လူအရောက်အပေါက်နည်းသေးသောကျိုက်ထီးရိုးလေး (ဓာတ်ပုံ)

linpin zawMarch 15, 20123min15112

မန်းလေးမြို၁၉လမ်း(နန်းရှေ့လမ်း)အဆုံးမှာရှိတဲ့ ရန်ကင်းတောင်ရဲ့ အရှေ့ဘက်တည့်တည့်မှာရှိတဲ့

 ရှင်သူငယ်တောင်ပေါ်မှာတည်ထားပါတယ်။

အဲ့ဒီတောင်ကတော့ ရေထွက်ကျေးရွာအုပ်စုဘက်မှာရှိပါတယ်။ထိုဘုရားကို သွားရောက်ဖူးမျှော်ချင်

ရင် ရန်ကင်းတောင်နားက လူတွေကိုမေးမြန်းသွားနိုင်ပါတယ်။

ဒါကတော့ ရေထွက်ကျေးရွာ အဝင်လမ်းဖြစ်ပါတယ်။

ဒါကတော့ ဘုရားအဝင် မုခ်ဦးဖြစ်ပါတယ်။

လှေကားမှတက်ရပါတယ်။

အပေါ်ဆုံးမရောက်ခင် ဒုတိယအဆင့်မှာ ရှိတဲ့ ပုံစံငယ်ပါ။

အပေါ်မှမြင်ရသော လှေကားမြင်ကွင်းပါ။

တွေ့နေရတာကတော့ ရန်ကင်းတောင်တောင်ရိုးကြီးပါ။

အပေါ်ဆုံးမှ ကျိုက်ထီးရိုးပုံတူစေတီတော်

ကြည်နူးစရာမြင်ကွင်းပါ။

မိတ်ဆွေတို့…

                              ပျော်ရွှင်ကြည်နူးစရာနေရာလေးကို ရောက်ဖူးအောင်သွားလိုက်ကြပါ။

12 comments

  • Khin Latt

    March 16, 2012 at 4:39 am

    ရောက်ဘူးဖို့ မပြောနဲ့ ကြားတောင်မကြားဖူးဘူး။
    တောတောင် စိမ်းစိမ်းစိုစို နဲ့ အတော်လေးသာယာပုံဘဲ။
    ဘုရားပုံလေးတွေ ဖူး ရလို့ ကျေးဇူးပါကွယ်။ 🙂

  • water-melon

    March 16, 2012 at 8:33 am

    သူများက မန်းလေးသားတာ ပြောတာမရောက်ဘူးသေးဘူး
    နောက်မှလျှောက်သွားအုန်းမယ်
    ကျေးဇူးချင့်။

    • linpin zaw

      March 17, 2012 at 7:19 am

      သွားဖြစ်အောင်သွားလိုက်ပါ။အလွန်သာယာပါတယ်။

  • ဆူး

    March 16, 2012 at 9:12 am

    မရောက်ဖူးသေးတဲ့ နေရာကို အလည်ရောက်သွားတယ်လို့ ခံစားရပါတယ်။
    အရောက်အပေါက် နည်းတယ် ဆိုပေမဲ့ မြင်တော့ မြင်လိုက်ရပြီပေါ့။ ဒါလည်း ကံထူးနည်းတမျိုးပါပဲ။
    ပုံလေးတွေကို ကြိုဆိုပါတယ်။

    • linpin zaw

      March 17, 2012 at 7:21 am

      ဟုတ်ပါတယ်။ကံထူးလို့ ဂန်ဒူးဖြစ်တာပေါ..အဲလေ ကံထူးလို့မြင်ရတာပါ။ဟဲဟဲ

  • Gipsy

    March 16, 2012 at 10:45 am

    ရောက်အောင်သွားပြီး ဖူးပါ့မယ် …၊
    ီဒီနှစ်ကုန် ပြီး နောက်နှစ်ဆို သွားဖြစ်မှာမို့ပါ…။
    အခု ရာသီက မန်းလေး မှာ အရမ်းပူနေမှာမို့ အပူဒဏ် ကြောက်လို့…။

    • linpin zaw

      March 17, 2012 at 7:32 am

      အဲဒီဘက်ပိုင်းက သစ်ပင်တွေများလို့ စိမ်းလန်းစိုပြေပြီး အေးချမ်ပါတယ်။သိပ်မပူပါဘူး။

  • manawphyulay

    March 16, 2012 at 11:22 am

    အင်း ခုလောလောဆယ်တော့ ဖူးလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ကို ရောက်ခဲ့ရင် သွားလို့ရပြီပေါ့။ မှတ်ထားလိုက်ပါမယ်။

  • naung

    March 16, 2012 at 2:15 pm

    ကျွန်တော်ရောက်တုန်းကတော့ အခုလိုမျိုး အပင်တွေက စိမ်းစိုမနေဘူး
    တောင်ကတုန်းပေါ်ကို တက်ရသလိုဘဲ။
    ဖုန်တွေလည်း တော်တော်ထူတယ်။
    အခုတော့ ကြည့်ရတာ တော်တော် အေးချမ်းတာဘဲ။
    စိတ်ချမ်းသာစရာလည်း တော်တော်ကောင်းပါတယ်။
    ကျေးဇူးဘဲ။

    • linpin zaw

      March 17, 2012 at 7:36 am

      ဟိုးအရင်တုန်းကထက်အများကြီးသာယာလာပါပြီ။

  • kaung kin pyar

    March 16, 2012 at 3:04 pm

    ခုလို ကိုယ်တိုင်မရောက်ဖူးသေးတဲ့ နေရာတစ်ခုကို မြင်ဖူးသွားတာမို့ ပုံတွေ တင်ပေးတာကျေးဇူးတင်ပါတယ် ကိုlinpin zaw ရေ။ ကျိုက်ထီးရိုး တောင်ပတ်လမ်းမှာ တရားကျင့်နေတဲ့ ရသေ့ရဟန်းတွေရော တွေ့ခဲ့လားရှင်။ အရင် ပရဟိတလုပ်တုန်းကတော့ အဖွဲ့ထဲကလူတွေ အဲ့ဒီကျိုက်ထီးရိုးတောင်ပတ်လမ်းက ရသေ့တွေကို ဆေးဝါးနဲ့ ဒုကုဋ် သင်္ဃန်းတွေ လှူကြတယ်။ ကောင်းကင်လဲ သွားမယ်နဲ့ မရောက်ဖြစ်ဘူး။ ခုလိုပုံတွေ တင်ပေးတာ ကျေးကျေးပါ။ ကိုယ်တိုင်သွားဖြစ်အောင်လဲ ကြိုးစားပါဦးမယ်။

  • MaMa

    March 16, 2012 at 8:34 pm

    မြန်မာပြည်ထဲမှာ အဲဒီလို ကျိုက်ထီးရိုးလေးတွေ ဘယ်လောက်များ ရှိနေမယ်ဆိုတာ မသိနိုင်ဘူး။ 🙂

Leave a Reply