မီးခိုးကြွက်လျောက် somking gun

ကြောင်ကြီးကိုများ အချဉ်မှတ်လို့..

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ မသမာမှုအပုပ်နံ့များ ထွက်ပေါ်လို့နေပါပြီ။ မြို့နယ်တိုင်းမှာ မဲစာရင်းကွာဟတာတွေ၊ ရပ်ကွက်တခု လမ်းတခုလုံး မဲစာရင်းပျောက်နေတာတွေ၊ သေသူများ ပြန်ရှင်လာတာတွေ၊ လူတဦးထဲနာမည်နဲ့ အယောက်တထောင်ကျော် ဖြစ်နေတာတွေ ပြောရရင် အောလဘုံ တိုက်နေတယ် (ဘပုရေ စကားခဏ ချေးသုံးခွင့်ပြုပါ)။ ၂၀၁ဝ ရွေးဂေါက်ပွဲတုန်းကလည်း ပုံပျက်ပန်းပျက် ကလိန်ကျမှုများ ရှိခဲ့ပေမဲ့ အန်အယ်လ်ဒီလို အင်အားတောင့်တဲ့ အတိုက်အခံပါတီ မပါဝင်လို့ အသံမထွက် နိုင်ခဲ့ဘူး။ ရွေးဂေါက်ပွဲကော်မရှင်ငှက်ကထ ဥတင်အေးက ပြီးခဲ့တာတွေ ပြီးပါစေတော့၊ ရှေ့ဆက်မဖြစ်အောင် လုပ်ပါမယ်တဲ့။ လွယ်လိုက်တာနော်.. အဲလို လုပ်လို့ရကြေးလား၊ တရားဥပဒေအထက် မည်သူမှ မရှိစေရဆို…။
လက်ရှိ မဲစာရင်းတွေသည် ၂၀၁ဝ ရွေးကောက်ပွဲ မဲစာရင်းများကို အခြေခံထားလို့ တရားဥပဒေကြောင်းအရ သိပ်အရေးကြီးတယ်။ ၂၀၁၂ စာရင်း လွဲမှားနေရင် ၂၀၁ဝ စာရင်းများ မသေချာဘူး၊ ဒါဆိုရင် အဲဒီရွေးကောက်ပွဲ ရလဒ်နဲ့ ဘာကောင်ညာကောင်ဆိုနေတာ အတုဖြစ်နေပြီ။ လက်ရှိ သူတို့ရဲ့ ရာထူးအဆင့်အတန်း တရားဝင်မှု မေးခွန်းထုတ်စရာ ဖြစ်တယ်။ တခါ ၂၀၁ဝကနေ ဆက်သွားရင် ၂၀၀၈ခုနှစ် ဆန္ဒခံယူပွဲ မဲစာရင်းကို ပြန်ကြည့်ရတော့မယ်။ ဒါဆိုရင် ၂၀၁၂ ကြားဖြတ်၊ ၂၀၁ဝ ရွေးဂေါက်ပွဲ၊ ၂၀၀၈ နာဂစ် အခြေခံ ဥပဒေ စတာတွေ အားလုံး စစ်မှန်မှုမရှိ ရလဒ် အတုအယောင် ဖြစ်နေပြီ။ အခုပြောနေတာ အသစ်အဆန်း မဟုတ် အားလုံး သိပြီးသား၊ ပြောချင်တာ သူတို့ခွေထားတဲ့ကြိုးနဲ့ သူတို့ကိုယ်သူတို့ ပြန်ချည်မိတာကို…။
တဲ့တဲ့ပြောရရင် ခင်ဗျားတို့ ပြောနေတဲ့ သမဒဂျီး၊ ငှက်ကထဂျီး တကောင်မှ မရှိဘူး…။ ဝါးတီးကုတ်ဝတ် ခေါင်းစွပ်အုပ်ထားတဲ့ လူလိမ် လူရှုပ်တွေ… သူခိုး ဓမြတွေဗျို့..။ ဒါကြောင့်မို့ (၁) ဝင်မှန်းသိလျက်နဲ့ ကောင်းကောင်းနဲ့ ကြိတ်ခံမနေဂျပါနဲ့ (၂) ကြောက်လို့လည်း ငြိမ်ခံမနေဂျပါနဲ့..ရမှန်းသိရင် နောက်တခါ ဆီတောင် စွတ်တော့မှာ မဟုတ်ဘူး.. .အတုံးလိုက် အတစ်လိုက် အသွင်းခံရမယ်ဆိုတာ That goes without saying. (တီချယ်ကြီး TTNU သင်ထားတာ ကြောင်ကြီး မမေ့ကြောင်း သက်သေပြလိုက်ပါတယ်)
မကြည့်ရက်သူ ကြောင်ကြီး

16 comments

  • myanmarcitizen

    March 16, 2012 at 11:20 am

    ကိုကြီးကြောင် အဲ ကိုကြောင်ကြီးရေ အားရပါးရဖတ်သွားပါကြောင်း။

  • awra-cho

    March 16, 2012 at 1:12 pm

    သများတို့ ဥပမာကြီး မဖတ်ရဲ ပါဘူးချင့်။ကြောက်ပါရဲ့ချင့်

  • kyeemite

    March 16, 2012 at 1:42 pm

    မှန်တယ်..ဒီရွေးဂေါက်ပွဲဟာ..လက်ရှိအစိုးရရဲ့
    သရုပ်ကိုအပီအပြင်ဖေါ်ဆောင်မှာဘဲ..တရားသလား မတရားသလား..
    NLD အနေနဲ့ ခုယှဉ်ပြိုင်မဲ့ မြို့နယ်တိုင်းမှာ စောင့်ကြည့်ရေးအဖွဲ့
    တိတိကျကျသတ်မှတ်ပီး အချက်အလက်အသေးစိတ်မှတ်တမ်းတင်
    တစ်စက်လေးမှဟာကွက်မပေးဘဲ ပီပီပြင်ပြင်တိုင်သင့်တယ်..
    ကော်မရှင်ကိုတိုင်တဲ့စာကို လွှတ်တော်အုတ်ကထဒွေကိုလည်းမိတ္တူပေးသင့်တယ်..
    မီဒီယာ အခန်းကလည်းတက်တက်ကြွကြွ အာရုံစူးစိုက်ပီး
    တစိုက်မတ်မတ်ပြည်သူနဲ့ အစိုးရ သိအောင်ကြိုးပမ်းသင့်တယ်
    ပြောသာနေတာ..ကျုပ်ကိုတိုင်တော့ဘာမှမလုပ်တတ်ပါဂျောင်း..

  • aunty tun

    March 16, 2012 at 1:44 pm

    ကိုကြောင်ကြီးကို အချဉ်လို့မမှတ်ပါဘူး ။ မီးကင်ပြီးအချဉ်နဲ့တို့စားလို့ရတယ်မှတ်ပါတယ် ။

  • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

    March 16, 2012 at 2:04 pm

    အဲ့သည်တော့လည်း ကျုပ်တို့တွေ ရှေးလူကြီးတွေအယူအတိုင်း
    ခပ်တည်တည်နဲ့ ရောဆော်လိုက်ကြပေါ့ဗျာ
    ဥပမာ
    ကိုယ့်သမီးက အကြံဖန်ကောင်နဲ့ညားတယ်ဆိုပါတော့
    ပထမတော့ ဘောမတူဘူး ခွဲမယ်ဘာမယ်ပေါ့
    နောက်ဆုံးတော့လည်း
    အိုလကွယ်
    ကိုယ့်သမီးကအပျိုပြန်ဖြစ်လာတော့တာမှမဟုတ်တာ ဆိုပြီး ကြိတ်မှိန်ပြီး ဟိုဒင်းလိုက်ပေါ့
    ဟုတ်ဘူးလား
    ဒါနဲ့ ဆရာကြီးကြောင် စမုတ်ကီးဂန်း ဆိုတာက
    အပြစ်တစ်ခုကိုလက်ပူးလက်ကြမိတာကိုဆိုလိုတာဟုတ်ဘူးလားခင်ဗျ
    ဥပမာ
    ဟိုငခြောက်အောင်ပု ထမီခိုးပြီးအပေါင်ဆိုင်မှာ ပေါင်နှံနေတုန်း ရပ်ကွက်လူကြီးက
    လက်ပူးလက်ကြမိသလိုမျိုးလားးးးးးးလို့

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 16, 2012 at 2:29 pm

      အောင်မာအောင်မာ ရာရာစစ တော်တော်ဖင်ပါးဝတယ်
      အကြပ်အတည်းတစ်ခုကို သုံးသပ်ပြီးပြောနေတာ
      ဒေရှင်နရီလာမလှန်နဲ့
      စမုတ်ကီးဂန်းဆိုတာ မသေမခြင်းမှတ်ထား
      သေနတ်ဆေးလိပ်သောက်တယ်လို့ခေါ်တယ်ဗျ
      ……………….
      ပြဿနာက လက်ရှိအခြေနေတွေမှာ စစ်အုပ်စုကို ကမ္ဘာက တံခါးတွေဖွင့်ပေးသလောက်
      ဖွင့်ပေးနေကြပြီဆိုတာလေးကလည်း တစ်မှောင့်ဘဲ
      အချို့ကတော့လည်း အခြေနေပေါ်ကြည့်ပြီးလုံးဝရုပ်သိမ်းပေးသေးတာမဟုတ်ဘူး
      သေခြာတာကတော့ ကျုပ်သိတတ်စကတည်းက လေ့လာသတိထားမိတာလေးနဲ့
      ချိန်ထိုးကြည့်ရရင်တော့
      ဒီစစ်အုပ်စုကတော့ ပုံစံအမျိုးမျိုးနဲ့ သွေးတိုးစမ်းနေတာဘဲ
      တိုးနိုင်မှ တော်ကာကြ ဆိုသလို အစွမ်းရှိသလောက်ကြိုးစားရမယ်မှတ်ယူမိပါတယ်
      ( အဲ့ဒါက လက်ရှိ လုပ်နေသူတွေကိုပြောတာ ကျုပ်ပါဘူး 😀 )
      ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ 88 တုန်းကလည်း ရုပ်တရက်ကြီး
      စစ်အာဏာသိမ်းတယ် ကော်မရှင်တွေဖွဲ့စည်းပေးတယ်
      ရွေးကောက်တယ် NLD နိုင်တယ် မပေးဘူး
      အချိန်စွဲတယ် ရွေးကောက်ပွဲပြန်လုပ်တယ် ဒီမိုကရေစီအုပ်စုတွေနိုင်တယ်
      ဒါပေမယ့် သန်မဒကတော့ ဘာ့ကြောင့်ထိပ်ပြောင်ဖြစ်သွားသလဲ ကျုပ်လီးခပ်ဝါးဝါးဘဲ
      လက်တို့ပြီးပြောရအုန်းမယ်
      90 နိုင်မှတ်ကို ညတ်ပစ်ပြီး ရွေးကောက်ပွဲအသစ်နဲ့ ပြန်ညစ်ပတ်တုန်းကလည်း
      သဂျီးကိုယ်ဒိုင် အားလုံးရွေးကောက်ပွဲကိုထောက်ခံကြဘာကြ
      ခြံတစ်ကွက်ရတိုင်းဝင်အော်သေးတာဘဲ
      တော်သေးတယ် အဲ့သည်တုန်းက NLD နှင့်အတစ်ကွသော အဖွားကြီးက
      တောင့်ခံထားလို့
      ဒါတောင် သူ့ဖာသာ မျက်ခွက်ပြောင်ပြီး သမ်မဒ ဖြစ်လာသေးတာဘဲ
      ခုတော့အဖွားကြီးကိုယ်တိုင် လွှတ်တော်ထဲကနေဝင်ပြိုင်မှာဆိုတော့
      သမ်မဒကြီးထိပ်ပြောင်ကို ဒဂဘာလုံးဂ သမ်မဒ ပါဆိုပြီး အသိမှတ်ပြုကြတာပေါ့ဗျာ
      အဲ့သည်အခါကြမှ မြစ်ဆုံစီမံကိန်းလည်း ဆက်ပြီးအကောင်ထည်ဖော်ရသေးတာပ
      ခုတော့ကျုပ်လီးအသက်ကလေးထောက်လာပြီဆိုတော့ ငါနဲ့မတူသူငါ့ရန်သူစိတ်မထားတော့ပါဘူး
      အခြေနေလေးပေးရင်တော့
      မြစ်ဆုံနဲ့မနီးမဝေးရွာကလေးတစ်ရွာမှာ ဘက္ထရီအားသွင်းပြုပြင်ရေး
      ဆိုင်တစ်ဆိုင်လောက် ကို စက်ဘီးလေထိုးကျွတ်ဖါလုပ်ငန်းလေးနဲ့ တွဲဖွင့်ပြီး
      အသက်မွေးဝမ်းကျောင်းပြီး
      အမိမြန်မာပြည်မှာဘဲ ခေါင်းချတော့မယ်လို့ဆုံးဖြတ်လိုက်ပါပြီဗျာ
      ဒါ့ကြောင့် ကျုပ် အရွယ်နုစဉ် မလိမ္မာတဲ့အချိန်က
      ငါလိုးမသားစစ်အာဏာရှင်တွေ
      ငါလိုးမသား အရင်းရှင်တွေ နဲ့
      အထူးသဖြင့် မအေလိုးထိပ်ပြောင် တို့အဖွဲ့ကို ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုထားမိတာလေးတွေ
      တောင်းပန်ပါတယ်ဗျာ

  • ဦးဦးပါလေရာ

    March 16, 2012 at 2:47 pm

    ဒီလို မသာမာမှု့တွေ အပုံလိုက်ဆွဲထုတ်ပြနိုင်တာ NLD မို့ပဲ
    “အင်အား” ဟာ အရေးကြီးတယ်။
    အင်အားကောင်းဘို့ တောင့်ဘို့လိုတယ်။ ဒါမှ လိုအပ်တာလုပ်နိုင်တယ်။
    ဒါကြောင့် ကျုပ်ရင်ထဲ ဖြစ်စေချင်တာကတော့ –
    ၁- NLD ကို လူအားသာမက ဖြစ်နိုင်သမျှ ငွေအားအလုံးအရင်းနဲ့ပံ့ပိုးပေးသင့်တယ်။
    ၂၀၁၅ ဟာ အရမ်းအရေးကြီးတယ်။ အမတ်ဘိုး သိန်း ၅၀၀ဝ ကျော်အပြင် ရွေးကောက်ပွဲ မဲဆွယ်စားရိတ် စောင့်ကြည့်စားရိတ် စုစုပေါင်း သိန်းပေါင်း လေးငါးသောင်း သုံးနိုင်ဘို့လိုတယ်။
    ၂- အခုတလောကြားရတာအပါအဝင် ပေါ့ – ဒီမိုကရေစီဘက်တော်သားချင်း သွေးကွဲတာ အုပ်စုကွဲတာတွေ မဖြစ်ကြပါနဲ့ဦး။ မြန်မာ့သွေး မြန်မာ့သောက်ကျင့်ကို ဒီမိုကရေစီရပြီးမှ ပြကြပါလို့….။

    • Khin Latt

      March 16, 2012 at 7:57 pm

      ဦးဦးပါလေရာရှင့်
      လက်သီးလက်မောင်း တန်း ပြီး ကို ထောက်ခံသွားပါတယ်။
      ကျွန်မလဲ ဒါကိုဘဲ ပွိုင့် လုပ်ပြချင်တာပါဘဲ။
      မင်းသားကြီး မှ မလုပ်ရရင် ပတ်ထိုးဖောက်ပစ်လိုက်မယ်ဆိုတဲ့သူတွေ မများပါစေ နဲ့လို့သာ ဆုတောင်းပါတယ်။

      • Khin Latt

        March 16, 2012 at 7:59 pm

        မင်းသားကြီး မှ မလုပ်ရရင် ပတ်မကြီးထိုးဖောက်ပစ်လိုက်မယ်ဆိုတဲ့သူတွေ မများပါစေ နဲ့လို့သာ ဆုတောင်းပါတယ်။
        (စာကျန်သည်ကို ခွေးလွှတ်ကြပါ)

        • inz@ghi

          March 16, 2012 at 8:32 pm

          One thumb up for mr.big cat
          Yes lord Latt….
          Those guys who throw stones to da train they cant ride must die…

          Long live ah mi Myanmar pyi

          😛

    • kai

      March 17, 2012 at 4:39 pm

      ယူအက်စ်ရွေးကောက်ပွဲတွေကိုတော့.. ပြီးခဲ့တဲ့.. ၁ဝစုနှစ်၂ခုကျော်ကတည်းက..ငွေနဲ့တိုင်းနေတာ…
      ငွေများများရှာနိုင်သူ(ပါတီ) နိုင်တာပဲ…

      ဒီနှစ်ထဲ.. အိုဘားမားက.. သမ္မတပြန်ရွေးခံဖို့.. ၁ဘီလီယန်ကျော်ရတဲ့အထိ အလှူငွေရအောင်လုပ်မယ်တဲ့..
      နေ့တိုင်းလိုလိုကို..အီးမေးလ်နဲ့.. ပိုက်ဆံလာတောင်းနေတာ…

      မြန်မာပြည်ကပါတီတွေ..အတုယူဖို့ကောင်းတယ်..။

      Barack Obama presidential campaign, 2012 – Wikipedia, the free …
      en.wikipedia.org/wiki/Barack_Obama_presidential_campaign,_2012
      1 Early stages … On May 1, 2011, President Obama ordered the military operation that resulted ….. “Obama’s 2012 Campaign Fundraising Could Top $1 Billion”.

  • Khin Latt

    March 16, 2012 at 7:54 pm

    “Don’t pick up the fag-ends! တောင်စဉ်မရေရာတာတွေ လျှောက်ပြောမနေပါနဲ့။”
    Mind your Ps and Qs.မင်းတို့ အပြုအမူတွေ သတိထားပါဦး။
    Use your loaf. ဦးနှောက်သုံးပါ။
    မဟုတ်ရင် တော့…
    “Back to square one တိုးတက်မှုမရှိဘဲ ဒုံရင်း ကို ပြန်ဆိုက်မယ်” ဆိုတာသိထားကြပါ။
    လို့ သက်ဆိုင်သူ တွေကို တာဝန်ရှိသူများမှ ပြောကြပါ။
    ကျွန်မလဲ တီချယ်ကြီး စာကို ပြန်နွေးပါသည်။

    ကကြောင်ကြီး အတွက် ကတော့ သိုးဆောင်းလို မပြောချင်တော့ဘူး။ သီချင်းဘဲ ဆိုတော့မယ်။
    အာလူးလာမပေးနဲ့။ လေ နဲနဲ လျှော့။ 😉

    • နေဝန်းနီ

      March 16, 2012 at 10:40 pm

      အရီးက ဘူတာရုံမှာသင်္ဘောကြိးတွေဆိုက်ခိုင်းဦးမလို့လား မလုပ်ပါနဲ့ ကြောက်ပါရဲ့……….။

  • ကြောင်လေး

    March 16, 2012 at 11:41 pm

    လေယာဉ်ပျံဟာ ကြွက်တွင်းထဲကိုဆင်းလိမ့်မယ်………..မယုံမရှိနဲ့ ………တကယ်ပါပဲကွယ်….
    အာ………လူး လာ..မပေးနဲ့ ၊ လေကိုနဲနဲလျော့……..ဖွတ်၊ ရှူး…………………………….

  • ba gyi

    March 17, 2012 at 2:32 pm

    အိမ်း အဲသဟာကြောင့်-
    လူထုအားကို အများကြီးလိုပါသည်——။
    အဖွဲ့ချုပ် အဖွဲ့ဝင်ဖေါင်တွေလိုချင်ရင် ဘကြီးဖြန့်ဝေနေပါသဗျား။
    (မှတ်ချက်။ ။ ကိုယ်တိုင်တော့ ဖေါင်မဖြည့်ရသေးပါဗျား။)
    ဟဲ ဟဲ အလုပ်ဒမား ဒမဂ ဂျီးများပေါ်လာအုံးမယ်လားလို့လေ။
    ကိုယ်ကလောလောဆယ် အလုပ်တစ်ဖက်နဲ့ကိုးဂျ။

  • alinsett

    March 17, 2012 at 7:04 pm

    မှန်ပါ့..ဦးကြောင်..ရေ.။
    ဥင်္ီးကြောင်.နဲ ့တစ်သဘောထဲ..ရှိပါကြောင်း..။

Leave a Reply