ပြောချင်တော့ဘူး

naywoon niMarch 17, 20121min25516

ရှိတာလေးနဲ့ဘဲ ရောင့်ရဲ
အဟာရမဖြစ်တဲ့
ဝမ်းပြည့်စာတွေနဲ့သာ
နေ့စဉ်ဘဝမှာ အူမတောင့်စေခဲ့ရ…..။
ဝမ်းဝ နေပေမဲ့
အဟာရဆိုတာကမှ မပါ
အားဆိုတာကအရိုးထဲကညှစ်ထုတ်နေရတော့
ချဉ်ဆီဆိုတာတွေလည်း ခမ်းတော့မပေါ့….။
အစားအသောက်တင်ပဲလား
နေရထိုင်ရတာကကော
အများနဲ့တန်းတူ
ကျောတစ်နေရာစာယူရင်း
ဆူညံသံတွေကြားမှာအိပ်စက်
မနက်လင်းတော့ကော
မနေ့ကလိုပဲ
ဝမ်းပြည့်လွယ်မဲ့အစာမာမာတွေနဲ့ပဲ
နှစ်ပါးသွားလိုက်ရ……။
အိပ်မက်ဆိုတာလည်း
မမက်ဖူးတာကြာပေါ့…။
ဒီလိုနဲ့ပဲနေတော့မလား
ဟင် ဘဝကိုကဒီလိုကျနေတာ
ဒါဖြင့်…….. ကင်းမြီးကောက်ထောင်နေရမလား
ဆိုတော့ မနောက်ပါနဲ့တဲ့….။
ဟုတ်တယ်လေ….။
နေ့စဉ်ဘဝ
ဝမ်းရေး ….ဝမ်းရေး ….ဝမ်းရေး…ဗျ
အဘယ်သူအလျဉ်မီအောင်
လာဖြေရှင်းပေးနေလို့လဲ…..။
အတတ်ပညာ-အရင်းအနှီးနဲ့ အချိန်အခါ
ဒေါက်သုံးဒေါက်မဏ္ဍိုင် ပြိုလဲရင်
သကြားမင်း နကင်းကြီးနဲ့လာကယ်ရင်တောင်မှ
တစ်ကယ် နွားမှတ်လို့ အသားပေါ်ရောင်းမိဦးမယ်
မပြောချင်တော့ဘူး…..။

နေဝန်းနီ

16 comments

  • windtalker

    March 17, 2012 at 8:52 pm

    အူမတောင့်မှ သီလစောင့်နိုင်မယ် ဆိုတာလဲ ရှိတာကလားဗျ ။
    ဘဝဟာ ဂိမ်းတစ်ခုဆိုလဲ နောက်တစ်ခန်း သွားရမှာဘဲ….

    • နေဝန်းနီ

      March 17, 2012 at 10:39 pm

      အူအတောင့်မှ သီလစောင့်တယဆိုပေမဲ့ ဝမ်းဝရုံလေးတင်ရယ် ….။ အဟာရဖြစ်မဲ့ အဆီအနှစ်မပါဘူးဆိုရင်ကော …. အဲဒိသီလ ဆိုတာစောင့်နိုင်ပါမလား…။ ဗိုက်တော့ပြည့်နေတယ်…။ ပါးစပ်က စားချင်သောက်ချင်တဲ့ အာသီသ မပြေဘူးကွာ…။ လုပ်နေတဲ့ အလုပ်မှာလည်း အစာကအဟာရနဲ့ အားထွက်ပြီးလုပ်ရတာမဟုတ်ဘူး …..။ အရိုးထဲက အားကိုညှစ်ထုတ်ပြီးလုပ်နေရတာ…။ အဲဒိလိုလူတွေ အနားမှာအများကြီးရှိတယ်…။ အဲဒါကိုပြောချင်တာပါမောင်ပေ………..။

      • ကြောင်လေး

        March 20, 2012 at 8:33 am

        “ဒေါက်သုံးဒေါက်မဏ္ဍိုင် ပြိုလဲရင်
        သကြားမင်း နကင်းကြီးနဲ့လာကယ်ရင်တောင်မှ
        တစ်ကယ် နွားမှတ်လို့ အသားပေါ်ရောင်းမိဦးမယ်
        မပြောချင်တော့ဘူး…..။”

        ဂွတ်လိုက်တဲ့ စာသားလေး………

        “ဗိုက်တော့ပြည့်နေတယ်…။ ((ပါးစပ်က စားချင်သောက်ချင်တဲ့ အာသီသ မပြေဘူးကွာ))…။”

        ခံစားချက်ခေါင်းစဉ်လေးတစ်ခုရေးဖို့ခေါင်းထဲပေါ်လာတယ် ကိုနီရေ

  • Khin Latt

    March 18, 2012 at 5:49 am

    အားပေးသွားပါတယ်။
    မပြောချင်ပေမဲ့လဲ ပြောမှသိ၊ တီးမှမြည် မှာမို့ ပြောသာပြောပါရှင်။

  • kyeemite

    March 18, 2012 at 9:32 am

    အစားအစာ ဝါးစားပါ
    အသားပါသလား ငါးပါသလား။
    အစားအစာ ဝါးစားပါသည်
    အသားမပါ ငါးမပါပါ
    အလကားဟာပါ။

    • ဆူး

      March 18, 2012 at 11:18 am

      အရီးလာသည်
      ဇီးသီးပါသလား
      ပျဉ်းမနားမှာ မျှစ်ပေါသည်။

  • နတ်ဆိုးလေး

    March 18, 2012 at 3:28 pm

    ဟိုဘက်ကမ်းက မီးထိန်ထိန်
    ဒီဘက်ကမ်းက မီးထိန်ထိန်
    ဗိုလ်ချုပ်ကြီး တို့အိမ်။

  • MaMa

    March 18, 2012 at 5:10 pm

    အဘနီ
    ပြောချင်တော့ဘူး ဆိုတာ ပြောပြီးသွားပြီလေ။ 😛

    • နေဝန်းနီ

      March 18, 2012 at 9:29 pm

      ဟုတ်ပ… မမရေ…။ ပြောချင်တာတွေပြောပြီးကာမှ မပြောချင်တော့ဘူး ဖြစ်သွားတယ်…။
      ဆူးရေ……. ပျဉ်းမနားမှာအရင်လို မျှှစ်မပေါတော့ပါဘူးကွယ်…။ တောပြုန်းပြီး ဘယ်နားသွားချိုးရမှန်းတောင်မသိတော့ပါဘူး…။ အရင်လိုတောထဲတောင်ထဲ သွားချင်ရာသွားလို့လည်းမရတော့ပါဘူး…။ ဘယ်နေရာက ဘယ်မြို့နယ်ထဲပါသလဲ ဆိုတာ ဘယ်သူမှအတိအကျမသိကြတော့ဘူး…။

      • ဆူး

        March 20, 2012 at 10:44 am

        ပျဉ်းမနား မျှစ်ချဉ်ကတော့ တော်တော် ကောင်းတယ် ဝါးပိုးအမျိုးကို ချိုးလို့နဲ့တူတယ်။ မျှစ် အတုံးကြီးပေမဲ့ နူးညံ့ပြီး အိတယ်။

  • aye.kk

    March 18, 2012 at 9:57 pm

    မသေမချာ
    မရေရာ..
    ဝါးတားတားတွေပါ..
    ငါတောင်..
    ဘယ်နားနေလို ့…
    ဘာမှန်းမသိ၊ပြောခက်ပါဘိ။။

  • နွေဦး

    March 18, 2012 at 10:00 pm

    အော်..မပြောမပြီး မတီးမမည် တဲ့
    တီးလိုက်တော့မှဘဲ..ပြီးသွား ပါလေရေားးးးးး

  • unclegyi1974

    March 19, 2012 at 11:20 pm

    ဝမ်းရေးဝမ်းရေးဗျဆိုသူတွေလုပ်စားတာနဲနဲ
    အကောင်ကြီးကြီးအိတ်ဖောင်းဖောင်းကြီးတွေလုပ်စားနေကြတာ
    မြန်မာပြည်ကတောင်တွေကုန်
    သစ်တောတွေကုန်
    သူတို့ကမှ
    သကြားမင်း နကင်းကြီးနဲ့လာကယ်ရင်တောင်မှ
    တစ်ကယ် နွားမှတ်လို့ အသားပေါ်ရောင်းနေမှာ
    ကိုနီရဲ့

  • yaungchikha

    March 20, 2012 at 1:29 pm

    သမုဒ္ဒရာ ဝမ်းတထွာလို့ ဆိုရိုးစကားရှိတာမဟုတ်လား ဦးနီရဲ့၊ အဆင်ပြေသွားမှာပါ…

  • နီလေး

    March 20, 2012 at 2:10 pm

    ပြောချင်တော့ဘူးဆိုလဲ ပြောနဲ့တော့လေ ဦးနီရဲ့ ဟဲဟဲ နောက်တာနော် မလွယ်ပါဘူး ဝမ်းကတစ်ထွာမို့လို့သာ ၂ထွာသာဆို ညတောင်အိပ်ရမယ်မထင်ဘူး မတွေးရဲဘူး

  • နေဝန်းနီ

    March 20, 2012 at 11:10 pm

    ပညာမတတ်လို့ ဆင်းရဲရ …။ ပညာကသင်ရမဲ့အချိန်မှာ ဟိုဟာမရှိဒါမရှိ…။ ရှိတာလေးနဲ့ တတ်သလောက်လေးနဲ့ ဝမ်းစာရှာ …။ အဲဒိတော့ အဟာရပြည့်အောင်မစားနိုင် စားနိုင်အောင် ပညာထပ်သင်မယ်ဆိုတော့ ဝမ်းရေးကို ဖြည့်ဆည်းပေးမဲ့သူမရှိ …။ မရှိသံသရာလည်နေတဲ့ဘဝ အဲဒါ မြန်ပြည်သူတွေရဲ့ ဘဝအမှန်ပဲ…။ တွေ့ပြီလား မြင်ပြီလား မြင်အောင်ကြည့်သွား…။ အာာာာာာာာာာားးးးးးးးးးးးးးးးးးးးးး

Leave a Reply