ကိုယ်ဝန်ဆောင်နှင့် mobile phone အန္တရာယ်

Zaw WonnaMarch 16, 20121min24211
TIM VERNON / SCIENCE PHOTO LIBRARY
အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် မိုဘိုင်းဖုန်း သုံးစွဲခြင်းဖြင့် ကလေးငယ်၏ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သုတေသီများက သတိပေး ပြောဆိုလိုက်သည်။

Yale School of Medicine မှ သုတေသီများက မိုဘိုင်းဖုန်းမှ ထွက်လာသော ရောင်ခြည်များသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မူမမှန်သည့် အခြေအနေကို ဖြစ်ပေါ်စေကြောင်း ကြွက်များကို အခြေခံ စမ်းသပ်သည့် လေ့လာချက်များအရ သိရှိရခြင်း ဖြစ်သည်။

မွေးဖွားလာသည့် ကလေးငယ် အနေဖြင့် မှတ်ဉာဏ်နည်းခြင်း၊ စိုးရိမ်စိတ်များခြင်းနှင့် အပြုအမူဆိုင်ရာ ပြဿနာများ {Attention deficit hyperactivity disorder (ADHD)} ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ကြွက်များနှင့် စမ်းသပ်ရာတွင် ဖွင့်ထားသော ဖုန်းနှင့် အတူထားသော ကိုယ်ဝန်ဆောင် ကြွက်မမှ မွေးဖွားသော ကြွက်ငယ်တွင် ADHD လက္ခဏာများကို တွေ့ရှိရသည်။

Ref: http://zeenews.india.com/

11 comments

  • water-melon

    March 16, 2012 at 6:55 pm

    ဟုတ်လား ဒါဆိုဆောင်အုန်းမှ
    သများက တိုဝန် ၃ လရှိပြီ
    ရွာထဲက တောင်မတွေရော ကြားတယ်နော်
    အထူးသဖြင့် ကြီးမိုက်နဲ့အံဇာဘဲ မရှိသလောက်ဗိုက်ကလေးနဲ့
    ကြွားနေလိုက်ကြတာ
    ဟွန့် 😀

  • Thel Nu Aye

    March 16, 2012 at 7:00 pm

    မိဖရဲ၊ မိအံဇာ၊ မိစိန်ပေါက် အစရှိသည့်အဖွဲ့များသတိပြုပါလေ။ ဖုန်းသိပ်မပြောကြနဲ့တော့။

  • water-melon

    March 16, 2012 at 7:13 pm

    အတိုုကြီး တင်ထားတဲ့ပုံကြီးကလည်း ကြောက်စရာကြီးနော် 😀
    အဲဒီဗိုက်ကြီးက ဘယ်နှလရှိနေပြီလဲ ငါးလလောက်တော့ရှိမယ်ထင်တယ်
    (ကြောင်ဝတုတ်၊နှာကြီးသူရ၊အုပ်ထိန်းသူ ရွှေတိုုက်တို့ ပုံရဲ့အပေါ်နဲ့အောက်ကိုငုံမကြည့်ရ)

  • ကြောင်လေး

    March 17, 2012 at 7:47 am

    အများဆုံးထိခိုက် တာက ဦးနှောက်ပါတဲ့ခင်ဗျာ။ ဦးနှောက် ကင်ဆာဖြစ်နို်င်ခြေများကြောင်းပြောကြပါတယ်၊ ခါးမှာအမြဲ တမ်း ချိတ်ထားတဲ့ အမျိုးသားများ လိင်စွမ်းအား၊ သုတ်ပိုးများလျော့ကျ နိုင်ကြောင်းလည်း ဖောပြထားတာရှိနေပါတယ်။အကျင်္ ီအိတ်ကပ်ထဲထည့် ထားရင်လဲ နှလုံးကိုတိုက်ရိုက်ထိခိုက်နိုင်ပါသတဲ့။ နှလုံးခုံစက် အသုံးပြုထားရသူတွေနေ့ အသုံးပြုနေတဲ့ဆေးရုံ ဆေးခန်းတွေထဲမှာ ဘယ်လိုလိုက်နာသုံးစွဲရမယ်ဆိုတာကို ဖုန်းတွေရဲ့ Manual စာအုပ်ထဲမှာ ထည့်ရေးပေးထားပါတယ်။ သုတေသီတွေက ဖော်ထုတ်လိုက်။ မိုဘိုင်းဖုန်းကုမ္ပဏီတွေဘက်က သုတေသီတွေက မဖြစ်နိုင်ဘူးငြင်းလိုက်နဲ့ ဘယ်ဟာကိုယုံ ရမှာလဲ မသိတော့ပါဘူးဗျာ။

    • Zaw Wonna

      March 17, 2012 at 9:03 am

      ကြောက်စရာပါလား၊ ကျုပ်တို့ ယောက်ျား အများစုက ဖုန်းကို ဘောင်းဘီ အရှေ့က အိတ်ထဲကို ထည့်ထားတတ်ကြတာ များပါတယ်။ ဒါဆို ဖွားဘက်တော်နဲ့ ကပ်ထားသလို ဖြစ်နေတော့ ပိုပြီး ထိခိုက်နိုင်မယ် ထင်တယ်။ Radiation အနည်းနဲ့ အများ ထွက်မှာကတော့ သေချာတယ်။ ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက်တော့ ကြိုတင် ကာကွယ်သင့်တယ်လို့ မြင်ပါတယ်။

  • ဆူး

    March 17, 2012 at 10:15 am

    ညအိပ်တဲ့ အခါမှာတော အိပ်ယာ ဘေး အိပ်တဲ့ နေရာနဲ့ ၃ပေ အကွာလောက်မှာ ဖုန်းဖွင့် ထားရင် ကော ရပါလား။

    • Zaw Wonna

      March 17, 2012 at 12:45 pm

      ဖုန်းရဲ့ ထိခိုက်လောက်တဲ့ radiation က ဖုန်းချင်း ဆက်သွယ်နေတဲ့ အချိန်မှာ ပိုများမယ် ထင်တယ်။ ခေါင်းအုံးနဲ့ သိပ်ကပ်ထားရင်တော့ မကောင်းဘူးလို့ ထင်ပါတယ်။ လက်လှမ်းမီလောက်တဲ့ နေရာ ခပ်လှမ်းလှမ်းမှာ ထားသင့်ပါတယ်။

  • laypai

    March 17, 2012 at 2:51 pm

    phone radiation က ဘယ်လောက် ထိခိုက်နိုင်တယ် ဆိုတာ တော့ သေသေချာချာ မသိပါဘူး။
    living things မှာမှ မဟုတ်ပါဖူး plants တွေ ကို ပါ ထိခိုက် မှု ရှိ တယ် လို့ သု တေ သီ တွေရဲ့ တွေ့ ရှိချက် ကို ဖတ်မိ မှတ်သားဖူး ပါတယ်။

  • kai

    March 17, 2012 at 4:30 pm

    သိပ်တော့လည်း.. မယုံပါဘူး..
    ယူအက်စ်မှာ.. ဆဲလ်ဖုံးတွေအသုံးများလွန်းလို့.. လေထဲကမမြင်ရတဲ့ဝေ့ဗ်လိုင်းတွေတောင်.. နောင်တနှစ်၂နှစ်ဆို.. ပြည့်ကျပ်ကုန်တော့မယ်ဆိုနေပါတယ်..။

    လူ့ကျမ်းမာရေးထိခိုက်တာတော့ ..ပြောနေတာ..ဆယ်စုနှစ်ကျော်နေပြီ..
    ကျမ်းမာရေး.. ရောဂါအခြေအနေပြအညွှန်းကိန်းတွေ သိသိသာသာ. .တက်လာတာမရှိပါ…တဲ့..။

Leave a Reply