ခေတ်…ခေတ်…ခေတ်…

kotun winlattMarch 16, 20123min17818

ကိုဘမှိုင်းတစ်ယောက် ခုတစ်လော စိတ်ချဉ်ပေါက်နေသည်။ အဘယ်ကြောင့်နည်း..။

သူ၏ သောတအာရုံ  အမြင်အာရုံများတွင် ထော်လော်ကန့်လန့်တွေများနေသော


ကြောင့်ပင် ..။ အဘယ်သို့သော သောတအာရုံ အမြင်အာရုံများက ကိုဘမှိုင်းအား


အနှောင့်အယှက်ပေးနေကြပါသနည်း။ ခေတ်ရေစီးဟုခေါ်သော ဂီတသံတွေ


အဝတ်အစားတွေ အဆင်အပြင်တွေက နှောင့်ယှက်နေကြပါသည်ဟု ဆိုလျှင်


ကိုဘမှိုင်းတစ်ယောက် ခေတ်မမှီရာများကြနေမလား…။ မည်သို့ပင်ဖြစ်စေ ကိုဘမှိုင်း


ကတော့ တော်တော်လေးကို မြင်ရ ကြားရတာတွေကို မကျေမနပ်ဖြစ်နေတာတော့


အမှန်ပင် … ပိုပြီးဆိုးသည်က ခေတ်ရေစီးကြောင်းထဲတွင် မျောနေသော ဒါမှမဟုတ်


ဖလမ်းဖလမ်းထ ( ဒီစကားလုံးကား ကိုဘမှိုင်း ခေတ်မှီလို၍ သုံးကြည့်ခြင်းပင်) လူငယ်


တွေထဲတွင် သူ၏ သမီးသုံးယောက်ပါနေခြင်းကို ပို၍ မကျေနပ်…။ မြန်မာလူမျိုးဖြစ်သော


ဖခင်ဖြစ်သူနှင့် မြန်မာလူမျိုးဖြစ်သူမိခင် (သူ၏ ဇနီး)မှ မွေးဖွားလာသော သမီးကညာ


သုံးယောက်တို့သည် သူနှင့်သူ့ဇနီး၏ ဇာတိရုပ်ကို ကျော်လွန်ကာ နီကြောင်သော ဆံပင်


ဖားလျားချကာ ဘောင်းဘီကို ဖင်ကြပ်ဝတ်ပြီး နားပေါက်များကိုလည်းသုံးလေးပေါက် ဖောက်


ပြီးလျှင် စကတ်များကို တိုနှံ့နှံ့ဝတ်ကာ လန်ပျံနေကြသော သမီးတွေကို မည်သို့မည်ပုံ


ပြောဆိုရမည်ကို မသိနိုင်တော့ချေ..။ ကိုဘမှိုင်း သမီးများကို ဆိုဆုံးမတိုင်း သမီးတွေက


“အဖေရာ အဖေ့အတွေးအခေါ်တွေ အမြင်တွေက အန်းတိတ်ဖြစ်နေပါပြီ..ဒါက ခေတ်လေ


အဖေရ … ခေတ်ဆိုပဲ..” ..သူတို့တွေပြောသော ခေတ်တွေ အန်းတိတ်တွေကို


ကိုဘမှိုင်းနားမလည်…ကိုဘမှိုင်းနားလည်သည်က မြန်မာအမျိုးသမီးလေးတွေကို


လုံလုံခြုံခြုံဝတ်တာမြင်ချင်သည်။ ယဉ်ယဉ်ကျေးကျေးသွားတာလာတာမြင်ချင်သည်။


ဆံပင်လေးတွေကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့ထားတာမြင်ချင်သည်…။ ဒါပေမယ့်လည်း


ကိုဘမှိုင်းဆန္ဒတို့သည် မြူခိုးများအလား ပျောက်ကွယ်နေရပေ၏။ ကိုဘမှိုင်း စိတ်မချမ်းသာ


ကိုဘမှိုင်း စိတ်တွေညစ် ကိုဘမှိုင်း ရင်တွေလေး…။ ဪ..မြန်မာတွေရဲ့ ယဉ်ကျေးမှု


မြန်မာတွေရဲ့ ကိုယ်ပိုင်အဝတ်အစား ပျောက်ကွယ်ရတော့မည်လား ..။ကိုဘမှိုင်းနေသော


ရွာလေးမှာပင် ဒီလိုတွေ ဝတ်စားနေကြသည်ဆိုလျှင် မြို့ကြီးပြကြီးတွေမှာ ကိုဘမှိုင်း၏


သမီးအရွယ် ကညာပျိုတို့ အဝတ်အစားပင်ဝတ်ကြပါသေးရဲ့လား။


ဪ… ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ ပယောဂပေလား ။ အတုယူလွဲကြသော


မြန်မာအမျိုးသမီးကြောင့်ပေလော..ဟိုတလောက ရွာထိပ်က ဂျမ်းစိမ်မ


မြို့ပေါ်ကပြန်လာတော့ ဝိုင်ဆိုလား ဆိုဂျုဆိုလား ပုလင်းလေးတွေဝယ်


လာပြီး ရွာက အမျိုးကောင်းသမီးတွေစုပြီး မိတ်ဆုံစားပွဲဆိုလား ဘာလားလုပ်ကြတယ်..


ပြီးတော့ ရွာလမ်းမမှာ ကို့ရိုးကားယားတွေဖြစ်လို့ ကိုဘမှိုင်းကိုတောင် အားပုကျိဆိုပြီး


ခေါ်သွားသေးသည်။ ဒါလည်း ခေတ်ပဲလား … ကိုဘမှိုင်း ဒါမျိုးခေတ်ဆိုတာကြီးကိုတော့


ကန့်ကွက်သည် ရှုံ့ချသည်…။ ဒီလိုကန့်ကွက်နေရုံ ရှုံ့ချနေရုံနဲ့လည်း ပြီးသွားမည့် ကိစ္စမဟုတ်


ဒီတော့ ဒီပြဿနာကို ကန့်ကွက်မည်ဆိုလျှင် ကိုဘမှိုင်းရဲ့ သမီးပျိုတွေကို အရင်ဆုံးမရပေမည်။


ကိုဘမှိုင်းနည်းလမ်းတွေ တော်တော်များများနှင့် ဆုံးမကြည့်ပေမယ့် အကြောင်းမထူးလှ…။


သို့သော်ကိုဘမှိုင်း အကြံအစည်တစ်ခုကို တွေးထားမိသည်။ ဒီအကြံအစည်ကို အကောင်


အထည်ဖော်မည်ဆိုလျှင် ကိုဘမှိုင်း မျက်နှာပြောင်ရမည် အရှက်နည်းရမည်..။


ဘာပဲဖြစ်ဖြစ် ဒီနည်းကို နောက်ဆုံးကျည်ဆံအဖြစ် သုံးရပေတော့မည်…။

@@@@@@@@@@@@@@@@@@@@@@@@@@@

မနက်ခင်းသည် ကျီအာသံ ဆက်ရက်သံ စာကလေးသံများနှင့် ဆူဆူညံညံဖြင့်


တက်ကြွနေလေ၏။ အိမ်ရှေ့မှ စံပယ်ပန်းရုံမှလည်း စံပယ်ပန်းဖွေးဖွေးလေးများ၏


မွေးရနံ့က လေညှင်းလေးနှင့်အတူ အိမ်ပေါ်အထိ ရောက်လာ၏။ ကိုဘမှိုင်း မနက်ပိုင်း


ဘုရားရှိခိုးခြင်း ရေချမ်းကပ်ခြင်းအစရှိသည့်အမှုများကို ပြုလုပ်လိုက်သည်..။


ပြီးနောက်ထုံးစံ အတိုင်း အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်လိုက်သည်။ သတင်းစာတစ်စောင်ကို


ကောက်ယူဖတ်လိုက်ကာ ဆေးပေါ့လိပ်ကို ဖွာလိုက်၏။ ပြီးနောက် မီးဖိုခန်းဘက်သို့


“သမီးရေ … အဖေ့အတွက် ရေနွေးကြမ်းအိုးလေးယူပေးခဲ့ပါဦးကွာ” ဟု အော်ပြောလိုက်


သည်။ မကြာပါချေ … သမီးဖြစ်သူ ရေနွေးဗန်းပြုတ်ကျသော အသံ “ ခွမ်း..ဂ..လွမ်း..”


ဟူသော အသံနှင့်အတူ “ အဖေ…အဖေ… ဒါက..ဒါက.. ဘာဖြစ်တာလဲ” ဟူသော


အာမေဋိတ်သံနှင့် မရှေးမနှောင်း မီးဖိုခန်းထဲမှ ပြေးထွက်လာသော သမီးများနှင့်


သူ၏ ဇနီးဖြစ်သူက အံ့အားသင့်စွာ ကိုဘမှိုင်းကို ငေးမောနေကြလေ၏။ ပထမဆုံး


သတိဝင်လာသူမှာ ကိုဘမှိုင်း၏ ဇနီးဖြစ်သူပင် “ ကိုမှိုင်း ..ကိုမှိုင်း..ရှင်..ရှင်…” ဟူသော


အသံ… ပြီးနောက်မှ “ ဘာလို့..ဘာလို့….” ထို့နောက်တွင်မှ “ တော်… သူငယ်ပြန်သွား


တာတော့ မဟုတ်ပါဘူးနော်…ဒါမှမဟုတ်..တော်… ရူးသွားတာလားး” ….


သမီးဖြစ်သူတွေမှာလည်း မျက်နှာပင်မဖော်ရဲ … ရှက်သော … ဒေါသဖြစ်နေသော


မျက်နှာများနှင့် … ကိုဘမှိုင်းကတော့ အေးအေးဆေးဆေးပင်…..


ပြောလိုက်သည့် စကားကတော့ “ ဪ.. မိန်းမရယ်…. ဒါခေတ်လေ…ခေတ်…ခေတ်ကွ..


မိန်းမရ…”ဟူသတတ်….။


@@@@@@@@@@@@@

ကဲ..စာဖတ်သူအပေါင်းတို့ရေ အဲ့နေ့ကစပြီး ကိုဘမှိုင်းရဲ့ သမီးတွေ ဘောင်းဘီဖင်ကြပ်

စကပ်တိုတို ဆံပင်နီကြောင်ကျား အစရှိသော အဆင်အပြင်တွေကို စွန့်လွှတ်ခါ မြန်မာ


အမျိုးသမီးပီပီ လုံလုံခြုံခြုံဝတ်စားဆင်ယင်ကြပေတော့သည်…။


စာဖတ်သူအပေါင်းတို့ ကိုဘမှိုင်းကျင့်သုံးလိုက်သောနည်းလမ်းလေးကို

သိလိုနေကြပေလိမ့်မည်…။

သို့သော် ကိုဘမှိုင်းက ကျနော့်ကို နည်းလမ်းလေးအားလျှို့ဝှက်ထားရန်မှာကြား


ထားပေသည်…။ အကြောင်းပြချက်တော့ ကောင်းကောင်းမပေးပါ…။


ဒီနည်းလမ်းကို သူစာအုပ်တစ်အုပ်ဖြစ်အောင်ပဲ ပြုစုလို၍လား..သို့မဟုတ်…


ကိုဘမှိုင်းကိုယ်တိုင်ကပဲ သူလွှတ်တော်အမတ် ..သို့မဟုတ်…


ဝန်းကြီးဖြစ်သောအခါမှပဲ ဥပဒေတစ်ခုအဖြစ် ပြဋ္ဌာန်းလို၍လားမသိချေ….


သူ၏ သရုပ်ပျက်ဝတ်စားဆင်ယင်မှုကိုတိုက်ဖျက်သော နည်းလမ်းကိုကား လျှို့ဝှက်ထားခဲ့၏။


သိုသော်ငြားလည်း အထူးအခွင့်အရေးအနေဖြင့် ထိုသရုပ်ပျက်ဝတ်စားဆင်ယင်မှုတိုက်ဖျက်ရေး


နည်းလမ်းအား ကျနော့်အားအသိပေးထားပါသည်…။ စာဖတ်သူများကလည်း ကိုဘမှိုင်း


သုံးလိုက်သော နည်းလမ်းကို တွေးတောပြီး မှတ်ချက်ရေးထားခဲ့ကြပါ…။ စာဖတ်သူတို့


တွေးဆသောနည်းလမ်းနှင့် ကိုဘမှိုင်းကျင့်သုံးလိုက်သောနည်းလမ်တူနိုင်ပါစေလို့


ကျနော်စာရေးသူမှ ဆုတောင်းရင်း သရုပ်ပျက် သရုပ်လွန်ဝတ်စားဆင်ယင်မှုတွေကို


မပြုလုပ်ကြဖို့ ဒီစာလေးနဲ့ တောင်းပန်အပ်ပါသည်။

# # # # # # # # # # # # # # # # # # # # # # # # # # # #

18 comments

  • water-melon

    March 16, 2012 at 8:21 am

    ဟဲ့တောင်မ
    အဲဒါဘာနည်းလမ်းလဲအေ့
    သင်္ကြန်ရောက်ရင် နာဝတ်ချင်လိုု့
    ပြောပြနော်
    မပြောပြလို့ကတော့ မန်းလေးလာရင် တွေ့မယ် :mrgreen:

    • kotun winlatt

      March 16, 2012 at 8:44 am

      အော်… A ၆ ငှက်ကဥရယ်…
      ပြောပြမှာပေါ့… အဖြေသိရင်သာ..အဲ့ဒီဇိုင်းလေးလန်းးဒယ်ဆိုပီးးး
      ရွာထဲမှာ လျှောက်လှည့်နေနဲ့ တိလားးး
      တဂျီးးးနှစ်လုံးပြူးနဲ့ တွေ့နေမယ်….
      အာ..ဟိ……

  • inz@ghi

    March 16, 2012 at 8:34 am

    ဆြာလေးကတော့ လုပ်ပီ …
    ဘယ်လိုများဝတ်စားထားပါသနည်း ….
    ဧကန်န … ဟို ပန်းသီးအဖေ ဝတ်သလိုများ ..
    ဝတ်စား ထားလေသလားဘဲ …
    အာဟိ…
    😀

    (ဘုရားသိကြားမလို့ ဒီစာကို အရီးလတ် တို့ ကိုဖတ်ကတ် တို့
    မမြင်ပါစေနဲ့ …)

    ဒက်ဂလုပ်…..

  • kotun winlatt

    March 16, 2012 at 8:48 am

    ဦးးးကက်တော့ ကြိုက်မှာပဲဗျ…
    အရီးးလတ်တော့ တိဘူးးးးး
    လောလောဆယ်ဆယ်တော့ A၆ ငှက်ကဥတော့
    ကြိုက်နေဘီ…..
    မေးနေတယ်… ဒီဇိုင်းလေးက လန်းလားးဒဲ့ဗျ…

  • Thel Nu Aye

    March 16, 2012 at 8:59 am

    ဆံပင်အနီဆိုးပြီး မင်းအုပ်စိုးထုံးနှလုံးမူသောနည်းဖြစ်အံ့။ မှန်ရင်ဘာပေးမှာလဲဟင်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်။

    • kotun winlatt

      March 16, 2012 at 9:06 am

      အရီးနုရေ….
      အဖြေမှန်ရင်.. ယောက်ျားလေးဆို ကိုဘမှိုင်း သမီးသုံးယောက်ထဲက
      ကြိုက်တာယူ…
      မိန်းကလေးဆိုရင်တော့ ရွာထဲက ဟိုင်းလတ် နောင်တော်တွေထဲက
      ကြိုက်တာရွေးးးး ( အာ..ဟိ…)
      အလကားးစထှာ….
      ပေးးးမှာပေါ့….
      ထီပေါက်ရင်….
      အပိုထောက်ပံ့ငွေ..သုံးးးသောင်းးးဆိုပီးးးး ပေးးသလို…ပေးးးဦးးးးမှာ…..။

  • amatmin

    March 16, 2012 at 9:01 am

    ကိုဘမှိုင်းကြီး ကျောက်ခေတ်က ဒီဇိုင်းနဲ့များ လန်းနေသလားမသိ.. 🙂
    ဟေ့လူကြီး အဖြေမှန်ရင် ဘာပေးမှာလဲဗျ… သူ့သမီးတွေတော့ ယူဘူးနော်… 😛

  • kotun winlatt

    March 16, 2012 at 9:12 am

    အာ..ဟိ…
    အမတ်မင်းးးရယ်….
    အမတ်မင်းးးက ရွာသူားးးးတွေကို…
    ပြန်ပေးးရမှာ..မဟုတ်လားးးဘူးးလားးဗျ…
    ရွာသူားးတွေက တင်မြောက်ပေးးလိုက်လို့…
    အမတ်နေရာရသွားးးပီးးးး
    ရွာသူားးတွေကဆီ ပြန်တောင်းးးနေလို့ ဖြစ်ပါ့မလားးးးးကွယ်ရို့….။

    • Thel Nu Aye

      March 16, 2012 at 9:31 am

      ရွာကတင်တာလား။ ကြိုတင်မဲအထုပ်ကြီးတွေကြောင့်အမတ်ဖြစ်လာတာလား။ ရှင်းရှင်းလုပ်ပါ။

  • htet way

    March 16, 2012 at 10:06 am

    ဒီလိုလည်းလုပ်ပါအုံး
    ကျုပ်ကတော့ ဒါမျိုးတွေ တော်တော်ကြည့်မရဘူး
    လက်ဝါးလေးကာပြီး လက်ကြားထဲက ………………။
    ကောင်းပါတယ် ။အားပေးသွားပါတယ် ။

  • Mon Kit

    March 16, 2012 at 11:50 am

    သိချင်ထှာနော်…
    ဘယ်လိုများ နေပြလိုက်ပါလိမ့်…
    ဟင်းးးးးးး… တွေးရခက်ကြီး…
    🙁

  • Mလုလင်

    March 16, 2012 at 11:59 am

    တောက် !!!!! ဒါ့ပုံ ရိုက်ထားလိုက် ရ ကောင်းသား ကွာ …

  • Arkar11

    March 16, 2012 at 4:05 pm

    ဧကန ္တမင်းအုပ်စိုး လို ဝတ်လိုက်တာဖြစ်မယ်… 🙂

  • etone

    March 16, 2012 at 4:43 pm

    ဟီး … ကိုလုလင်ပြောသလိုပဲ .. ဒါ့ပုံရိုက်လာလျှင်ကောင်းမှာပဲ .. ။
    ထင်တာကတော့ သူ ့သမီးတွေ အဝတ်များ ယူဝတ်လေရော့သလား ဟင် … ။

  • Mon Kit

    March 16, 2012 at 4:55 pm

    ကိုဘမှိုင်း၏ ဇနီးဖြစ်သူပင် “ ကိုမှိုင်း ..ကိုမှိုင်း..ရှင်..ရှင်…” ဟူသော

    အသံ… ပြီးနောက်မှ “ ဘာလို့..ဘာလို့….” ထို့နောက်တွင်မှ “ တော်… သူငယ်ပြန်သွား

    တာတော့ မဟုတ်ပါဘူးနော်…ဒါမှမဟုတ်..တော်… ရူးသွားတာလားး” ….

    အထက်ပါ စာသားကို ကြည့်ချင်းအားဖြင့် ကိုဘမှိုင်း တစ်ယောက် ပါးစပ်တွင် ချိုလိမ်တပ်ကာ ကလေးဝတ် စွပ်ကျယ်လက်ပြတ်နှင့် အောက်အဝတ်မပါ ဗလာလေးနှင့် ဖြစ်နိုင်ပါသတည်းးးးးးးး…

    😀

  • နေဝန်းနီ

    March 16, 2012 at 8:12 pm

    အဲဒိနည်းလမ်းလေးတော့ လက်တို့လိုက်ပါဦးဟ တစ်ကယ်လိုချင်လို့ပါ……….

  • ကြောင်လေး

    March 17, 2012 at 8:35 am

    “ ဪ.. မိန်းမရယ်…. ဒါခေတ်လေ…ခေတ်…ခေတ်ကွ.. မိန်းမရ…”
    ဒီလိုပြောပုံထောက်ရင် ဒီခေတ် ရက်ပါတွေ ဝတ်သလိုမီးသတ်ဝတ်စုံ ပွပွကြီးဝတ်ပြီး ဂျယ်လီတွေနဲ့ ဆံပင်ကိုထောင်ထားတာနေမှာပါ။

    ဘုရားရှိခိုးခြင်း ရေချမ်းကပ်ခြင်းအစရှိသည့်အမှုများကို ပြုလုပ်လိုက်သည်..။
    ပြီးနောက်ထုံးစံ အတိုင်း အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်လိုက်သည်။ သတင်းစာတစ်စောင်ကို
    ကောက်ယူဖတ်လိုက်ကာ ဆေးပေါ့လိပ်ကို ဖွာလိုက်၏။ ပြီးနောက် မီးဖိုခန်းဘက်သို့…………

    ဆိုတဲ့စာသားအရ ဘုရားရှိခိုးပြီးအဝတ်လဲတယ်လို့မတွေ့ရတော့ ဘုရှိမခိုးခင်က အဝတ်အစားကိုကြိုတင်ဝတ်ထားပုံရပါတယ်။ ဒါကြောင့် ဟို ဒါရိုက်တာလို တော့ ဟုတ်ဟန်မတူပါ။
    ဆိုးဆိုးရွားရွားပုံလဲ မဖြစ်နိုင်ပါ။ သူ့သမီးရေနွေးဗန်းပြုတ်ကျတာကတော့ ကြမ်းတိုက်ဝတ်ကို တဖက်ကနင်းပြီး တဖက်က ခြေထောက်နဲ့ချိတ်မိပြီးခလုပ် တိုက်သွားတာ ဖြစ်နိုင်ပါတယ်။

  • ငှက်ကလေး

    March 17, 2012 at 10:49 am

    ဟိုလိုဝတ်ထားတာဖြစ်ရမယ်….! ကိုဘမှိုင်းက ကျွန်တော့်ကိုလည်း လျှို့ဝှက်ခိုင်းထားလို့ ပြောပြဝူး…. 😛

Leave a Reply