဖွယ်ဘဲ။ 🙂

    • Ma Ei

      March 16, 2012 at 9:34 am

      မလတ်ရေ…ရွာထဲမှာ အချက်ပြုတ် ဝါသနာပါသူတစ်ဦးတိုးလာပြီလို့မှတ်ပေးနော်…
      သိတ်အများကြီးတော့ မတတ်ပါဘူး…သူများချက်တာကိုနည်းမေးလိုက်
      ဆိုင်မှာစားဖြစ်ရင်ပြန်ချက်ကြည့်လိုက် ဒါလောက်ပါဘဲ…ချက်ပြုတ်ပေးပြီး
      စားကောင်းကြရင် ကျေနပ်နေတာပါဘဲ…
      သမီးကလေးကို သတိတရ ပြောပေးလို့ ကျေးဇူးပါနော်…

  • ဂယ်လည်း ကျွေးတာ ဟုတ်ဘဲနဲ့ .. ဟွန့် ..
    ခု သူ့ပုံတွေကြည့်ပြီး သများ ဗိုက်ထဲမှာ ဂွီဂွီ ဖစ်နေပီ …
    အပျင်းပြေကို စားချင်တော့ဘူး …
    အမုန်းပဲ ဆွဲပစ်လိုက်တော့မယ် ….
    ဗျို့ .. အမကြီး
    ဖက်ထုပ်ပေါင်း ဆယ်ပွဲလောက် ….. မြန်မြန်လေး …
    😀 😀

    • Ma Ei

      March 16, 2012 at 9:51 am

      အံစာတုံးလေး ပျင်းနေလို့ အပျင်းပြေအောင်ပါ…
      ဆယ်ပွဲဆိုတော့ နဲနဲကြာမယ်နော်…

      ဘုကန့်လန့်…အမလေးနာမည်အတိုင်းလုပ်မနေနဲ့မြန်မြန်လာ…

      Readermaung ရေ အိမ်မှာလုပ်စားတော့ သန့်သန့်ရှင်းရှင်းလေး
      စားရတာပေါ့ကွယ်…ပျော်စရာလဲကောင်းပါတယ်…

  • ဘုကန့်လန့်

    March 15, 2012 at 8:09 pm

    အမ် နာတော့ ပုကန် ဆေး ပဲ မှီတော့မယ်
    နောက်တခါဆို လက်မြန်မှ ဖြစ်တော့မယ်

  • Readermaung

    March 15, 2012 at 8:13 pm

    စားချင်စရာလေး…မမအိရေ….
    လုပ်နည်းလေးပါပြောပြသွားလို့ကျေးဇူးပါ….
    လွယ်သားပဲနော်… လုပ်စားကြည့်ဦးမယ်:)

  • surmi

    March 15, 2012 at 11:11 pm

    ညမှ ဖတ်မိတော.အတော်ဂွကျတာဘဲ ။အိမ်မှာလဲဘာမှမရှိတော.ဘူး ၊ထွက်ဝယ်စားရအောင်လဲဆိုင်တွေ
    ပိတ်ကုန်ပြီ ။မှန်းစမ်း ဘယ်နှစ်နာရီထိုးပြီလဲ …..ဟိုက် ညတစ်နာရီ ။

  • Ma Ei

    March 16, 2012 at 9:20 am

    …ညတစ်နာရီ ။
    အိမ်ကလူ ညတစ်နာရီခွဲမှ နေပြည်တော်က ပြန်ရောက်ပြီး ဗိုက်ဆာလို့တဲ့
    စားခဲ့မယ်အောင်းမေ့ပြီး ဟင်းလဲမချန်မိတော့ ထမင်းကို ပဲငံပြာရည်အနောက်လေးနဲနဲနဲ့နယ်
    ရှိတဲ့ ကြက်အူချောင်း ကြက်ဥရယ် ဥနီ၊ဘိုစားပဲလေး သေးသေးလှီးထည့်ပြီး ထမင်းကြော်ပေးရတယ်…
    အိမ်ချင်းနီးရင်လဲ ကောင်းသား ကိုဆာမိရယ်…
    ဗိုက်ပိုဆာအောင်…

  • kai

    March 16, 2012 at 10:34 am

    အပျင်းပြေ ဆိုတော့.. ဘာများလည်းလို့..
    …စားစရာလို့မထင်လိုက်မိတာ.. :mrgreen:
    ဖက်ထုပ်ပေါင်း လို့ခေါင်းစဉ်ပေါင်းထည့်ပြီး.. အလှူကို.. နောက်ရော..အခုရော.. လူမိ…အဲ.. လူသိအောင်.. လုပ်ပေးလိုက်ပါတယ်ခင်ဗျား..

    • Ma Ei

      March 16, 2012 at 11:48 am

      စားစရာ မှန်းသိအောင် ကြော်ငြာပေးတဲ့ အတွက်
      ကျေးဇူးပါသူကြီးရှင့်…

  • yaungchikha

    March 16, 2012 at 10:55 am

    ကြည့်ရင်းနဲ့ ဖက်ထုတ်ပေါင်းစားချင်လာပြီ တော်တော်အရသာရှိမှာပဲနော်၊ ကိုယ်တိုင်က မလုပ်တတ်တော့ လုပ်နည်းလေးမှတ်သွားပါတယ်နော်၊ ကျေးဇူးပါနော်…

  • manawphyulay

    March 16, 2012 at 11:12 am

    မဆိုးဘူးပဲ ဖက်ထုပ်တစ်လုတ် ကော်ဖီတစ်ချိုင့် မော့ရုံပဲ ဂွတ်တယ်… အတော် စားကောင်းသား ဒီပြင်နည်းတွေကို ပြောပြပါဦး။

  • Ma Ei

    March 16, 2012 at 3:40 pm

    ရောင်ခြည်ခ ရေ…အန်တီအိလဲ အလွယ်လေးတွေဘဲ လုပ်တတ်တာ အထင်မကြီးနဲ့နော်…

    မနောလေးရေ…စားစရာလေးတွေ ဓါတ်ပုံ ရိုက်ထားတာ ရှိသေးတယ်…
    ဖြည်းဖြည်းချင်း တင်မယ်နော်…ဆက်ရေးပါမယ်…

  • windtalker

    March 16, 2012 at 7:58 pm

    ကြိုက်သွားပြီ မအိရေ ။ ဒီတစ်ခါ အိမ်မှာ အမြည်းမရှိဘူး လို ့မိန်းမ က ပြောလာလို ့ရှိရင် ၊ မအိ ကို ပြေးဖတ်ခိုင်းလိုက်မယ်နော် ။ ဒီပို ့စ် ကို ပြောပါတယ် ။

Leave a Reply