ကျိုက်ထီးရိုး (ဘလက်ချော ဗားရှင်း)

black chawMarch 16, 20124min16921

ဘုရားပုံတွေ တော်တော် များများ ကျွန်တော် ရိုက်ခဲ့ဘူးပါတယ်။
ကျိုက်ထီးရိုးပုံလေးတွေကိုတော့ ကိုယ်ရိုက်ထားတာကိုယ်ပြန်ကြည့်ပြီး ကျေနပ်တဲ့စိတ်ဖြစ်မိပါတယ်။
တကယ်ပါ။
ကဲကြည့် ကြည့်ပါဗျာ။

ပုံ ၁ ။
ပုံ ၂။
ပုံ ၃။
ပုံ ၄။
ပုံ ၅။
ပုံ ၆ ။
ပုံ ၇။
ပုံ ၈။
ပုံ ၉။
ပုံ ၁၀။
ပုံ ၁၁ ။
ပုံ ၁၂ ။
ပုံ ၁၃ ။
ပုံ ၁၄ ။

21 comments

  • Moe Z

    March 16, 2012 at 9:06 am

    ဘဘဘလက်ရေ မနက်စောစော ဘုရားဖူးသွားပါတယ်
    အခုမှပဲ စိတ်ကြည်သွားတော့တယ် ကျေးဇူး :mrgreen:

    အဲ မေ့လို့ သာဓုပါနော်

    • inz@ghi

      March 16, 2012 at 9:09 am

      တိန်…
      ဦးဦးဖျားဖျားမန့်မလို့ဟာ …
      ဒင်းက ဦးသွားပြန်ဒယ် ….
      ချဉ်ထှာအေ…
      😀

      စကားမစပ် ဟိုဘက်ရပ်ကွက်ကလာပေးထားတဲ့… Espresso သောက်ပါဦးချင့်….
      အာဟိ….

      • ဆူး

        March 16, 2012 at 9:18 am

        ချဉ်နေရင် ဒီမှာ အငံရည်ရှိတယ် သောက်မလား..
        မှတ်ချက်။ ။ အဆင်သင့်တဲ့ အငံရည်သာ ဖြစ်သည် ပင်လယ်ရေ မဟုတ်ပါ။

        • inz@ghi

          March 16, 2012 at 10:19 am

          သများ အငံရည်တော့ မကြိုက်ဝူးချင့်…
          အခါးရည်တော့ ကြိုက်လယ်…
          တံဆိပ် အစိမ်းလေး တစ်လုံးတစ်လေလောက် မကပ်ချင်ဝူးလားဟင်င်င်

          ပုံ
          ဇိမ်ကိုယ်တော်..

        • Moe Z

          March 16, 2012 at 10:35 am

          မမဆူးရေ အလှူမှာ ကြက်တိုက် ဖဲရိုက် ထန်းရည်သောက်ချင်တဲ့သူတွေရှိတယ်
          သဂျီးဆီက ထိပ်တုံးပါတောင်းခဲ့

          ဘဘဘလက်ရေ ဘုရားဖူးရင်းဆူညံနေတာ ဆောရီးပါဗျို့

  • inz@ghi

    March 16, 2012 at 9:07 am

    rule-of-thirds နဲ့ ကွက်တိ…
    လွန်စွာကောင်းသော ဒါ့ပုံများပါဗျာ…
    ဖူးမျှော်ကြည်ညိုသွားပါတယ်..
    အားပေးသွားပါတယ်..

    စကားမစပ် …ဒီအက်စ်အယ်လ်အာ ဝယ်တော့ဗျာ….
    ပြန်မရတော့မယ့် တခနလေးတွေတိုင်းကို မှတ်တမ်းတင်ဖို့ရယ်မှာ
    ကိုယ့်ဘက်က သေချာကျနဖို့ လိုတယ်မဟုတ်လားဗျ…
    လက်ရည်လည်းမြင့်တာပဲကို …
    (ကြပ်ပေးတွားပါသည်…)
    😀

  • ဆူး

    March 16, 2012 at 9:16 am

    ပုံထဲမှာ ရွှေသင်္ကန်း ကပ်နေတဲ့ ပုံတွေ ကြည့်ရတာ ကျောက်တုံးကြီးကို ယောကျားများ ဝိုင်းတွန်းနေလေ သလား ထင်မှားမိတယ်။

  • the best

    March 16, 2012 at 9:17 am

    အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာကျေနပ်အားရမိ စေသည်။

  • MaMa

    March 16, 2012 at 9:18 am

    ဘလက်ချောဗားရှင်း မိုက်တယ်။
    အားကျတယ်။
    အင်းးးးးးးး ကိုယ်ပိုင်ဗားရှင်းတော့ 🙁

  • nozomi

    March 16, 2012 at 9:39 am

    ပုံတွေ အားလုံးကို သဘောကျပါတယ် ခင်ဗျာ

    ပုံ ၃ ဆို အားလုံးက ဝိုင်းတွန်းနေလို့ ကျောက်တုံးကြီးကျသွားမှာတောင် စိတ်ပူနေရတယ်

    အတွင်းအားတွေကောင်း ကျင့်စဉ်တွေကမြင့်လာတော့ လက်ရည်တက်လာတာပေါ့

    ဆရာချောကရော ရွာထဲကပညာရှင်တွေကပါ ဘယ်လိုအယူအဆနဲ့ ရိုက်လို့ဘယ်လိုကောင်းတယ် ဘယ်လိုရိုက်ရင် ဘယ်လိုဖြစ်သွားမယ် ဆိုတာမျိုးလေးများ သင်ကြားပေးခဲ့ရင် ကျွန်တော်တို့လို ပညာရှာနေသူတွေအတွက် အကျိုးရှိနိုင်ပါတယ်ခင်ဗျ

  • Diamond Key

    March 16, 2012 at 10:13 am

    ကိုချောရေ၊ ကျိုက်ထီးရိုးကို ကိုယ်တိုင်ရောက်ပြီး ဖူးနေရသလိုပဲဗျာ။
    ရွာထဲမှာ ဖူးခွင့်ရတဲ့အတွက် သာဓုပါဗျာ။
    ဒီကုသိုလ်တွေနဲ့ မြန်မာပြည်အနှံ့က နောက်ဘုရား အဆူဆူကို မနှေးအမြန် ဖူးနိုင်ပါစေဗျာ ။ 😆
    ပုံလေးတွေက အတော်ကို ကောင်းတာဗျို့။
    rule-of-thirds ကို လည်း အတော်ပိုင်သွားပြီ။ Composition လည်းနိုင်လာပြီဗျာ။
    ဒါဆိုတော့ ကိုယ်ပြချင်တဲ့ အတိုင်း ကြည့်သူနားလည်ရပြီပေါ့။
    Exposure ယူတာတွေ၊ night shoot တွေလည်း ကောင်းတယ်ဗျာ။
    ပုံ ၁၁၊ ၁၂၊ တို့လို့ ရိုက်ချက်တွေကတော့ တစ်ကယ်ကို မြင်တတ်ပါ့ဗျာ။
    အားလုံးခြုံပြောရရင်တော့ အတော့်ကို ကောင်းတယ်ဗျာ ပုံလေးတွေ။ 😀
    ဒီတော့ ထပ်ပြောရမှာကတော့ ဆြာဂီ ပြောသလိုပဲ DSLR ပြောင်းကိုင်သင့်ပါပြီဗျာ :mrgreen:

  • weiwei

    March 16, 2012 at 10:25 am

    ပုံတွေက လှလိုက်တာ …
    ကျွန်မလဲ အခုတလော ဓါတ်ပုံပညာကို စိတ်ဝင်စားနေတယ် … ကိုစိန်သော့တို့ ကိုဘလက်တို့ပုံတွေတင်တိုင်း အမြဲတမ်းကြည့်ဖြစ်တယ် …
    ဓါတ်ပုံလှလှလေးတွေကြည့်ရတာ စိတ်ချမ်းသာတယ် …

  • kaung kin pyar

    March 16, 2012 at 10:36 am

    ကိုဘလက်ကြီးကတော့ လက်ကို ကင်မရာနဲ့ သွေးနေပုံထောက်တယ်။ အတော် လက်စောင်းထက်လာတာပဲ..။

  • yaungchikha

    March 16, 2012 at 10:52 am

    ကျိုက်ထီးရိုးစေတီတော်ကို ရွှေသင်္ကန်းကပ်တဲ့ပုံတွေကို တဝကြီး ဖူးသွားပါတယ် ကျေးဇူးပါနော်၊

  • Ma Ei

    March 16, 2012 at 12:16 pm

    ကျိုက်ထီးရိုးစေတီတော်ကို ရွှေသင်္ကန်းကိုယ်တိုင်ကပ်ခွင့်ရချင်မိတယ်…
    ပထမဦးဆုံးဖူးရတဲ့အခေါက်ကဆို မျက်ရည်တောင်ကျမိတယ်…

  • FattyCat

    March 16, 2012 at 1:32 pm

    ကျွန်တော် မန့်ချင်တာ ပုံနံပါတ်(၇)-
    အဲဒီအကြောင်းအရာကို ပြောချင်တာကြာပြီ…
    အခွင့်ကလဲမကြုံ…ကြုံပြန်ရင်လဲ အဆော်ခံရမယ့်ကိန်းဆိုတော့ ရင်ထဲမြိုချထားတာ တော်တော်ကြာပါ့…
    ကျိုက်ထီးရိုးဘုရားဆိုတာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ဆံတော်ကိန်းအောင်းတဲ့စေတီ…
    ဗုဒ္ဓမြတ်စွာဘုရားဆိုတာ သတ္တဝါတွေကို အယုတ်၊ အလတ်၊ အမြတ်မရွေး ခေမာသောင်ကမ်းနိဗ္ဗာန်လမ်းကို လမ်းပြပေးတဲ့ ဆရာသခင်…
    အဲဒါဆိုရင်…
    စေတီတည်ထားရာ ကျောက်တုံးကြီးပေါ်မှာ မြတ်စွာဘုရားကို ကြည်ညိုလို့ ကိုယ်တိုင်ရွှေသင်္ကန်းကပ်ခွင့်ကို အမျိုးသမီးတွေမရဘူးဆိုတာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆန္ဒလား….
    နောက်တစ်ခုက ယောင်္ကျားတစ်ယောက်ဗျာ…မကောင်းမှုတွေမျိုးစုံလုပ်တယ်…အကျင့်သိက္ခာမပြည့်စုံဘူး…အဲဒီလိုယောင်္ကျားတစ်ယောက်ကတောင် ရွှေသင်္ကန်းကို ကိုယ်တိုင်ကပ်ခွင့်ရရင်…
    အဲဒီယောင်္ကျားထက် အကျင့်သီလပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ကရော ဘာလို့ ကပ်ခွင့်မရတာလဲ…
    အဲဒီအဖြေကို သိချင်တာကြာပြီ…သိတဲ့လူတွေရှင်းပြပေးပါ…
    မဟုတ်ရင်တော့ ဒါဟာခွဲခြားဆက်ဆံတဲ့အမှုတစ်ခုပဲ….

    ကြောင်ဝတုတ်

    • aye.kk

      March 21, 2012 at 8:00 am

      ကိုကြောင်ဝတုတ်ရေ..
      အတိတ်ကအဟောင်းစားထားတာတွေကမတူလာကြဘူးလေ…
      ယခုဘဝမကောင်းတာတွေပြုလုပ်ထားတဲ့ကိုယ်ပိုင်ပစ္စည်းတွေက..
      ကိုယ်နဲ ့တစ်ပါတည်းယူဆောင်သွားပြီးနောင်သံသရာအထိပင်လိုက်လို ့အကျိုးပေးတာပါ..
      ဘုန်းကံတွေတူလာကြသလား၊မတူလာကြသလားဆိုတာ..
      ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားတန်ခိုးသိဒ္ဓိ့ရှိတာမို ့ဘုရားလူကြီးတွေကတားမြစ်ထားရတာပါ..
      မယုံကြည်လို ့ ့စမ်းသပ်သူတွေကိုတော့၊တောပိုင်တောင်ပိုင်ဘိုးဘိုးကြီးတွေကတန်ခိုးပြတော်မူကြပါတယ်..
      ကျိုက်ထိုသူားတွေအားလုံးကတော့ကြောက်လွန်းလို ့စိတ်နဲ့တောင်မပြစ်မှားဖူးကြပါဘူးရှင်..။။

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    March 16, 2012 at 2:14 pm

    ဟယ် ဖက်တီးကတ်ရယ်
    မိန်းမ ဝင်လို့ မတော် ကျောက်တုံးကြီးပြုတ်ကျသွားမှဖြင့်
    အနီးအနား စီးပွားဖြစ်နေတဲ့ ရွာတွေရယ် တောင်ပေါ်က စီးပွားရေးသမားတွေရယ်
    အားအားရှိ ဘုရားဖူးထွက်တယ်ဆို ပြီး အရက်သွားသောက်
    ပူတူးတူးလေးတွေနဲ့ ကလူ၏သို့မြူ၏သို့ သွားသွားလုပ်နေတဲ့ လူတွေရဲ့ အပြစ်တင်ခံနိုင်ရင်
    နင့်အဆိုကို ထောက်ခံပါ့မယ်

  • a me

    March 16, 2012 at 2:27 pm

    ကြည်ညိုသည်

  • TTNU

    March 17, 2012 at 11:20 am

    ကိုချောရေ…
    မန ္တလေးအပြန်မှာ ရိုက်တာလား။ မန ္တလေးကောလာဖြစ်သွားရဲ့လား။
    တီချာပုဂံသွားနေလို့ မတွေ့လိုက်တာလား။

  • aye.kk

    March 21, 2012 at 7:43 am

    ကိုဘလက်…
    ဘုရားဖူးရတာကျေးဇူးဘဲ..
    လက်ရာတွေရိုက်ချက်တွေလှတာတွေ ့ရတော့..
    ပြေးပြီးတောင်ဖူးချင်လိုက်တာ..
    မွေးရပ်မြေကျိုက်ထိုကိုလွမ်းမိတယ်။။

Leave a Reply