မြင်မိတဲ့ သစ်ခွပန်းပြပွဲ

koaungMarch 16, 20124min18418

လွန်ခဲ့တဲ့တပတ်ကရောက်ခဲ့တဲ့ သစ်ခွပန်းပြပွဲကိုရွာသူရွာသားများကိုမိတ်ဆက်ပေးချင်ပါတယ် ဝင်ခကတော့7 ဒေါ်လှဖြစ်ပါတယ်
ထိုင်ဝမ်ဒေါ်လာ၂၀ဝပါခင်ဗျာ

 

ဒါကတော့အဝင်ဝမှာတွေ့ရတဲ့ ပန်းအလှဒီဇိုင်းပေါ့ဗျာ

 

ပုံ၂ ဒီဇိုင်းအမျိုးမျိုးပြင်ဆင်ထားပါတယ်

 

ပုံ၃ ကြည့်ရှုသူများကလဲကင်မရာကိုယ်စီနဲ့စိတ်တိုင်းကျ ရိုက်ကြသည်

 

ပုံ၄ အဝင်ဝလေးတွေကိုပါဒီလိုမြင်ရပါတယ်ဗျာ

 

ပုံ၅ အတွင်းပိုင်းမှာဒီလိုမြင်ရပါတယ်

 

ပုံ၆ တည့်တည့်မြင်ရတာကဒီလို

 

ပုံရ အနီးကပ်မြင်ရတာကတမျိုး

 

ပုံ၈ အဖြူရောင်လေးပါ

 

ပုံ၉ အဝါရောင်လေးပါ

 

 

 

 

ပုံ၁ဝ ရင်ဘောင်တန်းနေပုံ
ပုံ၁၁ ကျနော်အနှစ်သက်ဆုံးပုံဖြစ်ပါတယ်

 

 

 

ပုံ၁၂ သူကခရမ်းရောင်အစင်းလေး

 

ပုံ၁၃ ကဲဗျာဓတ်ပုံကြည့်ရတာလဲမောပြီမို့ ဟောဒီကကောက်ညင်းထုက်ကလေးစားကြပါဦးလား ဘဲဥအနှစ်။မှိုခြောက်။ပုဇွန်ခြောက် တို့နဲ့ ကောက်ညင်းအဖြူထယ်ကိုပြန်ပြုတ်ကျော်ထားတာပေါ့ဗျာ

 

အခုလိုသည်းခံအားပေးကြတာကို  ရွာသူရွာသားများအားအစဉ်လေးစားလျှက်

မောင်အောင်

 

 

18 comments

  • MaMa

    March 16, 2012 at 10:06 pm

    အပေါ်က ပန်းတွေကို သွားရည်ကျပြီး နောက်ဆုံးအစီအစဉ်မှာ အဝစားသွားပါတယ်။ 😀

  • blackchaw

    March 16, 2012 at 10:19 pm

    ကိုအောင်ရေ။
    ကျွန်တော်လည်း ဝင်အားပေး ပြီး
    လက်မလေးတစ်ချောင်း ထောင်သွားပါတယ်ဗျာ။
    :mrgreen:

  • Don Juan Ronald

    March 16, 2012 at 10:36 pm

    သစ်ခွပန်းကြိုက်တဲ့လူတယောက်ကအောက်ပါအတိုင်းရေးထားတာကိုဖတ်ဘူးသည်။

    when i was a student ,our teacher told us that the orchids is the most progressive plant in the Botany, its specialize roots can produce food only by absorb the carbon dioxide and moisture from the air not the earth. So i like it very much, whenever i found it in the bazaar which was sold by the woodman,i should bought it and brought back home and tied it one dry coconut-shell, then hang it under the roof of corridor. As the fruit of the orchid was become ripe and dry then it was blast out and thousands of powdery seeds were spread and gone with the wind to process thier new generations.

  • kyeemite

    March 17, 2012 at 9:22 am

    ကိုအောင်တင်ပြပေးတဲ့ပန်းလေးတွေကြည့်ရတာ
    စောစောစီးစီး ကျက်သရေရှိပါ့ဗျာ..ကျေးကျေးပါ..

  • kyeemite

    March 17, 2012 at 9:30 am

    ပြခန်းမှာ မျက်နှာကျက်မတတ်ထားပဲ
    ဒတ်လိုင်းတွေ ဒီအတိုင်းမြင်နေရတာတော့ထူးခြားတယ်ဗျို့..

  • ဆူး

    March 17, 2012 at 9:38 am

    ပန်းကြည့်ပြီး အားကျမိတာ နောက်ဆုံးပိတ်ကျတော့ သွားရည်ပါကျသွားတယ်။
    တော်တော် ဆိုးတယ်။
    နောက်နေ့ တရုတ်တန်းမှာ သွားဝယ်စား ပစ်မယ် ဒါပဲ.. ဟွန့် 🙁 😥

  • pooch

    March 17, 2012 at 5:17 pm

    လှလိုက်တာ ။ သူတို့ရာသီဥတုကအေးတော့ ဒီလိုရာသီမှာတောင် ပန်းပြပွဲလုပ်နိုင်တယ်။ ဒီမှာတော့ အခါနားနီးလို့ ပူနေပြီ။ 🙁
    အပြင်တောင် သိပ်မထွက်ချင်တော့ဘူး။ ပူစပ်ပူလောင်နဲ့မို့။
    ကောက်ညှင်းထုပ်က စားကောင်းမဲ့ပုံပဲ။

  • koaung

    March 17, 2012 at 6:41 pm

    မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်
    အခုလိုသည်းခံအားပေးတာကိုကျေးဇူးတင်သလို ငပလီလိုလှပတဲ့ဒေသမျိုးမှာ ကြီးပြင်းတဲ့ ကိုသန်းထွဋ်ဦးကိုလဲ အားကျမိပါကြောင်း 😀
    မမ ခင်ဗျား
    ကောက်ညင်းထုက်ထဲမှာ ကျနော်လဲဒီကောက်ညင်းထုက်အရသာကိုမှကြိုက်ပါတယ် ငယ်ငယ်ကထဲက ပုဇွန်ခြောက်ငါးခြောက် စားပြီးကြီး
    ပြင်းခဲ့ရတာမို့ပုဇွန်ခြောက်အနံ့လေးသင်းနေတာက မြန်မာ့အရသာနဲ့တူသလိုလိုလေးပါ တန်ဘိုးက ၂ဒေါ်လှပါ တထုက်ကို 😀
    ကိုချောရေ
    ဖုရားဖူးပြန်ကိုချောအား အားကျမိပါ၏ (ကျိုက်ထီးရိုးဖုရားဖူးရတာကျေးဇူးတင်သလို တောင်ကိုခြေကျင်တက်ချင်လိုက်တာဗျာ)
    Don Juan Ronald ခင်ဗျား
    အခုလိုအားပေးတာကျေးဇူးပါ 😀
    kyeemite ခင်ဗျား
    ကိုကြီးမိုက်ရေ ကျေးဇူးပါနော် ဒီနေရာတဝိုက်က ပြည်တွင်းနဲ့ပြည်ပ လေယဉ်အတက်အဆင်းလုဎ်တဲ့လမ်းကြောမို့ လူနေအိမ်မရှိပဲ
    ပြခန်းနေရာတွေအဖြစ်သီးသန့် ထားတဲ့နေရာတွေဖြစ်ပါတယ် အပေါ်ကပိုက်လိုင်းများဟာ လေပူလေအေးပိုက်များဖြစ်ကြပြီးအပူချိန်ကို
    လိုသလို ထိန်းချုက်ထားပါတယ် ဒါမှလဲအပင်တွေအစဉ်အမြဲရှင်သန်လန်းဆမ်းနေနိုင်မှာပေါ့နော်
    မဆူးခင်ဗျား
    တရုတ်တန်းသွားဖြစ်ရင် လမ်း၂ဝကဆန်ပြုတ် နဲ့ဘဲသွေးသုက် ရယ် မျက်စောင်းထိုးက ကော်ကျော် လေးပါ ကျနော့ဖို့ပိုစားခဲ့ပါ :mrgreen:
    (လွမ်းလိုက်တာ )
    pooch ခင်ဗျား
    ဒီကောက်ညင်းထုက်က မန်းတလေးထိုးမုံ့ကိုမမှီပါဘူးနော:D ကျေးဇူးတင်ပါတယ်သည်းခံအားပေးမှုအား

    • ဆူး

      March 19, 2012 at 3:14 pm

      ဆန်ပြုတ် နဲ့ ဘဲ အသည်းအမြစ် သုတ် ကို ပိုကြိုက်တယ်။ ကော်ကြော်ကတော့ အမုန်းပဲ.. ဆွဲ တာ ခဏခဏပဲ.. ရန်ကုန် ကနေ ပါဆယ် ပို့ပေးမယ်။ ပေါက်ပေါက်ဆုပ် နဲ့ ကန်ဇွန်းရွက် ရှိတယ် ဆိုရင်.. ဟဲဟဲ..

  • metallic

    March 17, 2012 at 10:48 pm

    နံပတ် ၈ ကအဖြူရောင်လေးပါ :))
    နံပတ် ၉ ကအဝါရောင်လေးပါ
    ဟုတ်လို့လားဟင် ?????

  • padonmar

    March 17, 2012 at 11:06 pm

    လှလိုက်တဲ့ သစ်ခွတွေနော်။
    မယ်ပုရဲ့ သစ်ခွတွေနဲ့ အပြိုင်ပေါ့။
    မြန်မာပြည်ကကောက်ညှင်းထုပ်က တရုပ်ငံပြာရည် အရောင်ပါတော့ ဒီလို မဖြူနေပါ။ဘဲဥအနှစ်၊မှို ထည့်တာ မတွေ့ဖူးသေးပါ။

  • koaung

    March 18, 2012 at 1:51 pm

    metallic says:

    နံပတ် ၈ ကအဖြူရောင်လေးပါ 🙂 )
    နံပတ် ၉ ကအဝါရောင်လေးပါ
    ဟုတ်လို့လားဟင် ?????

    metallic ခင်ဗျား မျက်စိမကောင်းရင် ဒေါက်တာ ပဒုံမာနဲ့ဆက်သွယ်စေလိုပါကြောင်း (နောက်တာနော်) 😀

    padonmar ဆရာမကြီး မမပဒုံမာခင်ဗျား ဒီမှာတော့တရုတ်ငံပြာရည် ထဲ့ပေမည့် အရောင်မဲမှာဆိုးလို့အနဲငယ်သာထည့်တတ်ပြီး အသားပြုတ်အရည်
    (အရသာချိုမြိန်စေရန်) အဓိကထား သုံးစွဲကြပါကြောင်း

  • windtalker

    March 18, 2012 at 1:59 pm

    အားပါး… ပန်းတွေက တန်ဖိုး နည်းမှာ မဟုတ်ဘူးနော ။ ကောက်ညှင်းထုပ် ကို ပိုကြိုက်မိကြောင်း ပြောခွင့်ပြုပါ ကိုအောင်ရေ ။ ရှလွတ်

  • Moe Z

    March 18, 2012 at 2:27 pm

    ကိုအောင်ရေ ကြိုက်တဲ့ပုံလေးတွေကူးသွားပါတယ်
    ကောက်ညှင်းတော့မကြိုက်လို့ မစားတော့ဘူး ကျေးဇူးနော် ..

  • inz@ghi

    March 19, 2012 at 10:26 am

    ဟာဂျာ….
    ရှက်စရာဂျီး ဂျာ …
    ပန်းဆိုတာ သစ်ပင်ရဲ့ မျိုးပွားအင်္ဂ ါ ပါဆို….

    ဘာလို့ ဒါ့ပုံရိုက်လာရတာတုန်း…
    ကိုယ်ချင်းမှမစာ ..တူတို့လေးဒွေ ရှက်နေရှာတော့မယ်…
    ကိုအောင် တော့ ဘယ်တော့ ဝဋ်လည်မယ် မသိ….
    အာဟိ….

    😀

  • koaung

    March 19, 2012 at 1:55 pm

    ကိုပေရေ
    ကောက်ညင်းထုက်ကလဲစားလို့ကောင်းသလို မန်းတလေးထိုးမုံ့ကိုလဲလွမ်းဆွတ်ဆဲပါ
    ဆရာမလေးမိုးဇက်ရေ
    သည်းခံအားပေးတာကိုကျေးဇူးပါဗျာ
    ညီလေးဂီဂီရေ
    ကိုကိုဒဲလို့ခေါ်ပါရစေ ကွန်ပြူတာဝယ်ပြီးပြီထင်ပါ့ ကြုံတုံးရိုက်ပန်းတွေချည်းတင်နေရလို့ တခါတလေ ပြပွဲလေးလုဎ်တုံး ရွာသူရွာသားတွေကိုဝေမျချင်လို့ပါ ကိုယ့်လိုတော့မဖြစ်စေနဲ့ ဒါ့ပုံဆြာလုဎ်ပြီးစိုင်အပစ်ကောင်းလိုက်တာ မောင်ဂျီးမပြန်နိုင်တယ်
    ဇတ်ကားနဲ့ တောထဲမှာရွာလည်သွားသလို :mrgreen: ပန်းတနော်အလှုမှာ ကိုယ့်ညီရဲ့ အမြင်နဲ့ မြန်မာ့အလှများကို ဘယ်လိုယူဆသွားသလဲ
    ဆိုတာကို ပျော်ရွှင်ဝမ်းမြောက်စွာနဲ့စောင့်ဆိုင်းနေပါကြောင်း

  • Ma Ei

    March 19, 2012 at 3:31 pm

    ကိုအောင်ရေ…
    သစ်ခွပန်းတွေ လှလိုက်တာ…
    ဝင်ကြေး 7 ဒေါ်လှ မပေးရဘဲ ကြည့်ရတော့ ပိုတန်သွားပြီ…
    ဘာဘီမလေးရဲ့ ဂါဝန်လေးကလဲလှပါ ့…

Leave a Reply