စစ်ကိုင်းတိုင်း ဒေသကြီး ၊ တန့်ဆည်မြို့ အတွင်း ဗိုက်ကလေး စားသောက်ဆိုင်တွင် မတ်လ (၁၂) ရက်နေ့ က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်၏ ညီ ကြံ့ခိုင်ရေး ကိုယ်စားလှယ် အမတ် ဦးတင်မြင့် နှင့် မြို့မိမြို့ဖမှ လူကြီးများက NLD လူငယ်ခေါင်းဆောင်များအား ခေါ်ယူကာ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

” နိုင်ငံရေး အကြောင်း မင်းတို့နားလည်လို့လား၊ နိုင်ငံရေးဆိုတာဘာလဲ ပြောစမ်းပါအုံး၊ ဒီမိုကရေစီဆိုတာ ဘာလဲ၊ဒီမိုကရေစီ ဆိုတာ သိရင် ရှင်းစမ်းပါအုံး နိုင်ငံရေးဆိုတာ ဘာမှမသိဘဲ လုပ်လို့မရဘူး ငါတို့ကလဲ မပိုင်ရင်ခြင်တောင် မရိုက်ဘူး မင်းတို့ လုပ်လဲ အပိုပဲ အာဏာက တို့လက်ထဲမှာကွ အခုမင်းတို့ တောင်းတဲ့ ဒီမိုကရေစီ ရနေပြီလေ မင်းတို့တောင်းတဲ့ ဒီမိုကရေစီဆိုတာ ဗီဒီယို ရုံထဲမှာ ဖူးကား ပြချင်လို့လား မင်းတို့နဲ့ တန်တဲ့ ဒီမိုကရေစီရမှာဘဲကွ၊ ကဲမင်းတို့ က ဘာတွေတောင်းဆိုချင်တာလဲ ငါက အမတ်ပါကွ ငါ့ကိုပြောစမ်း အခုချက်ချင်း စာနဲ့ချရေးကွာ ငါလွှတ်တော်ထဲမှာ တင်ပြပေးမယ်” ဟု အမတ်ဦးတင့်မြင့်က ခြိမ်းခြောက်ပြောဆိုခဲ့တာ ဖြစ်ပါသည်။

ထို့အပြင် မင်းတို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် ကတော့ လီး ပဲ ကွာဟု အမတ် ဦးတင့်မြင့်၏ ညီ နောက်လိုက်တော် လက်စွဲ စွယ်တော်နန်းစိုက်ပျိုးရေး ပစ္စည်း ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် မောင်ကျော်စိုးအောင် က အပြန်တွင် ဆဲဆိုသွားခဲ့ပါသေးသည်။

မတ်လ ၁၂ ရက်နေ့ ညနေ ၃ နာရီ တွင် ခေါ်ယူခြိမ်းခြောက် ခံရသူများမှာ NLD လူငယ်များကို ဦးဆောင်လှုပ်ရှားနေသော တန့်ဆည်မြို့နယ် လမ်းဆုံ မှ အောင်တံခွန်ကျူရှင်ဆရာ ဦးမြင့်ထွန်းနှင့် ဦးအုန်းမြ တို့ ဖြစ်ကြောင်း Myanmar news now  မှ သိရှိရပါတယ်…………

About နတ်ဆိုးလေး

နတ်ဆိုး လေး has written 16 post in this Website..