အလုပ်ခေါ်စာ (ဒုတိယ အကြိမ်)

man powerMarch 15, 20121min62666

ထင်မြင်ချက်

ပထမ တစ်ခေါက် အလုပ် ခေါ်စာ တင်ခဲ့ပါတယ် ။

https://myanmargazette.net/107025/business-economy/jobs-careers

အံ့အားသင့်လောက်စရာကို  တုန် ့ပြန်သူ မရှိခဲ့ပါဘူး။

ဝင်ဖတ်သူပေါင်း  ၁၉ရ ယောက်နဲ ့တင် နိဋ္ဌိတံ သွားပါတယ်။

အဲဒီ အထဲမှာမှ  တောင်ကုတ် က   အမျိုးသမီး အင်ဂျင်နီယာ တစ်ယောက် ဆက်သွယ် လာပါတယ်။

၂၀၀၈ မှာ  ကျောင်းပြီးခဲ့ပြီး  လုပ်သက် အတွေ  ့အကြုံ  မရှိသလောက်ကို နည်းတာကြောင့် စဉ်းစားဆဲ

ကာလ ဖြစ်ပါတယ်။

ဂေဇာတ် မှာ  အဖွဲ  ့ဝင်  ၆၀၀ဝ ကျော် ရှိတယ်လို ့ သိထားပါတယ်။

ဘာမှ အကြောင်းအရာ မယ်မယ်ရရ မရှိတဲ့  တချို  ့ပိုစ့်တွေမှာ

တစ်ရက် နှစ်ရက် လောက်နဲ ့တင်  ဝင်ဖတ်သူပေါင်း  ၂၀၀ဝ ကျော် အထိ တွေ ့ဖူးပါတယ်။

 

ဘာကြောင့်

ဘာကြောင့် ဒီ ဂေဇာတ်မှာ  အလုပ် ခေါ်စာ တင်ရသလဲ ???

အခြားသော  နေရာတွေမှာ  ကြော်ညာ ထည့်ပြီး  လူခေါ်လို ့ ရသလို

အလုပ်သမား ခန် ့ထားရေး အကျိုးဆောင် လုပ်ငန်းတွေလဲ  ဒုနဲ ့ဒေးပါ။

ဒါပေမဲ့  ကျွန်တော်သည်  ဂေဇာတ်ရဲ  ့  Social  Network  အစွမ်းထက်မှုကို

ယုံကြည်တဲ့ အတွက်  ဖတ်လိုက်ရသူတွေက  မိမိ နီးစပ်ရာကို လက်တို ့ပြီး

သိစေချင်တာကြောင့်ပါ။

 

အိမ်နဲ ့ဝေးလို ့တဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းက  စင်္ကာပူမှာ  မြန်မာ မိန်းကလေး နှိပ်စက် ခံရတာကို ဖတ်ခဲ့ရတယ်။

နိုင်ငံရပ်ခြားမှာ  ပုံစံ အမျိုးမျိုးနဲ ့  အလုပ်ထွက်လုပ်နေတဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသား တွေ

အများကြီးပါ ။  ပညာတတ် အမျိုးသမီးတွေ ရှိသလို  ပညာ မတတ် အမျိုးသမီးတွေလည်း

ရှိကြပါတယ်။  မိုင်ထောင်ချီဝေးတဲ့ သူတပါး နိုင်ငံမှာ  လုပ်ကိုင်ကြတာထက် ကိုယ့်နိုင်ငံ

အတွင်းမှာပဲ  ကိုယ်တတ်ကျွမ်းတဲ့  ပညာရပ်နဲ ့ သူတို ့နိုင်ငံတွေမှာ လုပ်သလောက် မရတာ

တောင်မှ ၊ ပြည်တွင်း အနေအထားနဲ ့ ဆိုရင်  နည်းတယ်လို ့  ပြောလို ့မရတဲ့  လစာငွေနဲ ့

လုပ်ကိုင်နိုင်တဲ့  အခွင့် အရေးမျိုးတွေ အများကြီး ရှိပါတယ် ။

ဘွဲ  ့ရ ပညာတတ်တွေ  အလုပ်မရှိဘူး ၊ အလုပ်အကိုင် ရှားပါးနေတယ် ၊ ပညာနဲ ့ မတန်တဲ့

လစာပေးပြီး  ခိုင်းနေပါတယ် ၊ ဆိုတာမျိုး ကို  ရန်ကုန်မြို  ့နဲ ့  အနီးတဝိုက်မှာပဲ  အိုးမကွာ

အိမ်မကွာ  အသံကုန် အော်နေမည့် အစား  နိုင်ငံရဲ  ့ရှေ  ့ရေးအတွက်  မိမိရဲ  ့  ရှေ  ့ရေး

အတွက်  ပညာစွမ်း လာပြလှည့်ပါလို ့ ဖိတ်ခေါ်လိုပါတယ် ။ မိဘများမှလည်း ငါ့သမီးလေး

ငါ့သားလေး  တနယ် တကျေးမှာ  ဒုက္ခများ ရောက်နေမလား ဆိုတဲ့  အတွေးအခေါ်ကို ဖျောက်ပစ်

စေချင်ပါတယ်။  ဒီလို တွေးရင် သူတို ့ကို ချစ်ရာ မရောက်ပဲ နှစ်ရာ ရောက်ပါတယ်။

 

မြန်မာ နိုင်ငံသူ နိုင်ငံသားများ   ကျေးဇူးပြုပြီး  အလုပ်လုပ်ကြပါ ခင်ဗျား။

တကယ့်ကို ကျေးဇူးပြုပြီးတော့ကို ပါ….လေ  တစ်ခုထဲနဲ ့ နိုင်ငံ မတိုးတက်ပါဘူး။

အလုပ်လုပ်သူများမှ  ….လုပ်သားစွမ်းအား များမှ နိုင်ငံ တင် မက  မိမိပါ  မြင့်တက်

လာမှာပါ။

 

==================================

အလုပ် နေရာ

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို  ့ ၊  ဂုန်းချွိန် ကျေးရွာ ၊ ရွှေ သဘာဝဓါတ်ငွေ  ့ သန် ့စင် စက်ရုံ

တည်ဆောက်ရေး လုပ်ငန်းခွင် (Oil & Gas Terminal Project)

အလုပ် အမျိုး အစား

Electrical  Power  Plant 

a.  Cable  Tray  Installation

b.  Cable  Pulling

c.  Electrical Panel  Installation

d.  Termination

c.  Etc………(အစရှိသဖြင့်)

 

လစာ နှင့် ခံစားခွင့်

ဒီမှာ ကြုံတွေ ့ရတဲ့ ပြသာနာ တစ်ခု ရှိပါတယ် ။

လစာ ဘယ်လောက် ပေးမယ် ဆိုပြီး  ပတ်သက်ရာ ပါတ်သက်ကြောင်းနဲ ့

ခေါ်လိုက်တဲ့သူဟာ တကယ်တန်း လက်တွေ ့လုပ်ငန်းခွင် မကျွမ်းကျင်မှု အစရှိတဲ့

အားနည်း ချက်တွေကို တွေ  ့ရှိလာတဲ့ အခါမှာ  သူ ့ကို  သတ်မှတ်ပေးခဲ့တဲ့ လစာနဲ ့ပါတ်သပ်လို ့

ပြောင်းလည်းမှု တွေရှိလာတတ်ပါတယ် ။ ဒါကြောင့်မို ့လို ့  အလုပ်ခန် ့ထားခြင်း မပြုခင်မှာ

သေချာမေးမြန်း ဆွေးနွေးမှုကို  ပြုလုပ်ပြီးမှ လစာနဲ ့ အခြား ခံစားခွင့်တွေကို သတ်မှတ်မှာပါ။

အတွေ ့အကြုံ အရ ပြောရရင်  ပြည်တွင်း မှာပဲ  လုပ်ငန်း အတွေ ့အကြုံ  ၈ နှစ် ရှိခဲ့တဲ့  Foreman တစ်ယောက်ဟာ

အင်တာဗျုး ပြီးနောက်နဲ ့ အလုပ်ဝင်ပြီး ၁ လမြောက်မှာ  သူမျှော်မှန်းထားခဲ့တဲ့ လစာထက် ပိုမိုတဲ့ လစာကို ပေးခဲ့ပါတယ်။

စောစောက ပြောခဲ့ သလိုပါပဲ  ။ ရန်ကုန်မြို  ့နဲ ့ အနီး တဝိုက်လောက်မှာပဲ  အိုးမကွာ အိမ်မကွာ ညည်းတွားနေတဲ့

လစာတွေထက် အပုံကြီး သာတယ် ဆိုတာ  နီးစပ်တဲ့  အသိုင်းအဝိုင်း က တဆင့် သိနိုင်ပါတယ်။

ဒါကြောင့် မို ့လို ့   C.V ကို အရင်ဆုံး Mail  နဲ ့ ပို ့ပေးစေချင်ပါတယ် ။

လူမျိုး ၊ ကျားမ ၊  အရပ်ဒေသ မခွဲခြားပါ ။

 

လိုအပ်တဲ့  အရည် အတွက်

၁။  လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ အဆင့် ( EP)    ———      ၅ ယောက်

၂။  လျှပ်စစ်စွမ်းအား ဖိုမင် အဆင့်  (EP)                  ———    ၁၅  ယောက်

၃။  Office  Staff                                                       ———       ၅   ယောက်

 

လိုအပ်တဲ့ အရည် အချင်း

EP  သမားတွေ  နဲ  ့ ပါတ်သတ်ပြီး  ဘာ အရည်အချင်းတွေ လိုအပ်သလဲ ဆိုတာတော့

အထွေအထူး ပြောဖို ့ မလိုအပ်ဘူး ထင်ပါတယ် ။  အင်္ဂလိပ် စကား ပြောတတ်ဖို ့တော့

လိုပါတယ် ။

Office  Staff  ကတော့  Microsoft  Office  ကို  ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမယ်။

အင်္ဂလိပ် စကားလည်း ပြောဆိုနိုင်ရပါမယ် ။

===============================

 

ကျွန်တော်တို ့ နိုင်ငံရဲ  ့  လူငယ် လုပ်သား အင်အားတွေကို  ဘုန်းကြီး နဲ ့ စစ်သား အဖြစ်နဲ ့ပဲ

ကုန်ဆုံး နေတာထက်စာရင်  ဒီကို  လာပြီး နိုင်ငံရဲ  ့ အနာဂါတ် အတွက်  ဝိုင်းဝန်း လုပ်ကိုင်ဖို ့

တိုက်တွန်း လိုက်ပါတယ်။

လုပ်သား အင်အားကို မြတ်နိုးတဲ့

man power

============================

ဆက်သွယ်ရန်………..

Petroleum  Services  Consultancy  Co., Ltd.

Admin  Manager

Phone : 09-49650874

mail : bnp.psc@gmail.com

66 comments

  • man power

    March 15, 2012 at 3:41 pm

    ကျွန်တော် ပွဲစား မဟုတ်ပါ ။

    ကျွန်တော်မှ ခန် ့ထားမည့် အလုပ်များလည်း မဟုတ်ပါ ။

    အကျိုးဆောင်ခလည်း မလိုအပ်ပါ ။

    မြန်မာ နိုင်ငံသား ကျွန်တော်သည် မြန်မာ နိုင်ငံသားများအတွက်

    ကြယ်ငါး တပွင့်စီ ကူပစ် ပေးချင်သူ ဖြစ်ပါသည်။

    • Kaung Zin Khank

      March 16, 2012 at 11:06 am

      ကိုမန်းပါဝါရဲ့စေတနာ ကိုနားလည် သဘောပေါက်ပါတယ်.. အတွေ့အကြုံကလွဲပြီးတော့ ငွေကြေးကတော့ သာမန်ထက်သိပ်မပိုဘူးထင်တယ်.. Project ကလည်းပြီးခါနီးပြီဆိုတော့လေ. တော်ကြာ ၂လ၊ ၃လ လောက်လုပ်ပြီး ပြန်နေရအုံးမယ်..

      • man power

        March 16, 2012 at 11:15 am

        ကို ကောင်းဇင်ခန် ့ရေ ။

        အောက်က ကွန်မန် ့တွေကို ဆက်ပြီး ဖတ်စေချင်ပါတယ် ။

        အဖြေကို တွေ ့မှာပါ ။

  • Khaing Khaing

    March 15, 2012 at 3:54 pm

    ဟင်း ကိုမန်းပါဝါကလည်း အပြစ်ပြောရက်လိုက်တာ မီးမီးတို့ကအလုပ်ရှိတော့ ဘယ်လျှောက်မှာလဲ ပြီတော့ လည်းမီးမီးတို့ပတ်ဝန်းကျင်မှာ အဲလောက်ပညာတတ်တဲ့လူကို အဲဒီနေရာမှာလုပ်လို့သွားပြောရင် မီးမီးတို့ကို မျက်စောင်းထိုးမှာပေ့ါလို့ …..

  • man power

    March 15, 2012 at 4:34 pm

    ဖြစ်မှ ဖြစ်ရလေ ။

    အလုပ်ရှိလို ့ မလျှောက်တာကတော့ ထားပါ။

    ဒါလေးကိုတော့ ပြောပရစေ။

    “…..ပြီတော့ လည်းမီးမီးတို့ပတ်ဝန်းကျင်မှာ အဲလောက်ပညာတတ်တဲ့လူကို အဲဒီနေရာမှာလုပ်လို့သွားပြောရင် မီးမီးတို့ကို မျက်စောင်းထိုးမှာပေ့ါလို့ …..”

    တကယ့်ကို ဖြစ်မှ ဖြစ်ရလေ ခိုင်ခိုင်ရယ်။

    ဒီမှာ General Worker တွေ အထဲမှာတောင် ဘွဲ ့ရပြီးသားသူတွေ ရာချီပြီး ရှိပါတယ်။

    ဖိုမင် (Foreman) အဆင့်လောက်ဆိုရင်တော့ ကျောင်းမပြီးတဲ့ လူ မရှိပါဘူး။

    အင်ဂျင်နီယာ အဆင့်ဆိုရင်တော့ မပြောတော့ဘူး ။ အများစုက နိုင်ငံခြားပြန်တွေပဲ။

    နိုင်ငံခြားမှာ သက်ဆိုင်ရာ အင်ဂျင်နီယာ အလုပ်နဲ ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး

    မြန်မာနိုင်ငံကို ပြန်လာတဲ့ အခါမှာလည်း ဟိုမှာ ကြုံတွေ ့ခဲ့ရတဲ့ အလုပ်အတွေ ့အကြုံ

    တွေ ပေါင်းစပ်ပြီး လုပ်သားစွမ်းအားကို ပေးနေတဲ့ ဒေါ်လာ ထောင်ကျော်စား အင်ဂျင်နီယာ

    တွေ အများကြီးပါဗျာ ။

    ခိုင်ခိုင်ပြောတဲ့ အဲလောက် ပညာတတ်တယ် ဆိုတဲ့ လူတွေထက် အဆပေါင်းများစွာ ပညာတတ်တဲ့

    သူတွေတောင် ဒီမှာ လာလုပ်နေကြပါတယ် ။ မျက်နှာဖြူ နိုင်ငံခြားသား ပညာရှင်တွေ၊ မြန်မာပညာရှင်

    တွေ ၊ ဖိလစ်ပိုင် ၊အင်ဒို ၊ ကိုရီးယား ၊ မလေး တွေ ဒီမှာ အလုပ်လာလုပ်နေကြတဲ့ အချိန်မှာ ဘယ်လိုမျိုး

    အတွေးအခေါ်နဲ ့ ဒီလို စကားမျိုးပြောထွက်ရက်သလဲ ခင်ဗျ ။

    ဒီနေရာ ဟာ ပညာမတတ်တဲ့ လူတွေ လာပြီး အလုပ်လုပ်လို ့မရပါဘူး ။

    အောက်ခြေ General Worker မှ အစပြုပြီး အထက်ဆုံးပုံး အထိ အားလုံး ပညာတတ်တွေပါပဲ။

    အတတ်ပညာတတ်နဲ ့ အတန်းပညာတတ်ဆိုတဲ့ အပိုင်းပဲ ကွဲပြားသွားတာပါ ။

    မမဂီ စကားငှားသုံး ရရင် စိတ်ထိခယှက်သွားပြီ……။ 🙁

    • nigimi77

      March 15, 2012 at 6:47 pm

      manpower ရေ

      လူတွေက အင်ဂျင်နီယာ ဆိုတာနဲ ့ RIT (YIT) လောက်ပဲ ပြေးမြင်တတ်ကြတော့လည်း

      ခက်သား ။ ငါသိသလောက် နင်တို ့ လုပ်ငန်း လိုအပ်ချက်က GTI ကျောင်းဆင်းလောက်

      THS ကျောင်းဆင်းလောက် အင်ဂျင်နီယာတွေ မဟုတ်ဘူးလား ။

      အဲဒါတွေများ ပေါလွန်းလို ့ ငါတို ့ရွာမှာ နွားကျောင်း လယ်စိုက်နေတဲ့ အင်ဂျင်နီယာတွေ

      တစ်ပြုတ်ကြီးပဲ ။ လိုချင်ရင် ပြော ဆက်သွယ်ပေးမယ် ။ ခွိခွိ…. 😛

  • ရွှေဘိုသား

    March 15, 2012 at 6:12 pm

    ကိုမန်းပါဝါ အခုလိုအလုပ်အတွက်တင်ပေးတာလေးတော့ကျေးဇူးတင်ပါတယ်
    ကျနော်လည်း သဘောထားကွဲလွဲဗျစေဗျာ အစ်ကိုပြောသလို လူငယ်တွေ ဘုန်းကြီးနဲ့စစ်ထဲမှာပဲ ကုန်ဆုံးနေတယ်လို့တော့ မပြောပါနဲ့ နှစ်ခုလုံးက နိုင်ငံတစ်နိုင်ငံအတွက်အရမ်းအရေးပါတဲ့ နေရာတွေပါ
    ဘုန်းကြီးဆိုတာမရှိရင် ဘာသာပျောက်ကွယ်မှာသေချာပါတယ် စစ်သားဆိုတာကလည်း ခဗျတို့ကျနော်တို့ အလုပ်လုပ်တာထက်တောင် ပိုဂုဏ်ယူဖို့ လေးစားဖို့ကောင်းပါတယ် အထက်က စစ်တပ်ကို အကျိုးရှိရှိအသုံးချရင်ပေါ့လေ အစ်ကိုပြောတာကိုလက်ခံမိတာက စစ်တပ်ကဘုန်းကြီးတွေကိုသတ်နေရင်တော့ ဘုန်းကြီးလည်းမဝတ်သင့်သလိုစစ်တပ်ထဲလည်းမဝင်သင့်ပါကြောင်း ဘုန်းကြီးမဝတ်တာဆိုတာ ကြောက်လို့မဝတ်တာကို ဆိုလိုတာမဟုတ်ဘူးနော်။

    • nigimi77

      March 15, 2012 at 6:40 pm

      ခွီးးးးးးးး

      ပြောထည့်လိုက်မယ်

      ဝတ်ကြဟေ့ ဝတ်ကြ ….ဘုန်းဂျီး

      ဝင်ကြဟေ့ ဝင်ကြ ….. စစ်ထဲ

      အဲဒါမှ တို ့တိုင်းပြည်က ဒီထက် ပိုပြီး ဆင်းရဲ နုံချာလာမှာ

      အားပေးဒယ်…ဆက်လုပ် ရဲဘော် ရွှေဘိုသား

  • htoosan

    March 15, 2012 at 6:27 pm

    ကိုမန်းပါဝါရေ..ကျွန်တော့် အထင်ပြောရရင် ဒီမှာ ဖတ်တဲ့သူ အများစုဟာ အသင့် အသင့် သော အခြေအနေ တစ်ခု ကို ရရှိပြီးသူများ တယ် လို့ထင်ပါသည်။ သူတို့ရဲ့ ပါတ်ဝန်းကျင်မှာလည်း လောလောလတ်လတ် ကိုမန်းပါဝါ လိုအပ်နေတဲ့ အရည်အချင်းရှိသူ မရှိလို့ ဖြစ်ပါမယ် ။ ဘာဘဲပြောပြော အင်ဂျင်နီယာ ဆိုတာ သာမာန် ဘွဲ့ ရ တွေ ထက်တော့ ရှားတာလည်းပါ ပါမယ်။ နောက် အင်္ဂလိ်ပ်စကားဆိုတာလည်း ပြောနိုင်ရမယ် ပါလာတော့ နဲနဲတော့ ခဲယဉ်းပါလိမ့်မယ် ။
    အခွင့် အလန်းတို့ဘာတို့ ကနေ ကြေညာ ခေါ်တာတောင်မှ တစ်ခါတစ်လေ ကိုယ်လိုချင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူ မရတတ်ပါဘူး ။ လောလော ဆယ်ကို ကျွန်တော်တို့ ကုမ္မဏီက သတင်းစာထဲ ထည့်ခေါ်တဲ့ civil engineer လည်း သုံးယောက်သာ လာလျှောက်တာ တွေ့မိပါတယ် ။
    များသော အားဖြင့် စာရင်းကိုင် account ဆို အလွန်ပေါပါတယ် ။ ရိုးရိုးဘွဲ့ နဲ့ LCCI ဆို အလုပ်ရှာသူ အတော်များပါတယ် ။ Engineer ကတော့ ခေါ်ရခက်တတ်ပါတယ် ။ စိတ်မပျက်ပါနဲ့ ။

    • nigimi77

      March 16, 2012 at 1:16 am

      ၂၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံ အတွင်းမှာ အကြိုက်ဆုံး စာသား။

      “…..နောက် အင်္ဂလိ်ပ်စကားဆိုတာလည်း ပြောနိုင်ရမယ် ပါလာတော့ နဲနဲတော့ ခဲယဉ်းပါလိမ့်မယ် ……”

      နိုင်ငံတော်သစ် အတွက် လွန်စွာ နှစ်ထောင်း အားရပါ၏။

  • nigimi77

    March 15, 2012 at 6:37 pm

    အင်း..အင်း……

    အဲသဟာ ဘာလဲ ဆိုတော့ ဘွဲ ့တော့ရတယ် ပညာတော့ မတတ်ဘူး ဆိုတာပဲ ။

    ဆရာဝန် ဘွဲ ့ရတဲ့ သူက စာရေးစားမယ် ရုပ်ရှင်ရုပ်မယ် သီချင်းဆိုတယ် ။

    Maths နဲ ့ ပြီးတဲ့ လူက အထည်ချုပ်မှာ မန်နေဂျာ လုပ်တယ် ။

    Chemistry နဲ ့ ပြီးတဲ့ လူက ပွဲရုံမှာ စာရေး လုပ်တယ် ။

    အင်ဂျင်နီယာ နဲ ့ပြီး တဲ့ လူက အကျိုးဆောင် လုပ်ငန်း လုပ်တယ် ။

    ဆိုတော့…..ဘွဲ ့တွေတော့ ရခဲ့တယ် ။ ကိုယ်ရခဲ့တဲ့ ဘွဲ ့နဲ ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို

    လက်တွေ ့ အသုံး မချနိုင်ဘူး ၊ အသုံး မချတတ်ဘူး ၊ အသုံးချရဲတဲ့ ယုံကြည်မှု မရှိဘူး ။

    တခြား မကြည့်နဲ ့ နိဂိမိ ကိုပဲကြည့် ။

    ၃ တန်းနဲ ့ ကျောင်းပြီးထားပြီးတော့ ဘယ့်နှယ် Sub-con လာ လုပ်နေတယ်။

    တတ်ထားတဲ့ ပညာကို အဲသလို အသုံးမချတတ်ထှာ…..ဟွှင်း….ဟွင်း… 🙂

  • water-melon

    March 15, 2012 at 6:41 pm

    ဟွန့် EC သမားဘဲခေါ်တယ်
    သများက EP သမားပါ
    ကျွန်တော်စုုံစမ်းပေးပါမယ်
    ခင်တဲ့ ဖရဲ

    • man power

      March 16, 2012 at 9:49 am

      ဖရဲ ရေ။

      ခေါ်တာ EP သမား အဓိက ခေါ်တာပါ။

      လက်ရှိ လုပ်ကိုင်နေတဲ့ သူတွေက ပြည်တွင်းရော ပြည်ပရော

      အတွေ ့အကြုံ ရှိကြတော့ EP သမား ဆိုပေမဲ့ EC အပိုင်းကိုပါ ပိုင်ကြတယ်။

      အခု ခေါ်တဲ့ အလုပ်က ခုမှ အသစ်စတဲ့ အလုပ် မဟုတ်ပါဘူး။

      ၂၀၁၁ ကတည်းက စတင် လုပ်ကိုင်လာခဲ့ပြီး ပရောဂျက်ကတော့ ၂၀၁၃ အကုန်

      လောက်မှ ပြီးမယ်လို ့ခန် ့မှန်းရပါတယ်။

      ဒီမှာ EP တွေ လုပ်ကိုင်ပေးနေတဲ့ လုပ်ငန်းတွေကတော့ Office Building ,

      Mess Building နဲ ့ Technical Building တို ့ရဲ ့ Power Cable တွေ နဲ ့

      Communication Cable ပြေးပေးခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းဟာ

      ဒီ ပရောဂျက်ကြီး တစ်ခုလုံးရဲ ့ Cable နဲ ့ပါတ်သပ်တာ မှန်သမျှ တာဝန်ယူထားပါတယ်။

      CCTV အပိုင်းက အစပေါ့။

      လက်ရှိမှာ ကိုရီယား ပညာရှင် ၄ ယောက်

      ဖိလစ်ပင်း QA/QC တစ်ယောက်

      ဂျီတီအိုင် ကျောင်းဆင်း မြန်မာ အင်ဂျင်နီယာ ၂ ယောက်

      ဂျီတီအိုင် ကျောင်းဆင်း Supervisor တစ်ယောက်

      ဖိုဖင် ၁ဝ ယောက်

      Electrician ၆ ယောက်

      General Worker ၄ရ ယောက် နဲ ့ လုပ်ကိုင်နေပါတယ် ။

      နောက်ထပ် ပညာသည်တွေ ထပ်ပြီး လိုအပ်တဲ့ အတွက်ကြောင့်

      အလုပ်ခေါ်တာပါ ။ ကျွန်တော်က ကိုယ့် ထမင်း ကိုယ်စားပြီး ဂျီးဒေါ် နွားကို

      ဝင်ကျောင်းပေးတာပါ။ 🙂

      • man power

        March 16, 2012 at 9:50 am

        ဖိုမင် (Foreman) လို ့ ပြင်ဖတ်ပေးပါရန်။

  • nigimi77

    March 15, 2012 at 6:49 pm

    ဟယ် ….. ဖျဲမရယ်

    သူခေါ်နေတာ EP သမား မဟုတ်ဘူးလား ။

    နင်က EP သမား ဆို နင်သွားလုပ်လေ ။

    သူက လပြိုဂျီး ဆိုပဲ

  • အင်း … နာ့အဆင့်နဲ့တော့ Office Staff ပဲ ရမယ် ..
    ဒါတောင် အီးက မပါတတ် .. အဲ … အီးက ဖွတ်ချပ် ဖွတ်ချပ်ရယ် .. 😀
    မိုက်ကလိုချော့ဝပ် ကတော့ ကျွမ်းသလားတော့ မေးနဲ့ …
    ဖင်ဘူးတောင်း ထောင်ပြီး ဇောက်ထိုးကြီး သုံးလို့ ရတယ် …
    ယုံသလားတော့ မသိဘူး … ဒဂုံ တံတားကတော့ လှုပ်စိလှုပ်စိနဲ့ …… 😀

    ကြုံတုံး အလုပ်တစ်ခုလောက် ပြန်ခေါ်လိုက်ဦးမယ် …
    EP သမားတွေ ခေါ်ဒယ် …။ အီးပီ သမားတွေ ခေါ်နေဒယ် …။
    အီး = နံသည် ၊ ပီ = အီးပေါက်သံ “ပူ” နှင့် ထပ်တူညီသည် …
    ယင်းကြောင့် အီးပေါက်ရင် အသံလည်းပါ၊ နံလည်း နံတဲ့ အတွက် ၊ အီးပီ သမားကို အိပ်သာက လက်ယက် ခေါ်နေခြင်း ဖြစ်ပါကြောင်း …….. 😀

  • nigimi77

    March 16, 2012 at 12:11 am

    အင်း…အင်း….

    ဒို ့ရွာထဲမှာ ဘိုသစ်မင်း တို ့ ဘိုဇာဂီ တို ့ ပြောပြောနေကြတဲ့

    အကြောင်းအရာတွေ…….အဝဲယားနဲ ့စ် တွေ

    လက်တွေ ့ဘယ်လောက် ပေါက်မြောက်လဲ ဆိုတာကတော့

    အင်း…အင်း…..

    ကောင်းစားဦးမယ် ဒို ့နိုင်ငံက

    နောင် နှစ်ပေါင်း ၂၀၀ဝ လောက်ဆိုရင်

  • surmi

    March 16, 2012 at 12:32 am

    လူ.စွမ်းအားရေ …ကြုံလို.အလုပ်ခေါ်စာတစ်ခုအကြောင်းပြောဦးမယ်
    အခြေခံလစာ ၈၀၀၀ဝ ( ကျွမ်းကျင် ဝန်ထမ်း ၉၅၀၀၀)
    ပညာ အလယ်တန်းအဆင်.
    အသက် ၂ဝ —၃၅
    ရုပ်ရည် အသင်.တင်.
    အလုပ် အခြေခံဝန်ထမ်း (တောက်တို)

    အဲဒါ နှစ်လရှိပြီ လူမရသေးဘူးတဲ.
    စိတ်ရှည်ဗျို. ……….တစ်ခါတလေဒီလိုဘဲ

  • kai

    March 16, 2012 at 4:25 am

    အဲဒီနယ်က.. ချိုင်းနားရဲ့ စွမ်းအင်ပိုက်လမ်းနဲ့ဆိပ်ကမ်းတွေက.. ချိုင်းနားပြည်မရဲ့.. ၄ခုမြောက်အကြီးဆုံးစွမ်းအင်ထောက်ပံ့ရာနေရာဖြစ်လာလိမ့်မယ်..
    စွမ်းအင်က.. မြန်မာပြည်ကချည်းယူမှာတော့ မဟုတ်ဖူး..။
    မစ်ဒယ်အိစ်က ဝယ်နေတာတွေ(ဂက်စ်၊ရေနံ)ကို.. သင်္ဘောနဲ့.. စင်္ကာပူနေရာ( မလက္ကာရေလက်ကြား) ဖြတ်မပို့တော့ပဲ..အဲဒီကနေ. ပိုက်နဲ့..ချိုင်းနားပြည်မထဲတန်းပို့မှာ..

    ဆိုတော့..
    တနှစ်တနှစ်.. ဒေါ်လာ ဘီလီယန်ရာချီပြီး စီးဆင်းတော့မယ့်နေရာပေါ့..။
    ဘီလီယန်ရာချီစီးဆင်းမယ့် အစဥင်္ီးဒေသနယ်မှာ.. လက်ဝေခံ.. ဆင့်ပွားစီးပွားရေး.. မီလီယံဒေါ်လာအလုပ်တွေ.. ရာချီပေါ်လာမှာ သေချာနေပါတယ်…။

    ကျောက်ဖြူနယ်ဟာလည်း.. စင်္ကာပူ..ဟောင်ကောင်လို.. အခြေအနေမျိုး ပြောင်းလာနိုင်တာ….
    မန္တလေးရဲ့.. တရုတ်တွေလည်း.. နေရာပြောင်းကြလိမ့်မယ် ထင်မိတယ်..။

  • inz@ghi

    March 16, 2012 at 6:37 am

    ဘယ့်နှယ့် သများက ပါလာရပါသတုန်း ခွင်ခွင်ဂျီးရယ်……
    သများဟာ သများတောင် …ငတ်လို့ …အလုပ်ကြမ်းနဲ့ပြည်နှင်ဒဏ်
    ထိနေပါတယ်ဆိုမှ …စိတ်ထိခယက်တွားဘီ……
    🙁

  • MaMa

    March 16, 2012 at 7:05 am

    မန်းပါဝါရေ- ကြယ်ငါးလေးတွေ ကူပစ်ပေးချင်တယ်ဆိုတာကို ယုံပါတယ်။ အခုလို တင်ပေးတာကိုလည်း ဝမ်းသာစွာ ကြိုဆိုပါတယ်။
    ဒါပေမယ့် ကိုထူးဆန်း ပြောသလိုပဲ ဒီရွာထဲက လူတွေအများစုက သူ့အလုပ်ကလေးနဲ့သူ ရှိနေကြတာလည်း ဖြစ်ပါလိမ့်မယ်။
    နီးစပ်သူတွေကို လက်တို့ပေးဖို့ဆိုတာကိုတော့ သတိမေ့နေလို့ လက်တို့ကြည့်လိုက်ပါဦးမယ်။

  • MaMa

    March 16, 2012 at 7:16 am

    ပြောဖို့ ကျန်သွားလို့။ ရေးထားတဲ့-
    (ပညာ က ထင်သလောက် မဟုတ်ပေမဲ့ အသိ ကတော့ သာဆဲပဲ ။ လူပုံက ထင်သလောက် မခန် ့ပေမဲ ့ ကောင်မလေးတွေကတော့ ကြွေဆဲပဲ ။ ပိုက်ဆံက ထင်သလောက် မရှိပေမဲ့ ရှာနိုင် သလောက်တော့ ရဆဲပဲ ။ ရှာနိုင်တာက ထင်သလောက် မရပေမဲ့ လူတကာ နီးပါးထက်တော့ သာဆဲပဲ။ သာတာတွေ သာနေလည်းပဲ ထင်သလောက် မနှံ ့စပ်တာ ဂေဇာတ်ရဲ ့ အသစ် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ပါပဲ ။)
    ဆိုတဲ့ အိုင်ဒီယာတွေ့တာနဲ့တင် တော်တော် တော်မယ့်လူဆိုတာကို သတိထားမိတယ်။ 🙂

    • Foreign Resident

      March 16, 2012 at 7:52 pm

      ” တော်တော် တော်မယ့်လူဆိုတာကို သတိထားမိတယ် ”
      ဟုတ်တယ် ၊ တော်တော် တော်မယ့်လူ ။
      ” ကောင်မလေး တွေကတော့ ကြွေဆဲပဲ ”
      ဆိုတာ တစ်ခုတည်း နှင့် တင် အဘ ထက်သာသွားပြီ ။
      အားကျလိုက်တာ ။ 😛

  • we R one

    March 16, 2012 at 8:51 am

    စိတ်တော့ဝင်စားသား.. တစ်လ တစ်ခါလောက် အိမ်ပြန်လို့ရတယ်…။ ဒါပေမဲ့.. လက်ရှိအလုပ်ထက်လည်း လစာများ.. အိမ်နဲလည်း နီတဲ့ ကျွန်မ တောင် အဲဒီမှာ အလုပ်သွားလုပ်ဖို့ တော်တော် စဉ်စားနေရတယ်..။ လစာများပေမဲ့.. ကျွန်မ တို့အားတဲ့ အချိန် မှာ ကိုယ့်အတွက် အကျိုးရှိစေမဲ့ သင်တန်းများ တက်ဖို့ အတွက်.. စသဖြင့်ပေါ့.. အကြောင်းကြောင်းကြောင့်.. တွေက စဉ်စားဖို့လိုတယ်လေ…..။

    • man power

      March 16, 2012 at 10:34 am

      တစ်လ တစ်ခါတော့ ခွင့် မရပါဘူး ခင်ဗျ။

      ၃ လ တစ်ခါ ခွင့်ပေးပါတယ် ။ 6 ရက်နဲ ့ 7 ရက်လောက် ခွင့်ပေးကြပါတယ်။

      ကျွန်တော်ကတော့ လေယာဉ်စားရိတ် ချွေတာတဲ့ အနေနဲ ့ ရန်ကုန်ကို မပြန်ဘူး။

      လေယဉ်နဲ ့ပြန်ရင် လက်မှတ်ခ ၅ သောင်း ဖြစ်ပြီး ကားနဲ ့ပြန်ရင် ၁၂၀၀ဝ ပါ။

      ခုတော့ ဈေးတွေတက်နေပြီ။ လေယဉ် လက်မှတ်လည်း ဝယ်လို ့မလွယ်တော့ဘူး။

      သင်္ကြန် နီးလာတော့ ပြန်သူတွေများတာကြောင့်ပါ။

      လေယာဉ် နဲ ့ပြန်ရင် ရန်ကုန် အရောက် ၁ နာရီ ၁ဝ မိနစ်ပါ။

      ကားနဲ ့ပြန်ရင်တော့ ၂ ရက်ကြာပါတယ်။

      ကျွန်တော်တော့ ပြန်ဖြစ်တယ် ဆိုရင် တောင်ကုတ် အထိကို ရှပ်ပြေး စီးပြီး

      တောင်ကုတ်ကနေ Express နဲ ့ပြန်ပါမယ်။ ပိုလည်း ပျော်ဖို ့ကောင်းပါတယ်။

      • we R one

        March 16, 2012 at 11:29 am

        ကျွန်မက ရန်ကုန် သူမှမဟုတ်တာ…ရမ္မာဝတီသူလေ…. ဒီတော့ တစ်ပတ်တစ်ရက် ပိတ်ရက်တောင် .. တစ်ပတ်တစ်ခါ အိမ်ပြန်လို့ရတယ်….။ 😀
        ကျောက်ဖြူ-ရန်ကုန် ကားလမ်းမှာ ကားစီးလို့ပျော်တာ.. ကိုမန်းပါဝါ တစ်ယောက်ပဲရှိမယ်ထင်တယ်..။ 😀 ကျွန်မတောင် ရန်ကုန်ကနေ ပြန်ရင် တခြားလမ်းမရှိလို့ အဲဒီ လမ်းက ပြန်ရတာာ..။

  • kaung kin pyar

    March 16, 2012 at 8:52 am

    နီးစပ်ရာပတ်ဝန်းကျင်ကအသိတွေကိုတော့ မမေ့မလျော့ လက်တို့လိုက်ပါ့မယ်။ 🙂
    ွှTake it easy! Take it easy!

  • ဦးဦးပါလေရာ

    March 16, 2012 at 9:41 am

    တမြို့တရွာ တနယ်တကြေးမှာ သွားလုပ်ရမယ့်အလုပ်ဆိုရင်
    (နောင်ရေးကိုခဏထားလို့) လောလောဆယ်အတွက်ကို
    အနိ်မ့်ဆုံး လစာ+ခံစားခွင့် ဘယ်ရွေ့ဘယ်မျှ လို့ သိရဘို့လိုပါတယ်။

    သေချာတာက တော်ရုံလောက်နဲ့တော့ ဘယ်သွားမလဲ..

    ကျုပ်အသိ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ လစာတစ်သိန်းလောက် လုပ်နေတဲ့ အင်ဂျင်နီယာရှိပါတယ်။
    သူ့ကို မြိတ်ကို ခေါ်သွားဘို့ လစာအသားတင် (စား၊နေ ငြိမ်း) နှစ်သိန်းနဲ့ ကမ်းလှမ်းတာကို ငြင်းပါတယ်။ ဒီမှာပဲ ဆက်လုပ်လို့ရရင်ရ မရရင်ထွက်မယ် တဲ့။ ဒါတောင်ကိုယ်သိပြီးသား ကို်ယ်လုပ်နေတဲ့ ကုမ္ပဏီနော်။

  • man power

    March 16, 2012 at 10:01 am

    ဦးဦးပါလေရာ ရေ။

    သားသား ရဲ ့ လစာက နေ/စား စားရိပ်ငြိမ်းကို ဒေါ်လှ ၈၅ဝ ပါ ခင်ည။

    အလုပ်အကိုင်ကတော့ Admin Manager ပါ။

    လုပ်ငန်းချင်းတော့ မတူပါဘူး

    သူတို ့ဆီမှာ တော့ အင်ဂျင်နီယာ ၂ ယောက်က မလေးရှားမှာ ၁ဝ နှစ်ကျော်

    လုပ်ခဲ့သူတွေ ဖြစ်ပြီး စားရိပ်ငြိမ်းကို လက်ရှိ ဒေါ်လှ ထောင်ဂဏန်း စားနေပါတယ်။

    Supervisor ရဲ ့လစာက မြန်မာငွေနဲ ့တိတိကျကျ စားရိပ်ငြိမ်းကို ၅ သိန်း ၈ သောင်းပါ။

    ဖိုမင် တွေရဲ ့လစာက ၃ သိန်းခွဲ နဲ ့ ၄ သိန်းကြားပါ။

    သူတို ့တွေရဲ ့ အလုပ်အတွေ ့အကြုံတွေလည်း မနည်းပါဘူး။

    အသစ် ခေါ်ဆိုတဲ့ အလုပ်အကိုင်တွေ အတွက်လည်း အရည်အချင်း ရှိရင် ရှိသလိုရကြမှာပါ။

  • zay

    March 16, 2012 at 10:13 am

    တင်းပေးတာတော့ကျေးဇူးတင်ပါတယ် ကောင်းလည်းကောင်းပါတယ် ဒါပေမဲ့ cable tray ,wire နှင့်cable ဆွဲတာ gm- pipe , plastic pipe မြှုူူတ်တာ drawing ကြည့်တာကအစ 70% လောက်ရပါတယ် ခုရနေတဲ့လစာက ၁ရက်ကို25,000/30,000 ကျပ် လောက်ရပါတယ် အဲ့ဒီလောက်ကိုမြန်မာပြည်က ခုခေါ်နေတဲ့ co.ltd နှင့်အခြား co.ltd တွေကကော ပေးနိုင်ပါ့မလား။ နောက်သူတို့ခေါ်တာတွေက ep အဆင့်တွေ အင်ဂျင်နီယာဘွဲ့ရတွေခေါ်တာဆိုတော့ ကျွန်တော်တို့ကဘွဲ့မရပါဘူး။ ဒါပေမဲ့အထက်က အချက်လက်တွေ လုပ်ငန်အတွေ့အကြုံတွေရှိပါတယ်။ကိုပြည်မှာက ခက်တာဘွဲ့ရမှဆိုတဲ့အချက်လက်တွေက သိပ်အသုံးမဝင်ပါဘူး။ဘွဲံရပြီး ၁ နေ့1000ကျပ်တောင်ရှာမရတဲံ့လူတွေအများကြီပါ။ လုပ်ငန်းရှင်တွေကလစာတိုးမပေးဘဲအချောင်ဈေးနဲ့ခိုင်းနေတာ အစိုးရကအလုပ်မပေးနိုင်တာတွေကြောင့် ပြည်ပထွက်ကြရတာပါ။ မြန်မာပြည်မှာက အလုပ်သမားခံစားခွင့်ရဘို့အများကြီလိုနေပါသေးတယ် ဒီမိုကရေစီစစ်စစ်ရအောင်လုပ်ဖို့အရေးကြိီးပါတယ်။ နောက်ကို့ယ့်လူမျိုးကိုစော်ကားတာတော့မဟုတ်ဘူး အားမလိုအားမရဖြစ်တာ အများအားဖြင့် ပေါက်ပန်းလေးဆယ် အရေမရအဖတ်မရပြောကြတာကများပါတယ်။ ကိုယ်နဲ့သင့်တော်မဲ့အလုပ်ကိုရှာရည်မှန်းချက်ပန်းတိုင်ထားပြီး ကြိုးကြိုးစားစား လုပ်ကိုင်ရင်အောင်မြင်အဆင်ပြေပြေနေနိုင်ပါတယ်။အလုပ်ပေါ်မှာမရှက်မကြောက်ကြိုးစားကြပါဗျာ…။

  • aunty tun

    March 16, 2012 at 10:41 am

    Man Power ရေ

    Project အလုပ် ၊ နယ်အတွက်ဆိုရင် လူတော်တော်များများ က စဥ်းစားလာကြပြီ ။
    နယ်မှာသွားနေတော့ ပိုက်ဆံရတာတော့ဟုတ်ပါတယ် ။ ကိုယ့်အတွက် လိုအပ်တဲ့တခြားသင်တန်းတွေ မတက်ဖို့အဆင်မပြေကြတော့ဘူး ။ Project ပြီးလို့ရန်ကုန်ပြန်ရောက်ရင် ဒီမှာက ပြောင်းလဲနေတာတွေလိုက်မီဖို့ အသစ်ကနေပြန်စရတယ် ။ အလုပ်အသစ်ပြန်ရှာရတယ် ။ နိုင်ငံခြားမှာအလုပ်သွား လုပ်ပြီး ပြန်လာတဲ့သူ တော်တော်များများ လို ဟိုမရောက် ဒီမရောက်ဖြစ်နေကြလို့ ပါ ။ ရန်ကုန်မှာလုပ်ရင် လစာမများပေမယ့် တက်ချင်တဲ့သင်တန်းကို အချိန်ပိုင်းတက်လို့ရတယ် ။ အဲဒါကြောင့် ဖြစ်မှာပါ ။

    • man power

      March 16, 2012 at 11:03 am

      ဒါတော့လဲ ဒါပေါ့ အန်တီ ထွန်း ရယ်။

      တခုတော့ ရှိတာပေါ့ ။ သင်တန်းပေါင်းများစွာ လက်မှတ်ပေါင်းများစွာကို

      ကိုင်ဆောင်ထားတဲ့ လူတွေများပြီး အဲဒီလို လူတွေ အတွက်ကို ဖြည့်ဆည်း

      ပေးနိုင်တဲ့ အလုပ် အကိုင် က လုံလုံလောက်လောက် မရှိဘူး ဆိုတဲ့ အချက်ကို

      လည်း ထည့်သွင်း စဉ်းစားဖို ့လိုမယ် ထင်ပါတယ်။

      နောက်ပြီး သင်တန်းတွေကို တက်ရင်း တက်ရင်းနဲ ့ကိုပဲ လုပ်ငန်းခွင်ကို ခုထိ မဝင်နိုင်

      သေးတဲ့ ကျွန်တော့် မိတ်ဆွေတွေလည်း အတော်များပါတယ်။

      ဥပမာ စာရင်းကို သင်တန်းတွေပါ ။ ရန်ကုန်မှာ အောင်လက်မှတ် ကိုင်ဆောင်ထားတဲ့

      စာရင်းကိုင်တွေ အလွန်ကို များပြားလွန်းလှပါတယ် ။ တစုံတယောက်က အဆင်ပြေတဲ့

      အနေအထားလေးများ တွေ ့ရင် အစုလိုက် အပြုံလိုက် ဝင်တိုး တတ်ကြတဲ့ ကျွန်တော်တို ့

      နိုင်ငံသားတွေရဲ ့ အမူအကျင့်တွေဟာ ကိုယ် တကယ်ကို လုပ်ချင်တဲ့ အလုပ်လား ၊

      လုပ်နိုင်တဲ့ အလုပ်လား ၊ အလုပ်ဖြစ်မည့် အလုပ်လားဆိုတဲ့ အယူအဆမျိုးတွေ သိပ်မတွေး

      တတ်ကြတော့ဘူးလို ့ ထင်ပါတယ် ။ ခွင့်လွတ်ပါ ။ အကုန်လုံးကို မဆိုလိုပါဘူး။

      အောင်လက်မှတ်တွေ အိမ်မှာ ဖုန်တက် ကြွက်ကိုက် သွားမှာ စိုးရိမ်လို ့ပါ ခင်ဗျာ။

      နိုင်ငံခြားမှာ လုပ်နေတဲ့ လူတွေတောင် ခွင့်နဲ ့ပြန်လာလို ့ရနေတာ ကိုယ့်နိုင်ငံက အလုပ်မှာ

      ပိုလို ့တောင် ခွင့်နဲ ့သွားလာလို ့ရပါတယ် ။ မိသားစုနဲ ့လုံးဝ အဆက်အသွယ် မပြတ်ပါဘူး။

      အင်တာနက် ရသလို ဖုန်းလဲ ရှိပါတယ် ။ ၃ လ တစ်ကြိမ် ခွင့်နဲ ့ပြန်လို ့ရတာကြောင့်

      သိပ်များများစားစား တိုးတက်ပြောင်းလဲမှု မရှိသေးတဲ့ ဒီနိုင်ငံက မြို ့ကြီးများကို ပြန်ရင်

      အသစ်က ပြန်စ စရာ မလိုအပ်ဘူး ထင်ပါတယ် ။ အလုပ် အသစ်ဆိုတာက တော့ သေချာ

      ပေါက်ကို ပြန်ရှာရမှာပါ။ ပရောဂျက် ဆိုတဲ့ အတိုင်း ပရောဂျက် ကာလ အတွက်သာ လိုအပ်မှာ

      ပါ ။ မြန်မာ နိုင်ငံကို ကန် ့လန် ့ဖြတ်ပြီး တရုပ်ပြည် အထိကို သွားမည့် ဒီ စီမံကိန်းမှာ

      ကျောက်ဖြူ မြို ့ပြီး ရင် နောက်ထပ် လုပ်ကွက် တွေ ဘယ်လောက်ကျန်ဦင်္းမလဲ ဆိုတာ

      စဉ်းသာစဉ်းစားကြည့်ပါတော့ ။ ကျွန်တော်ပြောချင်တာ တခုပဲ ရှိပါတယ်။

      အားလုံးသော အတတ်ပညာရှင် မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို ့ ခင်ဗျား ။

      ဟုတ်ကဲ့……လာချင်ရင် အနီးလေးပါ ။ 🙂

      • man power

        March 16, 2012 at 11:13 am

        ရခိုင်ပြည် ဆိုတာ နဲ ့ တောကြီး မျက်မည်း နဲ ့ ငှက်ဖျား ပိုး

        ဆိုတာကြီး ကို မြင်ယောင်မိတဲ့ ခေတ် မဟုတ်တော့ပါဘူး ခင်ဗျ ။

        အင်တာနက် ၊ ဖုန်း ၊ ကား ၊ လျှပ်စစ် ၊ ရေ ၊ မီး ၊ အစားသောက်

        နေစရာ ၊ အားလုံး စားရိပ်ငြိမ်းနဲ ့တင်ကို တနေကုန်နေလို ့မှ ပိုက်ဆံ ကုန်စရာ ဘာမှ

        မရှိတဲ့ အရာရာ ပြည့်စုံတဲ့ ပျော်စရာ အလုပ်အကိုင်ကြီးထဲမှာ နေလာတာကြာတော့

        ရန်ကုန်ပြန်ရမှာ သိပ်ကြောက်လာတယ် ။ ရန်ကုန်မှာ များ ကိုယ့်ထမင်း ၊ ကိုယ့် လမ်း

        စားရိတ် ၊ ကိုယ့် အိမ် ကိုယ်နေပြီး မဖြစ်စေလောက် လစာနဲ ့ကို နည်းနည်းလေး လှုပ်တာ

        နဲ ့ တနေ ့ကို ၅ ထောင်လောက်က အနည်းဆုံးထွက်နေတော့…………။

  • man power

    March 16, 2012 at 10:44 am

    မှန်ပါတယ် ကို ဇေ ။

    ဒီမှာ ဘွဲ ့ရ ရယ်လို ့မှ အလုပ်ခန် ့တာ မဟုတ်ပါဘူး။

    အလုပ်အတွေ ့အကြုံ နဲ ့ အရည်အချင်းကို ဦးစားပေးပါတယ်။

    ကျောင်းမပြီး ဘွဲ ့မရပေမဲ့ ဘွဲ ့ရပြီးသား လူထက် အလုပ်ကျွမ်းကျင်မှုနဲ ့ အတွေ ့အကြုံ

    များနေတယ် ဆိုရင် သေချာပေါက် သူဟာ လစာ ပိုမိုများပြားပြီး ရာထူး ပိုမြင့်ပါတယ်။

    ကိုဇေက ပြည်တွင်းမှာ လား ပြည်ပမှာ လား ဆိုတဲ့ အချက်ရယ်

    ဘယ် Position နဲ ့ တရက်ကို ၂၅၀၀ဝ / ၃၀၀၀ဝ ရသလဲ ဆိုတာလေး

    ပြောပြနိုင်ရင်ဖြင့် ဒီမှာ အဲဒီလို ပေးနိုင် မပေးနိုင် ဆိုတဲ့ အချက်ကို

    ကျွန်တော့်အနေနဲ ့ ဖြေဆိုနိုင်ပါလိမ့်မယ်။

  • manawphyulay

    March 16, 2012 at 10:47 am

    ပြည်ပ အလုပ်တွေဆိုရင်တော့ ခုနောက်ပိုင်းက ပြည်တွင်းပဲလုပ်တာများတော့ သိပ်ပြီးစိတ်မဝင်စားတာဖြစ်မှာပါ။ နောက်တစ်ချက်က EP သမားတွေ မဖတ်မိတာလည်းဖြစ်မှာပေါ့နော်…

  • ko lay

    March 16, 2012 at 11:15 am

    ရွှေသဘာဝgas ကို အများပြည်သူသဘောမတူပါ။ဒါကြောင့်စိတ်မဝင်စားကြပါ။

  • chel gyi

    March 16, 2012 at 11:37 am

    ခုလိုတင်ပေးတာ ကျေးှဇူးပါ….”ဒီမှာ EP တွေ လုပ်ကိုင်ပေးနေတဲ့ လုပ်ငန်းတွေကတော့ Office Building ,

    Mess Building နဲ ့ Technical Building တို ့ရဲ ့ Power Cable တွေ နဲ ့

    Communication Cable ပြေးပေးခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းဟာ

    ဒီ ပရောဂျက်ကြီး တစ်ခုလုံးရဲ ့ Cable နဲ ့ပါတ်သပ်တာ မှန်သမျှ တာဝန်ယူထားပါတယ်။” လို့ပြောထားတယ်နော်..
    Cable တွေကို Distribution လုပ်တာဆိုတော့ Over Head & Under ground လုပ်ငန်းတွေပါမယ်လို့
    ထင်ပါတယ်…ကျွှန်တော်သိချင်တာက ဒီပရော ဂျက်ရဲ့ ခန့်မှန်းသက်တမ်းကိုုသိချင်ပါတယ်..ခင်ဗျ

    • man power

      March 16, 2012 at 2:33 pm

      @ ကို chel gyi

      မှန်ပါတယ် ခင်ဗျ ။ သေချာပေါက်ကို Over Head & Underground လုပ်ကွက်တွေ ပါ ပါတယ်။

      ပရောဂျက် ကာလ ကတော့ တိတိကျကျ ပြောရရင် ၂၀၁၃ မတ်လ အပြီးလို ့ Target ထား

      ပေမဲ့ ကျွန်တော့် အမြင်မှာ တော့ မပြီးလောက်ဘူးထင်ပါတယ် ။

  • Phyu Zin

    March 16, 2012 at 11:38 am

    Any Civil Engineer Position there?, like as Construction, Cost Control(QS),
    Our couple are currently working in Singapore, If we have a chance we would like to apply related with Civil Engineer Post, Both of us are Civil Engineer.
    I am not compare salary, actually here is more than myanmar but we would like to work in myanmar. (current salary is Singapore $ 3000 above)

    Thanks for your information,

    • man power

      March 16, 2012 at 2:11 pm

      @ Phyu Zin နှင့် ရွာသူ ရွာသားများ အားလုံးသို ့

      အားလုံး နားလည်အောင်လို ့ မြန်မာလိုပဲ ဖြေလိုက်ပါတယ်။

      QS (Quantity Surveyor) နဲ ့ ပါတ်သပ်လို ့တော့ ခေါ်ဆိုထားခြင်း မရှိပါဘူး။

      Civil Engineer ကိုတော့ ခေါ်ထားပါတယ် ။ HHI လို ့ခေါ်တဲ့ Hyundai Heavy

      Industries ကနေ ကျောက်ဖြူမြို ့မှာ ရှိတဲ့ လမ်း လုပ်ငန်း အတွက်

      လုပ်ကိုင်ခွင့်ရထားပါတယ်။ မဖြူဇင် တို ့ ဇနီးမောင်နှံ ဆီကို ဆက်သွယ်လို ့ရမဲ့

      မေလ်း လိပ်စာ နဲ ့ C.V များ ပို ့ပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော် HHI ကို

      လွှဲပြောင်းပေးပါမယ်။ မနက်ကပဲ လာထပ်မေးသွားပါတယ် Civil Engineer

      အလုပ် အတွက် ထပ်ပြီး ဆက်သွယ်တဲ့ လူ ရှိသလားဆိုတာကိုပါ။

      လမ်းလုပ်ငန်း အတွက်ကတော့ အစောပိုင်း ပိုစ့်မှာ ဖော်ပြထားခဲ့တဲ့ အတိုင်း

      HHI ကနေ ခေါ်ယူမှာ ဖြစ်ပါတယ်။

      အခု ကျွန်တော် တင်ထားတဲ့ EP အလုပ် အကိုင် တွေဟာ HHI ရဲ ့ လက်အောက်ခံ

      Sub-Con တွေကနေ ခေါ်ယူလိုတဲ့ အလုပ်တွေပါ ။

      ကျွန်တော့် ဆီကို လောလောဆယ် Staff နဲ ့ ပါတ်သပ်လို ့ပဲ ပုဂိ္ဂုလ် ၂ ယောက်ဆီက

      မေလ်းဝင်ထားပါတယ် ။ ကျွန်တော်ကနေ ခေါ်ယူတဲ့ အလုပ်အကိုင်တွေ မဟုတ်တာကြောင့်

      မေလ်းကို ပြန်လည် ဖြေကြားမှာ မဟုတ်ပါဘူး ။

      လက်ခံရတဲ့ C.V တွေကို ခေါ်ယူတဲ့ Sub-Con နဲ ့ HHI ကို လွဲပြောင်းပေးမှာ ဖြစ်ပါတယ်။

      ပြီးရင်တော့ သူတို ့ဖက်က ဆက်သွယ်လာပြီ ဆိုရင် ကာယကံရှင်တွေ ကိုယ်တိုင် တိုက်ရိုက်

      ဆက်သွယ်နိုင်ပါပြီ ။ ကျွန်တော်က ဒီ အလုပ်အကိုင် တွေ အတွက် ကျွန်တော် တတ်နိုင်တဲ့

      ဖက်ကနေ အသိပေးခြင်း ဖြစ်ပါတယ် ။

      လက်ရှိ အချိန်ထိ ဆက်သွယ်ကြသူများ ကို ကျေးဇူးတင်ပါတယ်။

      • Phyu Zin

        March 17, 2012 at 7:37 am

        Thank you very much Brother.
        I will write Email to you ASAP. Actually some of my friends work as engineer @ Hyundai Company (Korean) in Singapore.
        We would like to work in Myanmar because of we love our own country and land. Only different salary and low income than the abroad.
        But based on your precious information, attractive salary for this work.

        Again, Deeply thanks to you Brother.
        Phyu Zin

  • zay

    March 16, 2012 at 12:12 pm

    စိတ်ရှည်ရှည်နဲ့ လိုလိုလားလားပြောပြပေးတာလုပ်ချင်သူတွေအတွက် အကျိုးရှိပါတယ်။ ကျွန်တော်ကတော့ဘယ် position လို့တော့မဟုတ်ပါဘူး ကန်ထရိုက်(ပုတ်ပျက်) ယူလုပ်သလို၊ ကိုယ်အရည်ချင်းကိုပြဗျုးပြီး လခညှိတောင်းတာတွေရှိပါတယ်၊ ဒါကြောင်ံ့ အဲ့လောက်ရတာပါ ကိုအိမ်နဲ့ကိုနေရပါတယ် မြို့ထဲမှာဆိုရင် အိမ်မပေးပါ၊ နယ်ဆိုရင်တော့အိမ်ပေးပါတယ်၊ ခုလည်းပြန်မလာနိုင်သေးပါ ပြန်လာတဲ့တနေ့ လုပ်ရအောင်ဆွေးနွေးကြည့်တာပါ။ကျွန်တော်ကပြည်ပမှာပါ ကန်ထရိုက်ယူလုပ်တာက ဒီထက်မကရပါတယ်၊။ ကိုman power ပြောထားတဲ့ ၁နေ့၅၀၀ဝကျပ်နှုန်းဟာ အလုပ်စသင်တဲ့ လူတွေအတွက်ကokလောက်ပါတယ်၊

  • photwenty

    March 16, 2012 at 1:11 pm

    လာခဲ.ပါဆိုတော. လာတော.လာချင်သား
    နာတို.ကလဲ မီးဆို ဖန်ချောင်းတောင်လင်းအောင်မဆင်တတ်တော.ခက်သား
    ယူထားတဲ.မေဂျာက Mechanical ဆိုတော. စက်ပြင်တတ်လားဆိုတော.လဲ ဟင်.အင်းလို.ပဲဖြေရမလို
    ကဲ ဘလားသားရေ အဲ.ဒီမှာ ဒီလိုလူမျိုးတွေအတွက် အလုပ်ခေါ်ရင်လစာကဘယ်လောက်ရမှာလဲ
    အင်တာဗျူးဆိုတော.ကော ရန်ကုန်မှာဗျူးမှာလား ကျောက်ဖြူမှာဗျူးမှာလားကမသိ

  • yaungchikha

    March 16, 2012 at 2:03 pm

    အလုပ်လျှောက်ချင်တဲ့သူတွေကတော့ရှိမှာပါ၊ နီးစပ်ရာကိုတော့ ပြောပေးပါ့မယ်၊

  • maykha

    March 16, 2012 at 3:24 pm

    I know well this project.And I know well May Phone More Hotel.Do you know May Phone More Hotel?
    Power Cable installation? Just installation? Estimate and Design?you want to said M&E?
    You from HR?

  • maykha

    March 16, 2012 at 3:40 pm

    နောက်ထပ် ပညာသည်တွေ ထပ်ပြီး လိုအပ်တဲ့ အတွက်ကြောင့်

    အလုပ်ခေါ်တာပါ ။ ကျွန်တော်က ကိုယ့် ထမင်း ကိုယ်စားပြီး ဂျီးဒေါ် နွားကို

    ဝင်ကျောင်းပေးတာပါ။ 🙂 ဒီမှာ EP တွေ လုပ်ကိုင်ပေးနေတဲ့ လုပ်ငန်းတွေကတော့ Office Building ,

    Mess Building နဲ ့ Technical Building တို ့ရဲ ့ Power Cable တွေ နဲ ့

    Communication Cable ပြေးပေးခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းဟာ

    ဒီ ပရောဂျက်ကြီး တစ်ခုလုံးရဲ ့ Cable နဲ ့ပါတ်သပ်တာ မှန်သမျှ တာဝန်ယူထားပါတယ်။

    CCTV အပိုင်းက အစပေါ့။ ပရောဂျက် ကာလ ကတော့ တိတိကျကျ ပြောရရင် ၂၀၁၃ မတ်လ အပြီးလို ့ Target ထား

    ပေမဲ့ ကျွန်တော့် အမြင်မှာ တော့ မပြီးလောက်ဘူးထင်ပါတယ် ။Why?အခု ကျွန်တော် တင်ထားတဲ့ EP အလုပ် အကိုင် တွေဟာ HHI ရဲ ့ လက်အောက်ခံ

    Sub-Con တွေကနေ ခေါ်ယူလိုတဲ့ အလုပ်တွေပါ ။????????????????????????////

    • man power

      March 16, 2012 at 5:10 pm

      မေခ ရေ။

      ကျွန်တော်ရေးထားတဲ့ စာတွေကို ကော်ပီပြန်ကူးပြီး ဘာကို ပြောချင်တာလဲ ခင်ဗျ။

      Why? ဆိုတဲ့ စကားလုံးနဲ ့ ????????????????????????//// ဆိုတာတွေတော့

      ရိုက်ထည့်ထားတာ တွေ ့ရတယ် ။ သိချင်တာရှိရင် ပွင့်ပွင့်လင်းလင်း ထပ်မေးလို ့ရပါတယ်။

      မပြီးလောက်ဘူးလို ့ ထင်တယ်လို ့ ပြောတဲ့ အချက်အပေါ်မှာ မေခ အနေနဲ ့ Why လို ့

      မေးခွန်းထုတ်စရာ အခွင့်အရေး မရှိပါဘူး ။ လွယ်ကူ ရှင်းလင်းစွာ ရေးသားထားတဲ့

      မြန်မာစကားတွေကို ????????????????????????//// လို ့Question Mark ပေါင်း

      မြောက်များစွာနဲ ့ ဖော်ပြထားတာဟာ လူကြီးမင်း အနေနဲ ့ဘာကို ဆိုလိုချင်တာပါလဲ။

  • man power

    March 16, 2012 at 4:07 pm

    ကျွန်တော်က HR ပါ ။ EP နဲ ့ပါတ်သပ်ပြီး မသိပါဘူး ။

    Cable ကို Installation ပဲ လုပ်ကြပါတယ်။ Design လုပ်စရာ မလိုဘူးလေ ။

    Main-Con ကနေ ချပေးတဲ့ Drawing တွေ အတိုင်း လုပ်သွားရုံပဲ။

    ပြန်ပြင်ရတာလည်း ရှိပါတယ်။

    မေဖုန်းမော် ဟိုတယ်လ်ကို သိပါတယ်။ နဂါး ၂ ကောင် စားသောက်ဆိုင် အကျော်

    လမ်းဆုံရဲ ့ ဘယ်ဖက် ထောင့်မှာ ရှိပါတယ်။ ကျွန်တော်ကတော့ ဗာရာဏသီ ဟိုတယ်လ် နဲ ့

    Seri Hotel မှာ ပဲ ပုံမှန် သောက်ဖြစ်ပါတယ် ။

  • we R one

    March 16, 2012 at 4:16 pm

    office staff အတွက် အခြေခံ လစာ ဘယ်လောက်ရှိ နိုင်လဲ သိချင်ပါတယ်…။

  • man power

    March 16, 2012 at 4:27 pm

    Staff လစာတော့ ကျွန်တော် သေချာမသိရသေးဘူး ခင်ဗျ။

    သူတို ့က အရင်ဆုံး CV ကို တောင်းခိုင်းတာ ။

    ရန်ကုန်ထက်တော့ သေချာပေါက်ကို သာပါတယ် ။

    အမျိုးသားတွေကတော့ ကျွန်တော်နဲ ့ရင်းနှီးတဲ့ အတွက် သူတို ့လစာတွေကို ပြောပြလို ့ သိထားတာပါ။

    ကြားဖြတ် အနေနဲ ့ကျွန်တော်တို ့ဆီမှာ Auto CAD သမား လိုပါတယ် ။ Microsoft Office လဲ

    တတ်ကျွမ်း ရပါမယ် ။ သေချာပေါက်ကို အင်္ဂလိပ် စကားကို ပြောနိုင်ရပါမယ် ။

    စိတ်ဝင်စားသူရှိရင် မျှော်မှန်း လစာ နဲ ့ C.V ပို ့ပေးခိုင်းပါခင်ဗျာ ။

    အပေါ်က အလုပ်တွေက ကျွန်တော်နဲ ့ တိုက်ရိုက် မပါတ်သတ်ပေမဲ ့ Auto CAD သမားကတော့

    ကျွန်တော်တို ့ အလုပ်အတွက် လိုအပ်တာပါ။

  • man power

    March 16, 2012 at 5:29 pm

    ရုံးပိတ်ပါပြီ ခင်ဗျား။

    ဒီနေ ့ ရန်ကုန်က အင်ဂျင်နီယာ (EP) အမျိုးသမီး တစ်ယောက်ရယ်

    အင်ဂျင်နီယာ (EP) အမျိုးသား တစ်ယောက်ရယ်

    Admin Staff အနေနဲ ့ စင်ကာပူက အမျိုးသမီး တစ်ယောက်ရယ်

    Admin Staff အနေနဲ ့ ရန်ကုန်က အမျိုးသား တစ်ယောက်ရယ် ဆက်သွယ်လာပါတယ်။

    ချွင်းချက် အနေနဲ ့ပြောရရင် Staff ဆိုတဲ့ နေရာမှာ Admin Staff အနေနဲ ့ခေါ်ယူတာ မဟုတ်ပါ။

    Office Staff အနေနဲ ့ သာမာန် အနေအထားမျိုးနဲ ့ Microsoft Office နဲ ့ အင်္ဂလိပ် စကားပြောနိုင်

    တဲ့ အနေအထားလောက်ကိုပဲ ခေါ်တာပဲ။

  • man power

    March 16, 2012 at 5:32 pm

    @ သူကြီး ကိုခိုင်

    ကျွန်တော် အလုပ်ခေါ်စာ တင်တာ ဒီ တစ်ခါ နောက်ဆုံးပါ။

    လူပြည့်သွားတာနဲ ့ အကြောင်းကြားပါ့မယ် ။

    အဲဒီ အခါ ဒီပို ့စ်ကို ဖျက်ပေးပါ ။

    ပွိုင့်ကိုလည်း နှုတ်ပေးပါ ခင်ဗျား။

    • kai

      March 17, 2012 at 1:48 am

      အလုပ်ခေါ်စာတင်တာ… လူသတ်ဖို့ခြိမ်းခြောက်စာတင်တာမှမဟုတ်တာဗျ..
      နောက်ဆုံးတွေ.. ရှေ့ဆုံးတွေမရှိပါဘူး.. :mrgreen:

      ကျုပ်ကတောင် အားပေးချင်လို့.. Sticky လုပ်ပေးထားခဲ့တာ…
      ရွာသူားများ.. အလုပ်ခေါ်စာ..အလုပ်တောင်းစာ.. လွတ်လပ်စွာတင်နိုင်ပါတယ်နော…။
      အလုပ်ရမှသာ.. ရွာကို မမေ့ပါနဲ့..။ 😆

  • khinsaw aye

    March 16, 2012 at 9:52 pm

    ကို man power ရေအလုပ်ခေါ်စာတွေ ့တော့ဝမ်းသာရတယ်။
    အလုပ်ခေါ်စာတွေကြည် ့လိုက်ရင်ဘာဘွဲ ့မှညာဘွဲ ့မှဆိုတော ့ခက်တယ်။
    ၁ဝ တန်းအောင်တယ်။ ဂီယာတွင်ခုံ ( lathe machine) ကျွမ်းကျွမ်းကျင်ကျင်ခုတ်နိုင်တယ်။
    နိုင်ငံခြားလုပ်သက် ၅ နှစ်ရှိတယ်။လက်ရှိလစာရဲ ့ ၄၀%လောက်ရရင်ကိုမြန်မာပြည်ပြန်လာပြီးလုပ်မယ်။
    ကို man power တယူသန်ပြီးပြောကိုတော ့ဘဝင်မကျဘူး။

    တတ်ထားတဲ့ပညာနဲ ့ပဲအသက်မွေးဝမ်းကြောင်းချင်တယ်
    ၁၆၀ဝ RM ၄၀% ၆၄၀RM

  • inz@ghi

    March 17, 2012 at 4:20 am

    Quite differ from my field..
    Sorry mr.HR …….fori can’t help u..
    But i turn some red cards to green…

    Garr..
    There are some guys who wanna throw stones
    Toward da train they can’t ride..

    U did nothing wrong.. tha gyee and villagers welcomed…
    Except unregistered ga lay ga chay twae pop…
    Ha ha..

    P.s bravo man! What a nice HR movement….
    Glad to see smart HR pros…
    Bye for now!
    See ya..

  • Patriot

    March 17, 2012 at 9:18 am

    ကို Manpower ရေ။ အကိုရဲ့တန်ဖိုးရှိ တဲ့ပို့ လေးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လိုကိုယ့်နိုင်ငံ မှာပြန်လုပ် ချင်သူတွေ အတွက်အလွန်တန်ဖိုး ရှိပါတယ်။ နှစ်တွေ ကြာလာတာ နဲ့အမျှ သူများနိုင်ငံ မှာလုပ် ရတာကိုစိတ်ကုန် လာပီ။ By the way, is there any vacancy for construction planning engineer?

Leave a Reply