မန္တလေးကွန်ပျူတာတက္ကသိုလ်

Mr. MarGaMarch 16, 20124min19714

ကွန်ပျူတာတက္ကသိုလ် အဝင်ဝ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁။ ကွန်ပျူတာတက္ကသိုလ် အဝင်ဝ

အဝင်ဝက UCSM logo

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၂။ အဝင်ဝက UCSM logo

အဝေးက လှမ်းမြင်ရတဲ့ ပုံ

 

 

 

 

 

 

 

 

 

 

 

 

 

 

၃။အဝေးက လှမ်းမြင်ရတဲ့ ပုံ

ဒါက ဟိုဘက်ကနေမြင်ရတာ

 

 

 

 

 

 

 

 

 

 

 

 

 

 

၄။ဒါက ဟိုဘက်ကနေမြင်ရတာ

ဝန်ထမ်းတွေရဲ့ အချစ်တော် ကျောင်းကြို/ပို. ကား

 

 

 

 

 

 

 

 

 

 

 

 

 

 

၅။ ဝန်ထမ်းတွေရဲ့ အချစ်တော် ကျောင်းကြို /ပို. ကား

ကျောင်းပေါ်က မြင်ရတဲ့ အဝင်လမ်း

 

 

 

 

 

 

 

 

 

 

 

 

 

 

၆။ ကျောင်းပေါ်က မြင်ရတဲ့ အဝင်လမ်း

ကျောင်းသားတွေရဲ့ ပညာ့ဘဏ်

 

 

 

 

 

 

 

 

 

 

 

 

 

 

၇။ ကျောင်းသားတွေရဲ့ ပညာဘဏ်တိုက်

စာသင်ခန်းတွေပေါ့(Campus ရဲ့ အဝင်ဝက ရိုက်ထားတာပါ)

 

 

 

 

 

 

 

 

 

 

 

 

 

 

၈။စာသင်ခန်းတွေပေါ့(Campus ရဲ့ အဝင်ဝက ရိုက်ထားတာပါ)

အသစ်ဆောက်နေတဲ့ ကျောင်းဆောင်တွေ

 

 

 

 

 

 

 

 

 

 

 

 

 

 

၉။ အသစ်ဆောက်နေတဲ့ ကျောင်းဆောင်တွေ

ဖြတ်လျှောက်ချင်စဖွယ် တံတားလေး

 

 

 

 

 

 

 

 

 

 

 

 

 

 

၁ဝ။ ဖြတ်လျှောက်ချင်စဖွယ် တံတားလေး

ကျောင်းဘေးက ပန်းခင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၁။ ကျောင်းဘေးက ပန်းခင်း(ထင်တာပဲ)

ဒါကတော့ အနီးကပ်ပေါ့

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၂။ ဒါကတော့ အနီးကပ်ပေါ့

ဒါက ရှေ့ကရိုက်တာ

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၃။ဒါက ရှေ့ကရိုက်တာ

 

မြန်မာနိုင်ငံ အထက်ပိုင်းရဲ့ အဓိက ကွန်ပျူတာတက္ကသိုလ်ပါ။ ၁၉၉ရ မှာ စ ဖွင့်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်း ကျောက်ဆည်မှာ ကွန်ပျူတာတက္ကသိုလ် အသစ်ထပ်ဆောက်တော့ ကျောင်းသားအားလုံး အဲဒီကို ပို့တယ်။ ဒီမှာ ထပ် လက်မခံတော့ပါဘူး။

၂၀၀၉ မှာ ပြန်လက်ခံခဲ့ပါတယ်။

တခြားတက္ကသိုလ်တွေထက် စာရင် လူသိပ်မသိပါဘူး

အဲဒါကြောင့် မှတ်တမ်းအနေနဲ့ တင်တာပါ။

အဲ သူကြီးမကန့်ကွက်ဘူးဆိုရင် ကျွန်တော်ကတော့ ဒီကျောင်းကို ခရေတော လို့ ခေါ်ချင်ပါတယ်။

သဘောတူမလားတော့ မသိဘူး။

ကျောင်းဝင်းရဲ့ နေရာ တော်တော်များများမှာ ခရေပင်တွေကို သေချာစိုက်ထားတယ်ဗျ။

ကျောင်းကလဲ တော်တော် ကျယ်ပါတယ်။

ကျောင်းဆောင်က နည်းတော့ တောအုပ်လေးလိုပဲ။

လမ်းတွေက မြေနီလမ်းလေးတွေ။

မနက်ကနေ ညနေထိ ငှက်သံ မစဲဘူးဗျ။

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

14 comments

  • Mr. MarGa

    March 16, 2012 at 8:15 pm

    ပုံနဲ့ စာနဲ့ ကွာသွားတယ်ဗျ ဆောရီး

  • kanjosan

    March 16, 2012 at 9:36 pm

    အဝင်ဝကနေ တည့်တည့်သာ ရှေ့ဆက်သွား တခါတည်း အိမ်သာကို တန်းရောက်ပါတယ်….. သတိရပါတယ်.. ကျောင်းကြီးကို.. Mr. MarGa ရေ Facebook မှာ သူငယ်ချင်းတွေကို Share ခြင်လို့ download လုပ်သွားတယ်… ခွင့်ပြုပါ….

  • water-melon

    March 17, 2012 at 8:59 am

    ဟွန့် ကောင်မလေးတွေပုံများများရိုက်လာတာတော့မဟုတ်ဘူး
    စိတ်ဆိုးတယ်
    နောက်ဆို သများလည်းလိုက်ချင်တယ်
    ခေါ်မှာလားဟင်

    • ဟေ့ … ဗြဲသီး ..
      နာ မန်းလေးရောက်ရင် အဲဒီ နေရာကို ညည်းချိုင်ဂယ်နဲ့ လိုက်ပို့ပေးရမှာနော် …
      နာက အဲလို နေရာလေးတွေဆို အရမ်း သဘောကျဒါ …
      ပုံထဲက သစ်သား တံတားလေးနဲ့ နေရာဆို … ဘယ်လောက် ကဗျာဆန်လိုက်သလဲ …
      အဲဒီ နေရာလေးနားမှာ ထိုင်ပြီး ကဗျာတစ်ပုဒ်လောက်တောင် စပ်ဆို လိုက်ချင်ပါရဲ့ ….

      ခရေပန်းလေးတွေရဲ့ ရနံ့နဲ့
      လေနုအေးအေးလေးတွေ ကြားမှာ
      ကခုန်နေတဲ့ စိတ်များဟာ …
      ဘာညာ သာရကာ … နေကြာကွာစိ .. ဆိုပြီးတော့ပေါ့ …

      ပုံလေးတွေအတွက် ဦးထန်းလျက် … အဲ .. ဦးသကြား .. အို .. ဟုတ်သေးပါဘူး ..
      ဦးမာဃ ဂျီးကိုလည်း ကျေးကျေးပါလို့ … နော် … 😀

  • kyeemite

    March 17, 2012 at 11:46 am

    ခရေတောမလုပ်ပါနဲ့ဗျာ..
    ခရေရိပ် လုပ်ပါ..ရန်ကုန်မှာဆိုဟိုးတုံးက
    ကုက္ကိုရိပ်..ကံ့ကော်ရိပ်..ဆိုပီးရှိခဲ့တယ်လေ..

  • အဝေးကသာမြင်
    မဝင်ဘူးတဲ့ကျောင်း။
    အဝက ဝင်
    ညောင်းနေအောင်အတော်လျှောက်မှ
    အထဲကိုရောက်ပါတယ်ဆိုတဲ့ကျောင်း………………………
    ဟုတ်လားတော့မသိဘူး။
    တူမလေးပြောပြတာကို ပြန်ရေးကြည့်တာ။

  • windtalker

    March 17, 2012 at 12:47 pm

    ဦးမာဃ ကောင်းမှုနဲ ့တစ်ခါမှ မရောက်ဖူးတဲ့ တက်ကသိုလ် ကို မြင်လိုက်ရပြီ ။
    စကားမစပ် ၊ အဲဒီကျောင်းကပြီးတဲ့ မိန်းမသားများဟာ အလံမရှိတဲ့ ရထားတွေ ဖြစ်ကုန်တာများတယ် ဆိုကလားဘဲ ။

  • kai

    March 17, 2012 at 1:55 pm

    ကျောင်းမှာက.. သက်တမ်းရှိပြီး.. သက်တမ်းကြာမှာ.. တန်ဖိုးတက်တာ…။
    ထားပါတော့..
    ကွန်ပျူတာတွေ.. ပါစင်နယ်သုံးရတာတောင်မှ မကြာသေးတာ.. ကွန်ပျူတာတက္ကသိုလ်က ဘယ်ကြာလို့ရမလဲနော…

    ခရေရိပ် ဖြေသိပ်
    ပြည်ရွာနန်းတော်ထိပ်က
    မန္တလာရဲ့
    တက္ကသီလာ ကွန်ပျူတာ

  • Mr. MarGa

    March 19, 2012 at 6:22 pm

    water melon ရေ
    နင်က ယောက်ျားလေးပုံ ကြည့်ချင်တာမဟုတ်လား
    မှန်မှန်ပြောနော်

    မဟာရာဇာ အံစာတုံး ရေ
    အဲဒီအနားမှာတော့မရေးပါနဲ့လား
    ရေးပြီးမှ ဦးမာဃ လိမ်တယ်လို့အပြောခံရမှာစိုးလို့

    ကို kyeemite
    အဲဒီနာမည်ကောင်းပါတယ်ဗျာ
    ကျွန်တော်တင်တုန်းက မစဉ်းစားမိဘူးဗျ
    ကျေးဇူး

    လေးပေါက်
    လေးပေါက်တူမ ပြောတာမှန်ပါတယ်ဗျာ
    မလျှောက်ရဘူးဆို ဆယ့်ငါးမိနစ်ပဲ
    လေးပေါက်တူမက အဲဒီကလားဟင်

    ကို windtalker
    အဲဒီ်မိန်းမသားတွေက အတတ်လွန်သွားတာဗျ
    ဒေါက်တာတွေ တော်တော်များများက အပျိုကြီးတွေများတယ်။

    သူကြီး
    ကွန်ပျူတာတက္ကသိုလ်က သက်တမ်းမကြာသေးသလိုဖြစ်နေတယ်ဗျ
    တန်ဖိုးချက်ချင်း ခုန်တက်အောင် ဘာလုပ်ရမလဲဟင်

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • Mr. MarGa

    March 19, 2012 at 6:24 pm

    အဲ
    အခုမှသတိရတယ်ဗျ
    အဲဒီကျောင်းကို 2000 မှာ စ ဖွင့်တာပါတဲ့ဗျာ
    ရှေ့နှစ်တွေတုန်းက MIT မှာသင်တာပါ။

    • ဖားသက်ပြင်း

      March 19, 2012 at 6:50 pm

      MIT so tar?

      😛

      • Mr. MarGa

        March 19, 2012 at 6:53 pm

        Mandalay Institute of Technology ထင်ပါတယ်

  • Mr. MarGa

    March 19, 2012 at 6:26 pm

    စကားအတင်းစပ်
    သူကြီးက မန္တလေးသားလားဟင်

Leave a Reply