ထင်သာမြင်သာရှိတဲ့ မြဝတီ Channel အကြောင်း

YE YINT THUMarch 15, 20121min16216

ကြားဖြတ်ရွေးကောက်ပွဲအတွက် ယမန်နေ ့ညက ဒေါ်စုရဲ  ့NLD ပါတီ မဲဆွယ်ဟောပြောမှု  ထုတ်လွှင့်ချက်ကို မြဝတီချန်နယ် ကနေကြည့်ဖြစ်ခဲ့ပါတယ်။

ခေတ်စကားနဲ ့ပြောရရင်တော့ မြဝတီ Channel ကတော်တော်လေး ထင်သာမြင်သာ ရှိတယ်လို ့ပြောရမှာပါ။ ခန် ့မှန်း အချိန် ည 9:25 လောက်မှာဒေါ်စုဟောပြောချက်က ရုတ်တစ်ရက်လိုင်းပြတ်သွားခဲ့ ပြီးနောက်တစ်ပါတီ ဟောပြောတဲ့ အလှည့်ကျမှဘဲ လိုင်းပြန်ကောင်း သွားခဲ့ပါ တယ်။

သူ ့ပါတီကိုယ့်ပါတီ အနိုင်ရရှိရေးအတွက် ဥပဒေဘောင်ထဲကနေ တရားနည်းလမ်းတစ်ကျ မဲဆွယ်စည်းရုံးခွင့်ကို နိုင်ငံတော်ကတောင်ခွင့်ပြုပေးတာဘဲ။ တစ်ကယ်ဆို ဒီလိုသူရဲဘောကြောင် အောက်တန်းကျတဲ့ စိတ်ဓါတ်မျိုးနဲ ့လိုင်းဖြတ်လိုက်တဲ့ လုပ်ရပ်မျိုးလုံးဝ မလုပ်သင့်မလုပ်ထိုက်ပါဘူး။

အဲဒီလိုဖြတ်လိုက်လို ့ရောဒေါ်စုရဲ ့ဟောပြောချက်တွေကပြည်သူတွေထံကိုမရောက်ဘဲပျောက် ပျက်သွားမှားလား??? ဆိုတာစဉ်းစားသင့်တယ်။

16 comments

  • Thel Nu Aye

    March 15, 2012 at 2:50 pm

    MRTV 4 ကတော့ကောင်းကောင်းအစအဆုံးလွှင့်သွားသားပဲ။ မြဝတီတော့မကြည့်လိုက်မိဘူး။

  • ahnyartamar

    March 15, 2012 at 3:59 pm

    No MYD wave at our place, but MRTV & MRTV4 was broadcasting start to end very clearly.

  • eipu

    March 15, 2012 at 4:17 pm

    မြဝတီကလာပါတယ်။

  • YE YINT THU

    March 15, 2012 at 4:30 pm

    မလာဘူးလို ့ရေးထားတာမရှိပါဘူး။ သတင်းကိုသေသေချာချာပြန်ဖတ်ကြည့်ပါဦး။

    ခန် ့မှန်း အချိန် ည 9:25 နာရီ လောက်မှာဒေါ်စုဟောပြောချက်က ရုတ်တစ်ရက်လိုင်းပြတ်သွားခဲ့

    လာတယ်ဆိုတာက ပထမ်ပိုင်း ၁ဝ မိနစ်စာလောက် လွှင့်ပေးပြီးမှလိုင်းဖြတ်လိုက်တာပါ။ ကျောက်ဆည်။ မြင်းခြံ။ စစ်ကိုင်း။ ပြင်ဦးလွင်။ မန္တလေးဖက်မှာဖြစ်ပါတယ်။

  • chityimhtoo

    March 15, 2012 at 5:42 pm

    ကျွန်တော်လည်းကြည့်နေတာကောင်းပါတယ်

  • နေဝန်းနီ

    March 15, 2012 at 7:57 pm

    အဲဒိမီဒီယာတွေက သူတို့ ဝါဒဖြန့်ချင်တာဆို မဖြစ်ဖြစ်အောင်လုပ်တတ်တယ်…။ ကြည့်ပါလား ကိုရီးယားကားတွေ ဘောလုံးပွဲတွေကျတော့ သူတို့ဖုံးချင်ကွယ်ချင်တာကျရင်မသိချင်ယောင်ဆောင်နေတာများတယ်………။

  • mg mg

    March 15, 2012 at 9:25 pm

    လူကြီးမင်း ဖမ်းယူကြည့်ရှုသောမြဝတီချန်နယ်နှင့် ဆက်သွယ်နိုင်ရန် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ဖမ်းယူပါရှင်။

  • မာယာ

    March 15, 2012 at 9:50 pm

    လက်ရှိအစိုးရဘာလုပ်လုပ်အကောင်းမမြင်သူများသည်မဟုတ်မမှန်ကောလဟာလများကိုဖြန့်တတ်ကြသည်။
    ချင့်ချိန်ပြီးယုံကြပါရန်။မြဝတီတွင်ဒေါ်စုပြောသမျှအကုန်နားထောင်လိုက်၊မြင်တွေ့လိုက်ရပါကြောင်း။

  • Diamond Key

    March 16, 2012 at 10:42 am

    သူနဲ့ကျမှ တိုက်တိုင်ဆိုင်ဆိုင် ……………. ဖြစ်ရလေကွယ်။
    မန္တလေးမှာ တစ်ကယ် ပြတ်သွားတာတော့ အမှန်ပါ
    နောက် ပြတ်တဲ့နေရာကလည်း –
    လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် – ( ဒီနေရာတွင် MWD ရုပ်သံမှ လိုင်းပျက်သွားပါသည်။ ) ဖြစ်နေတယ်လေ။
    အဲဒီတော့ ပြတ်သွားတဲ့ သူတွေက ဘာတွေးကြသလဲဆိုတော့ –
    ငါးကြင်းဆီ (တပ်မတော်ပိုင် မီဒီယာ MWD) နဲ့ ငါးကြင်းကြော် (တပ်မတော်သားတွေ လွတ်တော်က ထွက်သွားရအောင် ဟောပြောတာတော့) တာတော့ မခံနိုင်ပေါင်ကွယ်။ … များလားရယ်ပေါ့လေ။
    အခုလို အခြားနေရာတွေမှာ လာတယ်ဆိုရင်တော ………
    “သူနဲ့ကျမှ တိုက်တိုင်ဆိုင်ဆိုင် …………….” ဖြစ်မှ ဖြစ်ရလေတယ်ကွယ်။ :mrgreen:

  • ကြောင်ကြီး

    March 16, 2012 at 10:43 am

    ဟောဒီပို့စ်မှာ http://myanmargazette.net/107953/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion ကြိုတင်ခန့်မှန်းထားခဲ့ပြီးသားပါဗျာ…။ တောက်… ငါဒီလောက် တော်ရဲ့သားနဲ့ ဘာပြုလို့ သမဒ မဖြစ်ရပါလိမ့်…

    • Khin Latt

      March 16, 2012 at 7:05 pm

      etone says: ကျွန်မ အန်တီစုကို ကြိုက်လွန်းလို့ .. မြဝတီကရော .. MRTV4 ကရော .. လာတာ စောင့်ကြည့်ခဲ့တယ် … ။
      နယ်မြေကွာလို့ထင်တယ် .. ကျွန်မမြဝတီချန်နယ်ကြည့်တဲ့အချိန်တော့ .. အစဆုံးလွှင့်သွားပါတယ် .. အဖြတ်တောက်မတွေ့ပါဘူး … ။ လိုင်းလည်း မပြတ်ပါဘူး .. ။
      ——————-
      အပြောကြီးသလောက် ဟောဒီပိတောက် တွေပွင့်တော့ ကြောင်ကြီး စိတ်မှာ မပျော်နိုင်တယ်။
      ဒီဇာတ်လမ်းမှာကွယ် …………..
      ဟာ …. ဟ ……
      မှားတာကတော့ မှားတာပါဘဲကွယ်။
      ဒီတော့ ပွိုင့် ခုနှစ်သောင်း ကို ဝင်ရောက် ဆွေးနွေးသူ အားလုံးကို ခွဲပေးပါ။ 😉

      • htoosan

        March 19, 2012 at 10:45 pm

        မန်းဂေဇက်က မန်းလေးသူားတို့ရေ ဒီသတင်းဟုတ်မဟုတ် confirm လုပ်ပေးကြပါဦး….
        ဦးကြောင်ဆီက ပွိုင့်ခုနစ်သောင်း ရန်ကုန်သူားတွေကတော့ တောင်းရမယ်။ ရန်ကုန်မှာ မပြတ်ပါ။

  • chel gyi

    March 16, 2012 at 1:00 pm

    MDW တော့မကြည့်ဖြစ်ဘူး………MRTV 4 ပဲကြည့်လိုက်ပါတယ် ဗျ…

  • R Gyi

    March 16, 2012 at 1:42 pm

    ကျွန်တော်ကတော့ဘယ်ဘက်ကမှလိုက်ပြီးပြောတာတော့မဟုတ်ဘူး မြဝတီ မူရင်း Station ဖြစ်တဲ့ ရန်ကုန်မှာတော့ ရတာမှန်ပေမယ် တချို့ နယ်မြို့ တွေမှာကတော့ ပျက်နေတာဖြစ်နီုင်ပါတယ် ရာသီဥတုကြောင့်ပဲဖြစ်ဖြစ် လျှပ်စစ်မီးကြောင့်ပဲဖြစ်ဖြစ်ပေါ့ ဒါပေမယ့် လာချင်လာမယ်မလာချင်မလားဘူးဆိုပြီးအာမခံ မရှိပဲလုပ်နေတာတော့ ဘယ်အချိန်မှလွတ်မြောက်မလဲမသိ
    တမင်သက်သက်လုပ်တာလား မတော်တဆလားဆိုတာတော့လုပ်တဲ့သူပဲသိလိမ့်မယ်

  • etone

    March 16, 2012 at 2:20 pm

    ကျွန်မ အန်တီစုကို ကြိုက်လွန်းလို့ .. မြဝတီကရော .. MRTV4 ကရော .. လာတာ စောင့်ကြည့်ခဲ့တယ် … ။
    နယ်မြေကွာလို့ထင်တယ် .. ကျွန်မမြဝတီချန်နယ်ကြည့်တဲ့အချိန်တော့ .. အစဆုံးလွှင့်သွားပါတယ် .. အဖြတ်တောက်မတွေ့ပါဘူး … ။ လိုင်းလည်း မပြတ်ပါဘူး .. ။

  • khinsaw aye

    March 19, 2012 at 10:14 pm

    channel ကြောင့်ဘာကြောင့်ငြင်းမနေကြပါနဲ ့။
    အရေးကြီးတာက အသဲကြားကမဲတပြားကို ဧပြီလ တစ်ရက်နေ ့မှာ
    ရဲရဲဝံ ့ဝံ ့သွားထည့်ကြဖို ့ပါပဲ။ ဟင် ……ငါလား ခွင့်လွတ်ကြပါ။
    တိုင်းတပါးရောက်နေတယ်။ 2015 မှထည့်ဖြစ်အောင်ထည့်နိုင်ဖို ့
    ကြိုးစားပြီးအလုပ်လုပ်နေရတယ်။

Leave a Reply