မောင့် ရဲ့ လက်ပကျွတ်လေး ကျမ……

Khaing KhaingMarch 30, 20121min27332

မောင် ….. မောင်လို့ခေါ်ပြန်ရင် ရွာထဲကလူတွေက နောက်ကျဦးမယ် …. ဒါပေသည့် မတတ်နိုင်ဘူး … ကျွန်မက မောင့်ကို ချစ်စနိုးနဲ့မောင်လို့ခေါ်တာပဲလေ …….. မောင့်ရှေ့မှာတော့ မောင်လို့ဘယ်တော့မှ ခေါ်ဖြစ်မှာမဟုတ်ပါဘူး ………

မောင်ရယ် ….. အရှုံးပေးထားပါတယ်ဆိုမှ အနိုင်ထပ်လိုချင်တာလား …. မောင့်ကိုမချစ်ဖို့ ကျွန်မနှလုံး သားကိုသော့ခတ်ထားခဲ့ပါတယ် …….. သော့ခတ်ထားတဲ့ နှလုံးသားရဲ့အတွင်းထဲမှာ မောင်ရှိနေတယ် ဆိုတာကိုတော့မောင်မမေ့တန်ကောင်းပါဘူးနော် …. အခုတော့ မောင့်ချစ်သူကို ကျွန်မရှေ့ကိုခေါ် လာတယ် ဒါဟာကျွန်မရဲ့ အသဲနှလုံးကို မောင်တဖဲ့ဖဲ့ချွေနေတာလားဟင် ……. မောင့်ချစ်သူ ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်မသိစရာမလိုဘူးလို့ကျွန်မထင်တယ် …. မောင်ချစ်တဲ့ချစ်သူကမောင့်ရင်ထဲမှာပဲ ရှိသင့်တယ် ကျွန်မ မျက်စိရှေ့ကိုရောက်အောင် မောင်ခေါ်ဆောင်မလာသင့်ဘူး မောင်ရယ် ကျွန်မဘဝ က မောင်အသုံးပြုနေတဲ့ လက်တော့လေးလိုပါပဲလား …. ကျွန်မရဲ့မျက်နှာက Desktop လိုပဲ ..မောင်က ကျွန်မကိုကြည့်နေပေမယ့် မောင်ကြည့်နေတာ ကျွန်မကိုမဟုတ်ပဲ မောင့်ချစ်သူ ကောင်မလေးကိုပါ …. မောင့်ရဲ့လက်တွေ ပါးစပ်တွေက စကားလုံးတွေကိုပြောနေပေမယ့် keyboard ပေါ်ကို မောင့်ရဲ့လက်တွေနှိပ်နေသလို ကျွန်မရဲ့နှလုံးတွေနင်းချေပြီး မောင့်ချစ်သူကောင်မလေးကို ချစ်တဲ့အကြောင်းတွေကိုပြောနေတာပါ…. မောင်ရယ် ဒီလောက်တောင်မှ ကျွန်မမောင့်ကို ချစ်နေတဲ့ အချစ်တွေကိုမခံစားတတ်တော့ဘူးလား …. ဆုန်သင်းပါသီချင်းထဲကလို အကြင်နာတစ်ကယ်စစ်ရင် အသွားနဲ့အပြန်ရှိမှာ ဆိုတာတစ်ကယ်ကောဟုတ်ရဲ့လားမောင် ….. မောင့်ဆီကမေတ္တာကိုမျှော်လင့်ရင် အခုတော့မောင်မှာ ချစ်သူကောင်မလေးတောင်ရပေပေါ့လား …. နောက်ပြီးမောင်ကပြောသေးတယ် မောင့်ချစ်သူကောင်မလေးမပါတဲ့ ခရီးကို မောင်မလိုက်ဘူးတဲ့… မောင်ရယ်ပြောရက်လိုက်တာ …. မောင်အဲသည်လောက်ချစ်နေတာကို မောင့်ချစ်သူကောင်မလေးကရောသိရဲ့လား မောင်ကိုကျွန်မလောက်သူကအလိုက်သိပါ့မလား … ကျွန်မချစ်သလိုကော မောင့်ကောင်မလေးကချစ်နိုင်ပါ့မလား မောင်ပြောတတ်တဲ့ တီတီတာတာ စကားလေးတွေကိုကော အချိန်ပေးပြီးသူကနားထောင်ပေးမှာလား …. မောင်သွားချင်ရာကိုသွားတိုင်း မောင်အသုံးလိုလို့အသုံးချချင်တိုင်း မောင်သိချင်တဲ့သတင်းလေးတွေကိုဖတ်ချင်တိုင်း မောင်သုံးနေကျလက်တော့လေးကိုသုံးသလို ကျွန်မကိုမောင်အသုံးချခဲ့သလို မောင်ကောင်မလေးက မောင်သိချင်တာတွေကို ပြောပေးနိုင်လို့လား မောင်ရယ် …. အချိန်တွေရှိပါသေးတယ် …. မောင်…. မောင်သူ့မလေးကို မချစ်တော့ရင် မောင့်အတွက် ကျွန်မရင်ခွင်ဟာ သော့ဖွင့်ပေးဖို့အဆင်သင့်ပါမောင် ………မောင် ဆက်ဆက်ပြန်လာခဲ့ပါနော် …. အချစ်များစွာနဲ့မောင့်ကို ကျွန်မမျှော်နေပါ့မယ် …..

ဒီစာလေးကိုတော့ မောင့်ကိုမဖတ်စေချင်ဘူး …. ကျွန်မမောင့်ကိုသိပ်ချစ်နေတာကို မောင်မသိစေချင်လို့ပါ …………..

 

ချစ်ခြင်းများစွာဖြင့်

32 comments

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 6:45 pm

    မှောင် …… မှောင် …….. မှောင်ရေ…….
    မှောင်သွားပြီလားဟင်…..မှောင်သွားလိုက်ပြီလား…… ဟဲ့သမီးမိခိုင်…… ရှင်ဦးလေးသူကြီးရဲ့
    ညဉ်းနှယ်အေ….မှောင်သွားရင်မီးထွန်းပေါ့….. ရန်ကုန်မှာမီးအလှည့်ကျပေးမယ်ဆိုတာနဲ့အဲလောက်ကြီးအော်
    နေရသလားဟဲ….မိခိုင်ရဲ့…..
    မမကြီးဘာမှအားငယ်နဲ့ သားရှိတယ်သိလား….. သားခုနကပြောသလိုပေါ့ ပျက်စီးပေမယ့်အသက်မကြီးပါဘူး
    နော်…..နော်….လို့ဒီက….. အန်တီကြီးခိုင်၊အန်တီကြီးခိုင်အဲဗျာ….မခိုင်ကတူလေးတွေရှိတယ်လား….
    အာဗျာ…… ဒီလူကြီးကလည်းမေမေကလူကြားထဲရောက်ရင်သူ့ကိုအန်တီလေးလို့ခေါ်ခိုင်းထားတာဗျ….
    ကျွန်တော်ကအမေကြီးအမေကြီးခေါ်တာအသားကျသွားလို့ …. အန်တီလေးကိုအန်တီကြီးနဲ့မှားခေါ်တာပါ….
    (စတာနော်..)စိတ်မဆိုးကျေး စိတ်ဆိုးရင်လည်းလူကိုသာအရော်ပြန်ယူလိုက်……

    • က်ိုကိုအိုဗာ

      March 30, 2012 at 8:41 pm

      မောင်ရယ် ….. အရှုံးပေးထားပါတယ်ဆိုမှ အနိုင်ထပ်လိုချင်တာလား
      (အမြဲတမ်း အာသာဆန္ဒရမက်လှိုင်တပိုးတို့နဲ့ အနိုင်ပိုင်းပြီးခဲ့ မင်သိဒယ် ခိုင်…)
      မောင့်ချစ်သူကို ကျွန်မရှေ့ကိုခေါ် လာတယ် ဒါဟာကျွန်မရဲ့
      အသဲနှလုံးကို မောင်တဖဲ့ဖဲ့ချွေနေတာလားဟင်
      (မင်း က ခွင်လွတ်မှု့ ဆိုင်ရာ မဟာမင်ကြီးရုံးကဆို..)
      ကျွန်မကိုမောင်အသုံးချခဲ့သလို မောင်ကောင်မလေးက
      မောင်သိချင်တာတွေကို ပြောပေးနိုင်လို့လား မောင်ရယ် ….
      (သူကလေး က လဲ ဘာမဆို ဖြေနိုင်စွမ်းတဲ့ မဟာစူပါ ကွန်ကျူတာ လေ…)
      ကျွန်မရင်ခွင်ဟာ သော့ဖွင့်ပေးဖို့အဆင်သင့်ပါမောင် ………မောင် ဆက်ဆက်ပြန်လာခဲ့ပါနော် …. အချစ်များစွာနဲ့မောင့်ကို ကျွန်မမျှော်နေပါ့မယ် …..
      (မျော်ချင် မျော်လေ အခု သစ်သစ်လေး ကလဲ လန်းတယ် အပြုစုက လန်ထွက်နေတာ
      သိပ်တော့မသေချာဝူး ဒီည ပြန်လာဖို့ ဟို့ဟို့…..)

    • Khaing Khaing

      March 31, 2012 at 10:23 pm

      လူကိုတော့ အရော်မယူပါရစေနဲ့ကွယ် ခေါ်ချင်သလိုသာခေါ်ပါ အခုက ရန်ကုန်မြို့မှာက စရိတ်တွေကကြီးလွန်းလို့ လူတစ်ယောက်လုံးကိုတာဝန်မယူနိုင်ပါဘူးကွယ် ….

  • koaung

    March 30, 2012 at 6:50 pm

    နီးဒေါ့နီးပါပြီ (ပန်းတနော်ဆေးရုံသွားဘို့) အလှုရှင်အဖြစ်လား လူနာအဖြစ်လားဆိုတာကဒေါ့ ။။။။။။.

    • ဆူး

      April 1, 2012 at 1:05 pm

      အဲဒီ ကိစ္စကို ဗလတောင့်တောင့် ထောင်ထောင် မောင်းမောင်း စုံထောက်ကျော် အောင်တိုက် နဲ့ အသားဖြူဖြူ မဲတူတူ အဲ.. သူရ ဆိုတဲ့ ဆရာ တပည့်ဆီ အပ်လိုက်မှ ဖြစ်မယ်။

  • ချာလီဂဇက်ဒလဝမ်

    March 30, 2012 at 6:54 pm

    အာရိုရို…
    နာဖင့် တနားရိုက်တာယေ…
    ဂလိုလေးများ ဖစ်နေလျော့သလား…
    မေတ္တာမပြတ် သစ္စာယှက်လျက်
    ငယ်ကအချစ် ဟောင်းလည်းမြဲသစ်
    ချစ်ဦးသူရှေ့ ရောက်ခဲ့လျှင်သော်
    ရင်ခုန်နှုန်းသွတ် သဲပေါက်မတတ်
    ခံစားခက်သည် ကြင်သူသိသိမသိသိ…။
    ရယ်လို့ ဖြည့်စွက်ချင်ပါဘိ။
    Phyo Lelt

  • lu nyo chaw

    March 30, 2012 at 7:08 pm

    အင်း သနားလို်က်တာဗျာ …..ရင်ဘတ်ထဲကိုကျင်သွားတာပဲ
    ဒါနဲ့ စကားမစပ် အဲ့ဒိ အချစ်ဆိုတာကြီးက တစ်ကယ်ရှိလို့လား

  • Shwe Tike Soe

    March 30, 2012 at 7:44 pm

    မှောင့်ရဲ. လက်ပကျွတ်လေးလို နှိပ်ချင်သလိုနှိပ်လို.ရပါဒယ် မှောင်ဟောင်ဟောင်….
    ဒါပေမယ့်မှောင့် Restart ခလုပ်ကို ခဏခဏ မနှိပ်နဲ.နော်မှောင်… သများယားတတ်တယ် ခိခိခိ…
    မှောင်ရယ် သများကို ShutDown ချချ ပြီး ပြစ်ပြစ်မထားခဲ့ပါနဲ. ဒီမှာဖြင့် မှောင့်ကြောင့် Temp File, Jump File တွေနဲ. မရှူနိုင်မကယ်နိုင် ဖြစ်ကျန်နေခဲ့ရပါတယ် မှောင်ဟောင်ဟောင်ဟောင်ရယ်….

    မှောင့်ရဲ. လက်ပကျွတ်လေး အချစ်ဆုံး သင်္ဘောစိ ခိခိခိ

    • Khaing Khaing

      March 31, 2012 at 10:36 pm

      ကိုကိုအိုဗာ ဒီညပြန်မလာဘူးလား ဒါဆိုမနက်ဖြန် အိမ်ရှေ့မှာအထုပ်အဆင်သင့်လုပ်ထားမယ် ဆွဲသွားပေတော့ …..

      ကိုအောင်ရေ ဘယ်လိုပဲဖြစ်ဖြစ် ရောက်ဖို့အရေးကြီးတယ် ……….

      ကိုချာလီဂဇက်ဒလဝမ် မှန်လိုက်လေခြင်း ……….ကဗျာလေးကို မောင့်ကိုပြဖို့ မှတ်သွားမယ်နော်

      ကိုလူညိုချောရေ … တစ်ကယ်ကိုရှိတာနော် အစစ်ေတွေ … ကိုယ့်ကိုဘေးမှာထားပြီး တစ်ခြား ကောင်မလေးအကြောင်းပြောတာကို ထိုင်နားထောင်နေရတာ တစ်ကယ့်ကို ခံရခက်ခဲ့တယ် ဒါပေမယ့် ကိုယ်ကချစ်တော့ သူကိုယ့်အနားမှာရှိပြီး သူများအကြောင်းပြောနေတာကိုပဲ ကျေနပ်နေခဲ့မိတယ် …. အချိန်တွေကြာလာတော့လဲ အသားရေထူသွားတော့တာပဲလေ ………နောက်မှ အစစ်တွေထပ်တင်ဦးမယ် …..

      မိတိုက်မ ညည်းကတော့ ကြောချင်ဘူး အားချိ သင်္ဘောစိပဲတွေးနေတယ် အစိမပါတာကို နာကြိုက်ပါတယ်ဆိုနေမှ ….

  • Foreign Resident

    March 30, 2012 at 7:48 pm

    မိန်ကလေး တစ်ယောက်က
    ယောက်ကျားလေး တစ်ယောက်ကို
    တစ်ကယ် ( တစ်ကယ် ) ချစ်တယ်ဆိုရင်
    ရည်းစားစကားပြောရမှာပေါ့ ။

    ရည်းစားစကားတော့ မပြောပဲ ။
    အခုမှ လာလွမ်းမနေနှင့် ။

    အချစ် အတုကြီးပါ ။
    တစ်ကယ်ချစ်တယ်ဆိုရင်
    ရည်းစားစကားပြောမှာပေါ့ ။

    အဲလိုပဲသာ ဆိုရင်တော့ ။
    အဘ ဘဝ မှာ မိန်းမတောင် ရမှာမဟုတ်ဘူး ။

    • Gipsy

      March 30, 2012 at 10:42 pm

      ချစ်သူကိုတောင်
      ချစ်တယ်လို့ မပြောရဲတဲ့ သကောင့်သား
      ရာစုတစ်ထောင်နေရစ်ခဲ့တော့
      ထိုသို့ဖြင့် စကားမဲ့စေသတည်း…..။

    • Khaing Khaing

      March 31, 2012 at 11:09 am

      လေးလေး FR ဒီပို့စ်တင်ရင် လေးလေးလာမယ်ဆိုတာသိတယ် လေးလေးကိုမျှော်နေတာ … မီးမီး ဘက်က မောင့်ကိုပြောချင်တာ ဒါပေသည့် မီးမီးမှာ တစ်ခြားအကြောင်းလေးတွေရှိတယ် လေးလေးရဲ့ မောင့်ကိုချစ်တယ်လို့ လုံးဝပြောလို့မရဘူး … အချစ်ဆိုတာ ဘဝမှာ တစ်ခါပဲဖြစ်ပေါ် စရာလား ၂ခါ ၃ခါ ဖြစ်ပေါ်လို့ရောရလား လူတစ်ယောက်ကို တစ်ဘဝလုံးအတွက် ချစ်လိမ့်မယ် လို့
      ယုံကြည်ခဲ့ပြီး နောက်တစ်ယောက်ပေါ်လာတော့မှ အဲတစ်ယောက်ကိုချစ်မိသွားတယ် အဲသည်လို အချစ်မျိုးက ဖြစ်သင့်သလား လေးလေးရယ် …. အဲဒီအချစ်တွေက မတည်ငြိမ် စိတ်ကစားတဲ့ အချစ်လို့တော့ ထင်တာပဲ ….

      • Foreign Resident

        March 31, 2012 at 4:37 pm

        ဟဲ့ ပလုတ်တုတ် ၊ ဒုက္ခပါပဲ ။
        အထင် မကြီးပါနှင့် သမီးရယ် ။
        အဘ Idea တွေက ရွှေပြည်ကြီး နှင့် ကိုက်ချင်မှ ကိုက်မှာပါကွယ် ။

        ” မောင့်ကိုချစ်တယ်လို့ လုံးဝပြောလို့မရဘူး ”
        သွေးသား အရင်းအချာ မဟုတ်ဘူး ဆိုရင်တော့ ပြောလို့ရလောက်ပါတယ်ကွယ် ။
        သမီးကိုယ်သမီး သေချာအောင်သာ ၊ အချိန်ပေး စောင့်ကြည့်ပြီးပြီလားကွယ် ။

        အဘ ပြောနိုင်တာ တစ်ခုပဲ ရှိပါတယ်ကွယ် ။
        သာမာန် လူစိတ်ရှိတဲ့ ယောက်ကျားလေး တစ်ယောက်ဟာ ၊
        သူ့မှာ နက်နက်နဲနဲ ချစ်ရမယ့် မိန်းကလေး မရှိဘူး ဆိုရင် ၊
        သူ့ကို တကယ် နက်နက်နဲနဲ လာချစ်တဲ့ မိန်းကလေးကို ၊
        မေတ္တာ တုန့်ပြန်ရင်း နှင့် ချစ်သွား သံယောဇဉ် ဖြစ်သွား နိုင်ပါတယ်ကွယ် ။
        အဲဒီ မိန်းကလေး ရဲ့ အချစ်သာ နက်နဲပါစေ ။
        အဲဒီ မိန်းကလေး ဟာ သိပ် ချော ၊ ချမ်းသာ ၊ ပညာတတ်စရာ တောင် မလိုပါဘူးလေ ။
        ဒါကတော့ ၊ အဘ ကိုယ်တွေ့မို့သာ
        အဘ စိတ် တစ်ခုထဲကိုသာ ပြောရဲတာပါကွယ် ။
        ( လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့
        တခြားလူတွေအတွက်တော့ အဘ အာမမခံနိုင်ပါကွယ် )

        တစ်သက်လုံး အလိုလိုက်ရဘို့ ၊ နွဲ့ဆိုး အဆိုးခံ ထိဘို့ကော ပြင်ထားရဲ့လား ။
        အချစ်ဆိုတာဟာ လူငယ်တွေ တွေးကြသလို ပြန်ချစ်လိုက်တဲ့ အချိန်မှာ
        ပြီးဆုံး ဇတ်သိမ်းသွားတာ မဟုတ်ပဲ ။
        အဲဒီ ပြန်ချစ်လိုက်တဲ့ အချိန်မှာမှ တကဲ့ ဇာတ်ကြမ်းက စတာနော် ။

        သမီးရဲ့ အောက်မှာ ရွှေကြည်ကို ပြန်ထားတဲ့ Comment လေးဖတ်ပြီး ၊
        အဘတောင် ကြွေချင်ချင် ဖြစ်သွား ရပါတယ် ။
        သမီးကိုလည်း မလှောင်ရက်ပါဘူးကွယ် ။
        သမီး မေတ္တာ စစ်မှန်တယ်လို့လဲ အဘ ခံစားမိပါတယ်ကွယ် ။

        အချစ်စစ် တွေ ဟာ မဖြောင့်ဖြူး ဘူး ၊ ခက်ခဲတတ်တာ မှန်ပေမယ် ။
        အချစ်စစ် မှန်ရင် ပေါင်းရတတ်ပါတယ်ကွယ် ။

        သမီး အဆင်ပြေပါစေလို့ ၊ အဘ ဆုတောင်းပေးပါတယ်ကွယ် ။

  • windtalker

    March 30, 2012 at 8:01 pm

    ကျွန်တော့် တွင် အင်တာနက်သုံးလေ့ရှိသော ရည်းစားများစွာရှိခဲ့သည်။ အချစ်ကြောင့် အသဲကွဲခဲ့ဖူးသော ကျွန်တော့် တွင် ရည်းစားတွေ ဘာလို ့ထပ်ရလာမှန်း မပြောချင်တော့ပါ။ ထားခဲ့ဖူးသော ရည်းစားများထဲမှ လက်ပတော့ ကိုင်သော ကောင်မလေး ကို ကျွန်တော် အမြင်ကပ်သည် ။ သွားလေရာ သူ ့လက်ပတော့ကြီး နှင့် ရှုပ်သလိုလို ဖြစ်ရသောကြောင့် ။ ထို ့ကြောင့် နောက်ပိုင်းတွင် ၊ လက်ပတော့ ကိုင်သော ကောင်မလေးများကို ရည်းစားထားဖို ့မရွေးဖြစ်ခဲ့ပါ ။
    ( အီကား မောင်ပေ ၏ ဇါတ်တို )

  • Khin Latt

    March 30, 2012 at 8:13 pm

    ခိုင်ခိုင်
    သူကြင်မှ ကိုယ်ဓာတ်လိုက် ထုံး နှလုံးမူစမ်းပါသမီးရယ်။
    လက်ပကျွတ် ဘဝ ကနေ တက်ဘလက် ဘဝ (အဲ မှားလို့ – တက်ဘလက် တွေ က ရောင်းမစွံဘူး) အိုင်ကိုပက် တဲ့ ဘဝကို ပြောင်းလိုက်စမ်းပါ။
    ဒါမှ သမီး မျက်နှာပေါ်မှာ သူ့လက်တွေ အမြဲရှိနေမှာ။ (ပို ရှုပ်ကုန်ပြီလားတောင် မသိ )

    သို့သော် ဘာမှစိတ်မပူနဲ့။
    အရီးမှာ မောင်လေး လူပြိုကြီး ရှိတယ်။ 😀

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      March 30, 2012 at 8:32 pm

      အရီးနော်အရီး ပို့စ်ကိုအရင်ဦးဆုံးတင်ပြီးကျွန်တော်တိုကင်ချိတ်ထားတာ ကြားကနေဖြတ်မလုပါနဲ့
      အသက်ချင်းလဲမလိုက်မှာနော်။……….

      • Khin Latt

        March 30, 2012 at 9:43 pm

        အော်ဒီလိုလား။ ဒါပေမဲ့ သူ့ ကို ရွေးခိုင်း လိုက်ပါလေ။
        ကဲ ခိုင်ရေ – ရွေးပေတော့။ 😆

  • Mလုလင်

    March 30, 2012 at 11:02 pm

    Khaing Khaing ဗလ နဲ့ …. အင်း … အဲ့ဒီ့ မောင် ဆိုတာ ကိုပဲ သနားလှပါဘိ ….

  • shwe kyi

    March 30, 2012 at 11:12 pm

    မခိုင်ရေ ရှမ်းပြည်သားကိုသာရွေးလိုက်ပါနော်။ အရီးမောင်က လူပျိုကြီးဆိုတော့။ 🙂
    နောက်ပြီး ကိုယ့်ကိုမချစ်တဲ့သူကို မျှော်လင့်မနေပါနဲ့တော့။ သူတို့ နှစ်ယောက်အဆင်ပြေနေရင်
    ဘေးကနေပြီး ပဲဝမ်းသာပေးလိုက်ပါနော်။ ရှမ်းပြည်သားက လူတော်ပါ (ထင်တာပဲ) 😛

  • shwe kyi

    March 30, 2012 at 11:26 pm

    မခိုင်ရေကျန်ခဲ့လို့ မောင်ကို လေး တစ်လုံးထည့်ခေါ် ကြည့်ပေါ့ ။

    • Khaing Khaing

      March 31, 2012 at 10:20 am

      ကိုယ်ချစ်တဲ့သူက တစ်ခြားသူနဲ့ပျော်နေတာကို ဘယ်လိုဝမ်းသာရမလဲ ရွေကြည်ရယ် … အငိုမျက် လုံး အပြုံးမျက်နှာနဲ့တော့ နေနေရတာပေ့ါ …. မောင်လေး မိုးဆွန်ခက မမခိုင်ထက် သိပ်မငယ်လွန်းဘူလားကွယ် မောင်လေးရယ် မောင် သာသိသွားရင် မမကိုပိုမချစ်ပဲနေမှာပေ့ါ … မမမောင့်ကိုပဲ မျှော်လင့်ပါရစေ …..

  • ကြောင်ကြီး

    March 31, 2012 at 9:19 am

    နှလုံးသားကို
    သော့ခတ်
    မျှော့ဖတ်တွယ်မှ
    သိရတယ်
    အလျော့တွက်ဆိုတာ
    ရွှေဆိုင်တွေ
    ပိုချမ်းသာဖို့..။

  • etone

    March 31, 2012 at 10:39 am

    အဟီး … မခိုင်ရဲ့ …. တစ်ယောက်တည်း တမ်းချင်းရင်တွင်းဖြစ်လေးလးဖတ်ပြီးမှ ….
    ငယ်ချစ်ကို ဆိုပြဖူးတဲ့ သီချင်းလေး သတိရလာပြီ ….. ။

    မောင်ရေ … မောင်ရေ .. အညာသူကို မေ့ပြီလား .. အညာသူလေးကိုမေ့ပြီလား .. …. စဉ်းစဉ်းစားစားပြောပါမောင်ရယ် … ။ ဟိဟိ …သီချင်းဆိုကောင်းပြီး … အညာသူမှန်း သိလို့ ..ထားသွားခဲ့တာလေ …

    (မှတ်ချက် … အညာ= မြန်မာနိုင်ငံအလည်ပိုင်းမဟုတ်ပါ ) 😆

  • snow white

    March 31, 2012 at 10:45 am

    မခိုင်ကအချစ်ရေးကံမကောင်းဘူးလား ဘာမှမပူနဲ့နော် ညီမဦးလေးလူပျိုကြီးဇီဇာကြောင် ရှိတယ် တို့အမနဲ့ဘဲပေးစားမယ်နော်

  • ba gyi

    March 31, 2012 at 12:38 pm

    အော် မွိန်းခလေးရယ်–
    အချစ်ဆိုဒါ လိုက်လျှင်ပြေးပြီး၊ပြေးလျှင်ခလုပ်တိုက်တတ်သကွဲ့။
    လိုက်လည်းမလိုက်၊ပြေးလည်းမပြေး အအေးလွန်လျှင်လည်း ဓါတ်ကျင်တတ်သကွဲ့၊
    အော် အချစ်အချစ်
    အနှစ်ပုံပုံ အကာချချ
    ရချင်ရာရတတ်တာမျိုးပေလား
    အိုမလိုချင်ဘူး လိုချင်တာပဲ မရရအောင်ယူမယ်လို့ ဇွဲခတ် အသည်းဇတ်ညီပေအုန်းမှရ၊
    အဆွဲအထပ် မညီလို့ကတော့ ပိုကာလည်းမဒေါင်း၊ဂျိုကာဂျောင်းပြီး၊
    အလျှော်အစား မတော်တာများပေးရတတ်သကွဲ့။
    ချစ်တိုင်းလည်း မညား
    ညားတိုင်းလည်းမချစ်
    ညားပြီးချစ်တာတွေလည်းတစ်ပုံဂျီးတွေ့ရ၊
    ချစ်ပြီးညားကြတာလည်းတစ်ပုံဂျီးတွေ့ရ၊
    ဖူးစာ ဆိုတာ ဦးရာလူ လို့ပြောသူပြော
    သူ့ဟာသူလာသကွာလို့ဆိုချင်ဆို
    လက်ဝါးဆိုတာတော့နှစ်ဖက်တီးမှပဲအသံမြည်မှာဗျ၊
    သို့ဂလိုတွေး အရေးအရာ ဘယ်ခါသွင်းမလည်းစဉ်းစား
    ကိုယ်ပဲတီးတီး သူပဲတီးတီး၊ တီးကြည့်လို့မှ ရစ်သန်မမှန်ရင်
    ဒါ သမစဉ် မဟုတ် နောက်ဆုတ်၊
    ဟဲ့ ကိုယ့်ဟာကိုယ် ပလုပ်တုတ်တုတ် ကလေးနဲ့လှုပ်။

  • Khaing Khaing

    March 31, 2012 at 10:58 pm

    Ko Gipsy ရေ မပြောရဲတာမဟုတ်ပါဘူးနော် …. ထပ်ပြောထွက်ဖို့အခွင့်အလမ်းကိုမရှိတော့တာပါ ….

    ကိုပေရယ် မီးမီးက လက်ပကျွတ်မကိုင်ပါဘူး အိမ်သာနက်လဲ မကိုင်ပါဘူး….

    ကိုလုလင် မင်းဗလက အခိုင့်ဗလလောက်ကြီးပါ့မလား ….

    စနိုးဝိုက် ရေ မလုပ်ပါနဲ့ အမက အသက်ကြီးတဲ့လူတွေကို မခိုင်မကြိုက်ဘူး …

    ဘကြီး မောင်လေးခက ဘာဖြစ်နေလဲ ဘကြီးရေးတာ တစ်မျိုးဖြစ်နေသလိုပဲနော် ….. မောင်လေးခရေ မပြေးနဲ့ မခိုင်ကဘယ်ကိုမှမပြေးဘူး ရွာထဲမှာပဲ ရပ်နေတာ …

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 31, 2012 at 11:43 pm

    မောင်လေးခပြေးဘာဘူးဗျ…. ဒါ့ပုံတွေတွားရိုက်နေလို့နော်….. ခုလဲဒါ့ပုံတွေတင်တာ
    တေးတေးလေးဖစ်တွားလို့ချိတ်ပိန်တယ်…… မမကြီး ပီခုန်းငှားပါနော် တဂျီးမင်းမီသိအောင်လာငိုမယို့….
    မမကြီးရေတားကရေ….ပျက်ချီးပေမယ့်တက်မကြီးတေးဘူးနော်…. မမကြီးထက်ငယ်လည်း တားက မမကြီးကိုပဲယူမှာ…
    ပုံကိုတွားကြည့် တားဘီလကောင်းတယ်နော် တအားမှီလည်းရတယ် ဖြေးဖြေးမှီလည်းရတယ်
    တားကိုချီနိုင်အောင်သာ လေ့ကျင့်ခန်းများများလုပ်ပေတော့ မူပိုင်ရှင်မကြီးမမခိုင်…
    “နှလုံးသားလေးကိုသူကပိုင် မူပိုင်ရှင်မကြီးမမခိုင်”………..
    😀 😛 စတာနော်စိတ်ဆိုးနဲ့ စိတ်ဆိုးရင်တိတယ်မယား အိပ်ပေါ်လာနေပိုက်မှာ…….

  • kai

    April 1, 2012 at 3:57 am

    ယူအက်စ်ကနေ.. မြန်မာပြည်သွား.. ယူဖို့(မိန်းမ/ယောကျာ်း )သွားရှာသူတွေရှိတယ်..
    အဲဒါ…
    ဟိုက(မြန်မာပြည်ထဲက) သူနဲ့တွေဖို့အချိန်အင်မတန်နည်းတာပါ..
    အဲလိုအချိန်မှာ..
    အနီးကပ်.. အသည်းအသန်စည်းရုံးနိုင်တဲ့သူကမှ.. ရကြ..ညားကြတာပါ..။
    ဒါတောင်.. တချို့များ အူလည်အူလည် မသေမချာဖြစ်နေတတ်တာတွေ ကြားရဖူးပါတယ်..

    အဲလိုအချိန်မှာ.. တဖက်သားက.. ဘဝထဲဒိုင်ဗင်ထိုးဝင်တတ်မှ ဖြစ်တာပေါ့..။

    ဆိုတော့…
    ကိုယ်ကသာကြိုက်ရင်.. ဘဝအတွက်အာမခံချက်ရှိမယ်သေချာရင်( နှလုံးသား/ဦးနှောက်)..
    ဒိုင်ဗင်သာထိုးပြီးဝင်ပါ… :mrgreen:

  • Khaing Khaing

    April 1, 2012 at 9:14 am

    အရီးလတ် မောင်လေးလူပြိုချီးဆိုတာ ဘူလဲဟင် အရီးတောင်တော်တော်ကြီးရင် အရီးမောင်ကလည်း အတော်ကြီးမှာပဲနော် ……… အိုင်တော့မပက်ချင်တော့ဘူး အရီးလတ်ရယ် ပင်ပန်းလွန်းလို့ပါ …..

    အော်ရယ် မောင်လေးခ ပြောလေဆိုးလေ မန်းလေပြဲလေပါလား ဘာလို့ဒီလောက်လူသိရှင်ကြားဖြစ်အောင် ပြောနေတာလဲကွယ် ….. ရွာထဲကလူတွေက မမနဲ့မောင်လေးခကို တစ်ညိုးထင်ကုန်ပါဦးမယ်ကွယ် …. မောင်လေးခရေ ပုခုံးပေးရင်တောင် မမခိုင်က ညာဘက်ပုခုံးမှာမှ မှီချင်တာကွဲ့ …… စိတ်ကတော့ မောင်လေးကိုလုံးဝမချိုးဘူး လူကိုသိမ်းရမှာစိုးလို့ …..

    ချစ်ရပါသော သူကြီး Kai မျှော်နေတာကြာပြီ လွမ်းနေတာ သူကြီးကို ………. သူကြီးရေ ပြောသလို ဒိုင်ဗင်ထိုးဝင်လိုက်တော့မယ်နော် နှလုံးသားနဲ့ဆုံးဖြတ်ပြီးတော့ပေ့ါ ……. ဒါပေသည့် နှလုံးသားကသိပ်အလုပ်လုပ်ရင် ဦးနှောက်ကသိပ်အလုပ်မလုပ်တော့ဘူး …. လူတစ်ယောက်ကိုတစ်ကယ်ချစ်မိရင် သူဘာပဲဖြစ်နေဖြစ်နေ ကိုယ်က ကောင်းတာတွေပဲမြင်တယ် သူကောင်းစားဖို့အတွက်ပဲ ဖြည့်ဆည်းပေးချင်နေမိတယ်ချင့်……….

  • အံစာတုံး

    April 1, 2012 at 12:00 pm

    အမလေး ..
    ဒီမှာ သော့ပျောက်လို့ လိုက်ရှာနေတာ …
    သော့က သူ့လက်ထဲမှာကိုး …
    ခု သူ့စာဖတ်လိုက်မှပဲ အကြောင်းစုံ သိဒေါ့ဒယ် …
    မှားခဲ့တာတွေအတွက် ဖွာတေးပါနော် …
    ခွေးလွှတ်ပါနော် …
    မဖတ်စေချင်ပေမယ့် ဖတ်လိုက်မိပြီနော် …
    ဟိုဟာနော် … ဒီဟာနော် …
    ငါနော် …
    ပြောလိုက်ရ မကောင်းဘူး …
    ” အံစာတုံး ဟေ့ကောင် မင်းက ဂေါက်ကြောင် … ”
    😀 😀

    ဤသို့ မန့်ချင်လွန်းသဖြင့် မန့်မိမန့်ရာ မန့်သွားပါဂျောင်း …
    အမှားပါက အပြစ်တော် မယူစေချင်ပါဂျောင်း …….

  • htet way

    April 1, 2012 at 1:35 pm

    ဟိုတုန်းက ရွှေသမင်မှာ အချစ်ဆုံးသို့ အိတ်ဖွင့်ပေးစားများဆိုတာ
    ရှိခဲ့ဖူးတယ်။နောက်မူခင်းရှု့ထောင့်မဂ္ဂဇင်းမှာ……..။
    ခိုင်ခိုင်ရဲ့ စာတွေက အရေးကောင်းနေပါတယ်။ဖတ်လိုက်တာ အနုပညာပါလို့ထင်ရဲ့ ရင်ထဲမှာ
    ထိရှစေပါတယ်။အကြံပေးချင်တာက ဝတ္ထုတိုရေးပါလို့
    မောင်ဆိုတဲ့ကောင်ကလည်းနော်………။

Leave a Reply