အလှူပေး သူဌေးကြီးဖြစ်၏ မိုက်ကယ်ဂျော်နီအောင်ပု အလှူကြီးပေးမည်

သတ္တလောကသားတို့၏ သဘာဝတည်း

အကြင်သူသည် ( မယဉ်ကျေးသည့်အခိုက် )

တံငါသည်တို့နားနီးသော် တံငါသည်တို့အကျင့်၌ တည်ကြကုန်လေပြီး ( သဘော ) ( တည်ရန်မခက်တုံခြေဟု တစ်နည်း )

မုဆိုးတို့၏အနီးတွင်ဖြစ်လတ္တံ့ မုဆိုးတို့၏အကျင့်သည်တည်ရန်မခက်တုံလှခြေ ( သဘော ) ဟု ဆိုသော်ငြား

ပတ္တမြားတို့မည်သည် နွံတွင်း၌ ကာလရှည်ကြာနစ်မြုပ်လတ္တံ့ ယူဆောင်ဖေါ်ထုတ် သန့်စင်ပြီးသောခါ အဘယ်မှာ အရောင်မှေးမှိန်နိုင်အံနည်း။ ( made in တရုပ်ဆိုရင်တော့ ကျုပ်လဲတိဝူး )

ဤကား နိဒါန်းတည်း။

ဒရန်တန်တန်

စာရေးသူ ( စာရေးဆရာ ) –  မိုက်ကယ်ဂျော်နီအောင်ပု

မြှောက်ပေးသူ ( ဟုတ်ပါဘူးယောင်လို့ 😀 ) ထုတ်ဝေသူ – သဂျီး

………………………

အနည်းငယ်လေပေါပါအံ့

ဂေဇက်ရွာ၏ စာပေကဏ္ဍတိုးတက်စေရေး အားစိုက်၍ရေးခြင်ပါသော်လည်း ယ္ခုအခါ ကျွန်ုပ်မှာ အနည်းငယ် မူးနေပါသဖြင့်

အစဉ်ပြေသလို အနည်းငယ်ရေးပါအံ့

အများသူငှာ အလှူဒါနပေးနေကြကုန်လေ၏။

ကျွန်ုပ်မှာပေးခြင်ပါသော်လည်း ထိုသောဌာနအနီးတွင်မရှိရပါ။

အခြင်းဌာနသို့ ချဉ်းကပ်ခြင်ပါသေည်လည်း ပြုပြီးသမျှ ကိစ္စတို့ကြောင့် ( #&*(@! သမ္မဒ ။  #&*(@! စစ်အာဏာရှင်တွေ ။  #&*(@! ဘာညာကွိကွတွေ )

သံဂေါင်းစွပ်ကောင်းကောင်း ရှာမတွေ့သေးခြင်းကြောင့် မလာနိုင်အားသေးပါ ( အနှီး အလှူဌာနသို့ )

သို့ပါသဖြင့်

ကျွန်ုပ်တွင်

နှစ်ထောင့်ငါးရာ ကျပ် သော ( ဗမာပိုက်ဆံ ) ကို အလှူဒါန ပြုရန် လွန်စွာ စိတ်အားထက်သန်လှပါသဖြင့်

www.myanmargazette.net တွင် မှီတင်းနေထိုင်ကြကုန်သော အလှူ၌ စိတ်စေတနာထက်သန်ကြကုန်သော

အကြင်သူတို့သည် ( မည်သူမဆို ) ထိုသော နှစ်ထောင့်ငါးရာ ကျပ် သော ( ဗမာပိုက်ဆံ ) ကို

ကျွန်ုပ်၏ ကိုယ်စား ချေးငှားထည့်ဝင်ကြစေကုန်သတည်း။

ပုံ

မိုက်ကယ်ဂျော်နီအောင်ပု

23 comments

  • Khin Latt

    March 17, 2012 at 5:09 am

    “ထိုသော နှစ်ထောင့်ငါးရာ ကျပ် သော ( ဗမာပိုက်ဆံ ) ကို အသင်၏ ကိုယ်စား ချေးငှားထည့်ဝင် လျှင်”
    ဆိုတော့ ချေးငှား ဆိုသောကြောင့် အလကားမဟုတ်။
    အလကား မဟုတ်သောကြောင့် အတိုး ပါရမည်။
    အတိုး ပါမည်ဆိုလျှင် စိတ်ဝင်စားသည်။
    မည်သို့ ပေးမည်နည်း။

    ဒါနဲ့ – တစ်ခြား Post တစ်ခု မှာ ဦးကြီးပု စာတမ်းရေးနေတယ် ကြားတယ်။
    ကြောင်ကြီး ကို ရှဲဒိုးရေးခိုင်းပါလား။
    တလွဲ တွေဖြစ်မှာ မစိုးရိမ်ဘူး ဆိုရင်ပေါ့။ 😀

  • Gipsy

    March 17, 2012 at 7:55 am

    ကိုပုရေ ..
    မူးနေတယ် ဆိုလို့ ..
    ကျန်းမာရေး ဂရုစိုက်ပါဦး…
    ချေးငှား ထည့်ဆိုလဲ ထည့်ပေးပါ့မယ်..
    ဘယ်တော့ ပြန်ရမလဲ ဟင် ငင်ငင်ငင်…။ :mrgreen:

  • ကြောင်လေး

    March 17, 2012 at 8:37 am

    လှူချင်စိတ်ပြင်ထန်နေရင် ချေးလှူရင်လဲ သူဌေးကြီးဖြစ်နိုင်ပါတယ်ကိုပုရေ၊ နောင်ဘဝသူဌေးဖြစ်မှ အရီးလတ်ရဲ့ အကြွေးကို အတိုးနဲ့ပြန်ဆပ်လိုက်ပေါ့…..

  • ဆူး

    March 17, 2012 at 9:17 am

    ဘကြီးပု အလှူအတန်း စိတ်ဝင်စားတဲ့ အတွက် အလွန်ပင် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။
    မှန်သော စကားဆိုရမည် ဆိုလျှင် အလှူနဲ့ ပတ်သတ်ပြီး သတိရတိုင်း အလှူရှင်များလည်း ကျန်းမာချမ်းသာပါစေ။ လှူဖို့ စိတ်ကူးနေသူတွေလည်း ကျန်းမာချမ်းသာပါစေ။ လှူဖို့ စိတ်ကူး မရှိသူတွေလည်း ကျန်းမာချမ်းသာပါစေ။ ပိုစ်ဖတ်ပြီးသူတွေလည်း ကျန်းမာချမ်းသာပါစေလို့ မေတ္တာပို့ပါတယ်။ အလှူအကျိုးကို အပြည့်အဝ ခံစားရရှိနိုင်ကြပါစေလို့ ၁နေ့ကို အနည်းဆုံး ၁ကြိမ်တော့ မေတ္တာပို့ ပါတယ်။ ရေစက်ရှိသူတွေ အလှူမှာပါဝင်လာကြလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
    ဒီအလှူက အစက သူများအလှူ ဂေါပက လုပ်တာ.. အခုတော့ ဒီအလှူက ဆူး အလှူလို့ သဘောထားပြီး စိတ်ထဲမှာ အချိန်နဲ့ အမျှ ဘာလုပ်ပေးရရင် ကောင်းမလဲလို့ တွေးနေမိတယ်။
    အလှူ ပမာဏ အနည်းအများ ကို ဘယ်လိုမှ သဘောမထားပါဘူး။
    အလှူနဲ့ ပတ်သတ်ပြီး အားလုံးကို စိတ်ချမ်းသာစေချင်တယ်။
    အားလုံးကိုလည်း စိတ်ကြည်ကြည်လင်လင်နဲ့ အလှူလုပ်ဖြစ်စေချင်တယ်။
    လုပ်ပေးနိုင်တဲ့ အတိုင်းအတာနဲ့ လုပ်နိုင်အောင်လည်း ကြိုးစားနေပါတယ်။
    အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

  • mg mg

    March 17, 2012 at 10:29 am

    စေတနာ ပဓာနပါ

  • လှူမယ်ဆိုရင် အတိုးမဲ့နဲ့ချေးမယ်ဗျာ။
    ုမိုက်ကယ်ကြက်ဖင်ဂျော်နီချစ်စ /ဆရာ အောင်ပုရေ။
    မေ့လို့ အကယ်ဒမီပါသေးတယ်

  • MaMa

    March 17, 2012 at 2:48 pm

    မသိချင်ဟန်ဆောင်နေမှ။ 😆

  • ba gyi

    March 17, 2012 at 4:21 pm

    အင်း — ကတော့ ကိုအောင်ဘုကြီးလှူပုံက- ဟို ဒို့များ တပ်ချုပ်ဟောင်းကြီးမိသားစုဒွေ လှူဒလိုဘာဘဲလား၊
    ဟိုတုန်းကရှို တပ်ရှုပ်ဟောင်းကြီးကတော် ကဘယ်မှာဘယ်လိုလှုမယ်ကြားဒါနဲ့ အဲ ဒါ လှူ ဖြစ်မြောက်အောင် ဝိုင်းထည့်ဘို့ စပွန်စာဒွေ က အော်တို ရောက်လာကြရသဒဲ့၊(ရောက်စေ–စမြောင်း။) အဲသည်စပွန်စာဒွေ ကောင်းမှုနဲ့၊ ဒိုများတပ်ရှုပ်ဟောင်းကြီးမိသားစုဒွေက၊ ကဗျည်းထိုးကြသတဲ့ ဗျား။
    သဒ္ဒါထက်သန် ပါပေ့ ကတော့ကိုအောင်ဘုကြီး၊ ကျောက်ဆည် သားဘဲလား ဟင်။
    ( ကောင်းမွန်သောကျောက်ဆည်သားများမပါပါဟုမှတ်ပြီး၊လိပ်ပြာလုံကြပါကုန်။)
    သာဓု သာဓု သာဓု။

  • တညင်သား

    March 17, 2012 at 5:14 pm

    ကိုအောင်ပု တကယ်လှူပစ်လိုက်တော့မှာလား………:)

  • pooch

    March 17, 2012 at 5:47 pm

    အချေးအငှားဆိုရင် တကျပ်လည်း မချေးချင်ဘူး နှစ်ဆယ့်ငါးကျပ်လည်း မချေးချင်ဘူး ။
    ဒါလေးတော့ သီးခံပါ မာမီပု ။ အချေးအငှား ဝါသနာမပါလို့ပါ။ 😀

  • jaryitt

    March 17, 2012 at 6:06 pm

    မိုက်ထှာကွာ ကိုအောင်ပုအလှူက နာတောင်အားကျလာပြီ…။

  • Khin Latt

    March 18, 2012 at 5:26 am

    ဦးကြီးပု က ကျွန်မရဲ့ ဖေးဘရိတ် မို့ နောက်တစ်မျိုးဖြင့် ကူညီနိုင်ပါသေးသည်။
    ဦးကြီးပု ရဲ့ နှစ်သောင်းကျော် သော ပွိုင့်များမှ ပွိုင့်သုံးထောင် အား လွဲပေးပါ က ကျပ် နှစ်ထောင့်ငါးရာ ကို မမ နှင့် ဆူးထံ ရောက်စေရမည်။ အဟိ 😉

    • ဆူး

      March 18, 2012 at 10:34 am

      ပွိုင့်လွဲပြောင်းသော ကိစ္စ သည် သဂျီး နဲ့ ညှိရမည် ဖြစ်သောကြောင့် သဂျီး နဲ့ ထိပ်တိုက် တွေ့အောင် လုပ်သလို ဖြစ်နေပြီ။
      သဂျီးက အခုတလော မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်နေလို့ အောင်ပု လက်ခံလျှင်တောင်မှ ထို ကိစ္စ လုံးဝ ဖြစ်နိုင်မည် မဟုတ်ပါကြောင်း။

      • မိုက်ကယ်ဂျော်နီအောင်ပု

        March 18, 2012 at 12:56 pm

        ပြောလို့ပြောတာ
        ထီထိုးသလိုပေါ့ဗျာ
        ကံကောင်းထောက်မလို့
        ရခဲ့မယ်ဆိုရင်တော့ ကျုပ်ရဲ့ဆာမူခထဲက
        သဂျီးမင်းတွက်ပါ တစ်ထောင်ကျပ် ( ဗမာပိုက်ဆံ ) ထည့်ဝင်လှူဒါန်းခြင်ပါသေးကြောင်း

  • Moe Z

    March 18, 2012 at 9:40 am

    မာမီရယ် သမီးလှူပေးပါ့မယ် ဘာလို့သူများတွေဆီကလျှောက်ချေးနေတာတုန်း
    ၂၅၀ဝကျပ် မာမီ့နာမည်နဲ့လှူလိုက်မယ် သာဓုခေါ်ပေးနော် 😀

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 18, 2012 at 12:53 pm

      Aိမ်းAိမ်းAိမ်း
      မာမီ့သမီးလေးတော့ ကုသိုလ်တွေအောလပုံ ပြစ်စလတ်ခတ်ရအုန်းတော့မှာဘဲ
      သာဓုပါ သာဓုသာဓု
      လင်ကောင်းကောင်းရပြီး
      ကလေးတွေစိတ်ကြိုက်မွေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

  • ခပ် KING ကင်း

    March 18, 2012 at 4:28 pm

    လှူလို့ရှိရင်
    ဘကြီးပုအား ရည်စူး၍ လို့ လှူရမှာလား
    ရည်မှန်း၍ လို့လား ဒါမှမဟုတ် အမှူးထား၍လို့လား …. လို့လား လို့လားးးးးးးးးးး
    ဘပု တားကိုလည်း သူ့လို ဆုပေးနော် …. 😆

  • ကြောင်ကြီး

    March 18, 2012 at 7:35 pm

    ဘပုက အလှူဒါယိကာမဂျီး အူးတီဆန်ကို နောက်တာလား…. နှစ်ထောင့်ငါးရာလောက်ကတော့ ပျင်းသေးတယ်တဲ့… ဘပု အရက်ဖြတ်မယ်ဆိုရင် နှစ်ဆယ့်ငါးသန်း ဘပုကို အူးတီဆန်က ပြန်လှူလိုက်မယ်တဲ့..။

  • snow white

    March 18, 2012 at 8:01 pm

    ချေးပါ့မယ်
    ပြန်တော့ဆပ်နော် အတိုးမယူထားတော့ သက်သာသွားတယ်မှတ်နော်

  • padonmar

    March 18, 2012 at 8:23 pm

    ပုပုချေးရင် မြန်မြန်စိုက်လှူလိုက်ပါဆူးရဲ့။
    တော်ကြာ ငါးရှဉ့်ချက်တုံးကလို ရွှေစိတ်တော်ညို အလိုတော်မကျ ဖြစ်ပြီး ရွာကထွက်သွားမှဖြင့် 😀 😀

  • surmi

    March 18, 2012 at 11:59 pm

    ကျွန်ုပ်၏ ဂျလေဘီရောင်း၍ရသောအမြတ်ငွေသည်ကား တစ်ရက်လျှင် ၂၅၀ဝ ကျပ်မြတ်၏
    ကိုအောင်ပုသို.ချေးလေသော် တစ်ရက်ထမင်းငတ်မည်ဖြစ်၏ ။
    ကောင်းလေစွ ….. အငတ်ခံ၍လှုသော အလှုသည် လွန်စွာမြင်.မြတ်မည်ကား မလွဲဧကန်ဖြစ်ပေ၏။

  • yaungchikha

    March 19, 2012 at 9:42 am

    ဦးပုက ပိုက်ဆံချေးလှူမယ်ဆိုလို့ သာဓုခေါ်သွားပါတယ်နော့…

Leave a Reply