စိန် ့မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ

chityimhtooMarch 16, 20121min15812

စိန် ့မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ

စိန် ့မာတင် ကျွန်းဆိုတာ မြန်မာနိုင်ငံ သမိုင်းဝင် ရှင်မဖြူ ကျွန်းဖြစ်ပါတယ်။
ဘင်္ဂလား ရဲ့လူဦးရေ စိမ့်ထွက်လာမှုနဲ ့ မြန်မာရေးဝင်စွက်ဖက် တဲ့ရိုးဟင်ဂျာ
အမိမြေဟာ ဘင်္ဂလားပါ။သူတို ့တွေ နေထိုင်ကြတယ် ရခိုင်ကို သတ်တစ်ရွာလုံး
မီးရှို ့ပြီးတော့ အဲ့ကျွန်းကို အပိုင်စီးတယ် ခုတော့တရားဝင်ဖြစ်သွားပြီ ပေ့ါ
ဒါကြောင့် သူတို ့ပျော်နေတယ် မီဒီယာတွေ အော်လေတယ် မြန်မာကို
နိုင်လေပြီလို ့။

ရှင်မဖြုကျွန်းဝယ် မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကိုချနင်း ခဲ့
တာ သမိုင်းဝင်ခဲ့တယ်။ဒီကျွန်းကို ရဖို ့မပေးနိုင်လို ့ စစ်မက်ဖြစ်ပွား ၁၈၂၄မှာ
ပထမကျူးကျော်စစ်မှာ ဒို ့တွေ ရခိုင်တနသာင်္ရီ ကမ်းရိုးတန်းပေးလိုက်ရတာ။
နောက်တော့ တစ်ပြည်လုံးပေ့ါ အင်္ဂလိပ် တိုက်ခဲ့တဲ့ တပ်တွေဟာလက်အောက်
ခံ ကုလားဒိန်တပ်တွေ ဆိုတာ မမေ့ပါနဲ ့။

ဗိုလ်ချုပ်ရဲ့ လွပ်လပ်ရေးရအောင် ကြိုးပမ်းပြီးတော့ ပြန်ပေးခဲ့တဲ့ သူတို ့ဟာ
ခုပါသွားတဲ့ ကျွန်းလေးထိကို တစ်ဝက်ဘဲ ပြန်ပေးခဲ့တယ်ဗျာ အင်္ဂလိပ်က။
ဒါပေမဲ့ ရခိုင် တွေလည်းသတ်မနေရဲ တော့ ဒီကျွန်းဟာ ဘင်္ဂလားများ
ကုလားတွေတွက် တရားဝင်ဖြစ်သလို ဖြစ်ပြီးလူဦးရေ စိ်မ့်ထွက်လာတဲ့သူတို ့
တွက် မြန်မာမြေကို မရရအောင်လုပ် ကြတော့တာပေ့ါ ခုတော့ရသွားပြီ။

ဒီကျွန်းကနေ ဘာတွေဆက်ဖြစ်နိုင်မလဲ?ဘာတွေလုပ်နိုင်ဦးမလဲ?စဉ်စား
ကြပါဦး မြန်မာနိုင်ငံသည် အာရှ ကုန်းတွင်းပိတ်နိုင်ငံများနဲ ့ ကုန်သွယ်
မှု ဆောင်ရွက်ဖို ့ကောင်းအောင် အကောင်းဆုံးဆိပ်ကမ်း ပင်လယ်နက်
ဆိပ်ကမ်းထားဝယ်ကို လုပ်ဆောင်နေတာ အားလုံးအသိပါဘဲ။ဒီပရောဂျက်
အောင်မြင်ခဲ့လို ့ မြန်မာခေါင်းမော့လာရင် မြန်မာကိုထိန်းချုပ်နိုင်ဖို ့တွက်
ဒီကျွန်းဟာ အရေးကြီးမြေပါ အခိုင်မာ စစ်စခန်းတည်ဆောက်ပြီး မြန်မာနိုင်ငံ
ကို ထပ်ပြီး ခြမ်းခြောက်လို ့အကောင်းဆုံး နေရာဖြစ်လာနိုင်တယ်လေ
ဒါကြောင့် ဟိုးအရင်က မခံခဲ့လို ့တိုက်ခဲ့လို ့ ၃ကြိမ်ပြီးကျွန်ဖြစ်ခဲ့တယ် မမေ့ပါနဲ ့။

ဒါကြောင်း ဘင်္ဂလားရဲ့ သတင်းငှာနက မြန်မာကိုနိုင်ပြီလို ့ပွစိလှန်တက်
နေအောင် အော်တာ ဒီကျွန်းလေး ဒီပိုပေးလိုက်ရတဲ့ ရေပိုင်နက်လေးကြောင့်
လား?မဟုတ်ဖူး သူတို ့ရည်မှန်းချက်တွေ အကောင်ထည်ဖေါ်နိုင်တော့မှာမို့လို ့။
မယုံရင် စောင့်ကြည့်ပါ အဖျားဝင်ပြီး တစ်ကိုယ်လုံးလာလိမ့်မည်။
ဒါကြောင့်မြန်မာကိုနိုင်လေ ပြီလို ့အကုန်လုံးကိုအောင်နိုင်တော့မည်ဆိုပြီး
အော်ကြတာ မီဒီယာတွေက အလုယက်ကို ငါ့တို ့မီဒီယာတွေနဲ ့ ပြည်သူတွေ
မသိဖူး သူတို ့အော်သံသည် စိန့်မာတင်မှ သည် တစ်နိုင်ငံလုံးသို ့ဆိုတာ။
အကုန်ငြိမ်နေတယ် သူများရေးထားတာကို ဘာသာပြန်ဖို ့လောက်ချောင်း
နေတယ်။အစိုးရ နဲ ့တပ်မတော်ကို ဘာအမှားလုပ်မလဲကြည့်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘယ်သွားလဲ နားစွင့်နေတယ်။မဲပေးတဲ့ကိစ္စ
အာဏာရဖို ့တွေလုပ်ပြီးတဲ့ ချိန်မှာ ဟိုဘက်ကုလား သူတို ့ရဲ့ရည်မှန်ချက်
တွေတွက်အုတ်မြတ် အခိုင်မာ ချပြီးပြီးဆိုတာကို မေ့နေကြတယ်။

ကဲခုမကျေနပ်လို ့စစ်ဖြစ်ပြီးတဲ့ မြန်မာ ကို အကြောင်းရှာနေသော် အင်အားကြီး
တွေဝင်လာမည်။ ဘင်္ဂလားတင်မဟုတ်ဖူး မြန်မာကိုအလိုရှိသော်လူများ အခွင့်
ရေးချိုးဖောက်မှု နဲ ့အီရတ်လို ဖြစ်လိမ့်မယ်။အီရတ်က မှ တစ်ခုထဲဝင်တာ
မြန်မာကျရင် ဟိုက တစ်ဖဲ့ ဒီက တစ်တို ့လာဖဲ့ ရင်ဒို ့မြေ ဒို ့ရေ လိုက်စုဖို ့
နောက်နှစ်ပေါင်း ၁၀၀ဝတောင် ရပ့ါမလား တကယ်လို ့ဖြစ်လာခဲ့ရင်။
ခုတော့တပ်က အနေဆင်းရဲ အစားဆင်ရဲ နဲ ့အဲ့မှာ တာဝန်ထမ်းဆောင်ရင်း
နေနေတဲ့ ရဲဘော်တွေ တိုင်းပြည်လုံခြုံရေးလုပ်နေတဲ့ ရေယဉ်တွေဟာ
အသဲဖေါက်မတတ် ခလုတ်နှိပ်ခြင်နေပေမဲ့ ငါတို ့တွေမလုပ်ရဲဖူး နောက်ခံ
ပြည်သူကို ကြည့်နေရတယ် ဒါကြောင့် ငါတို ့စိန့်မာတင်ကို အလေးပြု
နှုတ်ဆက်ရတယ် အော် ဒီအရှုံး စစ်မတိုက်ဘဲပေးလိုက်ရတဲ့ အပင်ပန်းခံ
အငတ်ခံ နေခဲ့ရတဲ့ ဒီစစ်သားတွေ ဘယ်ရင်မှာ မချိနေမလဲ စော်ကားကြဦး
နောက်ထပ်။လူတိုင်း အဲ့နေရာကိုမရောက်ပေမဲ့ စစ်သားကတော့ ရောက်ခဲ့
ဖူးတယ် ဒါကို ့မြေကို ့ရေဆိုတာ ကိုပိုသိလို ့ပိုတင်းတယ်ဒါပေမဲ့ နောက်မှာ
ုပြည်သူရှိသေးတယ် ငါတို ့အသက်တွေပေးဖို ့က အဆင်သင့်ဆိုပေမဲ့
နောက်မှာ ဒီကလေးတွေ ရှိသေးတယ် နောက်တစ်ကြိမ်စစ်တလင်းဖြစ်ရင်
ဆိုတဲ့အတွေးကလည်း ငါ တို ့ရင်ကို ခံပြင်းစေခဲ့တယ်။ပြည်သူမပါဒီလမ်း
ငါတို ့ဘယ်လိုလျောက်မလဲ အော်မြန်မာရယ် ညီညွတ်ပါတော့။

တကယ်ပါ ဉာဏ်မီသလောက် တွေးကြည့်ကြပါ စိ်န် ့မာတင်မှ သည်တစ်နိုင်ငံ
လုံးသို ့ဆိုတာ မမေ့ပါနဲ ့ တစ်မျိုးသားလုံးလဲသိအောင်လုပ်ထားကြပါဗျာ။
ဒို ့မြန်မာအင်းအားတောင့်အောင်လုပ်ကြပါ။၁၄.၃.၂၀၁၂ စိန် ့မာတင်မှ
သည် သမိုင်းတွင်ရှုံးနိမ့်ခဲ့ သမျှ ရာဇဝင်အရိုင်းဆုံးဆိုတာကို မမေ့ပါနဲ ့
တကယ်တွေးရင် ကြောက်စရာကြီးပါ …..

http://www.facebook.com/media/set/?set=a.186674504772862.41191.100002909427425&type=3
ဖေ့ဘုတ်စာမျက်နှာလေးမှာဖတ်ပြီးရင်နာလို့တင်လိုက်ရတာပါ

12 comments

  • chityimhtoo

    March 16, 2012 at 10:46 am

    ကိုယ့်နိုင်ငံထဲကမြေပါသွားလို့စိတ်မကောင်းလို့ ဖေ့ဘုတ်ကတစ်ဆင့်ပြန်တင်ပေးလိုက်တာပါ။

  • chityimhtoo

    March 16, 2012 at 10:55 am

    နိုင်ငံမှာအင်တာနေရှင်နယ် အဆင့်မှီတဲ့ ရှေ့နေပညာတတ်တွေနည်းပါးလို့လား။ကိုယ့်နိုင်ငံထဲကကျွန်းပါသွားတာရင်နာစရာကြီး။

  • inz@ghi

    March 16, 2012 at 11:56 am

    ဒီသီချင်းလေးဘဲ ဆိုတော့မယ် အဘတို့ရယ်..

    …….ခင်မောင်တိုး စိုးပိုင် ……မျိုးကြီး ကိုတင်လှိုင်….
    ……အောင်ရင် မျိုးကျော့မြိုင်….ထွဏ်းထွဏ်း ကိုင်ဇာ မိုင်….
    …..စိမ်းမို ့မို ့ ….ကိုသန်းလှိုင်……..
    …..မီးမီးခဲ…ရှင်ဖုန်း…ဆုန်သင်ပါရ် ….အိပိုင်…
    …….{စိုင်းထီးဆိုင်}……………
    …..အာဇာနည် …အနဂ္ဂ ဘာဘူ စိုင်းစိုင်းခမ်းလှိုင်……
    …..ဘိုဘိုဟန်…တူးတူး ကော်နီ……
    ……ပလေးဘွိုင် သန်းနိုင်………
    …..အင်္ဂလန်စိန် ဖြိုးကြီး ဘိုဘို ယုဇန…….
    …..ကြိုးကြာ ..ကော့မိုင်…
    …..ထူးအယ်လင်း နဲ ့ တော်မီကျော်နိုင်……
    ……ရွှေထိုက် ခင်ဖုန်း နဲ ့ အောင်သူ အောင်နိုင်…….
    ……[ဂရေဟမ် ….ဇာလီနိုင်..] x၂
    ……စည်သူလွင် ရင်ဂိုနဲ ့ ရတနာ …မိုင်..
    ……………….ဇော်ပိုင်………………..

  • kai

    March 16, 2012 at 12:10 pm

    (အမည်သေချာတယ်ဆိုရင်) ရှင်မဖြူကျွန်းလုပ်ပေးပါကွယ်…
    နံမယ်တပ်တာနဲ့တင်… ဒီအမှုက.. တရားရေးမှာ.. မီဒီယာမှာ.. ရှုံးနေပြန်ပြီ…။

    အမည်တွေဟာ.. အင်မတန်အရေးကြီးတယ်..။
    မြန်မာတွေဟာ..အမည်ပေးတာ ချူချာကြတာ.. သတိထားမိပါတယ်..

    United States of America ကို..အမေရိကန်နိုင်ငံတဲ့..အမေရိကန်တဲ့..။
    တိုင်းပြည်အမည်မှန်း နိုင်ငံသားအမည်မှန်း.. ကွဲကြပုံတောင်မရပါဘူး..။

    Americans, or American people, are the citizens of the United States. The United States is home to people of different national origins.

    The Americas, or America, are lands in the Western hemisphere, also known as the New World.

    ပြောသာပြောတာ..
    မြန်မာက..တိုင်းပြည်ရော..လူမျိုးရော.. Myanmar ဖြစ်နေသမို့.. သူများမပြောနဲ့..ကိုယ့်ကိုယ်တိုင်တောင် ခပ်လည်လည်….

    “Myanmar” are derived from the name of the majority Burmese Bamar ethnic group.

    In 1989, the military government officially changed the English translations of many colonial-era names; among these changes was the alteration of the name of the country to “Myanmar”.

    ပြောရရင်.. Burma 8888 Revolution က ကြီးကျယ်လွန်းပြီး.. ဆိုရှယ်လစ်စံနစ်ကို.. ထိထိခိုက်ခိုက်.. အစောဦးကထဲကချိုးချတဲ့.. တော်လှန်ရေးမို့.. ကမ္ဘာကစိတ်ဝင်စားပါတယ်..။
    စစ်အစိုးရက.. Burma ကို.. Myanmar လုပ်ပေးလိုက်တော့.. အူလည်အူလည်.. ကမ္ဘာကလူတွေရွာလည်ကုန်ရော… ။လည်ချက်က.. ၈၈၈၈ တော်လှန်းရေးအကြောင်း မရှင်းရသေးဘူး.. ။ ဘားမားကနေ..မြန်မာအကြောင်းပြောနေ.. ရှင်းနေရတာနဲ့တင်.. အချိန်ကုန်ပါရော…။

    ကမ္ဘာက..ကမ္ဘာတန်းမီဒိယာတွေက.. ဗုဒ္ဓဘာသာရဟန်းသံဃာတွေ လိုက်ပါလာအောင်.. ရဟန်းသင်္ကန်းအရောင်ကို အစွဲပြုပြီး.. ၂၀၀ရ မြန်မာရဟန်းတွေရဲ့.. မေတ္တာသုတ်ရွတ်သပိတ်မှောက်ပွဲကို… Saffron Revolution အမည်ပေးကြတယ်..။
    ထိုင်းနဲ့.. တိဗက်က..ရဟန်းတွေ တော်လှန်ရေးထဲ.. ဝင်နွှဲပါမယ်ကြံကာရှိသေး…
    ရွှေဝါရောင်တော်လှန်ရေးတဲ့.။ ရွှေကြိုက်လို့ရွှေထလုပ်လိုက်တာ.. Saffron ဝတ်.. ရဟန်းနဲ့.. တခြားနိုင်ငဲကစိတ်ဝင်စားတဲ့လူတွေအူကြောင်ကြောင်ဖြစ်ကုန်ရော…

    2007 Burmese anti-government protests – Wikipedia, the free …
    en.wikipedia.org/wiki/2007_Burmese_anti-government_protests
    The phrase “Saffron Revolution” connects the protests against Myanmar’s military dictatorship to the saffron-colored robes widely associated with Buddhist …

    အမည်တွေဟာ..အင်မတန်အရေးကြီးတယ်..
    မြန်မာပြည်က တိုင်းရင်းသားတွေစည်းလုံးချင်ရင်.. ပြည်နယ်နာမယ်တွေ.. ကချင်ပြည်နယ်..။ ကရင်ပြည်နယ်.. စသဖြင့်.. လူမျိုးအမည်တွေစွဲပြီးထားတာလည်း ပြင်ရမယ်..။
    ပြင်သင့်တယ်..။အမည်တွေ. ပြင်နိုင်တဲ့နေ့..မြန်မာ့ပြည်ထောင်စုအခိုင်မြဲဆုံး.. တည်နိုင်တဲ့နေ့ပဲ..။

    တရုတ်ကို.. မြန်မာပြည်ထဲမွေးတဲ့သူလည်း.. တရုတ်..။ ချိုင်းနားမွေးသူလည်းတရုတ်..။ ထိုင်ဝမ်မွေးသူလည်း.. တရုတ်.. ရုတ်ပြီးရင်ရုတ်လိုက်ကြတော့.. ကိုယ့်လူသားစွမ်းအင်အရင်းအမြစ်တွေ.. လူထုသားတွေ.. (ချိုင်းနား)သူ့ဖက်ပါကုန်ပြီး.. ပြောတဲ့လူလည်း.. ငခွဲကောင်(Racist)ဖြစ်လို့.. အချင်းချင်း.. ကျပ်ပိတ်ကိုက်ခွပ်ကုန်ပါရော..

    အမည်ပေးချုချာကြတာ ပြောပါတယ်.. :mrgreen:

  • Wow

    March 16, 2012 at 12:21 pm

    ရာဇဝင်ရိုင်းပြီ…

    ညီအကိုအချင်းချင်း တိုက်ခိုက်နေကြတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်က ရေပိုင်နက် အငြင်းပွားမှု ဆိုင်ရာ ဆုံးဖြတ်ချက်မှာ အနိုင်ရရှိသွားပါပြီ..။ ပြည်သူကို အနိုင်အထက်ပြု ပြည်သူနဲ့တွေ့တော့ မီးလို ရန်သူနဲ့တွေ့တော့ ပန်းလို ကျင့်သုံးခဲ့တဲ့ ဒီအုပ်ချုပ်သူတွေ လက်ထက်မှာ ကျွန်တော်တို့ သမိုင်းရိုင်းခဲ့ပြန်ပြီ။ ကျွန်းတွေ ဘယ်နှစ်ကျွန်း ပါကုန်တယ်ဆိုတာတော့ မသိရှိရသေးပါဘူး..။ ဘင်္ဂလားဒေ့ရှ်က ဒီလို အရေးကြီးတဲ့ အဆုံးအဖြတ်အတွက် ကမာ္ဘကျော် ရေပိုင်နက်ဆိုင်ရာ ကျွမ်းကျင်တဲ့ နာမည်ကြီး ရှေ့နေတွေကို ငွေကုန်ကြေးကျခံပြီး ငှားရမ်းတယ်။ မြန်မာကတော့ ရှေ့နေတွေ ငှားရမ်းအသုံးပြုပေမယ့် နာမည်ကြီးရှေ့နေတွေ မပါဘူးလို့ဆိုပါတယ်..။ ဒီရေပိုင်နက်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ပေါကြွယ်ဝတဲ့ နေရာဖြစ်ပါတယ်။

    Bangladesh wins Myanmar battle (မူရင်း သတင်း)
    http://www.bdnews24.com/details.php?id=220286&cid=2

    ဘင်္ဂလားဒေ့ရှ်သတင်းဌာနများမှ သတင်းကောက်နှုတ်ချက်
    Ko Aung

    ကျမတို့ တောင်းဆိုတဲ့ နယ်နိမိတ်ထက်ကို ပိုရခဲ့တာပါ…ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာဒီပုမိုနီက ဆိုပါသည်။ ဒီခုံရုံးဆုံးဖြတ်ချက်ဟာ ညီမျှသော အကွာအဝေးအတိုင်း ညီမျှစွာပိုင်ဆိုင်ရမည် ဟူသော အခြေခံပေါ်တွင် ဆုံးဖြတ်ပေးတာပါဟု သူမကဆက်ပြောပါသည်။ ဘင်္ဂလားဒေ့ရှ်မှ တောင်းဆိုသော ရေပိုင်နက်အကျယ်မှာ 107,000စတုရန်းကီလိုမီတာဖြစ်ပြီး တကယ်ဆုံးဖြတ်ပေးလိုက်သော ရေပိုက်နက်မှာ 111,000 စတုရန်းကီလိုမီတာဖြစ်သည်။ အငြင်းပွားနေသော စိန့်မာတင်ကျွန်း၏ ပတ်လည်(၁၂)မိုင်ပတ်လည်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုအောက်တွင် ရှိရမည်ဟု ဆုံးဖြတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေပိုင်နက် အငြင်းပွားမှုဆိုင်ရာခုံရုံး၊ ခုံသမာဓိအဖွဲ့မှ ဤစီရင်ချက်အား ထောက်ခံမဲ၂ဝ မဲ- ကန့်ကွက်မဲ ၁မဲ ဖြင့် အနိုင်ပေးလိုက်ခြင်းဖြစ်သည်။

    ဆုံးဖြတ်ချက်အရ ဘင်္ဂင်္လားဒေ့ရှ်မှ ပင်လယ်အော်အတွင်း ၂၁၅ဒီဂရီအတွင်း ရေမိုင်၂၀ဝအထိ အချုပ်အခြာအာဏာနှင့် စီးပွားရေးဆိုင်ရာ အကျိုးခံစားခွင့်များကို ခံစားခွင့် ရရှိမည်ဖြစ်သည်

    —————————-
    ရင်နာတယ် အေပရယ် သီချင်းလေးပဲ ဆိုလို့….

  • kai

    March 16, 2012 at 12:31 pm

    အပြည်ပြည်ဆိုင်ရာ.. တရားစွဲတာတွေမှာ.. NCUB က.. ကိုပြည်သစ်ညွှန့်ဝေ တော်တော်လိုက်နိုင်တယ်လို့.. သတိထားမိတယ်..။ နိုင်ငံတကာရှေ့နေကောင်းတွေလည်း.. ငှားတာတော်ပုံရတယ်..။
    .မြန်မာပြည်တောင်ပိုင်းက.. ရတနာဓါတ်ငွေလိုင်း.. ထိုင်းထဲသွယ်ရာမှာ.. အမေရိကရေနံကုမ္ပဏီ ယူနိုကယ်ကို.. ပိုက်လိုင်းဖြတ်ရာမှာ နစ်နာကြတဲ့.. ရွာသူားတွေတရားစွဲတာမှာ.. မြန်မာတွေအနိုင်ရခဲ့ဖူးတယ်..။ အင်မတန်ဖြစ်ခဲ..နိုင်ခဲတဲ့..အမှုမျိုးပါ…။
    ကိုပြည်သစ်ညွှန့်ဝေက.. အဓိကလူတယောက်ပဲ..။

    တကယ်လို့.. အခုလို မြန်မာ-ဘင်္ဂလာနယ်မြေပိုင်းမှုမှာ.. အယူခံဝင်လို့ရသေးရင်.. သူနဲ့.အတူ.. နိုင်ငံတကာရောက် ပေါက်ရောက်တဲ့.. မြန်မာတွေကိုအကူအညီတောင်းလို့ ဖြစ်နိုင်တာပဲ..။ :mrgreen:

    Unocal Settles Human Rights Lawsuit Over Alleged Abuses at …

    articles.latimes.com/2005/mar/22/business/fi-unocal22
    Mar 22, 2005 – Unocal Corp. settled a landmark human rights lawsuit Monday that accused … out by soldiers along a natural gas pipeline route in Myanmar

  • ဦးဦးပါလေရာ

    March 16, 2012 at 2:20 pm

    စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံ လွတ်လပ်ရေးရတုန်းက မပါခဲ့ဘူးလို့ပဲထင်ထားတာ။
    မြန်မာနိုင်ငံကို တဝက်ပေးတယ်ဆိုတာတော့ သိပ်နားမလည်နိုင်ဘူး..။
    အဲလိုဟုတ်ရင် ဘာလို့ လက်လွတ်ခံရမှာလဲ..။
    လက်ရှိသူများသိမ်းပိုက်ထားရင် တနေ့ ကျုပ်တို့ပြန်သိမ်းရမယ်။
    သားမြေးအဆက်ဆက် မှာခဲ့ဘို့တခုပဲ….။

    တကယ်တော့ နိုင်ငံတွေရဲ့နယ်နိမိတ်ဆိုတာ သာမန်အားဖြင့် ကိုယ်တိုက်ယူထားတာ ကိုယ့်မြေပဲ။
    ဥပမာ ဖေါက်ကလန်ကျွန်း ။ အင်္ဂလန်က မိုင် ၈၀၀ဝ ဝေးတယ်။
    အဲဒါသူ့မြေလို့ပြောတာ တကယ်တော့ ရီစရာကြီးပဲ။
    ဒါပေမယ့်လဲ သူသိမ်းထားရုံမက အခု အဲဒီဒေသခံတွေပါ အင်္ဂလန်နိုင်ငံသားဖြစ်ကုန်ပြီ။

    ကိုလိုနီလက်အောက်က လွတ်မြောက်ရတဲ့ နိုင်ငံတွေမှာတော့ ကိုယ့်ကိုအုပ်ချုပ်ခဲ့တုန်းက အုပ်ချုပ်ခဲ့သူတွေစိတ်ကြိုက် သူတို့အကျိုးအတွက် ပြင်ဆင်ခဲ့တဲ့မြေပုံကိုပဲ လက်ခံလိုက်ကြရပါတယ်။
    အဲဒါဟာ အားမတန်လို့ ရသလောက်နဲ့လက်ခံကြရတာဆိုတာ မမေ့ကြဘို့လိုပါတယ်။

    တကယ်တော့ ထိုင်းနယ်စပ်မှာလဲ မြန်မာပိုင်လို့ လွတ်လပ်ရေးရတုန်းက မြေပုံအရ ပြောနိုင်တဲ့ တောင်ကုန်း မြေနေရာတွေ အများကြီးပါ။
    ကျုပ်တို့က ကိုယ့်နိုင်ငံသားချင်း ရာစုဝက်ကျော် ပယ်ပယ်နယ်နယ်သတ်နေတုန်း
    သူများတက်ထိုင်ထားပါတယ်..။
    မတတ်နိုင်ဘူးပေါ့…
    ကိုယ်မှ သောက်သုံးမကျပဲ….
    သောက်သုံးမကျသူတွေဟာ ဒီလိုပဲ သောက်ကျိုးနဲမှာပဲ…။

    အခြားအမြင်တခုနဲ့ကြည့်ရင်တော့ မြေနဲ့ မြေရဲ့အကျိုးခံစားခွင့်ကို အဲဒီမြေပေါ်နေသူတွေ အဲဒီမြေကိုစောင့်ရှောက်သူတွေ ခံစားထိုက်ပါတယ်။
    ခြံစည်းရိုးအမည်ကိုလိုက်ပြီး သူ့နိုင်ငံ ကိုယ့်နိုင်ငံရယ်လို့ ခွဲချင်လဲခွဲပေါ့လေ….။

  • aunty tun

    March 16, 2012 at 4:15 pm

    ့မြန်မာ့မြေကို တရုတ်က ပိုင်တယ် ၊ မြန်မာ့ရေကို ကုလား ကပိုင်တယ် ။
    ငါတို့မြန်မာတွေ နောက်ဆုံးတော့ ပေးစရာအကြွေးတွေပဲပိုင်တော့တယ် ။
    ရင်နာဖို့ကောင်းတယ် ။

  • MTY

    March 16, 2012 at 7:16 pm

    အဲဒါဒီအစိုးရကြောင့်။

  • Thanlwinoo

    March 17, 2012 at 9:57 am

    ဒီနေ့ခေတ်မှာ တိုင်းပြည်ကာကွယ်ရေးဆိုတာ စစ်တပ်တစ်ခုတည်း အင်အားကြီးနေရုံနဲ့ မလုံလောက်ပါဘူး..။
    ကမ္ဘာမှာ ကိုယ့်နိုင်ငံရဲ့ Image မြှင့်တင်ဖို့၊ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်ဆံရေးကောင်းဖို့လိုပါတယ်..။
    (ဖောက်ကလန်ကျွန်းစစ်ပွဲတုန်းက UK က ဒီမိုကရေစီအစိုးရ၊ အာဂျင်တီးနားက စစ်အာဏာရှင်အစိုးရမို့လို့ နိုင်ငံတကာပုံရိပ်မှာ တပန်းရှုံးခဲ့တယ်လို့ ထင်ပါတယ်..)

    နိုင်ငံကို တပ်မတော်ကဘဲဦးဆောင်ရမယ်လို့ အတင်းအကျပ်လုပ်မယ့်အစား ပြည်သူတွေကရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဦးဆောင်နိုင်ဖို့ လိုအပ်နေပါပြီ..။

Leave a Reply