ရွာသားတို့ရေ တိုက်ဆိုင်မှု့ကအံဩစရာပါလား

koyinmaungMarch 15, 20121min14123

၁၉၈၈ခုနှစ်မြန်မာနိုင်ငံမှာအရေးအခင်းဖြစ်ခဲ့တယ်
၁၉၈၉ခုနှစ်မှာတရုတ်ပြည်တယင်မင်ရင်ပြင်အရေးအခင်းဖြစ်တယ်
၂၀၀ရခုနှစ်မြန်မာနိုင်ငံမှာသံဃာအရေးအခင်းဖြစ်ခဲ့တယ်
၂၀၀၈ခုနှစ်မှာတရုတ်တိဘက်အရေးအခင်းဖြစ်တယ်
မြန်မာနိုင်ငံမှာနာဂစ်သဘာဝဘေးကျရောက်ခဲ့တယ်
မရှေးမနှောင်းတရုတ်ပြည်မှာငလျှင်းကြီးလှုပ်ခဲ့တယ်
ခုမြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ပြောင်လွဲဘို့တာစူနေကြပြီ
ကဲ….
လာပြီဗျာ ကိုရွှေတရုတ်ကြီးရဲ့ဝန်ကြီးချုပ်ဝမ်ကြားပေါင်ကလဲအားကျမခံ..
.VOAသတင်းမှာပါတာလေးကူးတင်ပေးလိုက်ပါတယ်….
(တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က စီးပွားရေးတိုးတက်မှု စိတ်ချရအောင်နဲ့ လူထုအတွင်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ် ကို ရှောင်လွှဲနိုင်အောင် နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ လာမယ့်နှစ် အနားမယူမီ သူ့ရဲ့ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲမှာ အလေးအနက်ပြောဆိုလိုက်ပါတယ်။

တရုတ်အမျိုးသားပြည်သူ့လွှတ်တော်ရဲ့ နှစ်ပတ်လည်အစည်းအဝေး နောက်ဆုံးနေ့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် ၁၉၆၆ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တဲ့ ယဉ်ကျေးမှုတော်လှန်ရေးပုံစံမျိုး အုံကြွပေါက်ကွဲလာမယ့် အန္တရာယ်ရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး ပြုပြောင်းလဲရေးမလုပ်ကြဘူးဆိုရင် လွန်ခဲ့တဲ့အနှစ် ၃ဝ အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး အမြတ်ထွက်ခဲ့တာ တွေလည်း ဆုံရှုံးနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ၃ နာရီကြာတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရဲ့သာယာဝပြောမှုကို လူထုအကြား မျှတစွာဖြန့်ဝေဖို့နဲ့ တရုတ်ငွေလဲနှုံးကို နိုင်ငံတကာဈေးကွက်နဲ့အညီ နှုန်းရှင်ထားခွင့်ပြုရေးစတဲ့ စီးပွားရေး ပြုပြောင်းလဲဖို့ကိုပါ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်က တိုက်တွန်းသွားပါတယ်။)ဆိုတော့မြန်မာနိုင်ငံကိုများအားကျနေပြီးလို့……..

23 comments

  • surmi

    March 15, 2012 at 11:01 pm

    အာဏာရှင်စနစ် ခေတ်မမှီတော.ဘူးလို.သိသွားပြီနဲ.တူတယ် ……..။မြန်မြန်ပြောင်းတာကောင်းပါတယ်
    အဖေါ်ရတာပေါ. ၊ မဟုတ်ရင် ကန်.လန်.ကန်.လန်.နဲ. ဆရာလာလုပ်နေဦးမယ် ။
    ကျေးဇူးပဲကိုရင်မောင်ရေ ……ဒါနဲ. မမယ်မရောကျမ္မာပါစ ဗျာ …။

  • ကိုရင်မောင်

    March 16, 2012 at 12:06 am

    ဟုတ်ကဲ့ ကျမ္မာပါရဲ့ဗျာ ခုလိုသတိတရမေးဖေါ်ရတာကျေးဇူးတင်ပါတယ်
    ကိုဆာမိရေ….
    ကျုပ်တို့မိသားစုကသူတို့တိုင်ပြည်မှာနေကြတာဆိုတော့
    သူတို့သတင်းဘဲနားစွင့်နေရတာမို့လား…
    ဝမ်းသာစရာသတင်းလို့တော့ထင်မိပါတယ်..

    • windtalker

      March 16, 2012 at 7:54 pm

      ကိုရင်မောင် တို ့က အဲဒီမှာ ဆိုရင် ၊ စကားမစပ်ဗျာ ။ ကလေး တစ်ယောက်ဘဲ ရှိတာပေါ့နော် ။
      သိချင်လို ့မေးမိတာကို စိတ်မဆိုးပါနဲ ့နော် ။

      • ကိုရင်မောင်

        March 17, 2012 at 5:58 am

        ကိုပေရေ ၂၀၀ရ နှစ်မှရောက်သွားတာပါ ကျနော်မှာတော့သားသမီး၃ယောက်ရှိပါတယ်..
        သူတို့ခလေးယူပုံယူနည်းနောက်မှရေးပြပါ့မယ်..အလုပ်သွားလိုက်အုံးမယ်ဗျို့

        • ကိုရင်မောင်

          March 17, 2012 at 4:50 pm

          ကိုပေရေ တရုတ်တွေခလေးတယောက်ဘဲယူရတယ်ဆိုပေမဲ့
          အရင်ဆုံးမွေးတဲ့အလေးကမိန်းခလေးဖြစ်နေရင်နောက်တယောက်ယူပိုင်ခွင့်ရှိပါတယ်
          အရင်ဆုံးမွေးတဲ့ခလေးကယောကျာင်္းလေးဖြစ်နေရင်တော့တယောက်ဘဲယူလို့ရပါတယ်
          ထပ်လိုချင်ယင်အစိုးရကိုဒဏ်ငွေဆောင်ပြီးခလေးထပ်ယူလို့ရပါတယ်
          ဒဏ်ငွေက၂၀၀၀ဝယွမ်လို့ထင်ပါတယ်…
          ကျနော်နေတဲ့အိမ်နားမှာဦးကြီးယောက်သူ့သမီးကတခြားနယ်မှာအလုပ်ယင်းခလေးတယောက်
          ထပ်ယူတယ် အဲ့ဒါဘယ်လိုသိသွားလဲမသိဘူးတညမှာအရပ်ဝတ်အရပ်စားတွေနဲ့လူ၁ဝယောက်လောက်ရှိတယ်
          အဲ့ဒီဦးကြီးကိုလာဖမ်းသွားတယ်
          နောက်တော့သူ့သမီးပြန်လာပြီးငွေနှစ်သောင်းလာပေးတော့မှပြန်လွှတ်ပေးလိုက်တယ်…
          ဘယ်လိုတိုင်းပြည်မှန်းမသိပါဘူးဗျာ…

  • Khin Latt

    March 16, 2012 at 2:57 am

    ၂၀၁၂ ကမ္ဘာပျက် မယ် ဆိုတာ စစ်အာဏာရှင်တွေ အတွက် ကမ္ဘာပျက် မှာလို့ ဘဲ မှတ်လိုက်ပါပြီ။
    ဒီသတင်း ကို ကြားရတာ ကိုယ့်တိုင်းပြည် အတွက်ပါ လုံခြုံစိတ်ဖြစ်သွားတယ်။
    သတင်းထူး နဲ့ သတင်းဦးလေးအတွက် ကျေးဇူးပါ ကိုရင်မောင် ရှင့်။
    ပုံ
    အရီးလတ်
    ရွာသူ 😉

    • Gipsy

      March 16, 2012 at 11:16 am

      အဲသလို ဖြစ်ပါစေဗျာ…၊
      မ khin Latt ပြောတာ မှန်ပါစေ…၊
      2012 … အာဏာရှင်တွေ ကမ ္ဘာပျက် မဲ့ နှစ်လို့ ယူဆလိုက်ပါပြီ…၊

    • Wow

      March 16, 2012 at 11:36 am

      အရီးလတ်ပြောတဲ့အတိုင်း ၂၀၁၂ က အာဏာရှင်တွေ ကမ္ဘာပျက်မဲ့နေ့ဖြစ်ရင် အရမ်းကောင်းမှာပါ…
      အရေခြုံ ရွက်ပုံးသီး လုပ်နေသူတွေကိုကော ဘယ်လိုလုပ်မလဲဟင်င်င်….

  • padonmar

    March 16, 2012 at 3:58 am

    ရေမြေဆက်စပ်နေတော့ တစ်နိုင်ငံဖြစ်တာ နောက်တစ်နိုင်ငံက သတိထားမိနေတာလည်း ပါမယ်ထင်ပါရဲ့။
    ကောင်းသော ပြုပြင်ပြောင်းလဲခြင်းတွေဖြစ်ပါစေ။

  • MaMa

    March 16, 2012 at 6:07 am

    ကဲ- နေရာတကာ နောက်ကျတယ်လို့ ပြောနိုင်သေးလား။
    ကြည့်ရတာ စမ်းသပ်ခံများ ဖြစ်နေပြီလား။ 🙁

  • inz@ghi

    March 16, 2012 at 6:41 am

    အဟတ်အဟတ်…
    အိုက်ဒါကြောင့် ပြောဒလာပေါ့ အိုဘားမားက
    ဘီလိုက်ဘားမား တဲ့ ….

    အမိမြန်မာပြည် အဒွန့်ရှည်ပါစေ …..

  • Thel Nu Aye

    March 16, 2012 at 8:54 am

    ဟုတ်ကဲ့။ ဟိုတလောကပဲဦးရွှေမန်းတရုတ်ပြည်သွားတာ တရုတ်အစိုးရက ကောင်းမွန်သောအကြံပေးလိုက် တယ်တဲ့။ သူတို့လိုချင်နေတဲ့ဒီမိုကရေစီကို ဗဟိုဦးစီးစနစ်နဲ့ပေးလိုက်ပါလို့တဲ့။ အရပ်ကတို့ရေကြားဖူးကြရဲ့ လား။ ဗဟိုဦးစီးစနစ်ဒီမိုကရေစီတဲ့။ သူတို့လဲအဲလိုပြောင်းဖို့ကြံနေပုံရတယ်။ သေဖေါ်ညှိနေတာနဲ့တူတယ်။

  • Reign

    March 16, 2012 at 8:57 am

    That shows how Chinese party leaders are in touch with the grass root and how much they care for the country. Even China is a communist country they still practicing a democratic means in managing affairs of the party through National congress and they are in the practice of applying collective leadership and we are hard to call China a dictatorship regime like that of our late SPDC. Even I am totally oppose china in its business attitude that exploit Myanmar’s rich natural resources I cannot help admiring its leadership and we have to commit that this is the type of attitude we should also nurture for the development of our country.

  • Reign

    March 16, 2012 at 8:59 am

    I mean there is a certain degree of freedom and democracy ( maybe very little )even in chinese communist party and Congress.

  • ဆူး

    March 16, 2012 at 9:29 am

    အားကျတာ ကောင်းတာပေါ့..
    တရုတ်နဲ့ မြန်မာ ရေမြေချင်း နီးစပ်ပြီးတော့.. ကံတရားချင်း အဲလို နီးစပ်သယောင်တော့ ရှိတယ်။
    အရေးအခင်း ဖြေရှင်းနည်းကလည်း တူတယ်လေ။

  • ဦးဦးပါလေရာ

    March 16, 2012 at 9:55 am

    ကျုပ်ထင်တာ သတိထားမိတာတော့
    သူတို့ ပြောင်းဖို့ကြိုးစားနေတာ ကြာပါပြီ။

    ပြည်ပ နဲ့ အလွှာစုံ ကဏ္ဍစုံ ဆက်ဆံရေးလုပ်နေတာ-
    ပါတီတွင်း သန့်စင်ရေးနည်းလမ်းနဲ့
    လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးနည်းလမ်းနဲ့
    ကုလားထိုင်ကျောက်ချ အာဏာရှင်တွေကို ဖယ်ရှားတာ-
    ုငြင်သာတဲ့ နိုင်ငံရေးစံနစ် တဆင့်စီကူးပြောင်းဘို့မှာ အခရာဖြစ်တဲ့
    လူလတ်တန်းစား နဲ့ သူဌေးပေါက်စတွေ တိုးပွားအောင်လုပ်တာ-
    နိုင်ငံစီးပွားရေးနဲ့ ငွေကြေးစံနစ်ကို တတ်နိုင်သမျှငြိမ်အောင်ထိန်းတာ-
    ပြီးတော့ လစ်ရင် လစ်သလို ပြောင်းလဲရေး လေသံပစ်တာလဲ ပါတာပေါ့လေ..။

    တခုတော့ရှိတယ်
    လူမျိုးစု တထောင်ကျော်ရှိတဲ့
    ဆင်းရဲ ချမ်းသာ၊ ပညာမဲ့ ပညာတတ် အလွန်ကွာခြားမှု့ကြီးမားတဲ့
    အဲလိုဧရာမနိုင်ငံကြီး
    အနောက်တိုင်းပုံစံ ဒီမိုကရေစီစံနစ်ကျင့်သုံးနိုင်ဘို့တော့
    တော်တော်နဲ့ (ဆယ်စုနှစ်သုံးလေးခုနဲ့) မဖြစ်နိုင်သေးပါဘူး။
    အတင်းဇွတ်လုပ်ရင် အပိုင်းနှစ်ဆယ်လောက် ကွဲသွားမှာလဲရှိသေး….။

  • aunty tun

    March 16, 2012 at 10:27 am

    တစ်ကမ္ဘာလုံးပြောင်းလဲနေတာကို အားကျနေပြီထင်တယ် ။
    တရုတ်ကြီင်္းပြောင်းလဲလာပြီ ။

  • ကြောင်ကြီး

    March 16, 2012 at 10:55 am

    တရုတ်ကြီး သဘောထား ပြောင်းသလို ကြေးမုံလေးလည်း ကြောင်ကြီးအပေါ် သဘောထား ပြောင်းလာရင် ကောင်းမယ်ဗျာ… အခုတော့ 🙁
    ကြောင်ကြီးကမေး
    ကြေးမုံလေး
    ချစ်သလားဟေး
    ချစ်သလားဟေး…
    ဖြေသံမရ
    ဝေမာန်ကြွ
    ရေဆန်ပြမှ
    ယုံမယ်ဆိုရင်
    ထမင်းမချက်ခင်
    လာကြည့်လှဲ့
    ထိုင်းJasmineဆန်ကို ရေခန်းချက် စားတာကွ…။ 😉

  • ko lay

    March 16, 2012 at 11:22 am

    ကြားကောင်းအောင်ပြောနေတာ.တကယ်လုပ်မယ့်သူကိုဖြုတ်လိုက်ပြီ။

  • kyeemite

    March 16, 2012 at 11:57 am

    ကျုပ်လည်းဒီသတင်းကိုနားထောင်လိုက်ရတယ်…
    အံ့ဩစရာသတင်းပါ..ဒါပေမဲ့ လက်ရှိ ကျုပ်တို့အစိုးရ
    လိုဘဲ..အရမ်းယုံလို့တော့မရသေးဘူး..စောင့်ကြည်ရမှာဘဲ..
    သူတစ်ယောက်ထဲအဲလိုစိတ်ရှိယုံနဲ့တော့ပြောင်းလဲဘို့မလွယ်ဘူးနဲ့တူတယ်။

  • Kaung Myat Thu

    March 16, 2012 at 12:39 pm

    ဆိုရှယ်လစ်စနစ်ကျတော့သာတူညီမျှစနစ်-တိုးတက်မှုကတော့လုံးဝမရှိဘူး-ကုန်ဈေးနှုန်းကတော့တည်ငြိမ်
    တယ်။အထက်ကပြည်သူဆီ(၁၀၀)ဘိုးပေးရင်အဆင့်ဆင့်စားပြီးပြည်သူဆီ(၁၀)ဘိုးပဲရောက်တယ်။
    အာဏာရှင်စနစ်၊စစ်အုပ်ချုပ်ရေးစနစ်ကျတော့တိုးတက်မှုတွေတော်တော်များလာတယ်-တိုးတက်မှုနဲ့အတူ
    ဆုတ်ယုတ်မှု၊ပြည်သူအချို့အပေါ်ထိခိုက်မှုတွေဖြစ်လာတယ်-ပြည်သူတချို့ကျတော့(အခြေခံစီးပွားရေးနဲ့ပညာ
    ရေးရှိပြီးသူ)တိုးတက်မှုအနည်းငယ်ရှိလာတယ်။လွတ်လပ်ခွင့်တော့နည်းပါးသွားတယ်။
    အခုအရင်းရှင်ဒီမိုကရေစီစနစ်ကိုရောက်လာပြီ။တိုးတက်မှုတွေအလားအလာအများကြီးမြင်နေရတယ်။
    အရင်းအနှီးရှိတဲ့လူတွေပိုပြီးရှိကြတော့မယ်။သူဌေးတွေပေါလာတော့မယ်။ဆင်းရဲသားတွေလည်းပေါလာတော့
    မယ်။ကုန်ဈေးနှုန်းတွေလည်းကြီးလာတော့မယ်။လောလောဆယ်အခြေအနေတစ်ခုကိုကြည့်-ယခင်စနစ်တွေ
    တုန်းကအစိုးရတွေအရှုံးခံရောင်းခဲ့တဲ့ဓာတ်ဆီ၊ဒီဇယ်ဆီဈေးတွေနိုင်ငံတကာဈေးနှုန်းအတိုင်းအများကြီးတက်
    လာတယ်။လွတ်လပ်မှုတွေတော့အများကြီးရှိလာတယ်။စာနယ်ဇင်းလွတ်လပ်ခွင့် ဘာညာစသဖြင့်ပေါ့။
    ပြည်သူတွေအားလုံးလိုချင်တဲ့အချက်တွေအလုံးစုံပြည့်စုံတဲ့စနစ်ကဘယ်မှာလဲ။

  • Don Juan Ronald

    March 16, 2012 at 10:56 pm

    တရုတ်နဲ ့ဗမာတူတာတခုရှိတယ်၊
    အာဏာပိုင်ထဲကတယောက်ယောက်ကိုဆွဲချချင်ရင်၊
    လာဘ်စားမှုနဲ ့တာဆော်လိုက်ပြေးမလွတ်ဘူး။

Leave a Reply