တောင်ငူမှာ H5 N1 တွေ.ပြီ…..

tunlinaungMarch 16, 20121min1627

တောင်ငူမြို့ရှိကြက်မွေးမြူရေးခြံတစ်ခြံတွင် လွန်ခဲ့သောတစ်ပတ်ခန်.
မှစတင်ပြီး ကြက်များ အလိုလျောက်သေဆုံးမှုများရှိနေသည်ဟု ကြားသိခဲ့လေ၏။
ဒီကြက်ခြံသည် တောင်ငူနှင့် ပတ်ဝန်ကျင်မြို.များသို. ကြက်ဥနှင့် ကြက်သားများကို
အဓိကဖြန်.ဖြူးသော ကြက်ခြံတစ်ခြံဖြစ်သည်ဟု သိရှိရပါသည်။
ကြက်များဓမ္မတာမဟုတ်သေဆုံးမှုကို သိရှိရသော်လည်း ဖုံးကွယ်ထားပြီး ကြက်ဥနှင့်ကြက်သားများကို
ပုံမှန်အတိုင်ဖြန်.ဖြူးရောင်ချလျက်ရှိလေ၏။ ဒီနေ.မှ သတင်းများစတင်ပျံနှင့် မှတောင်ငူမှလူအများအပြား
ကြောက်လန့်နေကြလေ၏။ ကြက်ခြံပိုင်ရှင်မှာ တောင်ငူမြို.ရှိ မြိူ.မျက်နှာဖုံး တစ်ဦးဖြစ်ပြီး လုပ်ငန်းအမြောက်အမြား
လုပ်ကိုင်သူဖြစ်သည်ဟု သိရလေ၏။

7 comments

  • tunlinaung

    March 16, 2012 at 5:39 pm

    ဘယ်သူသေသေ ငတေတွေမာကြသည်….

  • water-melon

    March 16, 2012 at 6:51 pm

    အမလေး
    နာတော့သေပါပြီ
    တစ်နေ့ကို ကြက်ဥလေးလုံးမစားရင် မနေနိုင်သူမို့
    H5 N1 မြန်မြန်ပျောက်ပါစေတော်
    ကြီးမိုက်ရေ နင်ရောင်းတဲ့ မုန့်ပြားသလက်ထဲ ကြက်ဥမထည့်နဲ့နော်
    အံဇာရေ ကြက်သားစားမလား

  • Thel Nu Aye

    March 16, 2012 at 6:55 pm

    အင်းကြက်သားရှောင်ရအုံးတော့မှာပေါ့။ ရှောင်နေရတာများလို့သတ်သတ်လွတ်ပဲစားတော့မယ်။

  • က်ိုကိုအိုဗာ

    March 16, 2012 at 10:36 pm

    ကေတုမဒီက စောက်ရေး မပါတဲ့ မီဒီယာသမား သာကူး တွေ ဘာလုပ်နေကြလဲး

  • aunty tun

    March 17, 2012 at 9:56 am

    ဆင်းရဲသားတွေက ပျော်နေကြမှာ ။
    သူတို့အတွက် ကြက်သားကိုသူများတွေမစားရဲလို့ ဈေးကျမှ သူတို့ကဝယ်စားနိုင်မှာ ။

  • chel gyi

    March 17, 2012 at 10:21 am

    ဟုတ်တယ် တောင်ငူက ဆရာဝန်ပြောတာ…..
    ပြည်သူတွေကို ဘာလို့ အသိမပေးတာလဲ မသိဘူး….
    ကိုသိကိုုယ်ရှောင်ဆိုတဲ့ သဘောလား ……

Leave a Reply