အလုပ်ခေါ်စာ (ဒုတိယ အကြိမ်)

man powerMarch 15, 20121min47566

ထင်မြင်ချက်

ပထမ တစ်ခေါက် အလုပ် ခေါ်စာ တင်ခဲ့ပါတယ် ။

https://myanmargazette.net/107025/business-economy/jobs-careers

အံ့အားသင့်လောက်စရာကို  တုန် ့ပြန်သူ မရှိခဲ့ပါဘူး။

ဝင်ဖတ်သူပေါင်း  ၁၉ရ ယောက်နဲ ့တင် နိဋ္ဌိတံ သွားပါတယ်။

အဲဒီ အထဲမှာမှ  တောင်ကုတ် က   အမျိုးသမီး အင်ဂျင်နီယာ တစ်ယောက် ဆက်သွယ် လာပါတယ်။

၂၀၀၈ မှာ  ကျောင်းပြီးခဲ့ပြီး  လုပ်သက် အတွေ  ့အကြုံ  မရှိသလောက်ကို နည်းတာကြောင့် စဉ်းစားဆဲ

ကာလ ဖြစ်ပါတယ်။

ဂေဇာတ် မှာ  အဖွဲ  ့ဝင်  ၆၀၀ဝ ကျော် ရှိတယ်လို ့ သိထားပါတယ်။

ဘာမှ အကြောင်းအရာ မယ်မယ်ရရ မရှိတဲ့  တချို  ့ပိုစ့်တွေမှာ

တစ်ရက် နှစ်ရက် လောက်နဲ ့တင်  ဝင်ဖတ်သူပေါင်း  ၂၀၀ဝ ကျော် အထိ တွေ ့ဖူးပါတယ်။

 

ဘာကြောင့်

ဘာကြောင့် ဒီ ဂေဇာတ်မှာ  အလုပ် ခေါ်စာ တင်ရသလဲ ???

အခြားသော  နေရာတွေမှာ  ကြော်ညာ ထည့်ပြီး  လူခေါ်လို ့ ရသလို

အလုပ်သမား ခန် ့ထားရေး အကျိုးဆောင် လုပ်ငန်းတွေလဲ  ဒုနဲ ့ဒေးပါ။

ဒါပေမဲ့  ကျွန်တော်သည်  ဂေဇာတ်ရဲ  ့  Social  Network  အစွမ်းထက်မှုကို

ယုံကြည်တဲ့ အတွက်  ဖတ်လိုက်ရသူတွေက  မိမိ နီးစပ်ရာကို လက်တို ့ပြီး

သိစေချင်တာကြောင့်ပါ။

 

အိမ်နဲ ့ဝေးလို ့တဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းက  စင်္ကာပူမှာ  မြန်မာ မိန်းကလေး နှိပ်စက် ခံရတာကို ဖတ်ခဲ့ရတယ်။

နိုင်ငံရပ်ခြားမှာ  ပုံစံ အမျိုးမျိုးနဲ ့  အလုပ်ထွက်လုပ်နေတဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသား တွေ

အများကြီးပါ ။  ပညာတတ် အမျိုးသမီးတွေ ရှိသလို  ပညာ မတတ် အမျိုးသမီးတွေလည်း

ရှိကြပါတယ်။  မိုင်ထောင်ချီဝေးတဲ့ သူတပါး နိုင်ငံမှာ  လုပ်ကိုင်ကြတာထက် ကိုယ့်နိုင်ငံ

အတွင်းမှာပဲ  ကိုယ်တတ်ကျွမ်းတဲ့  ပညာရပ်နဲ ့ သူတို ့နိုင်ငံတွေမှာ လုပ်သလောက် မရတာ

တောင်မှ ၊ ပြည်တွင်း အနေအထားနဲ ့ ဆိုရင်  နည်းတယ်လို ့  ပြောလို ့မရတဲ့  လစာငွေနဲ ့

လုပ်ကိုင်နိုင်တဲ့  အခွင့် အရေးမျိုးတွေ အများကြီး ရှိပါတယ် ။

ဘွဲ  ့ရ ပညာတတ်တွေ  အလုပ်မရှိဘူး ၊ အလုပ်အကိုင် ရှားပါးနေတယ် ၊ ပညာနဲ ့ မတန်တဲ့

လစာပေးပြီး  ခိုင်းနေပါတယ် ၊ ဆိုတာမျိုး ကို  ရန်ကုန်မြို  ့နဲ ့  အနီးတဝိုက်မှာပဲ  အိုးမကွာ

အိမ်မကွာ  အသံကုန် အော်နေမည့် အစား  နိုင်ငံရဲ  ့ရှေ  ့ရေးအတွက်  မိမိရဲ  ့  ရှေ  ့ရေး

အတွက်  ပညာစွမ်း လာပြလှည့်ပါလို ့ ဖိတ်ခေါ်လိုပါတယ် ။ မိဘများမှလည်း ငါ့သမီးလေး

ငါ့သားလေး  တနယ် တကျေးမှာ  ဒုက္ခများ ရောက်နေမလား ဆိုတဲ့  အတွေးအခေါ်ကို ဖျောက်ပစ်

စေချင်ပါတယ်။  ဒီလို တွေးရင် သူတို ့ကို ချစ်ရာ မရောက်ပဲ နှစ်ရာ ရောက်ပါတယ်။

 

မြန်မာ နိုင်ငံသူ နိုင်ငံသားများ   ကျေးဇူးပြုပြီး  အလုပ်လုပ်ကြပါ ခင်ဗျား။

တကယ့်ကို ကျေးဇူးပြုပြီးတော့ကို ပါ….လေ  တစ်ခုထဲနဲ ့ နိုင်ငံ မတိုးတက်ပါဘူး။

အလုပ်လုပ်သူများမှ  ….လုပ်သားစွမ်းအား များမှ နိုင်ငံ တင် မက  မိမိပါ  မြင့်တက်

လာမှာပါ။

 

==================================

အလုပ် နေရာ

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို  ့ ၊  ဂုန်းချွိန် ကျေးရွာ ၊ ရွှေ သဘာဝဓါတ်ငွေ  ့ သန် ့စင် စက်ရုံ

တည်ဆောက်ရေး လုပ်ငန်းခွင် (Oil & Gas Terminal Project)

အလုပ် အမျိုး အစား

Electrical  Power  Plant 

a.  Cable  Tray  Installation

b.  Cable  Pulling

c.  Electrical Panel  Installation

d.  Termination

c.  Etc………(အစရှိသဖြင့်)

 

လစာ နှင့် ခံစားခွင့်

ဒီမှာ ကြုံတွေ ့ရတဲ့ ပြသာနာ တစ်ခု ရှိပါတယ် ။

လစာ ဘယ်လောက် ပေးမယ် ဆိုပြီး  ပတ်သက်ရာ ပါတ်သက်ကြောင်းနဲ ့

ခေါ်လိုက်တဲ့သူဟာ တကယ်တန်း လက်တွေ ့လုပ်ငန်းခွင် မကျွမ်းကျင်မှု အစရှိတဲ့

အားနည်း ချက်တွေကို တွေ  ့ရှိလာတဲ့ အခါမှာ  သူ ့ကို  သတ်မှတ်ပေးခဲ့တဲ့ လစာနဲ ့ပါတ်သပ်လို ့

ပြောင်းလည်းမှု တွေရှိလာတတ်ပါတယ် ။ ဒါကြောင့်မို ့လို ့  အလုပ်ခန် ့ထားခြင်း မပြုခင်မှာ

သေချာမေးမြန်း ဆွေးနွေးမှုကို  ပြုလုပ်ပြီးမှ လစာနဲ ့ အခြား ခံစားခွင့်တွေကို သတ်မှတ်မှာပါ။

အတွေ ့အကြုံ အရ ပြောရရင်  ပြည်တွင်း မှာပဲ  လုပ်ငန်း အတွေ ့အကြုံ  ၈ နှစ် ရှိခဲ့တဲ့  Foreman တစ်ယောက်ဟာ

အင်တာဗျုး ပြီးနောက်နဲ ့ အလုပ်ဝင်ပြီး ၁ လမြောက်မှာ  သူမျှော်မှန်းထားခဲ့တဲ့ လစာထက် ပိုမိုတဲ့ လစာကို ပေးခဲ့ပါတယ်။

စောစောက ပြောခဲ့ သလိုပါပဲ  ။ ရန်ကုန်မြို  ့နဲ ့ အနီး တဝိုက်လောက်မှာပဲ  အိုးမကွာ အိမ်မကွာ ညည်းတွားနေတဲ့

လစာတွေထက် အပုံကြီး သာတယ် ဆိုတာ  နီးစပ်တဲ့  အသိုင်းအဝိုင်း က တဆင့် သိနိုင်ပါတယ်။

ဒါကြောင့် မို ့လို ့   C.V ကို အရင်ဆုံး Mail  နဲ ့ ပို ့ပေးစေချင်ပါတယ် ။

လူမျိုး ၊ ကျားမ ၊  အရပ်ဒေသ မခွဲခြားပါ ။

 

လိုအပ်တဲ့  အရည် အတွက်

၁။  လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ အဆင့် ( EP)    ———      ၅ ယောက်

၂။  လျှပ်စစ်စွမ်းအား ဖိုမင် အဆင့်  (EP)                  ———    ၁၅  ယောက်

၃။  Office  Staff                                                       ———       ၅   ယောက်

 

လိုအပ်တဲ့ အရည် အချင်း

EP  သမားတွေ  နဲ  ့ ပါတ်သတ်ပြီး  ဘာ အရည်အချင်းတွေ လိုအပ်သလဲ ဆိုတာတော့

အထွေအထူး ပြောဖို ့ မလိုအပ်ဘူး ထင်ပါတယ် ။  အင်္ဂလိပ် စကား ပြောတတ်ဖို ့တော့

လိုပါတယ် ။

Office  Staff  ကတော့  Microsoft  Office  ကို  ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမယ်။

အင်္ဂလိပ် စကားလည်း ပြောဆိုနိုင်ရပါမယ် ။

===============================

 

ကျွန်တော်တို ့ နိုင်ငံရဲ  ့  လူငယ် လုပ်သား အင်အားတွေကို  ဘုန်းကြီး နဲ ့ စစ်သား အဖြစ်နဲ ့ပဲ

ကုန်ဆုံး နေတာထက်စာရင်  ဒီကို  လာပြီး နိုင်ငံရဲ  ့ အနာဂါတ် အတွက်  ဝိုင်းဝန်း လုပ်ကိုင်ဖို ့

တိုက်တွန်း လိုက်ပါတယ်။

လုပ်သား အင်အားကို မြတ်နိုးတဲ့

man power

============================

ဆက်သွယ်ရန်………..

Petroleum  Services  Consultancy  Co., Ltd.

Admin  Manager

Phone : 09-49650874

mail : bnp.psc@gmail.com

66 comments

  • man power

    March 17, 2012 at 10:12 am

    @ Patriot

    Construction Planning Engineer တော့ ခေါ်ယူတာ မကြားမိသေးပါဘူး ခင်ဗျ။

  • man power

    March 17, 2012 at 10:16 am

    မနေ ့က ဆက်သွယ်လာတဲ့ အင်ဂျင်နီယာ ၂ ယောက် ဆီက အခုထိတော့ မေလ်း မဝင်လာ

    သေးပါဘူး ။ ကျွန်တော်တို ့နိုင်ငံက အင်ဂျင်နီယာတွေ Brain Drain ဖြစ်ပြီး အကုန် နိုင်ငံခြား

    ကို ရောက်ကုန်ပြီလား မသိပါဘူးဗျာ……. အနည်းဆုံး တစ်ယောက်လောက် အမြန်ရနိုင်ရင် ကောင်းမယ်။

    ကျွန်တော် မြန်မာတိုင်မ်းစ် ကြော်ညာမှာ တော့ ထည့်လိုက်ပါတယ် ။ 🙁

    အော်…..Brain Drain……. ပညာတတ်ကို ချီးမြှောက်ခြင်းကို မပြုလုပ်ပဲ နှိပ်ကွပ်ခဲ့ကြတော့လည်း

    ကုန်ပြီပေါ့……..

  • man power

    March 17, 2012 at 5:39 pm

    ဂေဇာတ် ရဲ ့ ကျေးဇူးကြောင့် သတ္တိရှိတဲ့ အမျိုးသမီး လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ

    တစ်ယောက်ကို ရပါပြီ ခင်ဗျ ။

    ရှေ ့အပတ်ထဲမှာ ကျောက်ဖြူကို လာပါတော့မယ် ။

    Fighting !!!!!!!!!!! 🙂

  • nigimi77

    March 17, 2012 at 9:48 pm

    ဟယ်…..ဒီပိုစ့်မှာ ရာသီ လာနေတယ်

    လုံချည် လာနေတယ်

    ထမီ လာနေတယ်

    ဘောင်းဘီလာနေတယ်

    ခဲဝါတွေ ရွာထဲဝင်နေတယ်

    • man power

      March 19, 2012 at 10:35 am

      ကိုရင် တပ်မ ရေ ။

      ရခိုင်လို ခဲဝါ ဆိုတော့ မြန်မာလို ခွေးအ ပေါ့ ။

      အေးဗျာ …. ဂေဇာတ် ရွာထဲမှာလည်း ခွေးအ တွေက အများသား

      တော်သလင်းလတောင် မရောက်သေးပဲ တောင်ပေါ်ကနေ ဆင်းဆင်း

      လာပြီး အူနေ လိုက်ကြတာ …..။ 😀

      အူသာ အူတယ် ဘယ်ခွေးမှန်း လူသိကလဲ မခံရဲဘူးဗျ ။

  • htoosan

    March 17, 2012 at 10:57 pm

    ကဲ သူကြီးက လက်ခံတယ် ဆိုတော့ ကိုမန်းပါဝါရေ .. အလုပ်အကိုင်သစ်များ ဆက်တင်ပါနော်။။ ဘယ်သူတွေ ဘာပြောပြော တစ်ဦးတစ်ယောက်အတွက် အသုံးတည့်သွား အလုပ်ရသွားတယ်ဆိုတာ အလွန်ကောင်းသော ကုသိုလ်ပါ။ သူု့ကို မှီခိုသူများရှိရင်လည်း မှီခိုသူများပါ အဆင်ပြေသွားတာပါ ။

  • man power

    March 19, 2012 at 10:32 am

    အလွန် အောက်တန်းကျ သော အကျင့်စရိုက် ရှိသော

    မနာလို မုန်းတီးတတ်သော ဖျက်လိုဖျက်စီး လုပ်တတ်သော

    မှားမှား မှန်မှန် မျက်စိမှိတ် ထော်လော် ကန် ့လန် ့ လုပ်တတ်သော

    သူ ့ဘာသာသူ သွားနေတဲ့ ရထားကို အားအားယားယား ခဲနဲ ့ ပေါက်တတ်သော

    အနီများများ ပေးတတ်တဲ့ ခိုးကြောင်ခိုးဝှက် လက်သီးပုန်း အချော်ဒဂေါက်များ ခင်ဗျား။

    ကျွန်တော် လုပ်နေတဲ့ အလုပ်က ခင်ဗျား အမ ၊ နှမ ၊ ညီ ၊ အကို တွေ အတွက် လုပ်နေတာ

    ဘာများ မကျေနပ်ပါသလဲ ။

    မကျေနပ်တာရှိရင်လဲ နာမည်လေးတော့ ထုတ်ဖော်ပြောသွားဦးပေါ့ ။

    အခုတော့ ထမိန်ခြုံ အထဲက ထိုးနေတော့ …….. 😀

  • man power

    March 19, 2012 at 3:04 pm

    အင်ဂျင်နီယာ ၂ ယောက် ရပါပြီ ခင်ဗျ။

    အမျိုးသမီး အင်ဂျင်နီယာကို ပထမ အစမ်းခန် ့ကာလ ၂ လမှာ စားရိပ်ငြိမ်း ၄၅ဝ

    နဲ ့ သတ်မှတ်ပေးပြီး အမျိုးသား အင်ဂျင်နီယာကိုတော့ ပထမ အစမ်းခန် ့ကာလ ၂ လမှာ

    စားရိပ်ငြိမ်း ၅၀ဝ နဲ ့ သတ်မှတ်ပေးထားပါတယ် ။ ၂ လပြည့်ပြီးရင် အရည်အချင်းပေါ်လိုက်ပြီး

    ထပ်တိုးပေးသွားမှာပါ ။

    နောက်တခုရှိတာ လူတချို ့က

    “…..Kaung Zin Khank says:

    ကိုမန်းပါဝါရဲ့စေတနာ ကိုနားလည် သဘောပေါက်ပါတယ်.. အတွေ့အကြုံကလွဲပြီးတော့ ငွေကြေးကတော့ သာမန်ထက်သိပ်မပိုဘူးထင်တယ်.. Project ကလည်းပြီးခါနီးပြီဆိုတော့လေ. တော်ကြာ ၂လ၊ ၃လ လောက်လုပ်ပြီး ပြန်နေရအုံးမယ်..”

    ဆိုတာမျိုး တွေးကြပါတယ်။

    အစောကပိုင်းက ပြောခဲ့ သလိုပါပဲ လုပ်ငန်းကာလက ၂၀၁၃ ခုနှစ် ၃ လ ပိုင်း အထိပါ ။

  • man power

    March 27, 2012 at 6:23 pm

    Electrical Power (EP) သမား အတွေ ့အကြုံရှိ အမျိုးသား Foreman အဆင့်နဲ ့ (၄) ယောက် လိုအပ်ပါတယ်။

    အခြေခံ လစာက တစ်လကို USD$ 300 ပါ ။ အင်္ဂလိပ် စကား အသင့်အတင့် ပြောတတ်ရင် ရပါတယ်။

    အရည်အချင်းပေါ် မူတည်ပြီး လစာ တိုးပေးသွားပါမယ်။

    နေစားငြိမ်း ထမင်း (၃) နပ် ကျွေးပါတယ် ။ စိတ်ဝင်စားသူများ အမြန် ဆက်သွယ်ပေးပါ ။

    ဖုန်းနံပါတ်နဲ ့ Mail လိပ်စာ ဖော်ပြထားပါတယ်။

Leave a Reply