အဖေ

ပင်လယ်ကမ်းစပ်မှာရှိတဲ့ရွာလေး တစ်ရွာမှာပေါ့ အဲ့ဒိနေ့ကမုန်တိုင်းတွေတအားတိုက်နေတယ် မခင်နုယောကျင်္ားကိုမြင့်လှိုင်မှာတော့ ဝမ်းစာအတွက်ပင်လယ်ထဲငါးဖမ်းသွားနေရှာတယ် ကုန်းပေါ်မှာကျန်ခဲ့တဲ့မခင်နုကတော့ ကိုဝန်နေ့စေ့လစေ့ကြီးနဲ့ မခင်နုတစ်ယောက်မုန်တိုင်းပြင်းနေတဲ့လင်ယောကျင်္ားကို အရမ်းစိတ်ပူနေရှာတယ် သူလွယ်ထားတဲ့ဗိုက်ထဲကကလေးကလဲ လူ့လောကထဲကို လာချင်နေပြီဖြစ်မယ်

အား အား နာလိုက်တာဒေါ်ပုမရယ်

အားလေးတင်းပြီးညစ်ကြည့်ပါ ညဉ်းကလေးကဗိုက်ထဲမှာအနေအထားက မမှန်တော့ညဉ်းနဲနဲတော့ အခက်တွေ့မှာပေါ့လို့ ဒေါ်ပုမ ဆိုတဲ့လက်သယ်က ပြောလိုက်တယ်

အားခင်နုတစ်ယောက်တော့ဇောချွေးတွေ ပြန်လို့ မုန်တိုင်းကလဲထန်လေတွေကလဲတိုက်မိုးတွေကလဲရွာ

ခင်နု ညဉ်းအားတင်းထားပါအေ

ကျွန်မလဲတင်းထားပါတယ် အားအား အား အင်း အင်းးးးးး

မွေးပြီမွေးပြီ ခင်နုရေ ယောကျင်္ားလေးတော့ ညဉ်းလင်မောင်မြင့်လှိုင်နဲ့ တစ်ပုံစံထဲပဲ

ခင်နုတစ်ယောက်တော့ လူ့လောကထဲကို ဝင်လာချင်တဲ့ကလေးကိုလူ့လောကထဲ ရောက်အောင်ပို့ပြီး ခင်နုမှာတော့

ခင်နု ခင်နု ညဉ်းရတယ်ပဲလား ခင်နု ခင်နု

ဒေါ်ပုမရေ ကျွန်မသားလေးက ကျွန်မယောကျင်္ား ကိုမြင့်လှိုင်နဲ့တစ်ပုံစံထဲပဲနော် ကိုမြင့်လှိုင်ကို ပြောလိုက်ပါ သားလေးကိုသေချာလျာဂရုရုရု

ဟဲ့ခင်နု ခင်နု ဒေါ်ပုမခင်နု နှာခေါင်းလေးကို လက်ကလေးနဲ့စမ်းကြည့်လိုက်တော့ ခင်နုတစ်ယောက်အသက်မရှိတော့ သူ့သားလေးကိုတော့ လူ့လောကထဲရောက်အောင်ပို့ပြီး ခင်နုတစ်ယောက်မှာတော့ လူ့လောကထဲကနေထွက်သွားလေသည် မုန်တိုင်းကတော့ ကလေးငိုသံ အူဝဲအူဝဲ ဆိုတဲ့အသံနဲ့အတူ ငြိမ်သတ်သွားလေသည်

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခင်နု ခင်နု ကိုပြန်လာပြီလေ ကိုဘာမှမဖြစ်ဘူးခင်နုရဲ့ ကို့ကိုထကြည့်ပါအုံးခင်နုရယ် ခင်နုပြောတော့ မွေးလာမဲ့ကိုတို့ကလေးလေးရယ် ခင်နုရယ် ကိုရယ် ပျော်ပျော် နေကြမယ်ဆို အခုတော့ ခင်နုရယ် ကိုတို့သားအဖကို ထားသွားပြီလား ကိုဘယ်လိုဖြေသိမ့်ရမှာလဲ ခင်နု

အော် မောင်မြင့်လှိုင်ရယ် သတ္တဝါတစ်ခု ကံတစ်ခုပေါ့ကွယ် သွားလေသူလဲ သွားလေပြီဆိုတော့ ခင်နုအတွက် ငါတို့တွေ ကောင်းရာဘုံဘဝရောက်အောင်ဆုတောင်းပေးရုံကလွဲပြီး ဘာမှမတက်နိုင်ဘူးလေကွယ် တရားနဲ့ပဲဖြေပါ မောင်မြင့်လှိုင်ရယ် ဒေါ်ပုမတို့လဲ စိတ်မကောင်းပါဘူးကွယ်

ကျွန်တော်ပင်လယ်ထဲ ငါးဖမ်းသွားလို့ ဖြစ်ရတာ ခင်နု ကို့အမှားပါကွာ ကို့ ကိုခွင့်လွတ်ပါကွာ

ကဲ လူကြီးတွေဘာတွေလုပ်ကြအုံးမလဲလို့ မေးလိုက်ကြအုံးကွယ်

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ခင်နု ဒီကလေးကိုနင်ဘယ်သူ့ပေးမှာလဲ ခင်နုနဲ့ခင်နုကလေးကိုလိပ်ပြာခွဲကြပြီ ကဲခင်နု ဒီကလေးကို ရွာလယ်ပိုင်းကဒေါ်ခင်စန်းကိုပေးမှာလား ဂွန်း ထည့်ထားတဲ့ ချိန်ကွင်လေးကတော့ခင်နုဘက်ပဲပါနေတယ် ရွာထဲကလူတွေ အကုန်လုံးလိုလိုမေးပြီးကြတယ် ခင်နုဘယ်သူ့မှမပေး ကဲခင်နု ဒီကလေးကို ညဉ်းယောကျင်္ား မောင်မြင့်လှိုင်ကို ပေးမလား လို့မေးလိုက်တော့ ချိန်ကွင်လေးက မတ်မတ်ဖြစ်နေတယ် ၅မိနစ်လောက်ကြတော့ ခင်နုဘက်ခြမ်းပါသွားတယ် ကိုမြင့်လှိုက်မှာတော့

ခင်နု ကို့သားလေးကို ကို့ကိုပေးပါကွာ ခင်နု မရှိရင် ကို ကို့သားလေးနဲ့ပျော်ပျော်ရွှင်ရွှင် နေသွားချင်တယ် ကို့ကိုပေးပါနော်

ချိန်ကွင်လေးကတော့ မောင်မြင့်လှိုင်ဘက်ခြမ်းကိုရောက်သွားတာနဲ့ ဇက်ကနဲဆို လှမ်းဆွဲပြီး ကလေးကိုတော့ ခင်နုက သူ့ယောကျင်္ား မောင်မြင့်လှိုင်ကို ပေးခဲ့တယ်

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကလေးမှာနို့စို့ အရွယ်လေး ဆိုတော့ ရွာထဲကလူတွေကပဲ ဝိုင်းဝန်းထိမ်းပေးကြတယ် ရွာထဲကလူတွေကလဲချစ်ကြတယ် အဖေလုပ်သူက အသက်နဲ့အမျှချစ်လို့ နံမည်ကိုတော့ ဖေဖေချစ်လို့ပဲ အမည်တွင်ခဲ့တယ်

ဟဲ့ မောင်မြင့်လှိုင် ဖေချစ်တစ်ယောက်ကော

အိပ်နေတယ်ဗျ

ဒေါ်စိန် ကျွန်တော်သားလေးကို ကြည့်ပေးထားပါအုံးဗျာ ကျွန်တော်ပင်လယ်ထဲ ငါးဖမ်းထွက်လိုက်အုံးမယ်ဗျ

အေးအေး မောင်မြင့်လှိုင် ဒေါ်စိန်ကြည့်ထားပေးပါ့မယ် မင်းလဲ လှေကို သတိဝိရိယလေးနဲ့မောင်းအုန်းနော်

ဟုတ် ဒေါ်စိန်ရေ ကျွန်တော်သွားပြီ

ရွာထဲက လူတွေ ကလဲ ဖေချစ်ကို ချစ်ကြတယ် ဖေချစ်ကလဲ ချစ်ချင်စရာလေးဆိုတော့ ရွာထဲကလူတွေကတစ်ယောက်တစ်လက်နဲ့ ဝိုင်းလို့ထိန်းပေးကြတယ် ဖေချစ်လေးအရွယ်ရောက်တဲ့အထိပေါ့

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပင်လယ်ကမ်းစပ်မှာဆိုတော့ သူ့တို့အလုပ်ကတော့ ပင်လယ်ထဲငါးဖမ်းပြီး ဝမ်းစာအဖြစ် လုပ်ကိုင်စားသောက်ကြတယ်

အဖေ ပင်လယ်ထဲငါးဖမ်းထွက်တာ တော်တော် ပင်ပန်းနေမှာပဲနော် သားနင်းပေးမယ်လေ

ကောင်းသားပဲကွ ငါ့သားရ ဘာလဲမင်းဘာလိုချင်လို့ အဖေကိုဖားနေတာလဲ ဖေချစ်

ဟာ အဖေကလဲ သားကအဖေကိုမဖားပါဘူး အဖေပင်ပန်းတာကိုမကြည့်ရက်လို့ သားကနင်းပေးမယ်ပြောတာပါ

ကဲ ဟုတ်ပါပြီကွာ

ဘယ်ဆိုးလို့လဲကွ ငါ့သားကနင်းတက်နှိပ်တက်သားပဲကွ

အဖေသားပဲလေ ဒီလောက်တော့ရှိမှာပေါ့ ဒါနဲ့ အဖေ သားအဖေကိုပြောပြစရာလေးရှိတယ်

အေ ဘာတုန်းကွ ငါ့သားရ

သားစက်ဘီးလိုချင်တယ် အဖေ ကျောင်းမှာကသားသူငယ်ချင်းတွေအားလုံး စက်ဘီးတွေနဲ့ကြီးပဲ သားသူတို့နောက်ကလိုက်မစီးချင်ဘူး သားကိုစက်ဘီးဝ်ပေးနော် အဖေ

ဝယ်ပေးရမှာပေါ့ကွ အဖေမှာဒီသားလေးတစ်ယောက်ပဲရှိတာ ဒီသားလေးမဝယ်ပေးလို့ အဖေကဘယ်သူ့ကိုသွား ဝယ်ပေးရမှာလဲ ကဲတော်ပါပြီသားရယ် ဆင်းတော့ ဆင်းတော့

ကိုသားထူးက မောင်မြင့်လှိုင်ကို လှမ်းခေါ်ရင်းးးးးးးးးးးး ဗျို့ ကိုမြင့်လှိုင် သွားကြမယ်လေဗျာ အံမယ် ဒီသားအဖတွေတော်တော်ချစ်နေကြတယ်

ဖေချစ် မင်း မင်းအဖေကိုဘာပူစာမလို့ နင်းပေးနေတာလဲကွ

ဟာ ဦးလေးသာထူးကလဲ ကျွန်တော်ကအဖေကိုပင်ပန်းလို့ဆိုပြီးနင်းပေးနေတာပါဗျာ

ကဲ သားရေ အဖေတို့ မိုးလေသာတုန်းပင်လယ်ထဲဆင်းလိုက်အုံးမယ်ကွာ ငါများများရအောင် ဆုတောင်း ဒါမှ ငါ့သားလိုချင်တဲ့စက်ဘီးအဖေ ဝယ်ပေးလို့ရမှာကွ

ဟုတ်အဖေ သတိနဲ့သွားအုံးနော် အဖေ သားဒီနေ့အဖေပြန်လာရင်အစဉ်သင့်စားလို့ရအောင် ငပိရည် နဲ့တို့စရာလုပ်ထားမယ်နော်အဖေ

အေး အေး သားရေ အဖေသွားပြီ

မောင်မြင့်လှိုင်ကတော့ သားလေ းကိုမိတစ်ဆိုးသားလေးဆိုပြီး ချစ်ရှာတယ် သားဘာလိုချင်လဲ ဝယ်ပေးတယ် အဲ့ဒိနေ့ကငါးကြီးသားကြီးရပြီး မြို့တက်ရောင်းပြီးတော့ သူ့သားအတွက် စက်ဘီးလေးကိုချက်ချင်းဝယ်လာပေးတယ် ဖေချစ်ပျော်နေတာကိုကြည့်ပြီးမောင်မြင့်လှိုင်မှာတော့ပီတိတွေဖြာလို့

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဖေချစ်ကလဲ အတန်းထဲမှာဆိုရင် ပထမပဲ စာလဲတော်တယ် ဒီနှစ်၁ဝတန်းရောက်ပြီ ဖေချစ်အဖေလုပ်သူ မောင်မြင့်လှိုင်မှာတော့ သားမျက်နှာမငယ်ရအောင် ပိုက်ဆံကိုရှာတယ်

သား သား ၁ဝတန်းကိုဂုဏ်ထူးပါအောင် ကြိုးစားနော်သား

သားကြိုးစားမှာပေါ့ အဖေရ သားကဆရာဝန်ကြီးလုပ်မယ် ပြီးရင်ရွာက လူတွေကိုဆေးကုပေးမယ် ပြီးရင် အဖေကိုလဲ ပင်လယ်ထဲ ငါးဖမ်းတဲ့ အလုပ်လဲသားကမလုပ်ခိုင်းတော့ဘူးဗျ သားကအဖေကို ဆရာဝန်လုပ်ပြီး ရှာလို့ရတဲ့ပိုက်ဆံနဲ့ အဖေကို ပြန်လုပ်ကျွေးမှာ

အော် ငါ့သားလေး လိမ္မာလိုက်တာကွာ အဖေရှာရကြိုးနပ်တာပေါ့ကွာ

အဖေ သားကျောင်းသွားလိုက်အုံးမယ်

အေးအေး သား

ဖေချစ်တို့သားအဖေကိုကြည့်ပြီး ပတ်ဝန်းကျင်ကလူတွေကတောင်အားကျကျတယ် အရမ်းချစ်ကြတဲ့သားအဖဆိုတော့ ပတ်ဝန်းကျင်ကအားကျရင် လဲ အားကျစရာပဲလေ

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

၁ဝတန်းစာမေးပွဲကလဲ ဖြေပြီးပြီ စာမေးပွဲဖြေပြီးပြီဆိုတော့ ဖေချစ်လေးတစ်ယောက် အိမ်မှုကိစ္စလေး တွေလုပ်ပေါ့ အဖေလုပ်သူကတော့ သားဖြစ်သူကိုပင်လယ်ထဲတစ်ခါမှခေါ်မသွားဘူး သူ့သားလေးကိုအန္တရာယ် ဖြစ်မဲ့အလုပ်မျိုးဆိုပြီး တော့ သူပဲလုပ်ရှာတယ်

ဖေချစ်ရေ

ဗျာ ဒေါ်လေးစိန်

ဘာတွေလုပ်နေတာလဲကွဲ့

အော် အဖေပြန်လာရင်စားဖို့ရအောင် ထမင်းချက်နေတာ

ဟယ် ကြည့်စမ်းပါအုံး မျက်နှာမှာလဲ အိုးမဲတွေနဲ့

ဒေါ်လေးစိန် ဘာကိစ္စရှိလို့လဲဟင် သားတို့အိမ်ကိုလာတာ

နင်တို့ အိမ်ကိုငါကကိစ္စရှိမှ လာရမှာလား ကိစ္စမရှိရင်မလာရတော့ဘူးပေါ့

အော် အဲ့လိုပြောတာမဟုတ်ပါဘူး ဒေါ်လေးစိန်ရယ် သားကမေးကြည့်တာပါ

ရွာနောက်ပိုင်းက ဝက်ပေါ်လို့ အဲ့ဒါဝက်သားလေးဝယ်ပြီး ဟင်းချက်ထားလို့ နင်တို့သားအဖစားလို့ ရအောင်လာပို့တာ ရော့

ဟာ ဒေါ်လေးစိန်ကတော့ အရမ်းချစ်ဖို့ကောင်းတာပဲ ဝက်သားဟင်းမစားရတာကြာနေပြီ အဖေလဲ ငါးမရတာကြာတော့ ဝယ်မစားဖြစ်ဘူး ကျေးဇူးပဲဒေါ်လေးစိန်ရေ

ကောင်ကလေး အဲ့လိုပြောပြီးစားနေတာ ကဲ ဒေါ်လေးစိန် ငါးတွေလှမ်းထားလို့ သွားသိမ်းလိုက်အုံးမယ်

ဟုတ်ကဲ့ဒေါ်လေးစိန်

ဟိဟိဟိဟိ ငါတို့သားအဖတော့ ဒီနေ့ဝက်သားဟင်းနဲ့ ဆွဲရပြီ ပျော်လိုက်တာ အဖေကလဲလေ မိုးချုပ်တော့မယ် အခုထိလဲပြန်မလာသေးဘူး ဘာများဖြစ်နေတာပါလဲ ငါကမ်းစပ်နားသွားကြည့်အုံးမှ

းးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မိုးချုပ်နေပြီ ဖြစ်တဲ့ ကိုမြင့်လှိုင်လှေလေးက ကမ်းစပ်နားဆိုက်ကပ်ရင်းးးးးးးးးးးးးးးးးးးးးးး

ဟာ သားဖေချစ် ဘာလို့လာစောက်နေတာလဲကွ

ဟာ အဖေကလဲ အဖေပြန်မလာလို့ပေါ့ သားက စိတ်ပူနေလို့လာစောက်နေတာ

အော် ငါ့သားရယ် ခါဆိုင်းလဲ ဒီလိုပဲ နောက်ကျနေတဲ့ဟာကိုပဲကွာ

ဟာ အဖေကလဲ ခါတိုင်းထက် ဒီနေ့က ပိုပြီးနောက်ကြတယ် ကြည့်အုံးကြယ်တွေတောင် ထွက်နေပြီ မြန်မြန်လုပ် လာ သားပါကူသယ်ပေးမယ် သားဗိုက်ဆာနေပြီ အဖေရ

ဟာ ငါ့သားကလဲ အဖေနောက်ကြနေရင် စားနင့်တာတော့မဟုတ်ဘူး ကဲ အခုတော့ဗိုက်ဆာနေပြီမလား

သားစားလိုက်ရင်အဖေ စားစရာမရှိပဲနေသွားမယ် ဒီနေ့ ဘာဟင်းလဲ သိလား

သားချက်ထားတာပဲ သားမသိဘူးလား ဘာလဲ အဖေကိုလာစားနေတာလား

ဒီနေ့ အိမ်မှာ ဟင်းကောင်းတယ် ဒေါ်လေးစိန်တို့အိမ်က ဝက်သားဟင်းချက်လို့ လာပေးထားတာ

အေ ဟုတ်လား ကဲဒါဆို မြန်မြန်လုပ်မှပဲကွ

သားအဖနှစ်ယောက် ထမင်းကိုစားလိုက်ကြတာ ချက်ထားတဲ့ ထမင်းအိုးလေး ပြောင်သွားတယ်

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မနက်ဖြန် ဆိုရင် ၁ဝတန်းအောင်စာရင်းတွေ ထွက်တော့မှာအဖေရ သားဂုဏ်ထူးပါအောင်ဖြေထားတာ ၆ဘာသာဂုဏ်ထူးပါလို့ကတော့လား ရွာထဲက လူတွေအားလုံးလိုက်ကြွားလိုက်မှာ

အဖေ ပင်ပန်းနေလား သားနင်းပေးရမလားအဖေ

အေး ကောင်းသားပဲသားရယ် ဝက်သားဟင်းနဲ့ စားထားတော့ အဖေလဲဇာတ်ကြောနဲနဲတက်ချင်သလိုဖြစ်နေတယ်

တက်နေတဲ့ ဇာတ်ကြော ဖေချစ်ကိုတိုင် မတက်နိုင်အောင် နှိပ်ပေးမယ်

အဖေ အဖေ အဖေ ဟောနှိပ်ပေးရင်နဲ့ အိပ်ပျော်သွားပြန်ပြီ

ဖေချစ်လဲ သူ့အဖေ ဘေးနားလေးမှာ ခွေလျှက်အိပ်လိုက်သည်

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဖေချစ် မင်းအောင်စာရင်း သွားမကြည့်ဘူးလားကွ

အေး ငါအခုသွားမလို့ကွ မင်းကောကြည့်ပြီးပြီလား

အေး ငါလဲ အခု သွားကြည့်မလို့ကွ

ဖေချစ်တို့ရွာလေးကနေ အထက်တန်းကျောင်းရှိရာသို့ စက်ဘီးနဲ့၁နာရီလောက်နင်းရသည် ဖေချစ်ကတော့ အောင်စာရင်းကြည့်ဖို့နင်းသွားလိုက်တာ ၁နာရီတောင်မကြာဘူး နာရီဝက်လောက် ဆိုတာနဲ့ရောက်သွားတယ်

ဖေချစ် လူတွေအများကြီးပဲကွ

များလဲ တိုးကြည့်ကြတာပေါ့ကွာ

အေးတိုးတိုး

ဟာ ဖေချစ် ငါ့အောင်တယ်ကွ

ဟုတ်လား ငါ့နံမည်လဲမတွေ့ဘူးကွ ကူရှာပေးပါအုံးကွာ ငါ၁ဝတန်းမအောင်လို့ မဖြစ်ဘူးကွ

ဟော ဟို့မှာ ဟာ ဖေချစ် မင်း၅ဘာသာတောင် ဂုဏ်ထူးပါတယ်

ဘယ်မှာလဲ ဟိုမှာလေကွာ

ဟာ ဟုတ်သားပဲ ငါအဖေကိုသွားကြွားလိုက်အုံးမယ်ကွာ

ဟာ ငါ့လဲစောက်အုံးလေကွာ

ဟာ မင်းကလဲ ရွာပြန်တက်နေတာပဲ ကို့ဘာသာကိုပြန်လာခဲ့တော့ ငါသွားပြီ

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။။။။။။။။။။။။။။။။။။။။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဒေါ်လေးစိန်ရေ ဒေါ်လေးပုတို့ရေ သား၁ဝတန်းကို ဂုဏ်ထူး ၅ဘာသာနဲ့အောင်တယ်ဗျ

အေ ဟုတ်လား တော်လိုက်တာ ဖေချစ်ရယ်

ဖေချစ်ကတော့ ပျော်နေတယ် သူဂုဏ်ထူး၅ဘာသာနဲ့အောင်တာကို တစ်ရွာလုံးကလူတွေ သိအောင် အော်ပြီး တော့ပြောနေတယ် သူတော်တော် လေးကို ပျော်နေရှာတယ် သူ့ဖြစ်ချင်တဲ့ဆရာဝန်လဲ ဖြစ်တော့မယ်လေ

အဖေကိုသွားပြောအုံးမှ

အဖေ ရေ အဖေ အဖေ့သားဖေချစ်၁ဝတန်းကို ဂုဏ်ထူး ၅ဘာသာနဲ့ အောင်တယ်ဗျ

ဟာအဖေလဲ မရှိဘူး ပင်လယ်ထဲဆင်းသွားပြီနဲ့တူတယ်

ဖေချစ်တစ်ယောက် သူ့အဖေကိုကြွားချင်လို့သူ၁ဝတန်းဂုဏ်ထူး ၅ဘာသာနဲ့ အောင်တာကိုပြောပြချင်လို့ သူ့အဖေအပြန်လမ်း ပင်လယ်ကမ်းစပ်ကစောက်နေရှာတယ် အဲ့နေ့ကမိုးတွေရွာတယ် ဖေချစ်မိုးရေထဲမှာ သူ့အဖေကို စောက်နေတယ် လှိုင်းလုံးတွေကလဲကြီး လေတွေကလဲတိုက် သူ့မှာတော့ အပျော်တေံဖိစီးနေလို့ အဲ့ဒါတွေကို မသိရှာ သူ့အဖေကိုသာ စောက်နေရှာတယ် မိုးတွေကလဲ ရွာနေတယ် လေတွေကလဲ တိုက်နေတယ် လှေကလေးတစ်စီးဝင်လာတယ် သူ့အဖေလှေ မဟုတ်

ဟာ ဦးသာထူး သားအဖေလှေကော မဝင်လာသေးဘူးလား

မသိဘူးလေကွာ ဒီနေ့မင်းအဖေက သီးတို့နဲ့ မလိုက်ဘူးကွ သူ့တစ်ယောက်ထဲသွားတာ

အော် ဟုတ်

မင်းကမိုးတွေလေတွေ ဒီလောက်တိုက်နေတာ ဘာထိုင်လုပ်နေတာလဲကွ ဒီကလေးတော့ အအေးပက်တော့မှာပဲ ကဲ ဦးသာထူးတို့နဲ့တူတူပြန်ကြရအောင်

ရပါတယ် သားအဖေကို စောက်နေအုံးမယ်

ဖေချစ်သူ့အဖေ လှေကိုစောက်နေတယ် ရွာမှာရှိတဲ့ လှေတွေအားလုံး ပြန်ရောက်ပြီ သူ့အဖေ လှေပြန်မရောက်သေး ဖေချစ်ရင်ထဲတမျိုးဖြစ်သွားသည် ဟာမဖြစ်နိုင်ပါဘူး ငါ့အဖေပြန်လာမှာ ငါ၁ဝတန်းဂုဏ်ထူး၅ဘာသာနဲ့ အောင်တာကို အဖေ့ကို ပြောပြရအုံးမယ်လေ ဖေချစ်စဉ်းစားရင်း မျက်ရည်တွေ ဝဲလာတယ် မိုးတွေကလဲ တအားချုပ်နေပြီ

ဖေချစ် မပြန်သေးဘူးလား သားအဖေ နောက်ကြနေတာနေမှာပါကွယ်

ကဲ လာ ဒေါ်လေးစိန်တို့ နဲ့ တူတူအိမ်ကနေပြန်စောက်ရအောင် နော် ဖေချစ်က လိမ္မပါတယ်

ဒေါ်လေးစိန် ဖေဖေ ဘာဖြစ်နေပြီလဲ မသိဘူး အခုထိလဲပြန်မလာသေးဘူး

အော် သားရယ် မတွေးကောင်းတာတွေ တွေးနေပြန်ပါပြီ တစ်ကိုလုံးလဲ မိုးရေတွေနဲ့ လာအအေးပက်မယ် ပြန်ကြရအောင်နော် သားအဖေမုန်တိုင်းမိလို့ပဲ ကျွန်းတစ်ကျွန်းကျွန်းမှာများ ဝင်အိပ်နေလားမှ မသိတာကွယ် ဒေါ်လေးစိန်နဲ့ပြန်လိုက်နော်

ကိုမြင့်လှိုင် မှာတော့ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး သေဆုံးသွားတယ် ဖေချစ်ကတော့ သူ့အဖေပြန်လာနိုးနိုးနဲ့ ပင်လယ်ကမ်းစပ်ကနေစောက်မျှော်နေတာ တစ်နေ့

ဟာ ဒေါ်လေးစိန် ဟိုမှာလှေတစ်စီးဗျ အဖေလှေလား မသိဘူး ကမ်းကိုလာနေတယ်

မှန်းစမ်း အေး သားအဖေ လှေပဲ

လှေလေးကတော့လှိုင်းလေးအပေါ်မှာလိုက်ပါလာရင်း ကမ်းစပ်ရောက်တော့ ကိုမြင့်လှိုင်မပါ ဖေချစ် ရင်ထဲအသဲထဲမီးတွေတောက်လောင်နေပြီ

ဒေါ်လေးစိန် အဖေလဲ ပြန်မပါလာဘူး အဖေဘာဖြစ်နေပြီလဲ

အဖေ… အဖေ… အဖေ… သားကိုတစ်ယောက်ထဲ ထားခဲ့ပြီလား အဖေ….အဖေ … အဖေ .. ဖေချစ် တစ်ယောက် အဖေဆိုတဲ့ေ ခါ်သံလေးကို ဟိုးးးးးးအဝေးက ပင်လယ် သမုဒ္ဒရာထိရောက်အောင် အော်လိုက်ပြီးမျက်လုံးထဲမှ မျက်ရည်များ မိုးများအဖြစ်သို့ ရွာချလိုက်ပါသည် ဖေချစ်တစ်ယောက် သူ့အဖေပြန်လာနိုးနိုးနဲ့ နေဝင်ချိန်လေးတိုင်း ပင်လယ်ကမ်းစပ်မှာ စောင့်မျှော်ရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

………………………………………………

ကြိုးစားပါအုံးမည်

10 comments

  • jujuma

    March 15, 2012 at 3:10 pm

    အာ စာတွေကများလိုက်တာ နောက်မှဖတ်တော့မယ်..အားးးးတေးဘူးးး…ဟိဟိ

  • FattyCat

    March 15, 2012 at 3:24 pm

    တစ်ခုခုတော့လွဲနေတယ်…
    လှေကတောင် ရေကူးပြီး အိမ်ပြန်လာတတ်တာ…
    တံငါက ပြန်မလာတတ်ဘူးလား….

  • Mon Kit

    March 15, 2012 at 3:39 pm

    အရင့်ရောင်ရေ…
    ဖတ်လို့တော့ ကောင်းပါတယ်..
    ဒါပေသိ ” စောင့်” ဆိုတဲ့ စကားလုံးကို ” စောက်” လို့ ရေးထားသည့်အတွက် ဖတ်ရတာ တညိုးကြီးဘဲ..

    • အရင့်ရောင်

      March 15, 2012 at 3:44 pm

      အမြန်ရေးလိုက်လို့ပါ
      ဆောရီးပါဗျာ
      မှားပါတယ်
      အမှားကိုအမှန် ပြင်ဖတ်ပေးလို့ကျေးဇူးပါ

  • Khaing Khaing

    March 15, 2012 at 3:48 pm

    သနားပါတယ်ဟယ် သူ့အဖေခမျာ ဖေချစ်လေးစာမေးပွဲအောင်တာတောင် သိမသွားရှာဘူး …..ရွတ် ရွတ်

  • kyeemite

    March 15, 2012 at 4:23 pm

    ရွှတ်..ဘတ်..အဲကပ်ကုန်ပြီ..
    ဆက်ရေးပါ ..ကောင်းပါတယ်..

    • ကြီးမိုက် ပစ်လိုက်သော နှပ်ဖက် …
      သူ့နဖူး ပြန်ကပ်သွားလေ၏ ။။။။။။။။။။။။။
      ဖလပ် .. ဖလပ် .. ဘတ် .. 😀
      ________________
      ဟေ့လူကြီးရေ …
      အောက်က သီချင်းလေး အပေါ် ဖြစ်မိတဲ့ ခံစားချက်လေးအတိုင်း အားပေးသွားတယ်နော် …

      တံငါရွာ .. ♫ .. ♪ .. နေပူထဲ .. ♪ .. ♫ .. ကွန်တွေလည်း ဖြန့်လို့သာ … ♫ .. ♪ .. ပင်လယ်ပြင်မှာ ငါးဖမ်း ဝမ်းစာရှာ .. ♫ .. ♪ .. ♫ .. ♪

      ခင်တဲ့ … အံစာတုံး

  • ရွှေဘိုသား

    March 15, 2012 at 6:25 pm

    ဘိုဖြူ သီချင်းတောင်သတိရမိတယ်

    အိမ်သူ့မယား သားသမီးတွေ အိမ်ပြန်လမ်းကစောင့်ကြိုရှာ

  • Thel Nu Aye

    March 15, 2012 at 8:57 pm

    ဟင့်အဲဒါ လွှမ်းမိုးသီချင်းပါ။ ဘိုဖြူကပြန်ဆိုထားတာ။ သီချင်းကိုအရမ်းကြိုက်လို့ စာကိုလဲခံစားသွားပါတယ်။

  • htet way

    March 16, 2012 at 9:33 am

    လူသံလားလေသံလား
    အရိုင်းခေါ်သံကြားက
    ဟေး.. ဟုတ်မဟုတ်။
    မချမ်းရန်ကော ချမ်းရန်ကောဟဲ့
    ကမ်းယံမှာ
    နွမ်းဟန်နဲ့ …သာအမိတစ်အုပ်။
    (အောင်ဝေး – ဆင်းရဲတဲ့ အချစ် ) ပန်းဝေသီ မဂ္ဂဇင်း

Leave a Reply