ရေချိုးတတ်ပြီလား

ခ်စ္တတ္သူMarch 16, 20121min12910

ရေဘယ်လိုချိုုးမလဲ

ပင်ပန်း နွမ်းနယ် နေချိန်မှာ ရေစိမ် ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှုပြေ လျော့ပြီး စိတ်ကို လန်းဆန်း သွားစေပါ တယ်။ ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှ မဟုတ် ရေချိုးဆီ ထည့်ပေးတာက စိတ် နဲ့ ခန္ဓာကို အနားရစေပါတယ်။ ဆေး ပညာကုထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူပင် သောကများ နေသူတွေ အတွက် နေ့စဉ် ကြက်သီးနွေးရေထဲ စိမ်ပြီးချိုးတာ ရှစ်ပတ်ကြာတဲ့အခါ ရရှိတဲ့အာနိသင်ဟာ ဆရာဝန် ညွှန်ကြားတဲ့ ဆေးသောက် တာထက် ပိုမို အာနိသင် ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြားအကြောင်းရင်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

(၁) အရေပြားခြောက်သွေ့ ညစ်နွမ်းမှုကို ကင်းဝေးပါတယ် ရေထဲကို ဂျုံမှုန့် အနည်းငယ် ထည့်ပြီး ရေချိုးပေးတဲ့အခါ ယားယံရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြားခြောက်သွေ့ညစ်နွမ်းမှုကို ကင်း ဝေးစေပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဓာတ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိလို့ပါ။ ဂျုံမှုန့်ကို သန့်ရှင်းခြောက် သွေ့တဲ့ ခြေအိတ်ထဲကို ထည့်ပြီး သား ရေကွင်းနဲ့ ချည်ပြီး ပိတ်လိုက်ပါ။ အဲဒီ အိတ်ကို ရေနွေး ဒါမှမဟုတ် ရေအေး ထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီး အချိန် ၁၅- ၂ဝမိနစ်ခန့် စိမ်ပြီး ချိုးပေး ရမှာ ဖြစ်ပါတယ်။

(၂) ဦးနှောက်ကို အားဖြည့်ပေးနိုင်ပါတယ် ရေချိုးကန်ထဲကို မရှိမဖြစ်ဆီ ( Essential Oil) ထည့်ပြီး ရေထဲ စိမ်ချိုးပေး ပါ။ မွှေးရနံ့ဆီတွေက မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန် စေသလို စိတ်ဖိစီးမှုကို လည်း ပြေလျော့သွားစေပါတယ်။

(၃) အအေးမိဝေဒနာကို တွန်းလှန်နိုင်ပါတယ် ကြက်သီးနွေးရေချိုးပေးတာက နှာခေါင်းပိတ်တာကို သက်သာစေပြီး ခန္ဓာ ကိုယ်ကိုက်ခဲနာကျင်မှုကို လျော့ပါးစေပါ တယ်။ ရေချိုးရင်း အပန်းဖြေတာက ဦး နှောက်ထဲက နာကျင်ကိုက်ခဲမှု လျော့ ကျစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းကို အ ထွက်တိုးစေလို့ပါ။

(၄) ညဘက် ကောင်းကောင်း အိပ်မောကျ စေပါတယ် ညဘက်မှာ ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန်လျော့ကျသွားပြီး ခန္ဓာ ကိုယ်ကနေ မယ်လတိုနင်လို့ခေါ်တဲ့ ဟော် မုန်းအထွက်တိုးစေပါတယ်။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေချိုးပေးတာက စိတ် နဲ့ ခန္ဓာကို လန်းဆန်းသွားစေတာကြောင့် ကောင်းကောင်း အိပ်မောကျစေပါတယ်။

(၅) ပင်ပန်းမှုကင်းပြီး လန်းဆန်းသွားစေ ပါတယ် တစ်နေကုန် ပင်ပန်းနွမ်းနယ်နေချိန် မှာ ရေချိုးလိုက်ရင် ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းပြီး အပန်းပြေလန်းဆန်းစေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါ တယ်။

10 comments

  • water-melon

    March 17, 2012 at 9:06 am

    ကိုနာဂချစ်သူ
    ဂျပန်စတိုင်ကြိုက်ရင်
    ဂျပန်ပြန်ကြီး ကိုကြီးဂီကိုမေးကြည့် 😀
    တို့လည်း စမ်းကြည့်အုန်းမှ

    • သတိ … သတိ ..
      ဗြဲသီး ရေချိုးခန်းထဲတွင် မနေ့က CCTV ကင်မရာ တွေ့လိုက်ပါ၏ …
      ဗြဲသီး ဂျပန် ချိုးနည်းဖြင့် ချိုးနေကြောင်း ဗွီဒီယို မှတ်တမ်းများအရ သိလိုက်ရပါ၏ …
      ဟီဟိ … 😀

      • water-melon

        March 17, 2012 at 11:07 am

        ဟဲ့တောင်မ
        နာ့ပုံကို ဘယ်ဆိုဒ်မှာတင်လိုက်ပြီလဲ
        ညည်းရော ဘယ်လိုချိုးတာလဲ

        • နာကတော့ …
          ဗလာချိုး .. အဲ … ဗမာချိုးပဲ .. ချိုးတယ်ဟေ့ ..
          ညည်းပုံတော့ ကွန်မကောင်းသေးလို့ တင်ရသေးဘူး …
          မတင်စေချင်ရင် … ဟင်း .. ဟင်း .. သိဒယ် မီဟုတ်ရား …
          😀

  • kyeemite

    March 17, 2012 at 9:26 am

    ကျန်းမာရေးအတွက်နည်းလမ်းကောင်းလေး
    တင်ပြပေးတာဖတ်သွားတယ်ဗျို့..

  • mg mg

    March 17, 2012 at 10:51 am

    “ဂျုံမှုန့်ကို သန့်ရှင်းခြောက် သွေ့တဲ့ ခြေအိတ်ထဲကို ထည့်ပြီး”
    လက်အိတ်ဆိုလျင်ကော မရဘူးလား။(နောက်တာပါ)

  • windtalker

    March 17, 2012 at 12:09 pm

    ကျုပ်ကတော့ အခုခေတ်ပေါ် ခေတ်စားနေတဲ့ ရေချိုးခန်း ဆိုတာဘဲ စိတ်ဝင်စားနေတယ်ဗျာ ။
    သိရှိသူများ ပို ့စ်တစ်ပုဒ် နဲ ့လမ်းညွှန်ကြပါဦး။

    • ကြောင်လေး

      March 17, 2012 at 9:38 pm

      ကိုပေ ကိုယ့် ကိုယ် ကို ကြော်ညာချင်လို့ထင်တယ်။

  • chel gyi

    March 17, 2012 at 1:45 pm

    ရေချိုးရင် သူများချိုးပေးရင် တအားဇိမ်ခံလို့ ကောင်း……..

    ငယ်ငယ်တုန်းက ကြောတာ…..

Leave a Reply