မိန်းမတို ့ ရဲ ့ လက်နက်များ…တဲ ့။

alinsettMarch 16, 20122min35620

၁ ။ ပါးစပ်သေနက်

မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ
သိပ်မသုံးတက်ကြဘူး ။ အိမ်ထောင်ရှင်ဖြစ်မှ ထုပ်သုံးကြ တာ —
တစ်အိမ်လုံးကိုစက်သေနက်နဲ့ မွှေသလို မွှေတက်ကြတာ ။ အိပ်ရင်တောင်
ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တက် ကြတာ ။ တစ်ရေးနိုး ထပစ်ရင်တောင်
ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် )

၂။ မျက်စောင်း

အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊
အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ —- (ရောစွပ်မျက်စောင်း
ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ် ။ ချစ်သလိုလို မုန်းသလိုလို
ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – ဘာသာပြန်များ
အကောက်လွဲလို့ကတော့ (တတိယ လက်နက်စာမိသွားမယ် )

၃။ လက်ဝါး ၊ လက်သီးဆုပ် ၊ လက်ဝါးစောင်း – တွေပဲ

သူကလည်း မူကွဲတွေများတယ် ၊ လက်ဝါးပြရင်နှစ်မျိုးတွေးလို့ရတယ် ( မဟော်သဓာ
ဇာတ်တော်နဲ့ တစ်မျိုးတွေး ) လက်သီးဆုပ်ပြရင်လည်း နှစ်မျိုးတွေးလို့ရတယ်
— အဲ — လက်သီးဆုပ်ကြီးနဲ့ ကိုယ့်ရင်ဘက်ကြီးကို ဖွဖွလေးလာထု ရင်တော့ – –
တစ်မျိုးတည်းသာတွေးလိုက်တော့ – – အိုကေ — ပြေလည်ပြီလို့မှတ် အဲဒီ
လက်သီးဆုပ်လေးကို ဖမ်း – ပြီး ဖွဖွလေးသာ နမ်းလိုက် — — ရဲရဲသာလုပ် —
— အာမခံတယ် — — အဆင်ပြေလိမ့်မယ် ။

၄။ ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် လုပ်တက်ခြင်း

အဲဒီ လက်နက်ကလည်း ကြောက်စရာ်တော်တော် ကောင်းတယ် ။ အရှက်ဟက်တတ်ကွဲစေမဲ့
လက်နက် ( နျူးက – လီးယားလက်နက်ထက်ပြင်းတယ် )

၅။ မျက်ရည်လေ — မျက်ရည် လက်နက်

ဒါနောက်ဆုံးလက်နက်ပဲ မျက်ရည်ယို ဗုံးခွဲတက်သေးတာ မျတ်ရည်လေ — မျက်ရည်
ဘာပေါသလဲမမေးနဲ့ သူ့ကို မနိုင်တော့ဘူးဆိုရင် မျက်ရည်လေးစမ်းစမ်း
စမ်းစမ်းနဲ့ လုပ်ပစ်လိုက်ကြတာ သွားရော — အကုန်ကြွေပေတော့ —
လူပါပေါင်ပေးချင်စိတ်ပေါက်သွားလိမ့်မယ် — ဒါမှမဟုတ် ဘေးက ကိုယ့်ကို
ဝိုင်းရိုက်ချင်စိတ် ပေါက်သွားစေနိုင်တယ် ။ ။


______________________________

့် FORWARD…MAIL.. တစ်စောင် ထဲက ..ရ တာပါ ။

( ဖတ်ဖူးတဲ ့သူ..၊ တင်ပြဖူးတဲ ့သူများ..ရှိနေမလား..မသိ ။ တိုက်ဆိုင်မှုရှိရင်တော့ နားလည် ခွင့်လွတ်ပေးပါ..လို ့။)

ကျွန်တော်….တော့ မိန်းကလေးတွေ ရဲ ့လက်နက်တွေ အကြောင်း…အကြာကြီး.မတွေးမိသေးဘူးဗျ ။

တွေး ဖူးတဲ ့သူ..ကိုတွေ ့ရင် မေးကြည့်ချင်တယ် ။

ဒီ လက်နက်တွေ..က သူတို ့ တကယ် အသုံးပြု.နေကြသလား..လို ့ ။

ကျွန်တော်..တော့ သုံးနေကြတယ်လို ့ ထင်မိပါတယ် ။

__________________________________________

ပျော် စရာ..စာသားလေး အဖြစ်..တင်ပြ.ရုံသက်သက်ပါခင်ဗျာ.။

ဘယ်သူ ့ကိုမှ..လှောင်ပြောလိုစိတ်မရှိပါဘူး။ နော် ။
အားလုံးကို ခင်မင်လေးစားလျက်….။

အလင်းဆက်

20 comments

  • surmi

    March 16, 2012 at 10:15 pm

    တကယ်သုံးတယ်ကိုအလင်းဆက်ရေ ….။
    ပါးစပ်သေနပ်ကအဆိုးဆုံး ၊ အချိန်မလတ် ပစ်နေတော.တာဘဲ
    ပြန်လည်ခုခံနိုင်မဲ. ယောက်ကျားလက်နက်လေးလဲ တင်ပေးပါဦး ။

  • ကြောင်လေး

    March 17, 2012 at 7:27 am

    ဘယ်အချိန်မဆို…………..တတွတ် တွတ်ပြောနေပြန်………
    ရေဒီယိုကတောင်……ရှုံးမဲ့ သူ့ရဲ့အသံ……………..
    လိမ်လိမ်မာမာနေ……လျှောက်လျှောက် မသွားရဘူး………..
    အချိန်မှန်မှန်စားပါ…ဆေးလိပ်လျော့သောက်နော်……………
    ကိုင်ဇာရဲ့ သူချင်းပါ

  • kyeemite

    March 17, 2012 at 8:53 am

    ကျွန်တော်ထင်ပါတယ်..ယောက်ကျားတွေ
    အကြောက်ဆုံး..ဒါမှမဟုတ် ..အမုန်းဆုံး လက်နက်က
    နံပါတ်တစ်လက်နက်ဖြစ်တဲ့“ပါးစပ်သေနပ်”ဘဲဗျ..

    • ကိုရင်မောင်

      March 17, 2012 at 11:00 am

      အမယ်မရခင်တုန်းက ချစ်ရဲ့အသံလေးကနာဝင်ချိုပါတယ်ဆို
      ဘယ်လောက်ပြောပြော ကိုယ်နားထောင်နေပါ့မယ်ဆို
      ကိုကိုကြီးမိုက်ကြီးရဲ့ …
      ခုတော့မင်းရဲ့အသံကလဲမောင်းကွဲကြီးကိုထုနေသလို
      စက်သေနပ်နဲ့ပစ်နေတယ်လို့ပြောနေပြီတော့….
      တွေ့မယ်ညကျမှတွေ့မယ်ဟင်း….

  • water-melon

    March 17, 2012 at 9:11 am

    တော်ပြီ မိန်းမ မယူတော့ဘူး
    သူက သေနတ်ဆိုတော့ကြောက်တယ်
    စက်သေနတ် ပါးစပ်သေနတ် ဘာညာသေနတ်
    လူပျိုကြီးဘဲလုပ်တော့မယ်
    ရွာထဲမိန်းမယူတော့မယ် လူပျိုကြီးတွေကြားတယ်နော် မိန်းမတို့ရဲ့ လက်နက်များတဲ့

  • chel gyi

    March 17, 2012 at 9:11 am

    ပါးစပ်သေနပ် က အမေရိကန်လုပ်…….
    တစစီကြေ လောက်တယ်…..ထင်

  • etone

    March 17, 2012 at 11:03 am

    အောင်မလေး အလင်းဆက်ရဲ့ ….
    စောစောစီးစီးသာ ဒီစာ ဖတ်ရလျှင် .. လက်နက်စုံထုတ်သုံးမိမှာမဟုတ်ဘူး …
    အခုတော့ .. အပျိုဂျီး ဖြစ်တော့မယ် … ငှီး . ဟီး ဟီး .. ငှီး 😥

    😆 😆 😆 😆

    • windtalker

      March 17, 2012 at 12:33 pm

      ပေါ်လာပါဘီ ။ ဒေါ်အိတုန် တစ်ယောက် လက်နက်စုံ သုံးခဲ့ကြောင်း ၊ သူမ ကိုယ်တိုင် အခုလို ဝန်ခံ သွားပါတယ် ။ အသေးစိတ် ကို နီးစပ်ရာ ရွာသူားများ အနေဖြင့် မေးမြန်းပြီး ၊ ဂေဇက်မှာ ဆက်လက် ဖော်ပြပေးစေလိုပါတယ် ။ ဟီဟိ

  • alinsett

    March 17, 2012 at 5:56 pm

    ဟုတ်ပြီ။ အခု တော့..ကိုကြီးမိုက်..တို ့ ။ ကိုဆာမိတို ့..ပြောပြချက်ကလေးတွေ.ကြောင့် သိချင်နေတာ သိရပြီ။

    water..ရေ..လူပျိုကြီး လုပ်တော့မယ်..ဆိုတော့.. ကျွန်တော်နဲ ့လည်း..သဘောထားချင်း..တူသလိုလို ရှိလာပြီ။

    အဲ…water..က မယူချင်လို ့မယူတာ ။ ကျွန်တော်က ယူရမယ့်ကံကို မပါတာဗျ ။ စိုင်းထီးဆိုင်ရဲ ့သီချင်းထဲကလို ပဲ.။
    နှလုံး လမ်းကြောင်းမှာ ကျွန်းက ခံ..နေတာ ။ တကယ် . လက္ခဏာ မှာ..ကျွန်းတွေ.ပါတယ် ။

    နဂိုက ကံခေ..တာနဲ ့ ။ အခု လက်နက်တွေ.ကိုကြောက်တာနဲ့ ..အတော်ပဲ။ မယူဖြစ်ဖို ့များ..နေပြီ။
    မလွဲသာ..မရှောင်သာ ရသွားရင် လည်း..ကံဆိုး..တာလား..ကံကောင်းတာလား…ထပ် ဝေခွဲရဦးမှာနော် ။
    မမတုန်.ရေ..။ အခုလည်း…အချိန် မီသေးတယ် မဟုတ်လား..။ မမီတော့ဘူးဆိုလည်း../ .အပျိုကြီးဖြစ်လည်း..ကျွန်တော်တို ့နဲ ့လိုင်းတူသွားတာပေါ့ ။ အပျိုကြီး လူပျိုကြီးများ အဖွဲ ့တစ်ခု …ရွာထဲမှာ ဖွဲ ့လိုက်ရအောင်လေ..။

    ကိုပေ..ရေ..ကျေးဇူးပါနော် ။

    အားလုံးကို ခင်မင်စွာ…
    အလင်းဆက်

  • moe minthar

    March 17, 2012 at 6:23 pm

    အလင်းဆက်ရေ……..ကျနော်ကတော ့waterလိုပဲ……
    အရမ်းကြောက်သွားပြီ………ဒါကြောင် ့…….
    အလင်းဆက်လိုပဲလူပိူကြီးပဲလုပ်တော ့မယ်…..ဟဲ ..ဟဲ

  • alinsett

    March 17, 2012 at 6:27 pm

    ဟုတ်ပါပြီ။ လူပျိုကြီး.တစ်ယောက် တိုးပြန်ပါပြီ။

    ဒါနဲ ့ဒေါ်စိန်ပေါက်.တစ်ယောက်….ပျောက်နေပြန်ပြီနော် ။
    ဒေါ်စိန်ပေါက် ကိုတွေ ့ရင်လည်း..မေးပေးကြပါဦး.။ အပျိုကြီး လုပ်မှာလား. လူပျိုကြီး လုပ်မှာလား..လို ့။

  • windtalker

    March 17, 2012 at 6:51 pm

    မိန်းမတွေ ရဲ ့လက်နက်အကြောင်းကတော့ အခုပို ့စ်ဖတ်ပြီး သိသွားပြီ ။ ရှေ ့ဆက်ပြီး လက်နီတို ့၊ လက်ပြာတို ့၊ လက်ဝါ တို ့အကြောင်းလဲ ဆက်တင်ပေးပါဦးဗျို ့။ ဟီဟိ

  • alinsett

    March 17, 2012 at 6:59 pm

    အလို….ကိုပေ..ရေ. မိန်းမတွေမှာ..လက်အရောင်အမျိုးမျိုးလည်း..ရှိသေးတာပဲ.လား။

    အင်း မိန်းမအကြောင်း…တစေ့တစောင်းဆိုပြီး..စာတမ်းတစ်ခုပြုစုရမလိုပဲ..နော် ။
    အပိုင်းတွေ..အများကြီးခွဲပြီး..တင်မယ်လေ.။ ပို ့စ်တွေလည်း အများကြီး၇…။

    ကိုပေ..ရေ..ကျွန်တော့်အတွက်..မိန်းမအကြောင်း..အချက်အလက်တွေ..ရှာပေးပါလား ခင်ဗျ ။
    ကျွန်တော်…မကျွမ်းကျင်တဲ့ နယ်ပယ်..ဆိုတော့ ..ကိုပေ..တို ့ကို အားကိူးမယ်..လေ။
    နော့ ။

  • mandalarthu

    March 17, 2012 at 8:48 pm

    အလင်းဆက်ေ၇
    အခုလိုစာမျိုးကို တဆင် ့တင်ပြတာထက် အခါတိုင်းရေးနေကျ ကဗျာတွေကို ဖတ်ရတာပို သဘောကျတယ်။
    တပုဒ်ဆို တပုဒ် ဖတ်ရတာ လေးလေးနက်နက်နဲ ့..။
    အဲဒီလိုင်းနဲ ့ အလင်းဆက်ရဲ ့တင်ပြမှုက ပို လိုက်ဖက်သလိုဘဲ။လိုင်းမပြောင်းပါဘူးလို ့အလင်းဆက်ပြောခဲ ့တယ်မို ့လား။
    ကိုယ်မကျွမ်းကျင်တဲ ့နယ်ပယ်ကို တင်ပြတာထက် ကျွမ်းကျင်တဲ ့အပိုင်းကို အများကို ရှယ်တာက ပိုကောင်းမယ်ထင်လို ့ပါ။ အကြံဉာဏ်ပေးတာပါနော်။
    အလင်းဆက်ရဲ ့ကဗျာတွေကို အမြဲ အားပေးနေပါတယ်။

  • Khin Latt

    March 18, 2012 at 5:31 am

    အလင်းဆက်ရေ – မိန်းမအားလုံး တော့ ဒီလက်နက် တွေ သုံးတတ်တာ မဟုတ်လောက်ဘူး ထင်ရဲ့။ 😀

    တုံတုံ ရေ – အဲဒီလို ရိုးသားပွင့်လင်းတဲ့ လက်နက်ကြီး ကဘဲ မောင်အေကေကေအို ရဲ့ နှလုံးသားကို ကျဆုံးသွားစေခြင်း နေမှာပါ လို့ အရီး ထင်ကြေးပေးပါ၏။ 😉

  • alinsett

    March 18, 2012 at 5:53 pm

    မန္တလာသူ..ရေ..။ အခုလို ကဗျာတွေ..နဲ ့ပိုလိုက်ဖက်ကြောင်း အကြံပေးလို ့ .ကျေးဇူးပါ ။

    ကဗျာတွေ.ကို ခံစားလို ့ရတယ်..ဆိုလို ့လည်း..ဝမ်းသာရပါတယ် ။ ကျွန်တော် ကိုယ်တိုင်က လည်း…ကဗျာ..ကိုပဲ.ရေးချင်တာပါ ။ ဒါပေမယ့် ခံစားချက် ပြင်း ထန်ချိန်မှာ မှ ကဗျာ စာသားတွေ…ချရေးလို ့ရတဲ ့ကျွန်တော့်မှာ ကဗျာ အပုဒ်ရေ…အင်မတန်ရှားပါတယ် ။

    ရေးထားတာတွေ..က အပုဒ် 20တောင် မရှိချင်သေးဘူး။ ကျွန်တော့်ကဗျာ..အပုဒ် 30 ပြည့်ရင် ထုတ်ဝေပေးမယ့် သူ တစ်ယောက်ရှိတယ် ။ ဒါပေမယ့်..သူ အရုှံးခံပြိး ထုတ်ပေးမယ်..ဆိုတာတောင်..ကျွန်တော့်မှာ အပုဒ် 30 ပြည့်ဖို ့ တော်တော့်ကို လိုနေသေးတာလေ..။ အဲဒီလောက် တော်တာ..။

    ကျွန်တော်က ကဗျာ ကို မော်ဒန် ကျကျ ပဲ.ရေးတတ်တော့.. ( တခြားနည်းနဲ ့လည်း..မရေးချင်တော့..)
    ကဗျာ..ဆင်းရဲသား ဖြစ်နေပါတယ် ။

    အခုလို အကြံပေးတာ အရမ်းကျေးဇူးတင်တယ်နော် ။ မန္တလာသူလည်း..ပန်းကလေးတွေ…တင်ပြပေးပါဦး.။
    မန္တလာသူရဲ ့ပန်းကလေးတွေက တကယ်..စိတ်ကြည်လင်စေလို ့..တင်ပြိးသားတွေ.ကို ကုူးယူထားပြီး..ပြန်..ကြည့်မိတဲ့အထိပါပဲ.။

    အရီး..လတ်ရေ…ကျေးဇူးပါပဲ.နော် ။

    အားလုံးကို ခင်မင်စွာ….

    • aye.kk

      March 18, 2012 at 8:13 pm

      အလင်းဆက်ရေ..
      နှုတ်ကြောင့်သေ..
      ကျမ်းကြောင့်ကြေ….တဲ့
      ကြောက်စရာအကောင်းဆုံးကပါးစပ်သေနတ်ပါဘဲ..။

  • Mon Kit

    March 19, 2012 at 9:01 am

    ဟွန့်!!!
    သူရို့ယောကျာင်္းတွေမှာတော့ လက်နက်မရှိတာ ကျနေတာဘဲ….
    🙁 🙁

  • နတ်ဆိုးလေး

    March 19, 2012 at 11:21 am

    နတ်ဆိုးလေး တို့ က လူပျို လေးတွေဆိုတော့ တိဘူးဂျ။ဒါမျိုးက ကိုဗြဲသီး တို့ ကိုပေါက်တို့ အသိဆုံ။ အဲ့ဒီထက် ပိုသိချင်ရင် ပါမောက်ခုတ် သူကြီး ကိုမေး အဲ့လိုင်းမှာ သူ ဆြာကြီး။

Leave a Reply