ကင်းပွန်းစခန်းကနေ တောင်ပေါ်ကို ကားစီးရင် နာရီ ၀က်လောက်ပဲ ကြာပါတယ်။
ကားရပ်တဲ့နေရာကနေ ဘုရားရင်ပြင်တော်ပေါ်ကို မန္တလေး တစ်ပြလောက်လျှောက်ရပါတယ်။
ဘုရားပေါ်မှာ နေ့ခင်းဘက်လမ်းလျှောက်ရင် အင်မတန်ပူပါတယ်ဗျာ။
ညဘက် ရင်ပြင်တော်ပေါ်မှာ ဖျာတစ်ချပ်ငါးရာ စဘော် တစ်ထောင်ပေးငှားပြီး ဒီအတိုင်းဖြန့်အိပ်နေကြတာလေးကိုလည်း
မှတ်တမ်းတင်ခဲ့ပါတယ်။
မနက်ဘက် အကြော်ကောက်ညှင်းပေါင်းရောင်းနေကြတာ၊ ခေါက်မုန့်ရောင်းနေကြတာကိုလည်း မှတ်တမ်းတင်ဖြစ်ပါတယ်။
ကြည့်ဗျာ။

ရင်ပြင်တော်ပေါ်မှာ ဖြစ်သလိုအိပ်ကြသူတွေ ။

မနက်ခင်း စည်ကားနေတဲ့ ကျိုက်ထီးရိုးပွဲဈေးတန်း။

ခေါက်မုန့်လုပ်ရောင်းနေသူလေး တစ်ယောက်။

ကောက်ညှင်းပေါင်း၊ ဆီထမင်းနဲ့ အကြော်စုံ ရောင်းတဲ့ ဆိုင်လေးတွေ။

အုန်းသီးနိုင်းချင်းနဲ့ ဆီထမင်း ဘယာကြော်လေးနဲ့ စားပါဦး အစ်ကို။

ကြိုက်တာသာ ယူစားပေတော့ ကျောင်းဒကာ။

ပုဇွန်ကြော်စားသွားပါဦးလား အစ်ကို။

ငါးကြော်လေးတွေလည်း ကြွတ်ရွနေတာပဲ စားသွားပါဦးအစ်ကို။

ပကာသနမပါတဲ့ ရင်ပြင်တော်ပေါ်က ထမင်းဝိုင်းတစ်ခုပါ။

မနက်ခင်း ပွဲဈေးတန်းထဲမှ ဘုရားရင်ပြင်ဘက် လှည့်ရိုက်ထားတာပါ။

အပေါ်ရင်ပြင် ပေါ်က အောက်ရင်ပြင်ကို လှမ်းရိုက်ထားတာပါ။

ရင်ပြင်တော်ပေါ်က မြင်ကွင်းတစ်ခုပါ။

ကျိုက်ထီးရိုးက အမှိုက်ပုံး။

ကိုယ်တော်နှစ်ပါးရဲ့ သင်္ကန်းရုံနေတာလေးကို ဘုရားနောက်ခံနဲ့ ရိုက်ထားလိုက်တာပါ။

အပြန် စိမ်းလဲ့တင်မှာ ထမင်းစားပါတယ်။ အ၀စား ၁၈၀၀ပါ။

စိမ်းလဲ့တင်ထဲမှာ ချိတ်ထားတဲ့ ဂစ်တာတစ်လက်။

နေပူပူ နေ့လယ် ၂ နာရီလောက်ကြီး ရေကူးနေကြတဲ့ စိမ်းလဲ့တင် ရဲ့ ရေကူးကန်။

ထုံးစံအတိုင်းရိုက်လာတဲ့ သူကြီးတို့ အမေရိကားက စုံတွဲ။ နိုင်ငံခြားသားတွေ အရမ်းအလာများတာ သတိထားမိတယ်ဗျာ။

ကျိုက်ထိုမြို့လယ် တံတားလေးပေါ်က ရိုက်ထားတာပါ။

ဒါလည်း ကျိုက်ထိုမြို့လယ် တံတားလေးပေါ်က ရိုက်ထားတာပါ။

ဒါလည်း ကျိုက်ထိုမြို့လယ်တံတားပေါ်က ရိုက်ချက်ပါပဲ။

တံတားပေါ်က ရိုက်ချက်ပါပဲ။

ကျိုက်ထိုမြို့ ရဲ့ နာမည်ကြီး ဘုရား။

ကျိုက်ဗောလော က လျောင်းတော်မူ ကိုယ်တော်။

ကဲ ကျိုက်ထီးရိုးက နှုတ်ဆက်ပြီ ဗျို့။

black chaw

About black chaw

black chaw has written 332 post in this Website..